နောက်ဆုံး တင်သမျှ
Saturday, 26 December 2015
အမှန်တရားပေါ်ပေါက်စေဖို့
သက်ဆိုင် ရာ လူကြီးမင်းများ စဉ်းစားဝေဖန် သုံးသပ်လို့ရအောင်... ကျနော် copy ယူလာတဲ့ ဒီမန့်ကို လည်းလက်ဆင့်ကမ်းသွားကြပါ...DNA မတူတာတွေ ... သုံးမိနစ်စာ cctv ကင်မရာဖျက်ထားတာတွေ...လုံးဝကို လက်မခံနိုင်တဲ့ တရားစီရင်ရေးပါ...
copy;;ကျွန်တော် မရေးဘူးလို့ စိတ်ကူးထားတယ် ဒါပေမဲ့ အရေးကြုံလာတော့ ရေးမှ ဖြစ်မယ် စ ဆုံး ပြောပြတာ လိပ်ကျွန်းမှာနေတဲ့ သူငယ်ချင်းပေါ့  မှားတာ မှန်တာ ကိုယ့်ဘာသာကို ဆုံးဖြတ်ပါ စတာ ချောပါး စားသောက်ဆိုင် မှာ အတူစားတာ မိန်းကလေး နှစ်ယောက် ယောက်ျားလေး နှစ်ယောက် သူတို့လေးယောက်က သမီး ရည်းစားတော့ မဟုတ်ဘူး သူတို့နိင်ငံ မှာ အသိမိတ်ဆွေ ဒီကိုရောက် အတူဆုံပြီး စားကြတာ ကောင်မလေးတော့ အဲဒီညက တော် တော် ကဲပုံရတယ် တည်းခိုတဲ့ ဘန်ဂလိုက အင်ထက်ဘန်ဂလို ဘန်ဂလိုသူဌေးက ကောင်မလေးကို ဖြုတ်ချင်နေတာ အကွက်မကျသေးဘူး ဖြစ်ခဲ့တဲ့ညက ချစ်ကြည်ရေး ဘောလုံးပွဲ ရှိတယ် ဘန်ကောက်ကနေ လာပီးဘောလုံး ကန်ကြတယ် အဲဒီမှာ ဘောလုံးကန်ပီးစားသောက်ကြတယ် ခုနက အင်ထက် သူဌေး လက်ရှိသူကြီးသား အေစီ သူဌေးသား သုံးယောက်ပေါ့ ဖြစ်တာက ချောပါးစားသောက်ဆိုင်ကနေ အင်ထက်ထိ လမ်းမှာ စီစီတီဗွီ ကင်မရာတွေ ရှိတယ် သူတို့လေးယောက် ချောပါးက ထွက်လာတာ ၁း ၃၀ ည ဘန်ဂလို တည်းခိုတာချင်းမတူတော့ လိုတပ်နားမှာ နှစ်ယောက်နေခဲ့တယ် နှစ်ယောက်ကျန်တယ် သေသူ ဒီကောင်လေးနဲ့ ကောင်မလေး ကောင်လေးက နဲ့နဲလိုက်ပိုပီး သူဘန်ဂလိုကိုပြန်သွားတဲ့ချိန် ကောင်မလေး တစ်တည်း ကျန် သူဘန်ဂလိုနောက်ဆုံး ဆို အဲဒီမှာ လမ်းတောက်လျောက် ကင်မရာ မှာ တွေ့နေရတယ် အေစီနားရောက် လူတစ်ယောက်ပြေးပီး ကင်မရာကို လိုက်ပိတ်တာတွေ့တယ် ဆိုလိုတာက အေစီ ဘန်ဂလိုဆိုတာ တော် ရုံ ဗမာ တွေ ဝင်လို့မရဘူး သူဌေးက ကြမ်းတယ် ဒီလိုနေရာ ကင်မရာ လိုက်ပိတ်ရဲတာ ဗမာ ဖြစ်နိုင်မလား အဲဒီနားရောက်တော့ ကောင်မလေး မမြင်ရတော့ဘူး ခုနက တစ်ယောက်တည်းကျန်တာ အေစီနားမရောက်ခင်မှာတည်းတဲ့ အ ဖော်ကောင်လေး က အော်သံကြားလိုမသင်္ကာတာနဲလှည်ပြန်ကြည့်တော့ ကောင်မလေးကိုဆွဲနေပီ ဒါနဲ့ သူငယ်ချင်းဆီကို မက်ဆေ့ပို့ပီး ဝင်ကူတာ ကောင်မလေးကိုဆွဲနေတဲ့ သုံးယောက်ထဲက တစ်ယောက်က ပေါက်တူးနဲ့ ချတာ တချက်နဲ့အပီး မလှုပ်နိုင်တော့ဘူး နောက်မှာ ခုက မက်ဆေ့ လက်ခံရတဲ့ အင်္ဂလိပ်တစ်ယောက်က ပြေးလာရော ဝင်ကူလို့မရတော့ဘူးဒါနဲ့ ဖုန်းကင်မရာ လှန်ရိုက်တာ နံပါတ်ကိုး အင်္ဂျီ နဲ ဓာတ်ပုံ ရိုက်ပီး ပင်လယ်ကမ်းတောက်လျောက်ပြေးတာ ပီးတော့ မနက်စောစောလှေနဲ့ ပြေးတာပေါ့ မနက်ကျတော့ ကုလားမက မှိုက်ကော်တာ လူသေ တွေ့တယ် အင်ထက်က အလုပ်သမားက ပေါက်တူးမှာ သွေးစတွေတွေ့တယ် ရဲတွေစုံစမ်းညတုန်က မသင်္ကာတာ အင်္ဂလိပ်တစ်ယောက်ပြေးနေတယ်ပေါ့ အဲဒါနဲ့ ခုနက ပြန်ပြေးတဲ့ အင်္ဂလိပ်ကိုဘန်ကောက်မှာ သွားမိတယ် စစ်ချက်ယူတယ် သူပြောဒါက သူနိုင်ငံကို ရောက် ရင်ပြောမယ် အဲဒါပဲဒီမှာ မပြောရဲဘူး ဒါဆို စဉ်းစာကြည့်လေ အင်ထက်သူဌေးက သူဘန်ဂလိုတည်းနေတဲ့ ဧည့်သည်ကို ဘန်ဂလိုထဲမှာ ပြသာနာပေါ် ရင်သူမှာ တာဝန် ရှိတယ် ဒါကြောင် အပြင်ကို ဆွဲထုတ်တာ ဆိုလိုတာက ဒီလို အခြေနေ မှာ ခုမှ ထိုင်းကိုရောက် ထိုင်းစကားတောင်နားမလည်တဲ့သူ သတ်မယ်ပြောတောင်ဘာမှမသိသေးတဲ့ ဒီကလေးတွေ အေစီ ဘန်ဂလိုကိုသွားပီ ကင်မရာ ကိုပိတ်တယ် ဆိုတာ ဖြစ်နိုင်ပါမလား လိပ်ကျွန်းသည်း အင်္ဂလိပ်နဲ စီးပွား ဖြစ်မေတာ အင်္ဂလိပ်တွေမလာ ရင် စီးပွားရေး ထိခိုက်ပီ ဒါကြောင့်ဗမာ နှစ်ယောက် ဓားစာခံ ဖြစ်တာ သူငယ်ချင်းတို့ စဉ်းစားကြည့်ပေါ့ ကျွန်တော်ရေးတာ မှန် မမှန်ကတော့ လိပ်ကျွန်းမှာ စုံစမ်းနိင်တယ်
Wednesday, 11 November 2015
တွေးမိသမျှ
ဒေါ်စုကြည်​ ​ခေါင်း​ကောင်းခဲ့ပါတယ်​...
သမ္မတအထက်​မှာ.. သူမ ​နေလိုရတယ်​ ဆိုတာမျိုး ကို ချပြရဲခဲ့ပါတယ်​..။
သူမ အ​နေဖြင့်​ ၂၀၁၀ကာလ မှာကတည်းက သူမ ပါတီ အနိုင်​ရမယ်​ လို့ လည်းထင်​ခဲ့မှာပဲ...
တကယ်​ပြိုင်ခဲ့ပါ...တကယ်​နိုင်​ပါလိမ့်​မည်​.
ဒါ​ပေမဲ့သူမ ငြင်းပယ်​ ပြီးမပြိုင်​ခဲ့ပါဘူး...
