နောက်ဆုံး တင်သမျှ

Monday, 28 November 2016

ထိုင်းနိုင်ငံတောင်ပိုင်းဒေသပဋိပက္ခနှင့် အကြမ်းဖက်မှုပြဿနာမှရယူအပ်သောသင်ခန်းစာများ


ဒဂုံသန်းမြင့်
---------------
မြန်မာနိုင်ငံ၏အနောက်ဘက်တံခါးဟုဆိုရမည်  ဖြစ်သော ရခိုင်ပြည်နယ်ရှိ မောင်တောအကြမ်း ဖက်တိုက်ခိုက်မှုသည် လူမျိုးရေးပဋိပက္ခမဟုတ်။ မြန်မာနိုင်ငံအား ပြည်ပအင်အားစုတစ်စုကကျူး ကျော်အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ် သည်ဟု နားလည်မိပါသည်။ ရည်ရွယ်ချက်ရှိ သည်။ ဦးတည်ချက်ရှိသည်။ ယင်းရည်ရွယ်ချက်၊ ဦးတည်ချက်အောင်မြင်ရေးအတွက် တစ်ကြိမ် တစ်ခါမဟုတ်။ ရည်ရွယ်ချက်၊ ဦးတည်ချက် အောင်မြင်ရေးအတွက် အချိန်အခါမရွေးအလစ် အငိုက်ရယူ၍တိုက်ခိုက်မည်ဟုလည်း တွေးထင် ထားပါသည်။
ယင်းအကြမ်းဖက်တိုက်ခိုက်မှုသည် ဒေသခံ ဘင်္ဂါလီအကြမ်းဖက်အုပ်စုနှင့် နိုင်ငံတကာအကြမ်း ဖက်အုပ်စုနှင့်ဆက်နွှယ်နေသည့် အကြမ်းဖက် အုပ်စုတို့ပူးပေါင်း၍ အချိန်ယူ၊ အကွက်ချ၊ စနစ် တကျလေ့ကျင့်၊ အင်အားစု၊ ပြည်ပအထောက် အပံ့ရယူပြီး နိုင်ငံ၏အလစ်အငိုက်ကို ဝင်ရောက် ကျူးကျော်တိုက်ခိုက်ခြင်းဖြစ်လေသည်။ ၄င်းတို့ ၏ရည်ရွယ်ချက်၊ ဦးတည်ချက် မည်မျှကြီးမား ကြောင်း ၄င်းတို့၏လုပ်ရပ်က သက်သေပြလျက် ရှိနေပေသည်။ အလွယ်တကူဖြင့် ပြီးဆုံးချုပ်ငြိမ်း သွားမည်မဟုတ်သည်ကတော့ သေချာပါသည်။ နိုင်ငံတကာအဖွဲ့အစည်းအချို့ကပြောသကဲ့သို့ လူ့ အခွင့်အရေးပြဿနာ၊ ဘာသာရေးအခြေခံသော သာမန်လူမှုပဋိပက္ခမဟုတ်ပါ။
ကျွန်တော်တို့နိုင်ငံနှင့် ထိစပ်လျက်ရှိသော ထိုင်းနိုင်ငံတောင်ပိုင်းဒေသပဋိပက္ခနှင့် အကြမ်း ဖက်မှုပြဿနာကိုလေ့လာကြည့်ခြင်းအားဖြင့် များ စွာသင်ခန်းစာရယူနိုင်မည်ဖြစ်ပါသည်။ ၄င်းတို့ ၏ရည်ရွယ်ချက်၊ ဦးတည်ချက်ကိုတွေ့မြင်ရမည် ဖြစ်ပါသည်။
နိုင်ငံရေးသုတေသီ ဆရာဦးကိုကိုလှိုင်၏ 'ထိုင်းနိုင်ငံတောင်ပိုင်းဒေသပဋိပက္ခနှင့် အကြမ်း ဖက်မှုပြဿနာ'  (Conflict and Terrorism in Southern Thailand) စာအုပ်ကိုလေ့လာကြည့် သည်။ သင်ခန်းစာများစွာနှင့် ယင်းအကြမ်းဖက် ကျူးကျော်အုပ်စု၏ရည်မှန်းချက်၊ ဦးတည်ချက်နှင့် လုပ်ဆောင်မှု၊ မဟာဗျူဟာ၊ နည်းဗျူဟာများ၊ လုပ်နည်းလုပ်ဟန်များကို သင်ခန်းစာအရယူသင့် ပါသည်။
ယင်းစာအုပ်ပါအချို့အချက်များကို ဖတ်ရှု၊ သိရှိ၊ သင်ခန်းစာရယူနိုင်ရေးအတွက် အချက် အလက်အချို့ကို ထုတ်နုတ်ညွှန်းဆိုအပ်ပါသည်။ အမျိုးသားရေးအမြင်သက်သက်မျှသာမက နယ် မြေတည်တံ့ရေး၊ နိုင်ငံတော်လုံခြုံရေးနှင့် နိုင်ငံ တော်ကာကွယ်ရေးတို့အတွက် တွေဝေခြင်း၊ ကွဲ ပြားခြင်းမရှိ၊ စည်းလုံးညီညွတ်စွာဖြိုဖျက်ရန်ဖြစ် ပါသည်။
တကယ်ဆိုတော့ မြန်မာလူမျိုးများသည် ဗုဒ္ဓ ၏အဆုံးအမအတိုင်း လိုက်နာခံယူနေထိုင်ကြသူ များဖြစ်သည်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုသည်တို့မှာ မြန်မာလူမျိုးတို့အခြေခံ လူမှုကျင့်ဝတ်အဖြစ် လက်ခံထားကြသူများဖြစ် ပါသည်။ ယင်းအခြေခံလူ့ကျင့်ဝတ်များအတိုင်း ဧည့်သည်များအပေါ် ပျူငှာစွာဆက်ဆံသည့် ဓလေ့စရိုက်ရှိသူများဖြစ်ပေသည်။
သို့သော် ဧည့်သည်သည် ဧည့်သည် ကျင့်ဝတ်နှင့် မညီသောအခါ၊ ဧည့်သည်လိုမနေ သောအခါ အိမ်ရှင်က မည်မျှသောအတိုင်းအတာ အထိ ဥပေက္ခာတရားထားနိုင်မည်နည်း။ ဧည့် သည်သည် ဧည့်သည်ကျင့်ဝတ်အတိုင်းနေထိုင်သူ များကို မြန်မာတို့က ကြည်ဖြူစွာ မိတ်ဝတ်မပျက်၊ ခွဲခြားမှုမရှိ၊ ကျင့်ဝတ်နှင့်ညီသောလွတ်လပ်မှုမျိုး များဖြင့် ဆက်ဆံသည်၊ လက်ခံကြပါသည်။ ဆူပူ အကြမ်းဖက်လိုသော အယူသီး၊ အစွန်းရောက်၊ ကိုယ်ကျိုးကြည့်ဧည့်သည်များ၊ကျူးကျော်လိုသူ များအတွက်တော့ အိမ်ရှင်က အိမ်ရှင်တာဝန်ယူမှု မျိုးရှိမည်မဟုတ်ပါပေ။
၁၄-၁၁-၂ဝ၁၆ရက်နေ့ထုတ် ပြည်ထောင်စု နေ့စဉ်သတင်းစာနှင့်ကြေးမုံသတင်းစာပါ ရခိုင် ပြည်နယ်မောင်တောမြို့နယ်တွင် တာဝန်ထမ်း ဆောင်လျက်ရှိသည့် တပ်မတော်သားများနှင့် ပြည်သူ့ရဲတပ်ဖွဲ့များကို အကြမ်းဖက်တိုက်ခိုက် သည့်သတင်းသည် အယူသီးအကြမ်းဖက်တိုက် ခိုက်သည့်လုပ်ရပ်များကိုတော့ မည်သည့်နည်း၊ မည်သည့်အမြင်နှင့်မျှ လက်ခံနိုင်မည်မဟုတ်ပါ။
စည်းရုံးရေးသဘောတရားတွင် အယူအဆ တစ်ရပ်ရှိပါသည်။ယင်းမှာ (Negation  to Negation)ဆန့်ကျင်ခြင်းကို ဆန့်ကျင်ခြင်းနည်း၊ သို့မဟုတ် ငြိမ်းချမ်းရေးအတွက်ပဋိပက္ခကို ပဋိပက္ခနည်းဖြင့် ဖြေရှင်းရသည်များရှိပါသည်။
ပြည်ထောင်စုနေ့စဉ်သတင်းစာတွင် စစ်ဆင် ရေးနယ်မြေအဖြစ်သတ်မှတ်ထားသည့် မောင် တောနယ်စပ်တွင် နယ်မြေလုံခြုံရေး၊ ရှင်းလင်း ရေး၊ ပြည်သူ့ရိက္ခာထောက်ပံ့ရေးတာဝန်ယူဆောင် ရွက်နေသည့် တပ်မတော်စစ်ကြောင်းအား ဘင်္ဂါလီ အကြမ်းဖက်သမားများက မိုင်းခွဲတိုက်ခိုက်ခဲ့ သဖြင့် တပ်မတော်စစ်ကြောင်းမှူးတစ်ဦး၊ စစ်သည် တစ်ဦးကျဆုံးခဲ့ရသည့်ဖြစ်ရပ်ဖြစ်သည်။
ကြေးမုံသတင်းစာတွင်လည်း တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က နယ်မြေရှင်းလင်းရာတွင် အကြမ်းဖက်တိုက်ခိုက် သူများသည် ကျေးရွာတွင်းရှိဘင်္ဂါလီနေအိမ် ၈ဝ ခန့်အား ကိုယ်တိုင်မီးရှို့ထွက်ပြေးခဲ့ပါသည်။ နိုင်ငံ တကာအဖွဲ့အစည်းများနှင့် ပြည်သူတို့အထင် အမြင်လွဲမှားစေရန် လုပ်ကြံဖန်တီးခဲ့ခြင်းဖြစ် သည်။ နောက်သတင်းတစ်ပုဒ်မှာ အကြမ်းဖက် တိုက်ခိုက်သူ ၂ဝ ဦးခန့်သည် တုတ်၊ ဓားများ ကိုယ်စီကိုင်၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့အား ဝင် ရောက်တိုက်ခိုက်မှုမျိုးများဖြစ်သည်။
သတင်းအချို့ကို ထုတ်နုတ်တင်ပြခြင်းသာ ဖြစ်ပါသည်။
အစစ်အမှန်အခြေအနေမှာ မောင်တောနယ်မြေ တွင် ဘင်္ဂါလီရွာများက အများစုဖြစ်ပြီး ရခိုင် တိုင်းရင်းသားရွာများက အနည်းစုမျှသာဖြစ် သည်။ သဘောမှာ ယင်းနယ်မြေတစ်ခုလုံး ဘင်္ဂါလီများ လွှမ်းမိုးချုပ်ကိုင်၊ ဘင်္ဂါလီနယ်မြေ ထူထောင်ရေးပင်ဖြစ်သည်။ တိုင်းရင်းသားများ မနေနိုင်အောင်၊ မနေရဲအောင်၊စားနပ်ရိက္ခာပြတ် တောက်အောင်ဖန်တီးနေကြခြင်းဖြစ်သည်။
ပြည်ပအဖွဲ့အစည်းများကလည်း ပုံအော၍ အခိုင်အမာဖြစ်အောင် လူမှုရေးအကူအညီ၊ လူ သားချင်းစာနာသည့်အကူအညီ၊ လူ့အခွင့်အရေး စောင့်ရှောက်ရေးလုပ်ငန်းဟူ၍ခေါင်းစဉ်အမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုး၊ အသွင်အမျိုးမျိုးနှင့် နည်း လမ်းအမျိုးမျိုးဖြင့် ကူညီကြပေမည်။ ထောက်ပံ့ ကြပေမည်။ ခိုင်မာအောင်ဖန်တီးပေးကြမည်မှာ သေချာပါသည်။ လူ့အခွင့်အရေးသမားများ သတိထားရန်ဖြစ်ပါသည်။ အမျိုးသားရေးကို မကြည့်၊ လူ့အခွင့်အရေးကိုသာ တစာစာပြောနေ သည်များသစ္စာမဲ့လုပ်ရပ်မျိုးမဖြစ်စေရန် သတိရှိ သင့်ပါသည်။
ကျွန်တော်တို့နိုင်ငံနှင့် ဖြစ်ရပ်တူလျက်ရှိသော ထိုင်းနိုင်ငံ၏ ထိုင်းနိုင်ငံတောင်းပိုင်းပဋိပက္ခအခြေ အနေကို လေ့လာသင့်ပါသည်။ ဖြစ်စဉ်ဖြစ်ရပ်၏ သမိုင်းကြောင်းမှာ တစ်ထပ်တည်းမကျသော် လည်း လုပ်ရပ်များ၊ မဟာဗျူဟာမြောက်ရည်မှန်း ချက်နှင့် ယင်းရည်မှန်းချက်အောင်မြင်ရေးအတွက် နည်းဗျူဟာဆောင်ရွက်ချက် အတော်ပင်တူပါ သည်။ ထို့ပြင် ပြင်ပနိုင်ငံများမှ ဘာသာတူ၊ လူမျိုးတူတို့၏ ပါဝင်ပတ်သက်မှု၊ ကူညီထောက် ပံ့မှုများသည် အတော်ပင်တူနေပါသည်။
သို့ဖြစ်၍ ဆရာဦးကိုကိုလှိုင် ဘာသာပြန်သည့် 'ထိုင်းနိုင်ငံတောင်ပိုင်းဒေသပဋိပက္ခနှင့် အကြမ်း ဖက်မှုပြဿနာ' (Conflict and Terrorism in Southern ThaiLand) စာအုပ်ကိုပြန်ဖတ်ကြည့်ပြီး သင်ခန်းစာအဖြစ်ရယူနိုင်ရန် တင်ပြအပ်ပါသည်။
ဆရာဦးကိုကိုလှိုင်သည် ဘာသာပြန်သည်ဟု ဆိုသော်လည်း ကိုယ်တိုင်သုတေသနပြုချက်များ ကိုပါထည့်သွင်းရေးသားထားပါသည်။ ထုတ်ဝေ သူဆရာဦးမျိုးအောင်၊ ရုက္ခဗေဒက ယင်းစာအုပ် သည် မြန်မာနိုင်ငံ၏ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်၊ စစ်ဦးစီးတက္ကသိုလ် (ကလော)စစ် ပညာသင်တက္ကသိုလ်အသီးသီးမှ ရင်းမှူး၊ ခွဲမှူး၊ စုမှူးအဆင့်သင်တန်းသားများ လေ့လာသုံးသပ်မှု စာတမ်းဖြစ်ကြောင်း ရေးသားထားသဖြင့် ယနေ့ ကာလတွင် အမျိုးသားရေးစိတ်ဝင်စားသူများ အမျိုးသားရေးအမျိုးသားကာကွယ်ရေးစိတ်အခံ များမွေးမြူ၊ ပြင်ဆင်နိုင်ရန်ဖတ်ကြပါဟု တိုက် တွန်းမေတ္တာရပ်ခံအပ်ပါသည်။ ထုတ်နုတ်တင်ပြ အစီရင်ခံအပ်ပါသည်။
စာအုပ်၏နိဒါန်းတွင် ၂ဝဝ၄ ခုနှစ်ဇန်နဝါရီလ ၄ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်းအကြမ်းဖက် တိုက်ခိုက်မှုများအား တန်ပြန်နှိမ်နှင်းခဲ့ရာ ထိုင်း နိုင်ငံတောင်ပိုင်းဖြစ်သော နာရာသီဝပ်၊ ပတ္တနီနှင့် ယာလာပြည်နယ်တို့တွင် မွတ်စလင်အကြမ်းဖက် သောင်းကျန်းသူများက လက်နက်တိုက်မှအစောင့် လေးဦးကိုသတ်ပြီး လက်နက်ပေါင်း ၃၆၄ လက် ရယူသွားသည်။ တစ်ချိန်တည်းတွင် စာသင် ကျောင်း ၁၈ ကျောင်း (နာရာသီဝပ်မှ ၁၆ ကျောင်းနှင့်ယာလာမှ နှစ်ကျောင်း)ကို မီးရှို့ဖျက် ဆီးခဲ့သည်ဟုဆိုပါသည်။
ခွဲထွက်ရေးအကြမ်းဖက်သောင်းကျန်းသူတို့က ထိုင်းနိုင်ငံတောင်ပိုင်းအား ခွဲထွက်ပြီး မွတ်စလင် နိုင်ငံအဖြစ်ထူထောင်မည်ဟု မဟာဗျူဟာရည်မှန်း ချက်ရှိလေသည်။ ထိုင်းနိုင်ငံ၏လူဦးရေ ၉၅ ရာခိုင် နှုန်းသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး ၄ ဒသမ ၆ ရာခိုင်နှုန်းမှာ မွတ်စလင်များဖြစ် သည်။
ထိုင်းနိုင်ငံတောင်ပိုင်းမှ မွတ်စလင်များသည် မလေးနွယ်ဖွားများဖြစ်ကြသည်။ ထိုင်းနိုင်ငံ တောင်ပိုင်းဆောင်ခလာ၊ ဆာတွန်ပြည်နယ်များ သည် မလေးရှားနိုင်ငံမြောက်ပိုင်းမှ ကီလန်တန်၊ ထရွန်ဂါနုနှင့် ကီဒါပြည်နယ်မြောက်ပိုင်းဒေသ သည် နယ်မြေချင်းဆက်စပ်လျက်ရှိလေသည်။ ထိုင်းနိုင်ငံတောင်ပိုင်းရှိ မလေးမွတ်စလင်လူဦး ရေသည် အလျင်အမြန်ကြီးထွားလျက်ရှိသည်မှာ လည်း ထိုင်းနိုင်ငံတောင်ပိုင်းအတွက် စိုးရိမ်စရာ ဖြစ်ခဲ့ပါသည်။
ထို့ပြင် ထိုင်းနိုင်ငံတောင်ပိုင်း မွတ်စလင် များသည် မလေးရှားမြောက်ပိုင်းနယ်မြေချင်း ထိစပ်လျက်ရှိသည့်အပြင် တံခါးမရှိဓားမရှိ ဥဒဟိုဝင်ထွက်နေနိုင်ကြခြင်းဖြင့် ပြဿနာကို ပို၍ကြီးထွားစေပါသည်။ ထိန်းမနိုင် သိမ်းမနိုင် ဖြစ်စေပါသည်။ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာ စစ်ပြီးကတည်းက တန်ကူအဗ္ဗဒူလ်ဂျလားလ် ခေါင်းဆောင်ပြီး ထိုင်းနိုင်ငံတောင်ပိုင်းထိုင်းနိုင်ငံ ခွဲထွက်ရန် စစ်ရေးလှုပ်ရှားမှုဖြင့် တောင်းဆိုခဲ့ ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတောင်ပိုင်းပဋိပက္ခနှင့်အကြမ်းဖက် လှုပ်ရှားမှုတွင် အဓိကဦးဆောင်နေသည့်အဖွဲ့ အစည်းများမှာ Barisan Revolusi Nasional (BRsN) ခေါ် အမျိုးသားတော်လှန်ရေးတပ်ဦး ပတ္တနီ ညီညွတ်သောလွတ်မြောက်ရေးအဖွဲ့ (ဏူ့ဥ) နှင့် PULOအဖွဲ့သစ်တို့ဖြစ်သည်။
BRN မဟာဗျူဟာရည်ရွယ်ချက်မှာ ထိုင်း နိုင်ငံတောင်ပိုင်းအားစစ်အင်အားသုံးရန် မွတ်စလင် နိုင်ငံအဖြစ် လွတ်လပ်ရေးကြေညာရန်ဖြစ်သည်။ နည်းဗျူဟာမှာ ပြန်ပေးဆွဲခြင်း၊ မီးရှို့ခြင်း၊ ဗုံးခွဲ ခြင်း၊ အသေးစားတိုက်ခိုက်မှုများ အစဉ်ရှင်သန် နေရန်ဖြစ်သည်။ ယင်းအဖွဲ့အား ကိုယ်ပိုင်ရန်ပုံငွေ အပြင် ပြည်ပရှိ အစ္စလာမ္မစ်ရန်ပုံငွေမှ လှူဒါန်း ခြင်း၊ ပုဂ္ဂလိကနှင့် မလေးရှားနိုင်ငံမှ PAS နိုင်ငံ ရေးပါတီမှ ထောက်ပံ့ခြင်းတို့ဖြစ်သည်။
PULO အဖွဲ့နှင့် New PULO တို့မှာလည်း ဤသဘောအတိုင်းပင်ဖြစ်သည်။ ယင်းအကြမ်း ဖက်အဖွဲ့အစည်းများအား ပြည်ပအဖွဲ့အစည်းများ ၏ အကူအညီဆိုသည်မှာ ငွေကြေးမျှသာမဟုတ် ပေ။ စစ်ဘက်ရေးရာအကူအညီများ၊ နိုင်ငံရေးဆိုင် ရာအကူအညီများကို ပုံအော၍ကူညီနေကြခြင်း သာဖြစ်သည်။ မစို့မပို့မဟုတ်ပါ။ ထိုင်းနိုင်ငံ တောင်ပိုင်းနှင့် ထိုင်းနိုင်ငံမှခွဲထွက်၍ အစ္စလာမ္မစ် နိုင်ငံထူထောင်နိုင်သည်အထိဖြစ်သည်ဟု ဆိုရပါ မည်။
ဤသို့သော သွင်းအားစုများဖြင့် ထိုင်းနိုင်ငံ တောင်ပိုင်းပဋိပက္ခနှင့် အကြမ်းဖက်မှုကို အရှိန် မြင့်စေပါသည်။ စာအုပ်၏အခန်း(၂)တွင် တောင် ပိုင်းပဋိပက္ခကိုတင်ပြထားပါသည်။ ၂ဝဝ၄ ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် မွတ်စလင်သောင်း ကျန်းသူများအုပ်စုခွဲ၍ နာရာသီဝပ်နှင့် ယာလာ ပြည်နယ်၊ ခရိုင် ကိုးခုတွင် ပြုလုပ်ခဲ့သည်။ စစ် စခန်းတစ်ခု၏ လက်နက်တိုက်ကို ဝင်စီးနင်း တိုက်ခိုက်၊ အစောင့် လေးဦးကိုသတ်၊ အမ်-၁၆ ရိုင်ဖယ် ၃၃ဝလက်၊ အမ် ၆ဝ ဗုံးပစ်လောင်ချာ နှစ်လက်၊ ဒုံးပစ်လောင်ချာ ခုနစ်လက်တို့ကို တိုက်ခိုက်လုယက်သွားခဲ့သည်။
ယာလာပြည်နယ် ဘီတောင်မြို့မှ ဧရာဝန် ရဲစခန်းကို ဗုံးပစ်လောင်ချာများ၊ စက်သေနတ်များ ဖြင့် ပစ်ခတ်တိုက်ခိုက်သည်။ ရဲများထွက်ပြေး စေပြီးတံတားတစ်ခုမီးရှို့ဖျက်ဆီးခဲ့သည်။ မတ်လ ၅ရက်နေ့တွင် ပတ္တနီမှ ရဲကင်းအား မီးရှို့ဖျက်ဆီး သည်။ မတ်လ ၂၇ရက်နေ့တွင် နာရာသီဝပ်ပြည် နယ်၊ ဆွန်ရိုင်ကိုလော့ရှိ ကမ္ဘာလှည့်ခရီးသွားတို့ ၏ စားသောက်ဆိုင်ကို ဗုံးဖြင့်ဖောက်ခွဲခဲ့သည်။ ၂ဝဝ၄ ခုနှစ်တစ်လျှောက်လုံး တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့လေသည်။
သောင်းကျန်းသူ မွတ်စလင်အဖွဲ့၏တောင်းဆို ချက် ၂၂ ချက်မှာ ထိုင်းတောင်ပိုင်းတွင် မလေး နွယ်ဖွား မွတ်စလင်တစ်ဦးကို ဘုရင်ခံချုပ်ခန့်ရန်၊ မလေးဘာသာစကားကို ရုံးသုံးအဖြစ် ပြဋ္ဌာန်း ပေးရန်၊ အစ္စလာမ်ဘာသာကို တရားဝင်ကိုးကွယ် ခွင့်ပြုရန် ၊ အစ္စလာမ္မစ်တရားဥပဒေကို ကျင့်သုံး ခွင့်ပြုရန်တို့ဖြစ်သည်။
ထိုင်းနိုင်ငံတောင်ပိုင်းရှိအစိုးရဝန်ထမ်းများ၊ ကျောင်းဆရာ၊ ကျန်းမာရေးဆရာဝန်ဝန်ထမ်းများ၊ မလာရဲ၊ မနေရဲအောင်ပြုလုပ်ခြင်းဖြင့် သီးခြား ခွဲထွက်၊ အုပ်ချုပ်ရေးကို အကြမ်းဖက်နည်းဖြင့် ဖော်ဆောင်ကြသဖြင့် ယနေ့ကာလမြန်မာနိုင်ငံ ရခိုင်ဒေသပဋိပက္ခ၊ အကြမ်းဖက်မှုများဖြင့် နှိုင်း ယှဉ်၍ သင်ခန်းစာရယူနိုင်ရန် ဖော်ပြပါစာအုပ် အား ဖတ်ရှုသင့်ပါကြောင်း တင်ပြအပ်ပါသည်။

