နောက်ဆုံး တင်သမျှ

Monday, 1 August 2016

နိုင်​ငံ​ရေးဟာသ(၁)

အခုလို မြန်မာပြည်အနှံ့ .. နေရာတော်တော်များ ရေနစ်မြုပ်နေတာ
ဘာကြောင့်လဲ  ဆို တာ သိဖို့ အတွက်...ဖေကျော်တို့ သတင်းဌာနက

သံချောင်းပါတီ၏ ရှေ့ နေကြီး ..ဦးမောင်ဖြူ ကို လျှပ်တပြက် မေးခွန်း တစ်ခု မေးလိုက်မိပါသည် ။

သတင်းထောက် ။  ။ ရှေ့နေကြီးခင်ဗျာ..အခု မြန်မာပြည်မှာပေါ့ ..နေရာဒေသ တော်တော်များများမှာ .ရေကြီး ရေလျှံ ဖြစ်နေမှု့ တွေက ဘာကြောင့်လို့များ ထင်ပါသလဲခင်ဗျာ..၊

ရှေ့နေကြီး ။   ။ ဟုတ်ကဲ့ အဲ့ဒါကပေါ့နော် စစ်အစိုးရ လက်ထက်က ရေးစွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ. ၂၀၀၈ ကြောင့် အခုလို ရေကြီး ရေလျှံတာတွေ ..ဖြစ်နေရတာပါ...အဓိက က အဲ့ဒီ့၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်လိုက်ရင် ဒီလိုအဖြစ်ပျက်မျိုးတွေ ဖြစ်လာမှာ မဟုတ်တော့ပါဘူး @@@။

သတင်းထောက် ။  ။ ဟုတ်ကဲ့ ..အခုလိုဖြေကြားပေးတဲ့ အတွက်ကျေးဇူးပါ . ။   ။

မောင်နှင်းစက်(စော်ကြည်) 2.8.2016 -12:15