ဦးသိန်းစိန်​ အစိုးရကို ထိုး​ကျွေးပြီး ..အတိုက်​အခံ အ​နေဖြင့်​ အ​နောက်​မှ ဖိအား​ပေး ​နေခဲ့ပါတယ်​။
သူမ ဖိအား​ပေး​နေမှု့ များရှိ​နေချင်း​ကြောင့်​ ဦးသိန်းစိန်​ အစိုးရအ​နေဖြင့်​ ပြုပြင်​​ပြောင်းလဲမှု့ များ အရှိန်​အဟုန်​မြှင့်​ ​စောင်​ရွက်မှု့ ပြုခဲ့ကြပါတယ်
စိးပွား​ရေး ၊ ပညာ​ရေး ၊ လူမှု့ ​ရေး ၊ နိုင်​ငံတကာဆက်​စံ​ရေး၊ပြည်​တွင်းငြိမ်းချမ်း​ရေးကိစ္စ များက အစ အများကြီးတိုးတက်​​ပြောင်းလဲခဲ့ပါတယ်​။
အကယ်​၍ သူမသာ ၂၀၁၀ ​ရွေး​ကောက်​ပွဲ ဝင်​ပြိုင်​ပြီး သူမပါတီ ကသာ အနိုင်​ရခဲ့မယ်​ ဆိုရင်​​တောင်​ သူမ တို့ အစိုးရအဖွဲ့ အ​နေဖြင့်
ဦးသိန်းစိန်​ အစိုးရ​လောက်​ ​အောင်​မြင်​မှု့ မရနိုင်​ပါဘူး ။
ထို့​ကြောင့်​ သူမ အ​နေဖြင့်​ ၅နှစ်​တာ ​စောင့်​စားရင်း အကြံကြီးစွာဖြင့်​ ၂၀၁၅ ခုနှစ်​မှ ဝင်​​ရောက် ယှဉ်​ပြိုင်​ကာ အဆင်​သင့်​ခူးခပ်​စားသွားပါ​ကြောင်း။
ဥပမာ ​ပေါ့​ဗျာ ​ကျ​နော့်​ကို အ​ဝေး​ပြေးလမ်းမ ​ပေါ်က ၁၀၅ မိုင်​ ယာဉ်​ရပ်​နား စခန်း စဖွင့်​ချိန်​ ကျ​နော်​ကို ထိုရပ်​နားစခန်းရှိ ဆိုင်​တစ်​ဆိုင်​ကို တာဝန်​ယူခိုင်းပါ ကျ​နော်​မယူရဲပါဘူး သို့ရာတွင်​ ယခုအချိန်​မှာ တာဝန်​ယူခိုင်းမည်​ဆိုပါက က မ​ကြောက်​မရွံ့ တာဝန်​ယူရဲပါ​ကြောင်း ။
Tuesday, 10 November 2015
ဒါ​တွေဘယ်​လို​ဖြေရှင်းမလဲ
မြစ်ဆုံ၊
ငြိမ်းချမ်းရေး၊
လက်ပံတောင်းတောင်၊
ကျောက်ဖြူ၊
ဘင်္ဂါလီ၊
ပညာရေးဥပ​ဒေ၊
ယာဉ်ပိတ်ဆို့မှု၊
မြေယာပြဿနာ၊
ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်း၊
နယ်စပ်ပြဿနာများ၊
မီဒီယာလွတ်လပ်ခွင့်၊
လူ့အခွင့်အ​ရေးစံနှုန်း၊
ကျွမ်းကျင်အလုပ်သမားရှားပါးမှု၊
မြင့်မားနေတဲ့ကုန်ဈေးနှုန်း၊
သမဝါယမလုပ်ငန်းစဉ်၊
ငွေကြေးဖောင်းပွမှု
ယဉ်ကျေးမှုပေါက်ကွဲမှုပြဿနာ
ဘာသာရေးလွတ်လပ်ခွင့်နှင့်အမျိုးသားရေး
ဆူ စု စီ ပြဿနာ
အကျင့်ပျက်ခြစားမှု
သယ်ယူပို့ဆောင်ရေး
လူကုန်ကူးမှု
မူးယစ်ဆေးဝါးပြဿနာ
ဖြေပါ
အ​မေရိကန် နဲ့ ဗြိတိန် တပ် တွေ က များ မြန်မာပြည် မှာ လာပြီး စစ်စခန်း အခြေစိုက် မယ်ဆိုရင်၊
NLD ပါတီ အနေဖြင့် သဘောတူမယ်ထင်ပါသလား...?
လူ့အခွင့်အရေး အရ  ဘင်္ဂါလီ ကို မြန်မာ တိုင်းရင်းသား စာရင်းထဲသို့ ရိုဟင်ဂျာအဖြစ် တရားဝင်အသိအမှတ် ပြုဖြစ်မယ်ထင်ပါသလား...?