Saturday, 26 November 2016

ကြိုးစားပါလျှက် မအောင်မြင်သေးသောအခါတိုင်း


ကြိုးစားပါလျှက် မအောင်မြင်သေးသောအခါတိုင်း
( ဒေါက်တာအောင်မျိုး - ကင်ဆာအထူးကုဆရာဝန်ကြီး)


ကျနော့် ငယ်သူငယ်ချင်းတစ်ယောက်ရှိပါတယ်။တော်တော်ကြိုးစားတဲ့သူလို့တော့ပြောရမှာပါ။ ဘာလို့ လဲဆိုတော့ ကျနော်တို့ ၁၀ တန်းနှစ်လောက်ကတဲက သူက စီးပွားရေးစလုပ်နေပြီ။မနှစ်က ကျနော် ရန်ကုန်
 ပြန် တော့ သူနေတဲ့ မြ၀တီဖက်ကနေ တကူးတက ကျနော့် ကိုလာတွေ့ တယ်။သူငယ်ချင်းတွေငယ်ငယ်က အကြောင်း ပြောရင်းနဲ့  သူ့ရဲ့  အကြောင်း ရောက်သွားတယ်။ကျနော်က“အခုဆို သူငယ်ချင်းတော့  တော်တော် အဆင်ပြေနေပြီပေါ့” လို့ ပြောတော့ သူက “ငါကြိုး စားတော့ ကြိုးစားတာပဲကွာ။ မင်းသိတဲ့အတိုင်းပဲ ငယ်ငယ်ကထဲက အလုပ်လုပ်လာတာ။ အခုအထိဖြစ်ဖြစ်မြောက်မြောက် အဆင်မပြေ သေးပါဘူးကွာ”..တဲ့။ ကျနော်တော့ တော်တော်အံ့  သြသွားတယ်။သုဒီလောက် ကြိုးစားတာ။ ဒါနဲ့ ကျနော်
ဆက်မေးဖြစ်တယ် ”မင်းတနေ့ကို နာရီဝက်လောက် အချိန်ပေးပြီးကိုယ်လုပ်နေတာတွေ ကို သုံးသပ်ဖြစ်သလား။ ကောင်းတယ်၊ မကောင်းဘူး။ မှန်တယ်၊ မမှန်ဘူး။ ဘယ်လိုနည်းလမ်း ပြောင်း ပြီး ကြိုးစားရမယ်ဆိုတာ မျိုးပေါ့”..လို့ ။ သူကပြန်ပြောတယ်..”အလုပ်တွေသိပ်ရှုတ်နေတာနဲ့၊အဲဒီလို စဉ်းစားချိန်တောင် မရပါဘူးကွာ”..တဲ့။
     ကျနော်ကတော့ ဒါဟာ သူု့ ရဲ့အဓိက ပြသနာလို့မြင်တယ်။ တခါလေကြိုးစားပေမယ့် အောင်မြင် မှု မရသေးတဲ့အချိန်တွေ ရှိတတ်တယ်။ ကြိုးစားပေမဲ့မအောင်မြင်မှု မရသေးရင် နည်းလမ်းလေး နဲနဲ လို နေသေးလို့   ဖြစ်နိုင်တယ်။ ဒါကိုစဉ်းစားဖို့  ကျနော်တို့အလုပ်ဘယ်လောက် များများ အချိန်တခုတော့ ပေးရမယ်။ လုပ်နေကျနည်းကနေ နဲနဲ ပြောင်းပြီးကြိုးစားကြည့်သင့်တယ် မဟုတ်လား။ ဒါနဲ့ ပါတ်သတ်လို့  ဆရာဖေမြင့်ဘာသာပြန်တဲ့ ”နှလုံးသားအာဟာရရသစာပေများ (တတိယတွဲ)” စာအုပ်ထဲက“လမ်းမသိသော ယင်ကောင်”ဆိုတဲ့အကြာင်းလေးကို သူ့ကို ပြောပြမိတယ်။ သူတော်တော် သဘောကျသွားတယ်ဗျ။
       ဒီအကြောင်းလေးကိုခင်ဗျားတို့ လဲ ရှယ်ပေးချင်ပါတယ်။ အတွေးကောင်း တခုခုရမှာပါ။မအောင်မြင်သေးလို့စိတ်ဓါတ်မကျပါနဲ့။့ ကြိုးစားသူအတွက် အောင်မြင်ရ မှာကတော့ သေချာတယ်။ နည်းလဲနဲနဲ ပြောင်း
ကြည့်ဖို့ ပါ..

“လမ်းမသိသော ယင်ကောင်”
        မီလ်ခရော့(ဖ)စားသောက်ဆိုင်၏တိတ်ဆိတ်ငြိမ်သက်သော အခန်းတစ်ခုထဲမှာ ကျနော် ထိုင်နေသည်။စားသောက်ဆိုင်ကတိုရွန်တိုမြို့ပြင်ဘက် တစ်နာရီခရီးလောက်မှာ ရှိနေသည်။ ထင်းရှုးပင်များကြားမှာ ပုန်းရှိုးတည်ရှိသည့်ငြိမ်းချမ်းသောနေရာကလေး။သို့သော်ကျနော်နှင့် သုံးလေးပေအကွာလောက်မှာ
သေရေးရှင်ရေးတစ်မျှအမောတကော ကြိုးပမ်း ရုန်းကန်နေသံ တစ်ခုကျွန်တော် ကြားနေရသည်။
       ယင်ကောင်လေးတစ်ကောင်ပြတင်းမှန်ချပ်ကိုဖောက်ထွက်နိုင်ရန် အသည်းအသန် ကြိုးစားနေခြင်းပင်။ သူ့ခန္ဓာကိုယ် ကြွင်းကျန်သမျှစွမ်းအားကိုဖြစ်နိုင်စရာမရှိသည့် သည်အရေးကိစ္စကြီးအတွက် သူဖြုန်းတီးနေသည်။ ညံသထက် ညံလာသည့်တောင်ပံခတ်သံကကြေကွဲဖွယ်ကောင်းလှသည့် ယင်ကောင်၏ လုပ်ငန်းလမ်းစဉ်ကိုဖော်ပြနေသည်။ ကြိုးစား၊မအောင်မြင်လျှင်သည့်ထက်သည့်ထက်ပိုကြိုးစား..ဟူသောလုံ့လ၀ါဒ လမ်းစဉ်။
      သို့သော်လောလောဆယ်သည်လမ်းစဉ်ကအလုပ်မဖြစ်ပေ။အသည်းအသန်ကမူးရှုးထိုး ကြိုးစားနေခြင်းကြောင့် သူ့အတွက်လွတ်လမ်းပေါ်မလာ။ရှင်သန်မည့်အလားအလာလည်း စိုးစဉ်းမျှမမြင်ရ။စင်စစ် မစဉ်းမစား အားထုတ်နေမှုကြောင့်ပင် သည်ထောင်ချောက်အတွင်းမှသူထွက်မရခြင်းဖြစ်သည်။ သူမည်မျှမည်မျှပင် ပို၍ အားထုတ်ရုန်းကန်သော်လည်း ပြတင်းမှန်ချပ်ကိုကားဖောက်ထွက်လာနိုင်စရာအကြောင်းမရှိ။
         မည်သို့ပင်ဖြစ်စေ၊ ယင်ကောင်လေးကတော့သူ့ရည်မှန်းချက်ပန်းတိုင်သို့ရောက်ရှိရေးအတွက် အသက်ပင် သေသေ ဟူသော စိတ်ဓါတ်မျိုးဖြင့်ကျားခုတ်ကျားခဲ အားထုတ်ရုန်းကန်သွားရန်သန္နိဋ္ဌာန်ခိုင်မာလျက် ရှိနေသည်။ ၀မ်းနဲစရာပင်။ယင်ကောင်၏ ဘ၀နိဂုံးကို သိမြင်နေရသည်။သူသည်သည်ပြတင်းပေါက် ဘောင်ပေါ်မှာပင် သေပွဲဝင်ရမှာသေချာလျှက်ရှိသည်။
        စင်စစ်..အခန်း၏တစ်ဖက်ခြမ်းသည်မှန်ပြတင်းမှခြေလှမ်းဆယ်လှမ်းခန့် အကွာ..တံခါးတစ်ခုသည် ဟင်းလင်းပွင့်လျှက်ရှိ၏။ သုံးလေးစက္ကန့်ပျံသန်းရုံဖြင့်ပင်ယင်ကောင်ငယ်သည် သူမျှော်လင့်တောင့်တသည့် ပြင်ပကမ္ဘာသို့ လှစ်ခနဲရောက်ရှိသွားနိုင်၏။သည်မှာ အသည်းအသန် အားထုတ်ရုန်းကန်နေသည်ကို ခဏလေး နားကာ ဘေးဘီသို့အသာ လှည့်ကြည့်ရုံမျှဖြင့်မိမိဘာသာ ထည့်သွင်းထားသည့် လှောင်ချိုင့်အတွင်းမှ သူလွတ်မြောက်သွားနိုင်၏။မှန်နံရံကိုဖောက်ထွက်နိုင်သောအခွင့်အလမ်း သို့မဟုတ် သည်အခန်းတွင်းမှ လွတ်မြောက်နိုင်သော အခွင့်အလမ်းသည် ထိုအနီးအနားလေးမှာပင်ရှိနေ၏။သိသူအတွက်ကား လွယ်ကူလှဘိသည်။
          ဇွဲကြီးလှသောထိုယင်ကောင်သည်အဘယ်ကြောင့် နောက်တစ်မျိုးပြောင်း၍ ကြိုးစားရကောင်းမှန်း မသိခဲ့ပါသနည်း။သူရွေးချယ်ခဲ့သည့်တစ်ခုတည်းသောနည်းလမ်းကို အဘယ်ကြောင့် သည်မျှ သဲသဲမဲမဲ စွဲနေရသနည်း။ သည်နည်းလမ်းအတိုင်းကျားခုတ်ကျားခဲလုပ်ခြင်းသည်သာ အောင်မြင်မှုရရန် အသေချာဆုံး ဖြစ်သည်ဟု အဘယ်ကြောင့် သည်မျှစွဲလမ်းယုံကြည်နေရသနည်း။သေချင်သေပစေ သည်နည်းလမ်းအတိုင်းပဲ စွဲစွဲမြဲမြဲ    အားထုတ်သွားမည်ဟူ သောစိတ်သည် ဘယ်သို့သော ကျိုးကြောင်းဆင်ခြင်မှုမျိုးမှ
 ပေါ်ပေါက်ခဲ့သနည်း။ယင်ကောင်အနေနှင့်တော့သူ၏ လုပ်ငန်းလမ်းစဉ်သည်ပင်ကျိုးကြောင်း အသင့်မြတ်ဆုံးလမ်းစဉ် ဖြစ်ချင်ဖြစ်နေပါမည်။ သို့သော် ၀မ်းနည်းဖွယ်ကောင်းသည်ကသူ့အယူအဆ သူ့လုပ်နည်းလုပ်ဟန် သည် အသက်ဆုံးရှုးံခြင်းဖြင့် နိဂုံးချုပ်ရမည့်အယူအဆမျိုးလုပ်နည်းလုပ်ဟန်မျိုး ဖြစ်နေခြင်းပင်။
               ကြိုးစား၊မအောင်မြင်လျှင်သည့်ထက်သည့်ထက်ပိုကြိုးစား၊ဟူသောနည်းသည် အမြဲသင့်တော်
မှန်ကန်သည့် အဖြေနည်းလမ်း မဟုတ်ပါ။သည်ဝါဒတစ်ခုတည်းကိုအားပြုထားရုံဖြင့် သင်၏ဘ၀ရည်မှန်း
ချက်တွေ ထမြောက် အောင်မြင်လိမ့်မည်ဟုစိတ်ချယုံကြည်၍မရပါ။ စင်စစ် သည်လမ်းစဉ်ကို တရားသေကိုင်စွဲခြင်းကြောင့်ပင် ပြသနာတွေရင်ဆိုင်လာရနိုင်ပါသည်။

