နောက်ဆုံး တင်သမျှ

Monday, 1 August 2016

ပြည်​သူ့အမြင်​(၄)






ပြောင်းလဲခြင်း
==========

မနှစ်ကလည်း ရေကြီးခဲ့တယ်။ ဒီနှစ်နဲ့ အတူတူပါပဲ။ဒါမယ့် မတူတာက ဒီနှစ် အစိုးရရဲ့
ကယ်ဆယ်ရေး ရောက်မလာတာပါ။

မနှစ်ကလည်း ဆည်တွေဖောက်ချဘူးတယ်။ ဒီနှစ်နဲ့ အတူတူပဲ။
ဒါမယ့် မတူတာက ကြီးအုံးကြီးဝဆည်ပေါ်မှာ ညကင်း စောင့်အိပ်ပေးခဲ့တဲ့ သမ္မတမျိုး
ဒီနှစ် မရှိတော့တာ။

မနှစ်ကလည်း ဒီလိုပဲ ရေတွေနစ်လို့ သောက်သုံးရေရှားပါဖူးတယ်။ ဒီနှစ်နဲ့အတူတူပဲ
ဒါမယ့် မတူတာက သောက်ရေသန့်မသန့်ကို သူကိုယ်တိုင် သောက်ပြခဲ့တဲ့ သမ္မတမျိုး
ဒီနှစ် မရှိတော့တာ။

မနှစ်ကလည်း စပါးတွေ ရေမြုပ်ဖူးတယ်။ ဒီနှစ်နဲ့ အတူတူပါပဲ။
ဒါမယ့်မတူတာကစပါးမျိုးအသစ်တွေ ထုတ်ပေးမယ့် အစိုးရမရှိတော့တာ။

မနှစ်ကလည်း ရေတွေနစ်ဖူးတယ်။ ဒီနှစ်နဲ့အတူတူပဲ။
ဒါမယ့်မတူတာက မနှစ်က အစိုးရကယ်နေတဲ့ကြားကမကယ်ပါဘူးဆိုပြီး ဖင်ကုန်းအော်နေတဲ့
မီဒီယာတွေ ဆန္ဒပြသူတွေ နိုင်ငံရေးသမားတွေ ဒီနှစ်မရှိတော့တာ။ 

ရှင်အာဒိစ္စ