အရေးကြီးဆုံး အနေဖြင့် လွတ်တော်ထဲမှာ...အိပ်ငိုက်နေကြမှာလား?
Monday, 9 November 2015
ကျ​နော်​ရင်​ထဲက သမ္မတကြီး
ဟင်အင်း...သမ္မတကြီးမရှုံးပါဘူး..ဟုတ်တယ်
သမ္မတကြီးလုံးဝမရှုံးပါဘူး..သမ္မတကြီးနိုင်သွားတယ်
သမ္မတကြီးက မဲအပြတ်အသတ်နဲ့နိုင်သွားတယ်
အဲ့သည်မဲတွေက စာရွက်ပေါ်ကမဲတွေမဟုတ်ဘူး
ဟောဒီ ရင်ဘတ်ထဲက မဲတွေ..ဟောဒီ မြန်မာပြည်သမိုင်းမှာ
ခေတ်အဆက်ဆက် ရေးထိုးထားရမယ့် မဲတွေ..
လွပ်လပ်သူတို့ ကိုယ့်နာမည်ကိုယ် ကျူးရင့်တိုင်း
အခါခါ အမှတ်ရနေမယ့်မဲတွေ...။
နှစ်ပေါင်းများစွာ ယိုယွင်းကျနေတဲ့ နိုင်ငံမှာ
အာဏာရှင်စနစ်ရဲ့ လက်ညိုးတွေ သူ့ကိုလာထိုးခဲ့တယ်
အကြောက်တရားကပေါက်ဖွားခဲ့တဲ့ အမုန်းတွေ
သူ့ဆီတည့်တည့် စိုက်ဝင်ခဲ့တယ်..
၁၆ နှစ်သားလေးရဲ့ Keyboard ပေါ်က ရဲရဲတောက်
ဆဲဆိုသံတွေ သူမျက်နှာရှေ့မှာ ဖြတ်ဖြတ် ပျံ သွားတယ်
မျှော်မှန်းသလောက် ခရီးမပေါက်ခဲ့တာကလွဲလို့
သူဟာ အရှေ့ကိုပဲ တည့်တည့်လျောက်ခဲ့တယ်
သူဟာ အရွေ့ကို ပဲ အားစိုက်ဖောက်ခဲ့တယ်..။
အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီ အကူးအပြောင်းကြား
သူ့ကိုယ်သူ ပေါင်းကူးတံတားအဖြစ် ထိုးပေးခဲ့တယ်
သူ့ရင်ဘတ်မှာ နှလုံးခုန်စက်နဲ့..သူ့ဝင်သက်ထွက်သက်မှာ
သူ့ရဲ့ သမိုင်းအတွက် သူ့နိုင်ငံရဲ့ အနာဂတ်အတွက်
သူဟာ လင်းလက် ပြခဲ့တယ်..။
နောင်တစ်ချိန် ကျွန်တော့်မှာ သား/သမီး/မြေး/မြစ် တွေ
ရလာတဲ့အခါ သူ့အကြောင်းကို အိပ်ယာဝင်ပုံပြင်တစ်ပုဒ်လို
မမောတမ်း မပန်းတမ်း ဂုဏ်ယူဝမ်းနည်းစွာနဲ့
တဖွဖွ တသသ သတိတရ ပြောဖြစ်နေမှာပါ...။
ဘယ်သူတွေ ဘယ်လိုနိုင်နိုင်...
ကျွန်တော့ ရင်ဘတ်ထဲမှာတော့ သမ္မတကြီးသာ နိုင်တယ်..။
‪#‎Copy‬
ယ​နေ့မှစ၍
ကဗျာ​တွေ​ရေးမယ်​...
ဆန့်​ကျင်​​ရေး​ဆောင်းပါး ​တွေ ​ရေးမယ်​.
Sunday, 9 August 2015
အလွဲများနှင့်​ကခုန်​ခြင်း
တစ်​​နေကုန်​ ..ဖုန်း​လေးပွတ်​ ..
Fb ​လေး​ပေါ်တက်​ ..
တွေ့ကရာ​တွေဖတ်​ရင်း
အဖိုးတန်​အချိန်​​တွေ ကုန်​ဆုံး ​စေ​နေပါလား..
ဖုန်း​ဘေလ်​​တွေကို ..ကုန်​ဆုံး​စေ​နေပါလား