           နည်းလမ်းကိုပြန်လှန်သုံးသပ်မှုမပြု၊ပြုပြင်ပြောင်းလဲရန်လည်းမကြိုးစား။၊၀ီရိယကို အမြင့်ဆုံးတင်နိုင်လျှင်ရှိသမျှအတားအဆီးကို ဖောက်ထွက်ကျော်လွှားနိုင်ရမည်ဟူသောအစွဲဖြင့်ချည်း လုပ်ကိုင်သွားမည်ဆိုကမအောင်မြင်ယုံမက အောင်မြင်မည့် အခွင့်အလမ်းများစွာကိုပင်မိမိဘာသာ ဖျက်ဆီးပစ်မိနိုင်ပေသည်။
ကြိုးစားပါလျှက်ဖောက်ထွက်၍ မရသည့်အခါတိုင်း ယင်ကောင်ကို သတိရပါ။


[မူရင်း။     ။Price Pritchett ၏ TrySomething Different]

အားလုံးပျော်ရွှင်အောင်မြင်ကြပါစေ
ဒေါက်တာအောင်မျိုး

Thursday, 24 November 2016

ပြည်သူ့အမြင်(၂၁)

အတွေးအပိုင်းအစ

မြန်မာပြည်မှာ လူဦးရေသန်းခြောက်ဆယ်
အဲဒီထဲမှာ
နိုင်ငံရေးစိတ်မဝင်စား
ကိုယ့်အလုပ်ကိုယ်လုပ် ကိုယ့်ထမင်းကိုယ်စား
အေအေးနေချင်တဲ့သူက သန်းငါးဆယ်လောက်ရှိမယ်
(ကလေးတွေပါပါတယ်)
နိုင်ငံရေးစိတ်ဝင်စားသူ ဆယ်သန်းမှာမှ
နိုင်ငံရေးကို ထဲထဲဝင်ဝင်တကယ် လုပ်နေတဲ့သူက
တစ်သိန်း ထားပါတော့ နှစ်သိန်း
(နိုင်ငံရေးကို လုပ်စားနေတဲ့သူတွေပါပါတယ်)
အဲဒီနှစ်သိန်းထဲကမှ
နိုင်ငံရေးယုံကြည်ချက်
လူမျိုးစုလွတ်မြောက်ရေးဆိုတဲ့ခေါင်းစဉ်တွေနဲ့
လက်နက်ကိုင်တိုက်တာကို
ယုံကြည်တဲ့သူ သဘောတူတဲ့သူ ဘယ်နှစ်ဦးရှိမလဲ...
သိပ်တော့ မများနိုင်ဘူးလို့ ကျွန်တော်ထင်ပါတယ်

အဲတော့ လက်နက်ကိုင်တော်လှန်ရေးဆိုတာ
လက်နက်ကိုင်လို့အကျိုးကျေးဇူး လက်တွေ့ခံစားနေရတဲ့
လူတစ်စုကသာ ယုံကြည်မှာဖြစ်ပြီး
သာမန်ပြည်သူသန်းပေါင်းများစွာကတော့ မယုံကြည်တော့ပါဘူး

တကယ်တော့လည်း
လူမျိုးစုလွတ်မြောက်ရေးဆိုတာ ဒီခေတ်ထဲမှာ
လုံးဝ ခေတ်မမီတော့တဲ့ကြွေးကြော်သံတစ်ခု ဖြစ်သွားပြီလို့
ကျွန်တော်ထင်တယ်
ကိုယ့်စိတ်နဲ့နှိုင်းပြောရရင်
အခုနေ အမေရီကန် သို့ အင်္ဂလန်လို
တိုးတက်ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခုကသာ
မြန်မာနိုင်ငံသားတွေ တံခါးမရှိဓားမရှိ ဝင်စေလို့ ခွင့်ပြုလိုက်ရင်
"ငါ့ကို မျက်နှာဖြူကြီးတွေက အုပ်ချုပ်တော့မှာ ကျွန်ပြုတော့မှာ"လို့
တွေးနေမှာမဟုတ်ဘူး
ကိုယ်ကိုယ်တိုင်ကကို ကြေကြေနပ်နပ်ကြီး အအုပ်ချုပ်ခံဖို့
ရွှေ့သွားမိမှာပဲ

ဒါ့ကြောင့် ဒီခေတ်လူတော်တော်များများရဲ့ နိုင်ငံရေးခံယူချက်က
ရှင်းတယ်
"ကိုယ့်ကို ဘယ်သူတွေအုပ်ချုပ်တယ်ဆိုတာထက်
ကိုယ့်အနာဂတ်ကို
ဘယ်သူတွေက ကောင်းအောင်လုပ်ပေးနိုင်မလဲ"ဆိုတာကိုပဲ
စိတ်ဝင်စားကြတယ်

တကယ်တော့ ဒီမိုကရေစီဆိုတာကလည်း
သာမန်လူတွေ နားလည်အောင် အရှင်းဆုံးပြောရရင်
"ပြည်သူက အုပ်ချုပ်သူတွေကိုရွေးချယ်တာ မဟုတ်ပါဘူး
ပြည်သူ့အနာဂတ်ကောင်းမွန်အောင်
စီမံခန့်ခွဲနိုင်မယ့်သူတွေကိုသာ ရွေးချယ်ရတဲ့စနစ်ဖြစ်ပါတယ်"

ဇော်သစ်
မူရင်းပိုစ်



ကွီးသစ်နှင့်ပိုးပုဆိုး

ရတနာပုံသတင်းစာမှာ မိတ်ဆွေအယ်ဒီတာက ဖော်ပြဖို့ရွေးတယ် အထက်က ပယ်တယ်။ အဲတော့ ဒီမှာပဲ ပြန်တင်ပါရစေ။


(နိဒါန်း)

ငရုတ်ဆုံရွာတွင် သူကြီးဘပြောင်ပြီးနောက် ရွာကာလသားခေါင်းကိုရွှေသစ် သူကြီးဖြစ်လာသည်။ သူကြီးမှရိုးရိုးသူကြီးမဟုတ်။ ငရုတ်ဆုံအုပ်စုဝင် ရွာငယ်ဆယ့်လေးရွာရှိ သူကြီးအားလုံး၏အထက်က သူကြီးချုပ်ဖြစ်၏။ ဖြစ်ပေမပေါ့ ကိုရွှေသစ်သည် မေမေ့သားဖြစ်နေသည်လေ။ မေမေ့သားဖြစ်သဖြင့် သူကြီးရွေးပွဲတွင် မေမေ့မျက်နှာကြောင့်ပင် ကိုရွှေသစ် မဲအပြတ်အသတ်ဖြင့် သူကြီးဟောင်းဘပြောင်ကို အနိုင်ရလိုက်သည်။

ကိုရွှေသစ်၏မေမေသည် ဘာသာရေး၊ လူမှုရေး၊ ရပ်ရေးရွာရေးတွင် ငရုတ်ဆုံရွာတစ်ရိုးဖြန်းဖြန်းဖြိုးမျှ လှူခဲ့တန်းခဲ့သူ ဒါနရှင်ကြီးဖြစ်သည်။ ငရုတ်ဆုံရွာတင်မက ရွာငယ်လေးဆယ့်လေးရွာဖြင့် ဖွဲ့စည်းထားသော ငရုတ်ဆုံရွာအုပ်စုတွင်ပါ ကိုရွှေသစ်မေမေ၏သဒ္ဒာဂုဏ်သတင်းက မွှေးပျံ့သည်။ ထို့ကြောင့်ပင် ကိုရွှေသစ်မှာ ငရုတ်ဆုံရွာတင်သာမက ငရုတ်ဆုံအုပ်စုဝင်ရွာများက စုပေါင်းမဲပေးကြရသည့် ငရုတ်ဆုံအုပ်စုသူကြီးချုပ်အဖြစ်ပါ ရွေးကောက်ခံရလေသည်။

ကိုရွှေသစ်အမေဒေါ်ဒေါင်းအား ငရုတ်ဆုံရွာတစ်အုပ်စုလုံးက မည်မျှချစ်ကြသနည်းဆိုသော် ကိုရွှေသစ်ခေါ်သကဲ့သို့ပင် မေမေဟုသာခေါ်ကြလေသည်။ သမီးအချစ်မြေးအနှစ်(ဆိုင်ဆိုင်မဆိုင်ဆိုင်) ဆိုကြသည့်အတိုင်း ကိုရွှေသစ်ကိုပင် ကိုရွှေသစ်ဟုမခေါ်ကြတော့။ ကိုကြီးသစ်ဟု ချစ်စနိုးဖြင့် ပြောင်းလဲခေါ်ဝေါ်ကြလေသည်။

"ကိုကြီးသစ်" "ကိုကြီးသစ်"ဟု ခေါ်ရင်းရင်းခေါ်ဖြင့်ပင် ကြာတော့ ကိုရွှေသစ်ခမြာ "ကွီးသစ်"ဖြစ်သွားလေတော့သည်။

***

အပိုင်း(၁)

ကွီးသစ်သူကြီးချုပ်ဖြစ်လာပြီးနောက် ငရုတ်ဆုံရွာကလေးသည် အကြီးအကျယ်ပြောင်းလဲသွားလေ၏။မပြောင်းလဲ ခံနိုင်ရိုးလား။ ကွီးသစ်၏ကြွေးကြာ်သံကား ပြတ်သည်ရှင်းသည်။ "အရင်သူကြီးအဆက်ဆက်လက်ထက် မနှိမ်နင်းနိုင်ခဲ့တဲ့ ဖဲဝိုင်း၊ ကြက်ဝိုင်းနဲ့ ရွာမှာသောင်းကြမ်းနေတဲ့ ငမူးငရူးတွေ အကုန်သတိထားကြ။ ငါ အကုန်ရှင်းပစ်မကွ"။ တိန်။ ငမူးငရူးများ တိန်ကနဲမြည်ကာ ဖျားသွားသည်။ ဖဲသမား၊ ကြက်သမားများ ဂိန်ကနဲအော်ကာ နားသွားသည်။

ပြောရုံ၊ ကြိမ်းရုံပင်ရှိသေးသည်။ တကယ်လုပ်မပြရသေးခင်မှာပင် ငရုတ်ဆုံတစ်အုပ်စုလုံး "ကွီးသစ်ကွ ကွီးသစ်... ရွှီ... ဖြောင်း ဖြောင်း ဖြောင်း..."။ အားပေးသံ၊ လက်ခေါက်မှုတ်သံ၊ လက်ခုပ်တီးသံတွေ သောသောညံသွားသည်။ 
ထို့နောက် ကွီးသစ်က ရွာလုံခြုံရေး အထူးအဖွဲ့ဆိုပြီး ထပ်မံဖွဲ့စည်းလိုက်ပြန်၏။ ရည်ရွယ်ချက်ကတော့ ရွာတွင်တောထသလိုထနေသည့် ဒုစရိုက်မှုများအား နှိမ်နင်းရန်ဟု ဆိုသည်။ သို့သော်ထိုအဖွဲ့မှာ အသစ်တော့မဟုတ်။ သူကြီးဟောင်းဘပြောင်လက်ထက် ရွာမိရွာဘအဖွဲ့အား ဖျက်သိမ်း၊ အမည်ပြောင်းကာ လူဟောင်းများနှင့်ပင် ဖွဲ့စည်းလိုက်ခြင်းသာ ဖြစ်လေသည်။ ထုံစံအတိုင်း မေမေ့သားကွီးသစ်လက်ထက်တွင် ခွေးဖင်ချင်ပူးတာကိုပင် လက်ခေါက်မှုတ်၊ လက်ခုပ်တီးအားပေးဖို့ချောင်းနေသော ငရုတ်ဆုံရွာသားများကတော့ "ကွီးသစ်ကွ ကွီးသစ်... ရွှီ... ဖြောင်း ဖြောင်း ဖြောင်း..."တွေ ထလုပ်ကြပြန်၏။

တစ်လ၊ နှစ်လ အကြောင်းမထူး။ ကြက်ဝိုင်းလည်း မပျောက်။ ဖဲဝိုင်းလည်း ရှိမြဲ။ ငမူးငရူးများကလည်း မူးလာတိုင်းရွာလုံးပတ်ဆဲ ရမ်းကားမြဲပင်။ ငရုတ်ဆုံရွာသားများ သည်းခံကြသည်။ "အခုမှ သူကြီးဖြစ်တာ ရက်တစ်ရာတောင် မပြည့်သေးဘူး။ သူကြီးအဆက်ဆက် နှစ်ပေါင်းများစွာကတည်းက ပျက်လာတဲ့ရွာကြီး။ ပြုပြင်ရတာ ဘယ်လွယ်မလဲ။ ရက်တစ်ရာပြည့်အောင် စောင့်လိုက်ပါ့ဦး"။ တိန်။ ဒီတစ်ခါတိန်သည်က ဒုစရိုက်သမားများ မဟုတ်။ စိတ်မရှည် အတွေးတိမ်သောငရုတ်ဆုံရွာသားအချို့ တိန်ကနဲမြည်သွားသည်။

သုံးလကျော် လေးလတွင်းစာရင်းပေါ်သွားသည်။ ရက်တစ်ရာလည်း ပြည့်ခဲ့ပြီ။ ကြက်ဝိုင်းလည်း မပျောက်။ ဖဲဝိုင်းလည်း ရှိမြဲ။ ငမူးငရူးများကလည်း မူးလာတိုင်းရွာလုံးပတ်ဆဲ ရမ်းကားမြဲပင်။ ထို့ထက်ပိုလာသည်မှာ ငရုတ်ဆုံရွာကနေ အနီးစပ်ဆုံးနယ်မြို့ငယ်လေးထိ ပြေးဆွဲပေးနေသော မောင်ထွန်းသိန်း၏ထော်လာဂျီဒရိုင်ဘာ၊ စပယ်ယာများ အထူးရမ်းကားလာခြင်းပင်။ဤတော့လည်း သို့သော်လည်း အဲတဲ့ပေါ့လေ...(ကာတွန်းမောင်ခိန်)။ 

"ဟ ရက်တစ်ရာက ခုမှပြည့်ရုံရှိသေးတယ် စောင့်ပါ့ဦး"။ တိန်။

ရက်နှစ်ရာကျော်တော့ လူသတ်မှုတွေပါဖြစ်သည်။ လက်သည်မပေါ်။ ရွာမှာကျော်မကောင်းကြားမကောင်း သက်ငယ်မုဒိမ်းတွေပေါလာသည်။ ကြက်ဝိုင်းလည်း မပျောက်။ ဖဲဝိုင်းလည်း ရှိမြဲ။ ငမူးငရူးများကလည်း မူးလာတိုင်းရွာလုံးပတ်ဆဲ ရမ်းကားမြဲပင်။ မောင်ထွန်းသိန်းရဲ့ထော်လာဂျီဒရိုင်ဘာ၊ စပယ်ယာများကလည်း ရွာသူရွာသားခရီးသွားများအပေါ် ပါးစပ်နဲ့မိုက်ရိုင်းရုံအားမရတော့။ သံဒုတ်ကိုင်၊ ဝါးရင်းဒုတ်ကိုင် မိုက်ရိုင်းလာကြသည်...။ ဒါလည်းတစ်ချို့က "ကွီးသစ်မှ ကွီးသစ်"ဖြစ်နေတုန်းပင်။ "မေမေ့မျက်နှာ...။ အလှူ့ရှင်မကြီး ဒေါ်ဒေါင်းမျက်နှာများ တယ်ကြီးသကိုး"ဟုသာ အောက်မေ့ကြရတော့သည်။ တိန်။

ကွီးသစ်ကလည်း ပြောရှာပါ၏။ "ဒုစရိုက်မှုတွေနဲ့ပတ်သက်လို့ ရွာလုံခြုံရေးအထူးအဖွဲ့က ကိုင်တွယ်ရမှာ။ သူတို့က အရင်သူကြီးဟောင်း ဘပြောင်ရဲ့လူတွေဆိုတော့ ကျုပ်ကိုင်လို့မရဘူး"တွေ၊ ဘာတွေလေသံပစ်လာသည်။ တိန် ခံဟ။

"ဟုတ်တာပေါ့ ဘပြောင်လူတွေကိုးကွ။ ကွီးသစ်အမိန့် ဘယ်နာခံမလဲ။ ကြီးသစ္ချမာ သနားပါတယ္ကြာ"

အလွန်နားလည်ပေးနိုင်သော၊ အလွန်သည်းခံစိတ်ရှည်သော ငရုတ်ဆုံရွားသားများပင်။ ပင်ကိုယ်စိတ်ထားကလည်း နားလည်၊ သည်းခံစိတ်ရှည်ခြင်းကလည်း အံ့မခမ်း။ တရားဟောလည်းကောင်းသည့် ရွာဦးဆရာတော်တစ်ပါးကိုပါ ပိုင်ဆိုင်ထားရသည်ကိုပင် ငရုတ်ဆုံရွာသားများ ကျွတ်တမ်းဝင်အရိယာမဖြစ်သည်မှာ အံသြစရာကောင်းလှပေသည်။ တိန် တိန် တိန်။

***

အပိုင်း(၂)

ကွီးသစ်က အပြောသာကြီးသည်မဟုတ်။ ပြဿနာလည်း အလွန်ရှာတတ်သည်။ အဆော့သန်အဆော့မက်လွန်းသော ရွာဦးကျောင်းကကိုရင်လေးများအား လူဝတ်လဲခိုင်းဖို့ ရွာဦးဆရာတော်အား သွားလျှောက်လား လျှောက်၏။ တစ်တိန်။ ရွာတွင်းတိုက်ဆောက်နေသော သူဌေးများအား တိုက်ဆောက်မိန့်တင်ရမည်။ တိုက်ဆောက်မိန့်မပြနိုင်လျှင် ဖျက်ရမည်တွေဘာတွေ အမိန့်ထုတ်လား ထုတ်၏။ နှစ်တိန်။ ထိုအမိန့်အောက်တွင် ကွီးသစ်၏အမအရင်း ဒေါ်နန်းပါ ထိသည်။ မောင်နှမနှစ်ယောက် လူမမြင်ကွယ်ရာ ၎င်းတို့အိမ်အတွင်းမှာ ထတောင်သတ်ကြသည်ဟု သတင်းသဲ့သဲ့ ကြားရသည်။ သုံးတိန်။ ဘယ်အရာမှဘာမှလုပ်မရ။ ငါသူကြီးကွဟု မာန်တက်ကာ စိတ်ထင်ရာ လိုက်လံအာချောင် အာဏာပြနေခြင်းသာဖြစ်သည်။ မောင်နှမချင်းပါ အချင်းများ ထသတ်ကုန်ကြပြီလည်းဆိုရော ကွီးသစ်၏မေမေဒေါ်ဒေါင်းပင် မနေသာတော့ပေ။ ကွီးသစ်တို့မောင်နှမနှစ်ယောက်စလုံးအား ခေါ်ဆူရသည်ဟု အတွင်းသတင်းပြန်ကြားရသည်။ တိန် တိန့် တိန် တိန်စကွဲယားကို တိန်တစ်ရာနှင့်မြှောက်ရလောက်အောင် အာချောင်ပြဿနာရှာနိုင်လွန်းသော ကွီးသစ်ပင်ဖြစ်သည်။

ထိုသို့ မေမေဒေါင်းခေါ်ဆူသည်ဟု သတင်းထွက်ပြီးနောက်ပိုင်း ကွီးသစ်တစ်ယောက် အသံသိပ်မကြားရ။ နည်းနည်းငြိမ်သွားသည်။ ကွီးသစ်တို့ငြိမ်လျှင် မျောက်လောက်တော့ဆော့သည်ဟု ပြောရမလိုပင်။ ဝမ်းဒလစပ်သွားထားသော ဖင်သည် အဘယ်မှာ ချက်ချင်းရပ်ပါမည်နည်း။ လေပုပ်ကလေးတော့ လည်ဦးမည်ပင်။ မောင်ထွန်းသိန်းနဲ့ပေါင်း ထော်လာဂျီကားသင်းကြီးပဲ ထောင်တော့မယောင်။ မောင်ထွန်းသိမ်း၏တစ်စီးတည်းသာရှိသည့် ထော်လာဂျီမှာ ဥက္ကဌကြီးပင် ဝင်လုပ်နေသယောင်ယောင် သတင်းထွက်လာသေးသည်။ မောင်ထွန်းသိမ်း၏ထော်လာဂျီဒရိုင်ဘာ စပယ်ယာများကလည်း။ အရင်ထက်ပိုလက်စွမ်းပြလာသည်။ ခရီးသည်များတင်မကတော့ ရွာလမ်းပေါ်တွေ့သမျှ နွားလှည်းများကိုပါ လမ်းဖယ်မပေးရကောင်းလားဟု ရိုက်မယ်နှက်မယ် တကဲကဲလုပ်လာသည်။

ယခုနောက်ဆုံး ငရုတ်ဆုံရွာတစ်ရွာလုံး တစ်အုပ်စုလုံး အာမေဋိတ်သံတစ်ညီတစ်ညွှတ်တည်း ရွာဆူအောင် တိန်ကြရသည်ကား "အလှူတစ်ခုတွင် သူကြီးတစ်ဦးဝတ်လာသည်မှာ မကြာမီကမှထောင်ကထွက်၍ ချက်အရက်ပုန်းဆိုင်ထောင်ထားသည့် သူခိုးဟောင်းတစ်ဦးက ကန်တော့လိုက်သော ခိုးရာပါပိုးပုဆိုးဖြစ်သည်"ဆိုသည့်သတင်းပင်ဖြစ်သည်။

***

အပိုင်း(၃)

ထိုသတင်းကို ငရုတ်ဆုံရွာအုပ်စုအတွင်း စတင်ဖြန့်ဝေသူမှာ အခြားမဟုတ်။ ငရုတ်ဆုံရွာသားမူလတန်းပြဆရာလေး ဆရာဝမ်းပင်ဖြစ်သည်။ ဆရာဝမ်းကား သူကြီးဘပြောင်လက်ထက်ကတည်းက ရွာသူကြီးဘပြောင်၏အဂတိလိုက်စားမှုများကို အများဆုံးသတင်းဖြန့်သူ ဖြစ်ပါသည်။ ဖြန့်သည်မှ ဝို့တိုးဝါးတား ဟိုသူကြီးလိုလို သည်သူကြီးလိုလို ထင်ယောင်ထင်မှားဖြန့်သည်မဟုတ်။ သူကြီးဘပြောင်နှင့်ရွာမိရွာဖများ အဂတိလိုက်စားသည်ဟု အတိအကျ သတင်းဖြန့်ခြင်းဖြစ်သည်။ ထို့ကြောင့်ပင် ရွာလည်ခေါင်လဘက်ရည်ဆိုင်တွင် ဆရာဝမ်းရောက်လာပြီဆိုသည်နှင့် သူ့အနား သတင်းနားထောင်ချင်သောငရုတ်ဆုံရွာသားများ ဝိုင်းဝိုင်းလည်နေ၏။

ဆရာဝမ်းပြောသောသတင်းအား ဟုတ်လား မဟုတ်လား။ ဖြစ်နိုင်လား မဖြစ်နိုင်လား။ အဘယ်သကောင့်သား ငရုတ်ဆုံရွာသားကမှ မဆန်းစစ်ကြ။ "ဟုတ်တယ် ဖြစ်နိုင်တယ်။ ဒီသူကြီးဘပြောင် မကောင်းဘူး"ဟုသာ ထပ်ဆင့်သတင်း ဖြန့်ဝေကြလေသည်။ ငရုတ်ဆုံရွာသား လူကြီးလူငယ် မဟာပညာကျော်ဥာဏ်ကြီးရှင်များ၏ ပါရမီထူးကဲတော်မူထသော ပညာဥာဏ်ကြီးမားမှုဟုသာ မှတ်ရလိမ့်မည် ထင်ပါသည်။ 

ထို့ကြောင့်ပင် သူကြီးဘပြောင်မှာ ရွာသူကြီးရွေးကောက်ပွဲ၌ မေမေ့သားကွီးသစ်ကိုမယှဉ်နိုင်ပဲ ခွက်ခွက်လန်အောင် ရှုံးခဲ့ရလေသည်။ ဆိုရလျှင် ကွီးသစ်သူကြီးဖြစ်ရခြင်း၌ ဆရာဝမ်း၏ကျေးဇူးမကင်းပေ။ မည်မျှပင် ကျေးဇူးမကင်းစေကာမူ ယခုသော် ဆရာဝမ်းတစ်ယောက် ကွီးသစ်၏သမမှုကြောင့် ဒုက္ခနှင့်လှလှတွေ့လေပြီ။

ဆရာဝမ်းပြောသောအလှူမှာ ငရုတ်ဆုံရွာအုပ်စုအတွင်း အချမ်းသာဆုံး သူဌေးကြီး မင်းပေါက်စိုးပေါက်ကြီး၏အလှူဖြစ်သဖြင့် ငရုတ်ဆုံအုပ်စုဝင်ရွာများမှ သူကြီးအားလုံးလာကြ၏။ အားလုံးမှာလည်း တတ်နိုင်သူများဖြစ်သဖြင့် အမရပူရပိုးပုဆိုးများအား သူကြီးဆယ့်လေးယောက်စလုံး တစ်ရွှမ်းရွှမ်းဝတ်လာကြလေသည်။ ဘယ်သူကြီးသည် ထောင်ထွက်သူခိုး ချက်အရက်ပုန်းဆိုင်ပိုင်ရှင်က ကတော့လိုက်သောပိုးပုဆိုးကို ဝတ်ဆင်လာသည်ဟု ပြောရခက်လှသည်။ 

ငရုတ်ဆုံရွာတစ်အုပ်စုလုံးမှာလည်း တက်သမျှသူကြီးများအဆက်ဆက် ခေတ်ကပျက်ချင်တိုင်းပျက်ခဲ့သဖြင့် ရွာအားလုံးတွင် ချက်အရက်ပုန်းဆိုင် ကိုယ်စီရှိသည်။ ချက်အရက်ပုန်းဆိုင်ပိုင်ရှင်တိုင်းမှာလည်း လစ်လျှင်ခိုး။ မလစ်လျှင် အရက်ပုန်းရောင်းသည့်ထောင်ထွက်သူခိုး ကြောင်သူတော်များချည်းသာဖြစ်၏။ ဆရာဝမ်းပြောသည့် ခိုးရာပါပိုးပုဆိုးကတော့သည့်ထောင်ထွက်သူခိုးဆိုသည်မှာ ငရုတ်ဆုံတစ်ရွာလုံ မည်သူမှမသိကြ။ သူကြီးကား ဟိုသူကြီး။ သူခိုးကား ဒီသူခိုးလားမသိဟူ၍သာ စိတ်မှန်းဖြင့် ပြောဆိုကြရသည်။

ထိုအခြေအနေမှာပင် ကွီးသစ်က တစ်စခန်းထလာသည်။ ရွာလုံးကျွတ်အစည်းအဝေးခေါ်ကာ ခိုးရာပါပိုးပုဆိုးကိစ္စ ထရှင်းပါလေတော့သည်။ "အလှူတွင် မိမိဝတ်သောပိုးပုဆိုးမှာ ထောင်ထွက်သူခိုးကတော့ထားသော ခိုးရာပါပိုးပုဆိုးမဟုတ်ကြောင်း။ မိမိမင်္ဂလာဆောင်စဉ်က သူတို့သားဝတ်စုံပင်မဝယ်နိုင်သဖြင့် မိမိ၏လက်ရှိဇနီးက ဝယ်ပေးခဲ့သော ပိုးပုဆိုးကိုသာ ထိုအလှူတွင် ဝတ်ဆင်ခဲ့ကြောင်း"စသဖြင့် ရွာရှိလူကုန်ရောက်ရှိနေသော အစည်းအဝေးကြီးတွင် ပိုးပုဆိုးအဟောင်းလေးတကိုင်ကိုင်ဖြင့် နှပ်ကလေးတရှုံရှုံလုပ်ရင်း ငိုမဲ့ငိုမဲ့ရှင်းပြလေ၏။

ထိုအစည်းအဝေးပြီးနောက်တစ်နေ့ ရွာလည်ခေါင်ရှိ ကုလားမီဒီး၏"အဖေ့ပုတ်"လဘက်ရည်ဆိုင်တွင် ငရုတ်ဆုံရွာသားများ အချင်းချင်းထသတ်ခမမ်း အငြင်းပွားကြလေတော့သည်။

"ကွီးသစ် သနားပါတယ်ကွာ။ မဟုတ်ပဲ အပြောခံရတော့ သူ့ခမြာ ငိုမဲ့ငိုမဲ့နဲ့"

"ဟုတ်တယ် ကွီးသစ် ငြိမ်မခံသင့်ဘူး။ ဒီကိစ္စ ရွာလုံခြုံရေးအဖွဲ့က ကြပ်ကြပ်မတ်မတ် ကိုင်တွယ်သင့်တယ်။ ခြောက်ပေါက်နဲ့ အပြစ်ပေးသင့်တယ်"

"အေးကွ တို့ငရုတ်ဆုံရွာမှာ ခြောက်ပေါက်က နှစ်ခုရှိတာဆိုတော့ လက်ကိုတစ်ခုခတ်။ ခြေထောက်ကို တစ်ခုခတ်။ နှစ်ခုဆိုတော့ ခြောက်ခြောက်။ မဟုတ်မမှန် သတင်းလွှင့်တဲ့ ဆရာဝမ်းကို ခြောက်ခြောက်နဲ့ အပြစ်ပေးသင့်တယ်"

ငရုတ်ဆုံရွာတွင် ခြောက်ပေါက်ခေါ် ထိပ်တုံးနှစ်ခုရှိရာ သူကြီးအဆက်ဆက်က သူရို့အမြင်ကပ်သူများအား ထိပ်တုံးခေါ်ခြောက်ပေါက်ကို တစ်ခုတည်းမခတ် ခြေရောလက်ရော နှစ်ခုခတ်တတ်သည်။ ထိုသို့ခတ်သည်ကို ခြောက်ခြောက်နှင့်အပြစ်ပေးသည်ဟု ငရုတ်ဆုံရွာသားတို့က အလွယ်ခေါ်ကြ၏။ ထိုခြောက်ခြောက်မှာ သူကြီးအဆက်ဆက်၏ ခြောက်မြင်ကတ်ပုဒ်မလည်း ဖြစ်သည်။

***

(နိဂုံး)

ဆရာဝမ်းသည် သူကြီးဘပြောင်လက်ထက် မတရားမှုများကို သတင်းပေးသူ ဆရာကြီးတစ်ဦးအဖြစ် ငရုတ်ဆုံရွာသားတို့၏ အားကိုရာ ငရုတ်ဆုံရွာပါးစပ်မီဒီယာသမားကြီး ဖြစ်ခဲ့သည်။ ဘပြောင်အမည် အတိအကျဖြင့်ပြောခဲ့ခြင်း ဖြစ်သော်ငြား သူကြီးဘပြောင်၏ အရေးယူခြင်းကိုလည်း မခံခဲ့ရရှာပေ။ ငရုတ်ဆုံရွာသားရွှေဥာဏ်တောစူးရောက်များကလည်း ဟုတ်မဟုတ်မစမ်းစစ်ကြပေ။ များသောအားဖြင့် ဆရာဝမ်းပြောသော သူကြီးအဆက်ဆက်၏အဂတိလိုက်စားမှုများမှာ အမည်အတိအကျပြောစဉ်ကပင် အမှန်ဟုတ်မဟုတ်။ မည်သူမှ သက်သေမပြနိုင်။

အဂတိတရားဆိုသည်ကိုယ်တိုင်က သက်သေပြရန် ခက်ခဲသည်။ "ကိုယ်ဖျောက်နိုင်သော ဝိဇ္ဇာဓိုရ်နှင့် မြင်အပ်မှမြင်ရသောနတ်သမီး နောက်မီးလင်းသည်ကို မျက်မမြင်က ချောင်းကြည့်ရသည်နှင့်တူသည်"ဟု စာရေးသူက ယူဆသည်။ သူကြီးဘပြောင်လက်ထက် ဆရာဝမ်းပြောသမျှ တိကျကျမတိကျကျ ဇွတ်မှိတ်ယုံခဲ့သော ငရုတ်ဆုံရွာ ရွှေဥာဏ်တော် စူးရောက်ငယ် စူးရောက်လတ် စူးရောက်ကြီးများက ကွီးသစ်လက်ထက်တွင် ဆရာဝမ်းအား မယုံကြတော့။ 

"မဟုတ်ပဲနဲ့ တို့ကွီးသစ်ကို သက်သက်သိက္ခာချတာ။ ခြောက်ခြောက်နဲ့ အပြစ်ပေးပါ။ ရွာလုံခြုံရေးအဖွဲ့ ဘာလုပ်နေသလဲ"တွေ ဘာတွေ ဖြစ်ကုန်သည်။ ဤသို့ဖြင့် ငရုတ်ဆုံရွာပါးစပ်မီဒီယာသမား မူလတန်းပြလေး ဆရာဝမ်းခမြာ ခြေရောလက်ပါ ခြောက်ပေါက်နှစ်ခုဖြင့် ဆန့်ဆန့်ကြီးအရေးယူခံလိုက်ရှာသည်။ ရွာရှိဒုစရိုက်မှုများနှင့်ပတ်သက်လာလျှင် "သူကြီးဟောင်းဘပြောင်လူများဖြစ်သဖြင့် ကျုပ်အမိန့်ပေးမရ"ဟု ကွီးသစ် ဆင်ခြေတက်ခဲ့သော ရွာလုံခြုံရေးအဖွဲ့သည်လည်း ပိုးပုဆိုးပြဿနာတွင် ကွီးသစ်ဖိအားပေးသဖြင့် ဆရာဝမ်းအား ချက်ချင်းအရေးယူလေသည်။ ဆရာဝမ်းအဖြစ်အား မကြည့်ရက်သဖြင့် ကုလားမီဒီး၏"အဖေ့ပုတ်"လဘက်ရည်ဆိုင်တွင် ကွီးသစ်ဝန်းရံသူ ရွှေဥာဏ်တော် စူးရောက်ကြီး စူးရောက်လတ် စူးရောက်ငယ်တို့အား စာရေးသူက မေးစမ်းကြည့်မိသည်။

"နေပါ့ဦး မောင်ရင်တို့က ဆရာဝမ်းပြောတဲ့ ခိုးရာပါပိုးပုဆိုးဝတ်လာတဲ့သူကြီးတစ်ဦးဆိုတာ ကွီးသစ်လို့ ဘယ်လိုလုပ်သိတာတုန်း"ဟု မေးမြန်းရာ...

စူးရောက်ကြီးတစ်ဦးက စူးရောက်လတ်တစ်ဦးအား လက်ညှိုးထိုးကာ "ဒီကောင် ပြောတာ"ဟုဆိုလေသည်။ ထိုစူးရောက်လတ်တစ်ဦးမှလည်း အနားရှိစူးရောက်ငယ်တစ်ဦးအား ထပ်မံလက်ညှိုးထိုး၍ "အနော်လည်း တိဝူး သူပြောတာပဲ"ဟု ဆိုပြန်ချေသည်။ ထိုအခါ နောက်ဆုံးလက်ညှိုးထိုးခြင်းခံရသော စူးရောက်ငယ်တစ်ဦးခမြာ ဖိနပ်ချေးသုပ်ပါးရိုက်ခံထားရသော ကြောင်သေမျက်နှာဖြင့်...

"တားက ဘာမှတိဝူးနော် တားဘာမှကြောဘူး။ တားက ရွာအချီးအဝေးမှာ ပိုးပုချိုးလေးကိုင်ပြီး ငိုမဲ့မဲ့မျက်နှာလေးနဲ့ ကွီးသစ်ကြောတာကိုတာ ကျန်ကြောကျတာ။ တားဘာမှမအတိဝူး"ဟု ဆိုလေသတည်း...

စိန်ပလိမ်တိန် မုန့်ကျိုးလိမ်...

စာရေးသူ

ကွီးသစ် အဲလေ ယောင်လို့ ဇော်သစ်
၁၂.၁၁.၂၀၁၆

Wednesday, 23 November 2016

ပြည်သူ့အမြင်(၂၀)

ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ

ကျွန်တော် ဦးသိန်းစိန်အစိုးရလက်ထက်တစ်လျှောက်လုံး
ကြံ့ဖွတ်အစိုးရကို ဝေဖန်တယ် သရော်တယ်
NLDနဲ့ဒေါ်အောင်ဆန်းစုကြည်ကို တစ်လျှောက်လုံး ဝန်းရံခဲ့တယ်ဆိုတာ
ကျွန်တော့်အကောင့်ထဲက သက်တမ်းကြာမိတ်ဆွေတွေအတော်များများ
သိပါတယ်
စစ်တစ်ပိုင်းအစိုးရလို့ လူပြောများတဲ့ဦးသိန်းစိန်အစိုးရလက်ထက်မှာ
ကျွန်တော်ရေးခဲ့သမျှ သရော်စာတွေဟာ အပုဒ်နှစ်ဆယ်ခန့်ရှိပြီး
ငရဲမကြောက် အကုသိုလ်မကြောက် အမှန်တရားလို့ ကိုယ်ယုံကြည်ရာ တစ်ခုတည်းအတွက် မဘသကိုတောင် သရော်ခဲ့တယ်

ကျွန်တော် NLDနဲ့အမေစုကို အထူးယုံကြည်အားကိုး ခဲ့တယ်
ကိုယ်တတ်နိုင်တဲ့ဘက်ကနေ အုပ်တစ်ချပ်သဲတစ်ပွင့်အဖြစ်ဝန်းရံပေးခဲ့တယ်
ကိုယ်နဲ့သိတဲ့ပညာရှင်တွေ ကိုယ်နဲ့ရင်းနှီးတဲ့အရည်အချင်းရှိသူတွေ အားလုံးကို NLDပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံဖို့အတွက်ပါ တိုက်တွန်းတယ် အကြံပြုခဲ့တယ်

ဒါပေမယ့်ဗျာ
ကျွန်တော်တို့ဝန်းရံခဲ့ မဲပေးခဲ့တဲ့အရပ်သားအစိုးရလက်ထက်
ဒီမိုကရေစီအစိုးရလက်ထက်မှာမှ
အနုပညာနဲ့သရော်ခြင်း အပြုသဘောဝေဖန်ခြင်း
လွတ်လပ်စွာပြောဆိုခွင့်တွေဟာ ဘာကြောင့်များ
စိုးရိမ်စရာကောင်းလာခဲ့ရတာလဲ

အခုဆိုရင် မိတ်ဆွေတစ်ချို့က
မက်ဆေ့ဘောက်ကနေတစ်ဆင့် စိုးရိမ်တကြီး သတိပေးမှုတွေပါ ရှိလာခဲ့ပြီ
မိသားစု ဆွေမျိုး အသိုင်းအဝိုင်းများကလည်း
ပြောမရဆိုမရ ပြန်မပြောနားမထောင်ကောင်မို့သာ လွှတ်ထားရတယ်
သူတို့လည်း ကျွန်တော့်အတွက် အတွင်းကြိတ် ပူပန်နေရပြီ
ဦးသိန်းစိန်လက်ထက်တစ်လျှောက်လုံး မခံစားခဲ့ရဘူးတဲ့ ဖိအားတွေပါပဲ

ကျွန်တော်စိတ်ကတော့ ဒီလိုဖြစ်လေခံပြင်းလေပါပဲ
ကျွန်တော်တို့ ရွေးချယ်ခဲ့တာ တတိယမြောက် အာဏာရှင်တော့
မဟုတ်တန်ကောင်းပါဘူး
ဒါ့အပြင်
တစ်ချို့လွှတ်တော်ကိုယ်စားလှယ်တော်များနဲ့ တစ်ချို့သောNLDဝန်းရံသူများရဲ့ပြောကြားချက်များဟာလည်း
မုသာဝါဒနဲ့လိမ်ညာဝါဒဖြန့်မှုတွေလားဆိုတာ
စဉ်းစားစရာ ဖြစ်လာရပါတယ်

ဒီကနေ့
ကျွန်တော်နဲ့ရင်းနီးတဲ့လွှတ်တော်ကိုယ်စားလှယ်တွေ မရင်းနီးတဲ့လွှတ်တော်ကိုယ်စားလှယ်တွေ NLDလော်ဘီတွေ အမြဲပြောနေတဲ့စကားတစ်ခွန်း
ဆင်သေကိုဆိတ်သရေနဲ့ဖုံးနေတဲ့စကားတစ်ခွန်းဟာ လိမ်ညာဝါဒဖြန့်နေတာ
ထမင်းရည်ပူလျှာလွှဲနေတာ ကိုယ့်ရဲ့စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းအပေါ်
တစ်ဖက်ကို အပြစ်ဖို့နေတာများ ဖြစ်နေမလားဆိုတာ
ကျွန်တော့်အနေနဲ့ စဉ်းစားရပါပြီ

အဲဒီစကားက ဘာလဲဆိုတော့
"NLDအစိုးရလက်အောက်မှာ ပြည်ထဲရေးမရှိဘူး။ ပြည်ထဲရေးဟာ စစ်တပ်လက်အောက်မှာ သူတို့ကိုင်တွယ်လို့ မရဘူး"ဆိုတဲ့စကားပဲ ဖြစ်ပါတယ်

အခြေခံဥပဒေကို လေ့လာကြည့်ပါ
ကာကွယ်ရေးဦးစီးချုပ်ဟာ ပြည်ထဲရေးဝန်ကြီးကို အဆိုပြုရွေးချယ်ခွင့်သာ ရှိပြီး တိုက်ရိုက်အမိန့်ပေးလို့မရပါဘူး
ဘာနဲ့ဥပမာတူသလဲဆိုရင်
"ဒီကောင်လေးကို လိုရာခိုင်းပါ။ ခင်ဗျားတို့ လိုအပ်နေတဲ့နေရာအတွက် ဒီကောင်လေးကိုသုံးပါ"လို့ လူတစ်ဦးက တစ်ခြားလူတစ်ဦးစီ သူ့တပည့်သားမြေးကို အပ်နှံပေးတာနဲ့တူပါတယ်
အဲဒီလို အပ်နှံလိုက်တဲ့အခါ ထိုလူကိုခိုင်းဖို့ရာ မိမိလိုသလို ညွှန်ကြားဖို့ဆိုတာ လက်ခံသူမှာသာ တာဝန်ရှိတယ်လို့ မြင်ပါတယ်
ဒီလိုပါပဲ
ကာကွယ်ရေးဦးစီးချုပ်ရွေးချယ်အဆိုပြုတဲ့ ပြည်ထဲရေးဝန်ကြီးကို
မိမိလိုအပ်သလို စီစဉ်ညွှန်ကြား စေခိုင်းဖို့ဆိုတာ သမ္မတလက်ထဲမှာ အာဏာအပြည့်အဝ ရှိပါတယ်
သမ္မတအနေနဲ့  မိမိပေးအပ်တဲ့တာဝန်ကို ပြည်ထဲရေးဝန်ကြီးက ပူးပေါင်းဆောင်ရွက်မှုမရှိဘူး တာဝန်ကြေပွန်အောင် မဆောင်ရွက်ဘူးဆိုရင် ဖြုတ်ချပိုင်ခွင့်လည်း ရှိနေပြန်ပါတယ်

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၃၅) ပုဒ်မခွဲ(၁)နှင့် ပြည်ထောင်စုအစိုးရဥပဒေ ပုဒ်မ(၆၉) ပုဒ်မခွဲ(က)တို့အရ ဖြုတ်ချနိုင်ပါတယ်

ဒုဝန်ကြီးဒေါက်တာထွန်းဝင်းကို ဒီပုဒ်မတွေနဲ့ တာဝန်ကနေရပ်စဲလိုက်တာပါ။

ဒေါက်တာထွန်းဝင်းလို အပြစ်ထင်ရှားမဖော်ပြနိုင်တဲ့ဝန်ကြီးတစ်ပါး
သူ့အလုပ်သူ အကောင်းဆုံးလုပ်ဆောင်နေတဲ့ပညာရှင်တစ်ဦးကိုတောင်
ဖြုတ်ချနိုင်တဲ့ဥပဒေဟာ
(သူတို့ပြောသလို)
ပြည်ထဲရေးဝန်ကြီးသာ လက်ရှိအစိုးရနဲ့ပူးပေါင်းဆောင်ရွက်မှု မရှိဘူးဆိုရင် ဘာကြောင့်တာဝန်က ရပ်စဲလို့မရနိုင်ရသလဲ
စဉ်းစားစရာ ဖြစ်လာပါတယ်

ပြည်ထဲရေးကို လက်ရှိအစိုးရနဲ့ဝန်ကြီးချုပ်တွေ ကိုင်တွယ်လို့မရဘူးဆိုတဲ့ NLDလွှတ်တော်ကိုယ်စားလှယ်တစ်ချို့ရဲ့
ဝါဒဖြန့်မှု မှားယွင်းကြောင်းကိုလည်း ဦးဖြိုးမင်းသိန်းနဲ့အလဲဗင်းပြဿနာက အထင်အရှားသက်သေပြသွားပါတယ်

ဒါနဲ့တင် မကြေနပ်သေးရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို သေချာလေ့လာပါ
ပြည်ထဲရေးဟာ သမ္မတနဲ့ဝန်ကြီးချုပ်တွေရဲ့အမိန့်ကို မနာခံပဲ
ကာချုပ်ရဲ့အမိန့်ကိုသာ နာခံရမယ်ဆိုတာ မပါသလို
ပြည်ထဲရေးကို သမ္မတနဲ့ဝန်ကြီးချုပ်တွေက အမိန့်ပေး စီမံခန့်ခွဲခြင်းမပြုရဆိုတာလည်း မပါပါဘူး ခင်ဗျာ

ဒါ့ကြောင့် လက်ရှိဖြစ်ပေါ်နေသမျှ
တရားဥပဒေမစိုးမိုးမှုများ မင်းမဲ့စရိုက်များ
ဒုစရိုက်မှု လူသတ်မှု မုဒိမ်းမှုများ ထူထပ်လာရခြင်းတွေဟာ
လက်ရှိအစိုးရရဲ့စီမံခန့်ခွဲမှု အားနဲချက်များသာဖြစ်ပြီး
လက်ရှိအစိုးရမှာသာ တာဝန်အပြည့်ရှိတယ်လို့
ယူဆရမှာပါပဲ...

ခက်တော့ခက်တယ်
လက်ရှိအစိုးရကို အပြုသဘောပဲဝေဖန် ဝေဖန်
အနုပညာအရပဲ သရော်သရော်
ဝေဖန်သရော်ရတာ အရမ်းအန္တရာယ်များပါတယ်
ဘာနဲ့တူသလဲဆိုတော့
ကုန်းအတက်မှာပျက်နေတဲ့လမ်းကြိတ်စက်ကို
နောက်ကနေတွန်းနေရသလိုပါပဲ
အခန့်မသင့်ရင် သူမရွေ့ပဲ ကိုယ်တက်ကြိတ် ခံရနိုင်တယ်

ကျွန်တော့်ရဲ့အထက်ပါ ယူဆချက်တွေမှားတယ်လို့ဆိုလာရင်တော့ ကျွန်တော့်မှာ မေးစရာ ရှိလာပြန်ပါတယ်
အဲဒါကတော့...

လက်ရှိကျွန်တော်တို့တိုင်းပြည်ကို ဘယ်သူ စီမံခန့်ခွဲအုပ်ချုပ်နေသလဲ
ဒေါ်အောင်ဆန်းစုကြည်လား
သမ္မတကြီးဦးထင်ကျော်လား
ကာကွယ်ရေးဦးစီးချုပ်လား
ဒါမှမဟုတ်
ဦးဝင်းထိန်လား

ဒီငါးနှစ်အတွင်း ဖြစ်ပေါ်လာမဲ့အကျိုးရလာဒ်အားလုံးကို
ဘယ်သူတာဝန်ယူမလဲဆိုတာ
ကျွန်တော် အရမ်းသိချင်မိပါတယ်...

ဇော်သစ်

Credit:Zaw Thit်
မူရင်းလင့်

ပြည်သူ့အမြင်(၁၉)



အနှစ်၆၀လောက် လွဲမှားနေခဲ့တာကို
အခု ချက်ချင်းပြင်လို့ မရဘူးတဲ့။

သိတယ်။ ကျုပ်တို့လည်း မပြင်ခိုင်းဘူး။
အစကတည်းကလည်း ဘယ်လိုကြီးတိုးတက်လာမယ်လို့  မမျှော်လင့်ခဲ့ဘူး။

တည့်ပြောရရင် ..
အခုဟာက အရင်အစိုးရလက်ထက်လောက်ကို
ပုံမလာလို့ ဝေဖန်တာ။

ငြိမ်းချမ်းရေးတို့၊ ဘာတို့လို အကြီးကြီးတွေ အသာထား
လူအများစုရဲ့စား၊ဝတ်၊နေရေးဟာ
အရင်ကလောက် အဆင်မပြေကြတာကို ပြောချင်တာ။
လူအများစုက မကြိုက်တာလည်း အဲဒါပဲ။

နောက်ပြီး အဲဒီလို လူပိန်းကြိုက်စကားတွေ
ထပ်မပြောပါတော့နဲ့။
တချိန်တုန်းကလည်း မဖြစ်နိုင်တဲ့ ဒီမိုကရေစီမက်လုံးတွေပြောပြီး လူပိန်းကြိုက်မဲဆွယ်ခဲ့ပြီးပြီ။

သိပ်ပြီး မဖြီးကြပါနဲ့ဗျာ
မဆိုင်တဲ့ နှစ်၆၀တွေ ဘာတွေလည်း သိပ်မပြောကြပါနဲ့။
ကျုပ်လည်း ဒီတိုင်းပြည်သမိုင်းကို ကျေကျေညက်ညက်ကြီး သိပါတယ်။

တိုးတက်ဖို့ ပြောင်းလဲဖို့ ပြောနေတာမဟုတ်ဘူး။
အရင်အစိုးရလက်ထက်က အရှိန်ကိုတောင်
ထိန်းမထားနိုင်တာကို ထောက်ပြကြတာ။

အရင်အစိုးရတုန်းက ရှိခဲ့တဲ့ပုဒ်မ၆၆(ဃ)ကိုသုံးပြီး
အခု ဖမ်းတတ်တယ်။
အရင်အစိုးရတုန်းက ရှိခဲ့တဲ့ စီ၊ငြိမ်း၊စုကို သုံးပြီး
တနေ့က အဘိုးကြီးတယောက်ကို ဖမ်းတယ်။
အရင်အစိုးရတုန်းက အတိုင်းပဲ
အခု အစိုးရအဖွဲ့နဲ့လွှတ်တော်အမတ်တွေဟာ
လစာနဲ့ ရပိုင်ခွင့်ယူနေတာပဲ။

အဲဒါကြောင့် စောဒကတက်ချင်တာ။
ဘာလို့ စီးပွားရေးကကျ အရင်တုန်းကလို မဖြစ်နိုင်ရမှာလဲ။
လုပ်လေ။ ကြိုးစားလေ။
အခုဟာက ဘာမှ ကြိုးစားမယ် မရှိဘူး။
အကြောင်းပြချက်ပဲ အရင်ပေးနေတယ်။

လုပ်ကို လုပ်ပေးရမယ်လို့ အတင်းအကြပ်မတောင်းဆိုပါဘူး။
လုပ်ပြစေချင်တာ။ လုပ်ပြ၊ ကြိုးစားပြပြီး ဖြစ်မလာလည်း
ဪ .. သူတို့ကြိုးစားလုပ်ပေးနေတာပဲလို့ တွေးပြီး လက်ခံနိုင်တယ်။
တို့တာဝန်ပဲဟဆိုတဲ့ စိတ်ဓါတ်မျိုးကို မြင်ချင်တာ။

ကောင်းတာလေးတွေကျ ငါတို့ကွဆိုပြီး
ခံစား၊ စံစား၊ နာမည်ကောင်းယူချင်ပြီး
မကောင်းတာကိုကျ ပုတ်ထုတ်ချင်တဲ့စိတ်ဓါတ်မျိုးတွေကကျ
ဒီမိုကရေစီပဲလားဗျ။

Credit:Okkar Shwe Win

Wednesday, 16 November 2016

မှန်းချက် နှင့် နှမ်းထွက်


 ချစ်နိုင်(စိတ်ပညာ)
=====================
(၁)
လွန်ခဲ့သောတစ်နှစ်ကျော်သော ကာလဆီက-  ရန်ကုန်မြို့တော်ဧရိယာအတွင်းရှိ အလယ်အလတ်   စည်ကားသော ဈေးကြီးတစ်ဈေး၏ နံနက်ခင်း ၆ နာရီအချိန်ခန့်မှာ လင်းစဖြစ်ပါသည်။ ဈေး ဝယ်များမစည်ကားသေးပါ။ ဈေးဆိုင်များက ဆိုင်ခင်းပြီးစဖြစ်ပါ၏။ အချို့မှာလည်း ခင်း ကျင်းနေဆဲ။
''ငါတို့ပါတီနိုင်လို့ကတော့  ဈေးရောင်း ကောင်းလာမှာမို့ ကားဝယ်စီးမယ်အေ''
ဟင်းသီးဟင်းရွက်ရောင်းသော ကုန်စိမ်း သည်အမျိုးသမီးပုပုဝဝက ဈေးခင်းနေရင်း ရွှင် ရွှင်ပျပျပြောသောစကား။
''ကားတော့ မဝယ်ချင်ပါဘူးဟယ်။ လမ်း တွေကျပ်လွန်းလို့ စိတ်ပျက်ပါတယ်။ တိုက်ခန်း လေးများဝေပေးရင်တော့ ငါတို့မဲပေးရကျိုးနပ် တာပေါ့ကောင်မရယ်''
အသားညိုညို၊ ပိန်ပိန်၊ ရှည်ရှည်၊ သနပ်ခါး ပါးကွက်ကျားနှင့် အမျိုးသမီးက ပြန်ပြောသော စကား။
''ဟယ် တိုက်ခန်းလောက်များအေ။ ညည်း တို့ ငါတို့ကို ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်ကားတွေ နဲ့ ပြောင်းလဲသွားအောင်လုပ်ပေးမယ့်ပါတီပါနော်။  ပေါ့သေးသေးမတွေးပါနဲ့တော်''
သူက အားပါးတရရှိလှသည်။
''ဟီဟိ တဲပုတ်နဲ့နေရတာနဲ့စာရင် အိုးပိုင် အိမ်ပိုင်နဲ့အခြေတကျနေရချည်သေး''ပြောပြီး ရယ်မောနေသည်။
၂ဝ၁၅ နိုဝင်ဘာလ ၈ ရက်မတိုင်မီတစ်ပတ် ကျော်အလိုလောက်မှာဖြစ်လေသည်။ ကထိန်ပွဲ လှည့်လည်သောကားအတွက် လမ်းထိပ်မှာ ပဒေ သာပင်သီနေကြသူများကလည်း အသံချဲ့စက်ဖွင့် ပြီးပျော်နေကြသည်။သီချင်းကတော့နတ်ဆိုင်းသံ။
၂ဝ၁၅ နိုဝင်ဘာ ၈ ရက်မှာ မဲပေးရမည့်လူ များစုသည် ပျော်ရွှင်တက်ြ<ွကနေကြ၏။ အူမြူး နေကြ၏။
ဆိုက်ကားသမားအုပ်စုက အကဲဆုံး။
လက်ကိုင်၏ ဘယ်ရော၊ ညာရော၊ အလယ် ရော ပါတီအလံများထိုးစိုက်ပြီး သူနှစ်သက်သော ပါတီကို အပြည့်အဝထောက်ခံအားပေးကြောင်း ပြသနေကြလေ၏။ ဤမြို့နယ်၏အမတ်လောင်း ဘယ်သူဆိုတာကိုတော့ နာမည်ကိုတောင် သူ မသိပေ။ အမျိုးသားလွှတ်တော်အမတ်လောင်းက ယောက်ျားလား၊ မိန်းမလားဆိုတာလည်းသူမသိ။  ထိုပါတီ၏ကိုယ်စားလှယ်အမတ်လောင်းသည် ဖြူသလား၊ မည်းသလား မမြင်ဖူးချေ။ ကိစ္စမရှိ။ တက်ြ<ွကနေကြ၏။
''ငါတို့ပါတီ နိုင်ရမည်''ဟု အသံကုန်ဟစ် အော်နေသော်လည်း ဘယ်သူဘယ်ဝါကို မဲပေးရ မည်မှန်း သူမသိ။ ကိစ္စမရှိ။ ပါတီတံဆိပ်ကို ကြည့်ပြီး တုံးထုမည်ဟု ကြံရွယ်ထား၏။
ဟာသပြောနေခြင်းမဟုတ်။
တကယ်မျှော်လင့်၊  တကယ်ထင်မှတ်၊ တကယ်ယုံကြည်ပြီး ရွေးကောက်ပွဲမှာပါတီတစ်ခု ကို ထောက်ခံလိုစိတ်အားသန်နေကြခြင်းဖြစ်၏။ ဆိုက်ကားသမားများက၂ဝ၁၅ မှ ၂ဝ၁၆လောက် တစ်နှစ်တာကာလရောက်လျှင်တော့ ငါတို့ ထောက်ခံသည့်ပါတီက ငါတို့ကို အဆင့်တစ်ခု ရောက်ရှိအောင် ချီးမြှောက်မည်ဟု အပြည့်ဝ ယုံကြည်ခဲ့ကြ၏။
ကိတ်မုန့်လေးတစ်ဖဲ့စားရပါ၏။ ဒုံရင်းက ဒုံ ရင်းပါပဲ။
သူတို့အိပ်မက်က တကယ်ဖြစ်လာနိုင်ပါ သလော။ လေထဲက တိုက်အိမ်လော။
၂ဝ၁၅နိုဝင်ဘာလ ၈ရက်မှာ တစ်ခဲနက်မဲပေး ခဲ့ကြသော မဲဆန္ဒရှင်များသည် အမတ်များ၊ ဝန် ကြီးများ၊ မြို့တော်ဝန်၊ ဝန်ကြီးချုပ် စသည့်     အာဏာပိုင်ကုလားထိုင်ပေါ်ရှိလူများ ပြောင်းသွား အောင် လုပ်ဆောင်နိုင်ခဲ့ကြပါ၏။ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးသည် ၂ဝ၁၅ မှာ အေးချမ်းအောင်မြင်စွာပြီးမြောက်ခဲ့ပါ၏။ ပြဿနာ ကြီးကြီးမားမားမရှိ။
မဲဆန္ဒရှင်ပြည်သူများ မိမိတို့ဘဝကိုတိုးတက် ကောင်းမွန်အောင် ပြောင်းလဲပေးလိမ့်မည်ဟု အထင်ကြီးထင်မှတ်၊ အယုံကြီးယုံကြည်ခဲ့သော နိုင်ငံရေးသမားအချို့သည် အမျိုးမျိုးအဖုံဖုံ ဖုံးဖုံး ဖိဖိလုပ်နေကြသည့်ကြားကပင် ဘယ်သူဘယ်ဝါ မောက်မာသည်၊ ခက်ထန်သည်၊ ပြည်သူနှင့်ကင်း ကွာသည်၊  ပြည်သူကိုမျက်နှာမူရမည့်အစား ကိုယ်ကျိုးအတ္တ အခွင့်အရေးကိုသာ ဦးစားပေး သည်စသည်ဖြင့် ပါတီခေါင်းဆောင်များက အပြစ် တင်ဆုံးမနေကြသံကို ကြားနေရလေသည်။ ဟုတ် မဟုတ်တော့ မပြောတတ်ပါ။
ပြည်သူများရွေးချယ်ခဲ့သော ရွေးကောက်ပွဲ မဲပေးဆုံးဖြတ်ချက်သည် မှန်သလား၊ မှားသလား။
လူကိုရွေးချယ်ရသောကိစ္စ၊ လူကိုမကြည့်ပါနဲ့ ပြောသဖြင့် မကြည့်ဘဲ မဲပေးခဲ့ခြင်းက ဘာအကျိုး ရသလဲ။
မှန်းချက်နှင့် နှမ်းထွက်ကိုက်ပါ၏လား။
ခုတ်ရာတလွဲ ရှရာတခြားဖြစ်နေပြီလား။
ပြောင်းလဲအောင်ဘာများလုပ်ပေးနိုင်သနည်း။
အပြောနှင့်အလုပ်ညီပါ၏လော။
ရှည်ရှည်ဝေးဝေးဆက်မမှားမိအောင် စဉ်းစား ကြရမည့်အချိန်ကား ရောက်ရှိလာပြီမဟုတ်လား။
(၂)
အနာသိ ဆေးရှိ၏၊ အနာမသိ ဆေးမရှိချေ။
ဆေးဝါးကုသမှုဆိုင်ရာ ဝေါဟာရနှစ်ခုကို တင်ပြပါရစေ။diagnosis(n)  ရောဂါအမျိုးအမည် ကို ဖော်ထုတ်ခြင်း။ အတိတ်နှင့်သက်ဆိုင်ပါ၏။Progronosis (n)  ရှေ့ဆက်ဘာဖြစ်လာမည်၊ ဆေးပညာအရရောဂါအခြေအနေကို အပြင်းဖမ်း လား၊ နာတာရှည်လား၊ စိုးရိမ်ဖွယ်ရာရှိသလား၊ သေစေနိုင်သည့်အလားအလာလား တွက်ဆသုံး သပ်ခန့်မှန်းချိန်ဆခြင်း။ အနာဂတ်နှင့်သက်ဆိုင်ပါ သည်။ နောင်အလားအလာ။
ရောဂါအမျိုးအမည် မှန်ကန်စွာဖော်ထုတ် တတ်ရမည်။
ရောဂါ၏ရှေ့ဆက်ဖြစ်ပေါ်လာမည့်အလား အလာကိုလည်း မှန်ကန်စွာခန့်မှန်းချိန်ဆဆုံးဖြတ် တတ်ရပါမည်။
အတွေ့အကြုံလည်းလိုသည်။ သင်ယူတတ် မြောက်မှုလည်းလိုသည်။ အလေ့အကျင့်နှင့် ကျွမ်း ကျင်မှုလည်းလိုသည်။ ပင်ကိုÓဏ်ထက်မြက် သိမြင်နိုင်စွမ်းလည်းလိုသည်။ ဓမ္မဓိဋ္ဌာန်ကျသော သတင်းအချက်အလက်အမှန်များ တိတိကျကျ ပြည့်ပြည့်စုံစုံ ရရှိရန်လည်း လိုသည်။ သတင်း အချက်အလက်ကို ကောက်ချက်စွဲရာ၌ စိတ်ကူး ရရာ စိတ်ထင်ရာမလုပ်ဘဲ ချင့်ချင့်ချိန်ချိန်ဆုံးဖြတ် တတ်ရပါလိမ့်မည်။
လျှော့မတွက်ရ၊ သာလွန်အထင်မကြီးရ၊ မလွဲ မချော်စေရ။ နိုင်ငံရေးဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူများသည် ဆရာဝန်၊ သမား၊ ပါရဂူများ သဖွယ် သေမည့်လူနာကို ရှင်သန်ကျန်းမာအောင် ကယ်နိုင်ရမည်။
(၃)
အတိတ်ကလုပ်ဆောင်ချက် ကံအရာကိုပြန် လည်ပြုပြင်၍မရ။ အတိတ်သည်လွန်ခဲ့ပြီ။ ပြီးခဲ့ ပြီ။
သို့သော်အနာဂတ်အတွက်မူ မှန်ကန်အောင်၊ ကောင်းမွန်အောင် သင်ခန်းစာယူ၍ ဆောင်ရွက် ချက်ကံကိုပြုပြင်နိုင်ခွင့် လူတိုင်းမှာရှိပေသည်။
ထိုနည်းတူစွာ အတိတ်ကÓဏ်ကို အသစ် တစ်ဖန်ပြုပြင်အစားထိုးနိုင်စွမ်းမရှိသော်လည်း အနာဂတ်အတွက် Óဏ်အရာသုံးသပ်ရှုမြင် ဆင်ခြင်နိုင်စွမ်းကိုကား ဤဆောင်းပါးမျိုးဖတ် မိခြင်းဖြင့် Óဏ်အလင်းရစေနိုင်မည်။ Óဏ် အမြင်သစ်ကို ဖန်တီးရယူနိုင်လိမ့်မည်။
ဤသို့ဖန်တီးရာတွင် အဓိကသော့ချက်ကား ပစ္စုပ္ပန်ကာလနှင့် ကျွန်ုပ်တို့၏ ဝီရိယပင်ဖြစ်လေ သည်။ ဝီရိယဟူသောကြိုးစားအားထုတ်မှုစွမ်း အားသည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟူသော ကာလသုံးပါးအနက်လက်ရှိ ပစ္စုပ္ပန်ကာလနှင့်သာ တိုက်ရိုက်သက်ဆိုင်သောအရာပေတည်း။
ဝီရိယကို အသုံးချလျက်နှမ်းထွက်အောင် ထွန်ယက်ရမည်၊ ပျိုးကြဲရမည်။ ပေါင်းသင်ရ မည်။ မြေဆီသြဇာကျွေးရမည်။ အမြင်မှန်ရှိရ ပါမည်။
မိုးမရွာလို့ မိုးကိုအပြစ်တင်၍မရ။ အချို့က ပြင်ပကိုသာ သဲသဲမဲမဲအပြစ်ရှာလက်ညှိုးထိုးကာ ရေးသားပြောဆိုနေတတ်၏။ အကျိုးမရှိ။
မိုးများလွန်း၍ စိတ်မလျှော့နှင့်။ မိမိမတတ် နိုင်။ တတ်နိုင်သည်ကိုသာအကောင်းဆုံးကိုယ် ကိုယ်တိုင်က ဝီရိယစိုက်ကာ ကြိုးစားအလုပ်လုပ် ရမည်။
ကဲ... မိုးကိုဆဲလို့ဘာများအကျိုးထူးမှာလဲ။
အမှန်တော့ အမုန်းနှင့်ဒေါသက မိမိကိုယ်ကို သာပူလောင်ဆင်းရဲအောင် လောင်မြိုက်ရုံပါပဲ။ ပြီးခဲ့ပြီးသားအတိတ်ကို အထအနကောက်ကာ အပြစ်ရှာပြောဆိုနေရင်း တစ်နှစ်တာကုန်သွားပြီ။ ဘာမျှထိထိရောက်ရောက် မပြောင်းလဲနိုင်ခြင်း မဟုတ်လား။
မုန်းတီးခြင်း၊ရန်ညှိုးဖွဲ့ခြင်းများက နှလုံးသား ကိုမာကျောအေးစက်စေပါ၏။ မျက်နှာကိုတင်းမာ ပူလောင်စေ၏။ တိုးတက်မှုကိုပိတ်ပင်၏။ အောင်မြင်မှုကိုတားဆီး၏။ ပြောင်းလဲအောင် မလုပ်ဆောင်နိုင်။
မေတ္တာတရားနှင့် ခွင့်လွှတ်ခြင်း၊ သည်းခံနိုင် ခြင်း၊ စာနာထောက်ထားခြင်း၊ သဘောထားကြီး ခြင်း၊ ရင့်ကျက်ခြင်းတို့ကိုသာ အဖော်ပြုတတ်ရ မည်။ နွေးထွေးသောနှလုံးသားဖြင့်သာလျှင် လူအများကို မိမိနှင့်ပူးပေါင်းပါဝင်အောင် ဆွဲ ဆောင်နိုင်ပေသည်။ ပျော်ရွှင်မှုအရသာများသည် စုပေါင်းညီညာခြင်း၊ ညီညွတ်ခြင်း၊ သူတစ်ပါးကို ကူညီအားပေးခြင်း၊ လူအများထု၏ အရေးကို ဦးစားပေးတတ်ခြင်းတို့မှ ရနိုင်ပါ၏။
နှလုံးသားဖြူစင်ပြီး မခွဲမခြားသောအကြီး အကဲမျိုးကိုသာ ကြည်ညိုနှစ်လိုကြပေသည်။ ခေါင်းဆောင်ကောင်းဖြစ်မည့်သူသည် သဘော ထားကြီးရသည်။ အဝေးမြင်ကွင်းကို မြော်မြင် နိုင်စွမ်းရှိပြီး ရွေးချယ်ဆုံးဖြတ်ချက်မှန်ကန်ရပါ မည်။
(၄)
ရွေးကောက်ပွဲနိုင်ပြီး အစိုးရသစ်တက်လာခဲ့ သည်မှာ ဧပြီလ ၁ရက်မှအောက်တိုဘာလကုန် အထိ ခုနစ်လတိတိရှိခဲ့ပါပြီ။ ရက် ၁ဝဝစီမံချက် ဖြင့်ဆောင်ရွက်ခဲ့ပြီး ရက်ပေါင်း ၂ဝဝရှိလာပေ ပြီ။
အစိုးရလုပ်ငန်းစဉ်များအပေါ် ပြည်သူများ နားလည်သိရှိမှုကို ကလေးမြို့နယ်အတွင်းရပ် ကွက်နှင့်ကျေးရွာများသို့ ကွင်းဆင်းကာနေရာ ၆၆ နေရာရှိ လူဦးရေ ၃၆ဝကိုမေးမြန်း၍စစ်တမ်း ကောက်ယူကြည့်ခဲ့သည်ဆို၏။
သည်ဗွိုက်စ်သတင်းစာမှာ ဖော်ပြချက်အရ အောက်ပါအတိုင်းတွေ့ရှိရသည်ဆို၏။
 ၁။ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး၏ တာဝန်နှင့်ဝတ္တရားများကိုမသိရှိကြောင်း ဖြေဆိုကြသူ ၃၄ ရာခိုင်နှုန်း၊
 ၂။ ဌာနဆိုင်ရာများနှင့် ဆက်သွယ်ဆောင် ရွက်ရာတွင် နှောင့်နှေးကြန့်ကြာသည် ဟု ဖြေဆိုသူ ၃၁ ရာခိုင်နှုန်း၊
 ၃။ အခွန်ဆောင်ခြင်း၏ အကျိုးကျေးဇူးကို မသိရှိသူ ၄၆ရာခိုင်နှုန်း၊
 ၄။ လွှတ်တော်ကိုယ်စားလှယ်များကို တစ် ကြိမ်မျှ မတွေ့ဖူးကြောင်းဖြေဆိုကြသူ ၄၉ရာခိုင်နှုန်း၊
 ၅။ တရားစီရင်မှုများတွင် မျှတစွာဆုံးဖြတ်  လုပ်ကိုင်လေ့မရှိဟုဖြေဆိုသူ ရာခိုင် နှုန်း ၄ဝ
 အစရှိသည်တို့ဖြစ်ကြပါသည်။ ကြည့်ပါ။
လက်ရှိအစိုးရအပေါ် ကောင်းသည်ဟုလည်း မပြောလို၊ ဆိုးသည်ဟုလည်းမဆိုလို။ အစိုးရ သစ်၊ အာဏာရပါတီအသစ်တွင်ကြီးမားသော ပြောင်းလဲမှုများဖြင့် ပြောင်းလဲမည်လားဟု မိုး အထိမြင့်မားသည့်မျှော်လင့်ချက်များသည်ပြော တော့မိုး၊ ထိုးတော့မြေကြီးဆိုသည့်အခြေအနေ အထိဆိုက်ရောက်နေပြီလောမသိ။
ပကတိအခြေအနေမှန်ကိုကား ပြည်သူထဲက ပြည်သူများသာအသိဆုံးဖြစ်ကြပါ၏။ ပြည်သူ အများ၏ဆန္ဒသဘောထားနှင့်ကင်းလွတ်ဝေးကွာ သွားပါက ဒီမိုကရက်တစ်ပါတီသမ္မတလောင်း မစ္စစ်ဟီလာရီကလင်တန်ကဲ့သို့နိုင်မည်နိုင်လိမ့် မည်သေချာပေါက်ခန့်မှန်းသုံးသပ်ချက်ပေါင်းများ စွာကြားမှ ထင်မှတ်မထားဘဲ ရီပတ်ဗလီကင်   ပါတီသမ္မတလောင်း ဒေါ်နယ်ထရန့်ကအနိုင်ရရန် လိုအပ်သော ကိုယ်စားလှယ်မဲ ၂၇ဝကိုကျော်လွန် ကာ စုစုပေါင်း ၂၉ဝမဲဖြင့်အပြတ်အသတ်အောင် နိုင်သွားခဲ့သော သာဓကကိုပူပူနွေးနွေးကြည့်မြင် နိုင်ပါ၏။
ဟီလာရီကလင်တန်သည် လက်ရှိအမေရိ ကန်ပြည်ထောင်စုအတွင်းဖြစ်ပွားနေသည့် လုပ်ခ လစာနည်းပါးနေမှုများ၊ အလုပ်အကိုင်လုံခြုံမှု မရှိခြင်းများ၊ အနာဂတ်အတွက်စိုးရိမ်ပူပန်နေမှု များ၊ နိုင်ငံရေးရေစီးကြောင်း၊ ခေတ်မီ မီဒီယာရေ စီးကြောင်းနှင့် စီးပွားရေးရေစီးကြောင်းတို့အပေါ် ယုံကြည်မှုကင်းမဲ့နေခြင်းများကို လျစ်လျူရှု ခဲ့သည့်အတွက် သာမန်ပြည်သူအများထုနှင့်ကင်း ကွာသောကြောင့် ဤရွေးကောက်ပွဲ၌အရှုံးကြီး ရှုံးနိမ့်ခဲ့ရခြင်းဖြစ်၏။
ပြည်သူ၏လက်တွေ့ဘဝနှင့်ကင်းကွာလာလျှင်  ဖြစ်လာမည့်အလားအလာကို သင်ခန်းစာအဖြစ် မြင်နိုင်ကြပါသည်။
(၅)
မှန်းချက်နှင့် နှမ်းထွက်အခြေအနေမည်သို့   ရှိနေသည်ကို စာရေးသူတစ်စုံတစ်ရာမရေးသားလို ပေ။ နိုင်ငံရေးကို မဝေဖန်တတ်ပါ။ စာရေး ကောင်းသောသူ ယုံကြည်ရာကို ရဲရဲဝံ့ဝံ့ ရေးလေ့ရှိ သော စာရေးဆရာလေသူရဲတစ်ဦး အမည်ရင်း ဦးလှဝင်း၏ နိုဝင်ဘာ ၁၄ သည်ဗွိုက်စ်ဂျာနယ် ပါ ဆောင်းပါးမှအချက်အချို့ကိုသာ ကောက်နုတ် ဖော်ပြပါရစေ။(ဗိုလ်မှူးလှဝင်း(လေ)အား အနူး အညွတ်ဤနေရာမှ ခွင့်ပန်အပ်ပါသည်။ ကူးယူ တင်ပြခွင့်ပြုပါ။)
 ၁။ ကျွန်တော်မြှောက်ပြောတာမဟုတ်ပါဘူး။သမ္မတဦးသိန်းစိန်ခေတ်က ဝန်ကြီးတွေ က ဒီနေ့ြီူ အစိုးရဝန်ကြီးတွေထက် ပိုပြီး ပြောရဲဆိုရဲကြပါတယ်။
 ဝန်ကြီးတိုင်းလို့ ကျွန်တော်မပြောပါဘူး။
 ဝန်ကြီး သုံးပုံတစ်ပုံလောက်ကတော့ ဟုတ်တာမဟုတ်တာ အပထား။ စာနယ် ဇင်းသမားတွေ မေးတဲ့အခါမှာရော၊ အဲ.. ပြည်သူတွေနဲ့တွေ့တဲ့အခါမှာ ဆွေးနွေးတဲ့ အခါမှာရော သူတို့ရင်ထဲမှာ ရှိတာတွေကို ဒီနေ့ထက်ပိုပြီးပြောရဲဆိုရဲရှိခဲ့ကြပါတယ်။

 ၂။ြီူ ပါတီကလည်း လျှို့ဝှက်ရတဲ့ အလုပ်ကို အလွန်ကြိုက်တဲ့ပါတီခင်ဗျာ။
 သတင်းဆိုတာကလည်း စာနယ်ဇင်းတွေ ရဲ့ ဝိညာဉ်။
 စာနယ်ဇင်းတွေရဲ့ အောင်မြင်မှုဆိုတာက  သတင်းဦးရနိုင်မှုအပေါ် အဓိကမူတည် နေပါတယ်။
 မိမိက သတင်းဦးတွေကို ဖော်ပြနိုင်လေ  ပြည်သူကမိမိသတင်းစာ၊ မိမိဂျာနယ် တွေကို ကြိုက်ကြလေ။ ဝယ်ဖတ်ကြလေ ပေါ့ခင်ဗျာ။
 ဒီသတင်းဦးတွေကို တူးဆွဖော်ထုတ်ယူ ပေးနိုင်စွမ်းမရှိခဲ့ရင် မိမိတို့ရဲ့သတင်းစာ နဲ့ ဂျာနယ်တွေကို ဘယ်သူက ဝယ်ဖတ် တော့မှာလဲ။
  စာနယ်ဇင်းတွေ ဘယ်လိုဆက်ရပ်တည် တော့မှာလဲ။
 စာနယ်ဇင်းတွေ ဆက်မရပ်တည်နိုင်လို့ မိမိတို့မရှိခဲ့ရင် ဒီတိုင်းပြည်က ဘယ်လို တိုင်းပြည်ဖြစ်သွားခဲ့ပြီလဲ။
 အစိုးရအတွက်လည်း မကောင်းပါဘူး။ လူထုအတွက်လည်း မကောင်းပါဘူး။
 သိပ်လျှို့ဝှက်အားကြီးတဲ့ လျှို့ဝှက်ချက် မဟုတ်တော့ပါဘူး။ ကြောင်ကွက်ဖြစ် သွားနိုင်ပါတယ်။

 ၃။ ခုတော့ နိုင်ငံမှာ ဒီနေ့အကျိုးဆက်အဖြစ်  ဘာတွေဖြစ်လာပါသလဲ။
 ဒီနေ့ ပြည်ထောင်စုအစိုးရအဖွဲ့က ဝန်ကြီး တွေဘာလုပ်နေကြသလဲ။
 တိုင်းနဲ့ပြည်နယ်က ဝန်ကြီးချုပ်တွေ ဘာ လုပ်နေကြသလဲ။
  အဲ... နောက်ဆုံးနိုင်ငံတော်သမ္မတကြီး ဘာလုပ်နေသလဲ။
 သာမန်ပြည်သူတွေကိုတော့  ထားလိုက် ပါတော့။ ကျွန်တော်တို့စာနယ်ဇင်းသမား တွေတောင် ဘာမှမသိကြပါဘူး။
 ဒေါ်အောင်ဆန်းစုကြည်သတင်းပဲ ကျွန် တော်တို့ ကြားကြသိကြရပါတယ်။
 ဒီနေ့ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေ တကယ် ကြိုးစားပမ်းစား အလုပ်လုပ်နေကြပါသ လား။ လာမယ့် ခြောက်လ သို့မဟုတ် တစ်နှစ်အတွင်း ဘယ်အလုပ်တွေကို ပြီး မြောက်အောင်လုပ်မယ်လို့ ဆုံးဖြတ်ထား ပါသလဲ။ ကြေညာထားပါသလဲ။
 ပါတီဟာ အတိုက်အခံဘဝက ပြည်သူနဲ့အလွန်နီးကပ်အောင်နေခဲ့တဲ့ပါတီ ပါ။ ဒီနေ့အစိုးရဘဝရောက်မှ ဘာကြောင့် ဝေး၍ဝေး၍ သွားနေပါသလဲ။
 ဒီနေ့ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေဟာ တကယ်အရည် အချင်းပြည့်မီသူတွေ ဟုတ်မဟုတ်။
 နေ့စဉ်သူတို့ရဲ့လုပ်ဆောင်မှုသတင်းတွေ ကို  မရရှိဘဲ အဘယ်သို့ မှတ်ကျောက် တင်ကြမှာလဲ။
ဤဆောင်းပါးမှာ စာရေးသူက အဖြေမထုတ် တတ်ပါ။ခေါင်းသွားရာ အမြီးမပါသလိုပါဘဲဟု ဆရာဦးလှဝင်း(လေသူရဲတစ်ဦး) ရေးပုံထောက် တော့ မှန်းချက်နှင့်နှမ်းထွက်သည် ခါးပြတ်နေ သည်ဟု ဆိုလေသလားမသိပါ။ စာဖတ်သူများ စဉ်းစားသုံးသပ်ကြည့်ကြပါကုန်။

Copy; uniondaily.net

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ











သတင်းထုတ်ပြန်ချက်အမှတ် ၁/၂၀၁၆

၁၃၇၈ ခုနှစ်၊တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်
(၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်)

၁။ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်ထုတ် Bangkok Post သတင်းစာပါ မောင်တောနယ်မြေ အတွင်း လူနေအဆောက်အဦများ မီးရှို့ဖျက်ဆီးခံရသည့် သတင်းနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်အား ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများ တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

၂။ ၎င်းသတင်းနှင့်ပတ်သက်၍ တိကျစွာထုတ်ပြန်နိုင်ရန် တပ်မတော်မှ ရဟတ်ယာဉ်ဖြင့် ဝါးပိတ်ကျေးရွာ ၊ ကြက်ရိုးပြင်ကျေးရွာ၊ဒါးကြီးဇားကျေးရွာနှင့် ပတ်ဝန်းကျင်နယ်မြေများအား လှည့်လည်၍ ဓာတ်ပုံရိုက်ခြင်း၊ မျက်မြင်စစ်ဆေးခြင်းတို့အား နိုဝင်ဘာ ၁၅ ရက် ညနေပိုင်း၌ ဆောင်ရွက်ခဲ့ရာ ဝါးပိတ် ကျေးရွာ၌ အဆောက်အဦ ၁၀၅ လုံးခန့် ၊ ကြက်ရိုးပြင်ကျေးရွာ၌ အဆောက်အဦ ၃၀ လုံးခန့်၊ ဒါးကြီးဇား ကျေးရွာ၌ အဆောက်အဦ ၃၀လုံးခန့် ၊ ပြောင်ပိုက်ကျေးရွာ၌ အဆောက်အဦ ၂၀လုံးခန့် မီးလောင် ပျက်စီးခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။

၃။ ဝါးပိတ်ရွာ၌ နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းတွင် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ၁၀ ဦးခန့် ဝင်ရောက်လာကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးအဖွဲ့များက သွားရောက်ရှင်းလင်းရာ အကြမ်းဖက် တိုက်ခိုက်သူများသည် ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးပြီး ထွက်ပြေးသွားခဲ့ကြောင်း နိုဝင်ဘာ ၁၄ ရက်ထုတ် မြဝတီသတင်းစာနှင့် မြဝတီရုပ်မြင်သံကြား၌ ဖော်ပြခဲ့ပြီးဖြစ်သည်။ Bangkok Post သတင်းစာ၌ HRW- Human Rights Watch က ထုတ်ပြန်ထားသည့် ဂြိုလ်တုသတင်းဓာတ်ပုံများ အား အခြေခံ၍ သတင်းရေးသားထားသဖြင့် နိုဝင်ဘာ ၁၃ ရက်နေ့ မတိုင်မီကတည်းကပင် ဝါးပိတ် ကျေးရွာ၌ အဆောက်အဦ ၁၀၀ ခန့် မီးရှို့ခံရကြောင်း စွပ်စွဲဖော်ပြထားကြောင်းတွေ့ရှိရသည်။ ၎င်း ကျေးရွာ၌ HRW ၏ သတင်းဖော်ပြချက်မတိုင်မီ မီးလောင်ပျက်စီး အဆောက်အဦ ၂၅ လုံးသာရှိကြောင်း အောက်တိုဘာ ၁၃ ရက်နေ့ထုတ် မြဝတီသတင်းစာနှင့် မြဝတီရုပ်မြင်သံကြားတို့၌လည်း သတင်း ဖော်ပြပြီးဖြစ်ပါသည်။ ထို့ကြောင့် စစ်ဆေးတွေ့ရှိချက်များအရ ဝါးပိတ်ကျေးရွာတွင် မူလရှိရင်း အဆောက် အဦ ၂၆၁ လုံး၊ မီးလောင်ပျက်စီးမှုအဆောက်အဦ ၁၀၅ လုံး ရှိကြောင်းတွေ့ရှိရသည်။ Bangkok Post ၌ ကြက်ရိုးပြင်ကျေးရွာတွင် အဆောက်အဦ ၂၄၅ လုံးမီးရှို့ဖျက်ဆီးခံရကြောင်း ဖော်ပြခဲ့သော်လည်း စစ်ဆေးချက်များအရ ၎င်းကျေးရွာ၌ မူလရှိရင်းအဆောက်အဦ ၃၆၂ လုံးရှိပြီး ၃၀ လုံးခန့်သာ မီးလောင် ပျက်စီးကြောင်း တွေ့ရသည်။ အလားတူ ၇၀၀ လုံး မီးရှို့ဖျက်ဆီးခံရကြောင်း စွပ်စွဲဖော်ပြခဲ့သော ဒါးကြီးဇားကျေးရွာ၌ မူလရှိရင်းအဆောက်အဦ ၃၃၀ လုံးသာရှိခဲ့ပြီး စစ်ဆေးချက်များအရ အဆောက်အဦ ၃၀ လုံးခန့်သာ မီးလောင်ပျက်စီးကြောင်း မြေပြင်၌တွေ့ရသည်။ HRW ၌ ပြောင်ပိုက်ကျေးရွာတွင် အဆောက်အဦ ၈၅ လုံး မီးလောင်ခဲ့ကြောင်း ဖော်ပြထားသော်လည်း စစ်ဆေးချက်များအရ ၂၀ လုံးသာ မီးလောင်ပျက်စီးမှုရှိကြောင်းတွေ့ရှိရသည်။ ၎င်းမီးလောင်ပျက်စီးမှုမှာလည်း အကြမ်းဖက်သမားများ၏ ရှို့မီးကြောင့်သာဖြစ်ကြောင်း သတင်းထုတ်ပြန်ပြီးဖြစ်သည်။

၎။ ရဟတ်ယာဉ်ဖြင့် မီးလောင်ပျက်စီးမှုများအား ဝေဟင်မှ ကြည့်ရှုစစ်ဆေးရာတွင် ညနေ ၃ နာရီခန့် ၌ ရေခပ်ချောင်းဂွဆုံကျေးရွာသို့ ရောက်ရှိစဉ် အဆောက်အဦတချို့ မီးလောင်နေကြောင်း တွေ့ရှိရသဖြင့် ပတ်ဝန်းကျင်တွင်လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းများသို့အကြောင်းကြား၍ ဝိုင်းဝန်းမီးငြှိမ်းသတ်စေခဲ့ရာ အဆောက်အဦ ၁၇ လုံး မီးလောင်ခဲ့ကြောင်း သိရှိရသည်။

၅။ မောင်တောနယ်မြေအတွင်း အကြမ်းဖက်လှုပ်ရှားနေသော ဘင်္ဂါလီအကြမ်းဖက်သမားများ အနေဖြင့် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့များအပေါ် အထင်အမြင် လွဲမှား စေရေး၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးလျက်ရှိကြောင်းနှင့် ထိုသို့ဆောင်ရွက်ပြီးပါက အချို့သတင်း မီဒီယာများဖြင့် ချိတ်ဆက်၍ လိမ်လည်သတင်းဖြန့်ချိခြင်း၊ နိုင်ငံတကာမှ အထောက်အပံ့များရရှိအောင် လုပ်ကြံဖန်တီးခြင်းများ ပြုလုပ်လျက်ရှိကြောင်း တွေ့ရှိရသည်။ မောင်တောနယ်မြေအတွင်း နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေမှုများအား အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။

Ref; Myanmar State Counsellor Office

Tuesday, 15 November 2016

သိသင့်မှတ်သားစရာများ





















ဒီမိုကရေစီအတုများကိုလည်း ကြုံတွေ့နေရပြန်ပြီ


တက္ကသိုလ်မြတ်သူ
===========================
ကျွန်တော်တို့ငယ်စဉ်ကျောင်းသားဘဝက မြန်မာတို့၏စိတ်အစဉ်ကိုလွှမ်းမိုးနေခဲ့သည်မှာ 'လွတ်လပ်ရေး'ဖြစ်သည်။ နယ်ချဲ့အင်္ဂလိပ်လက် အောက်ရာစုနှစ်တစ်ခုမက ဖိနှိပ်ခံ၊ ချိုးနှိပ်ခံ၊ ညှဉ်း ပန်း၊ ခြယ်လှယ်သွေးစုပ်ခံနေရသောမြန်မာများ အတွက် အမျိုးသားရေးထွက်ပေါက်မှာ လွတ်လပ် ရေး(ဝါ)မူလဘူတမြန်မာတို့ပိုင်ခဲ့သော အချုပ် အခြာအာဏာရပ်ကြီးမြန်မာတို့လက်ပြန်လည်ရရှိရေး သည် မြန်မာ့ဆန္ဒ၊ မြန်မာ့အလို၊ မြန်မာ့စိတ်ရင်း ဖြစ်ခဲ့ပေသည်။ ထို့အတွက် မြန်မာတို့သည် သွေး စည်းညီညွတ်ကြကာ၊ မြန်မာ့ဇာတိသွေး ဇာတိ မာန်တဖွားဖွားဖြင့်မိမိတို့၏အသက်ခန္ဓာ၊ သွေးချွေး တို့ကိုရင်းနှီးလျက် လွတ်လပ်ရေးပြန် တိုက်ယူခဲ့ ကြသည်။ ထိုစဉ်က ရိုးသားဖြောင့်မတ်စွာ၊ နိုင်ငံ ချစ်စိတ်ထက်သန်စွာ၊ နယ်ချဲ့ဆန့်ကျင်စိတ်အခိုင် အမာဖြင့် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုကို ဦး ဆောင်ခဲ့သောကိုအောင်ဆန်း၊ သခင်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်းတစ်ယောက် မြန်မာတို့ ရှေ့က မားမားမတ်မတ်ရပ်ပြီး(နောက်ဆုံးအသက်စတေး ခံပြီး) မြန်မာ့လွတ်လပ်ရေးအရယူပေးခဲ့သော မြန်မာ့ကျေးဇူးရှင်ကြီးရှိနေခဲ့ပေသည်။
အင်္ဂလိပ်တို့သည် ပရိယာယ်မာယာလိမ်လည် ကောက်ကျစ်မှုများဖြင့် မြန်မာတို့ကို ကျွန်သက် ရှည်စေရန်အစွမ်းကုန်လုပ်ဆောင်ခဲ့သည်။ လွတ် လပ်ရေးအတုအယောင်(ဒိုမီနီယံ) လောက်သာပေး ရန်လည်းအားထုတ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ကား မြန်မာ့လွတ်လပ်ရေးသည် ဒိုမီနီယံကဲ့သို့ ဖားတစ်ပိုင်း ငါးတစ်ပိုင်းလွတ်လပ်ရေးအတုမျိုး မဖြစ်စေရ၊ အင်အားကြီး နှစ်နိုင်ငံအကြား ကြားခံနယ်မြေအဖြစ် (Buffer  State) ထားရှိသော ဓားစာခံလွတ်လပ်ရေးအတုမျိုးမဖြစ်စေရ၊Vasssa ဗာဆာခေါ် အမြင်အားဖြင့် လွတ်လပ်သော နိုင်ငံ အဖြစ် ရုပ်ပြထားကာနောက်ကွယ်မှ ပြည်ပနိုင်ငံ ကြီးတစ်ခုကကြိုးကိုင် ခြယ်လှယ်စေခိုင်းသမျှလုပ် ပေးရသောဟန်ပြ လွတ်လပ်ရေးလည်းမဖြစ်စေရ၊ တိုင်းတစ်ပါးကို သူတစ်ပါးကို လုံးဝအမှီအခိုကင်း သော၊ အချုပ်အခြာအာဏာကို အပြည့်အဝပိုင်ဆိုင် သောလုံးဝလွတ်လပ်ရေး Independent  မျိုးကိုသာ အရယူမည်ဟု ယတိပြတ်ြေ<ွကးကြော်ခဲ့သည်။ ပြောသည့်အတိုင်း လုံးဝလွတ်လပ်ရေး ရအောင် ဆောင်ကြဉ်းပေးခဲ့သည်။သူ့ကိုမြန်မာတိုင်းရင်းသား ပြည်သူများက  လွတ်လပ်ရေးဗိသုကာကြီး၊ အမျိုးသားခေါင်းဆောင်ကြီး၊ ရှာမှရှားသော ခေါင်းဆောင်ကောင်းကြီး ဟု ရှုမြင်ခံယူကြသည်။ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ မိမိအသက်ကိုစတေး၊ ကိုယ်ကျိုးဆုလာဘ်နတ္ထိ၊ မျိုးချစ်စိတ်နှင့် ရဲစွမ်း သတ္တိဖြင့် နိုင်ငံကိုဦးဆောင်သောအမျိုးသားခေါင်း ဆောင်နေရာမျိုးကို  တော်ရုံတန်ရုံဖြင့်မရနိုင်၊ သူ့တပည့်၊ သူ့လုပ်ဖော်ကိုင်ဖက်ဖြစ်ရုံနှင့်လည်း သူ့နေရာမျိုးမရှိနိုင်၊ အမျိုးတော်ရုံဖြင့်လည်းမရနိုင်။ မြန်မာပြည်ထောင်စု၊ မြန်မာ့အချုပ်အခြာ၊ မြန်မာ့ ကောင်းကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်သော မျိုးချစ်ပြည်ချစ်ခေါင်းဆောင်များကား မြန်မာ တို့အားကိုးလောက်အောင်ရှိနေပါသည်။
ဗိုလ်ချုပ်အောင်ဆန်း၏လုံးဝလွတ်လပ်ရေး၊ လွတ်လပ်ရေးစစ်စစ်ကို ဆက်လက်ဖြည့်ဆည်း ပေးနိုင်သော  မြန်မာ့မျိုးချစ်များက နယ်ချဲ့ အင်္ဂလိပ်တို့၏ကိုလိုနီနွယ်သော နှောင်ကြိုးများ ဖြတ်နိုင်ရန်ဗြိတိသျှဓနသဟာယအဖွဲ့တွင် မပါ ဝင်ခဲ့၊ အင်္ဂလိပ်သုံးငွေကြေးပေါင်စတာလင်နယ် မှပြတ်ပြတ်သားသားထွက်ခဲ့သည်။ မြန်မာသည် မြန်မာအတွက်သာဖြစ်စေခဲ့သည့် အမျိုးသားရေး အင်အားစုများရှိနေသေး၍မြန်မာနိုင်ငံသည် ယနေ့ တိုင်လုံးဝလွတ်လပ်သောပြည်ထောင်စုနိုင်ငံအဖြစ် တည်တံ့ခိုင်မြဲနေခြင်းဖြစ်သည်။ ပြည်တွင်း၊ပြည်ပ ပူးပေါင်းလုပ်ကြံမှုဖြင့် လွတ်လပ်ရေးပြန်လည် ဆုံးရှုံးကာ သူတစ်ပါးကျွန်ဘဝသို့ ပြန်ရောက်လု လု အကြိမ်ကြိမ်ကြုံတိုင်း မျိုးချစ်မြန်မာ့အမျိုးသား ရေးအင်အားစုကြီးနှင့် ကိုယ့်ပြည်ထောင်စု၊ ကိုယ့် လွတ်လပ်ရေးကိုတန်ဖိုးထား  ကာကွယ်စောင့် ရှောက်သည့်တိုင်းရင်းသားပြည်သူများရှိနေသ ဖြင့်သာတော်တော့သည်။ သူ့ကျွန်ပြန်မဖြစ်ခင်၊ ယနေ့အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ သွေး ချောင်းမကသောသွေးမြစ်မျိုးစီးနေလောက်ပေ သည်။
မြန်မာတို့အတွက် လွတ်လပ်ရေးသည် စစ်မှန် သောမြန်မာ့လွတ်လပ်ရေးသာဖြစ်လိုကြသည်။ ဤလုံးဝအမှီအခိုကင်းသော မြန်မာ့လွတ်လပ်ရေး ဆန္ဒကို ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ မြန်မာတိုင်း တွင် တူညီစွာရှိနေပေသည်။ ဤသို့လွတ်လပ်ရေး အစစ် လုံးဝလွတ်လပ်ရေးဟု ပြောနေကြရခြင်းမှာ လည်း လွတ်လပ်ရေးအတုက ရှိနေခဲ့ဖူးသော ကြောင့်ဖြစ်သည်။ နယ်ချဲ့အင်္ဂလိပ်တို့သည် နှစ် ပေါင်း ၁ဝဝ သွေးစုပ်ခြယ်လှယ်အုပ်စိုးပြီးသော် လည်း မြန်မာနိုင်ငံကို လုံးဝလက်လွှတ်မည့်ပုံ မပေါ်။ လွတ်လပ်ရေးတိုက်ပွဲဝင် မြန်မာတို့သာ လွတ်လပ်ရေးတိုက်ပွဲတွင် အဖမ်းခံရ၊ ပြည်နှင်ခံရ၊ ကြိုးပေးခံရဖြင့် ဒုက္ခရောက်ခဲ့ရသည်။ နိုင်ငံတွင် ရှိနေသောြ<ွကယ်ဝလှသည့် သယံဇာတဓနဥစ္စာ များလည်း လုံးပါး ပါးနေပေပြီ။ ဤတွင် သခင် အောင်ဆန်းတို့ မျိုးချစ်လူငယ်များ နယ်ချဲ့အင်္ဂလိပ် တို့ကို လက်နက်ကိုင်တိုက်ခိုက်မောင်းထုတ်နိုင်ရန် ပြည်ပသို့ လူငယ်လက်ရွေးစင် ၃ဝ သွားရောက် စစ်ပညာသင်ကြသည်။
စစ်ပညာတတ်လာသော မြန်မာရဲဘော် သုံး ကျိပ်က ဦးဆောင်ပြီး မြန်မာ့လွတ်လပ်ရေးတပ်မ တော်(BIA)ကိုဖွဲ့စည်းထူထောင်ကြသည်။ မြန်မာ နိုင်ငံတွင်း ပြန်ဝင်လာကာ နယ်ချဲ့အင်္ဂလိပ်တို့အား မောင်းထုတ်နိုင်ခဲ့သည်။ ထိုကာလသည် ကိုလိုနီ ကျွန်နိုင်ငံဝေစုတနင့်တပိုးရထားသည့် အင်္ဂလိပ်၊ ပြင်သစ်၊ ဒတ်ခ်ျစသည့်ဥရောပစက်မှုအရင်းရှင် နယ်ချဲ့နိုင်ငံတစ်ကျိပ်ခန့်၏လက်မှ ကိုလိုနီကျွန် နိုင်ငံများလုယူရန် ဂျာမနီ၊ အီတလီ၊ ဂျပန်ဖက်ဆစ် တို့သုံးပွင့်ဆိုင်အုပ်စုဖွဲ့ကာ ဒုတိယကမ္ဘာစစ် ပွဲကြီးခေါ် နယ်ချဲ့ချင်း ခွက်စောင်းခုတ်ပွဲ စတင် ချိန်ဖြစ်နေပေသည်။ ဖက်ဆစ်ဂျပန်တို့က မြန်မာ့ လွတ်လပ်ရေးတပ်မတော်အား ကူညီတိုက်ခိုက် ပေးသယောင်ဖြင့် အင်္ဂလိပ်ကိုလိုနီဖြစ်နေခဲ့သည့် မြန်မာနိုင်ငံကို အပိုင်စီးလာပေသည်။
ဖက်ဆစ်ဂျပန်တို့သည် အင်အားတောင့်တင်း ပြီး စစ်ရည်စစ်သွေးပြည့်ဝလာကာ နိုင်ငံအတွက် စွန့်လွှတ်စွန့်စားတိုက်ရဲသော မြန်မာ့တပ်မတော် (BIA) ကို စိုးရွံ့လာသည်။ မုန်းတီးလာသည်။ ဘီအိုင်အေကို ဖျက်ရန်ကြံစည်ကြသည်။ ဖျက်၍ မရနိုင်မှန်းသိသောအခါ အားနည်းချည့်နဲ့သွား အောင်လုပ်ဖို့ စိတ်ကူးလာပေသည်။ ဤသို့ဖြင့် ၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် မြန်မာ နိုင်ငံကို လွတ်လပ်ရေးပေးသည်။ ဒေါက်တာ ဗမော်က နိုင်ငံတော်အစိုးရအကြီးအကဲ အဓိပတိ အဖြစ် လွတ်လပ်သောမြန်မာနိုင်ငံကို ဦးဆောင်စေ ခဲ့သည်။ ထိုသို့ လွတ်လပ်ရေးပေးလိုက်သော် လည်း မြန်မာနိုင်ငံကို ဖက်ဆစ်ဂျပန်တို့ကသာ ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်အုပ်စိုးခဲ့သည်။ မြန်မာတွေ လွတ်လပ်ရေးရပြီဖြစ်၍ မြန်မာ့လွတ် လပ်ရေးတပ်မတော်(ဘီအိုင်အေ)သည် မလိုအပ် တော့၊ လွတ်လပ်ရေးအတွက် တိုက်ယူစရာမလို၊ ရရှိထားသောလွတ်လပ်ရေးနှင့် မြန်မာနိုင်ငံကို ကာကွယ်မည့် မြန်မာ့ကာကွယ်ရေးတပ်မတော် (BDA) လောက်သာလိုအပ်သည်။ မိမိတို့ဂျပန် တပ်များလည်း ရှိနေပြီဖြစ်၍ မြန်မာ့ကာကွယ်ရေး တပ်မတော်အင်အား ၃ဝဝဝ ဆိုလျှင် လုံလောက် ပြီဟု သတ်မှတ်ခဲ့ကြသည်။ ဘီအိုင်အေတပ်သား ထောင်သောင်းချီ၍ တပ်မှထွက်ကြရသည်။ ယင်း တပ်ထွက်ရဲဘော်များသည် ၁၉၄၅ ခုနှစ် ဖက်ဆစ် တော်လှန်ရေးတပ်သားများပြန်ဖြစ်လာခဲ့ပေသည်။
ဂျပန်တို့က ခပ်တည်တည် မင်သေသေဖြင့် ၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ကပေးသော မြန်မာ့လွတ်လပ်ရေး(အတုအယောင်)ကို မြန်မာတို့ က လွတ်လပ်ရေးဆန္ဒရာစုနှစ်တစ်ခုမကအတွက် အာသာပြေပဏာမ အစမ်းလွတ်လပ်ရေးအဖြစ် ပျော်ပျော်ပါးပါး တေးဆိုဆင်နွှဲခဲ့ကြသည်။ ဂီတစာဆိုရွှေတိုင်ညွန့်ရေးပေးသော ထိုစဉ်က လွတ်လပ်ရေးသီချင်းကို မြန်မာတို့သည် စိတ်ဆန္ဒ တစ်မျိုးဖြင့် လွတ်လပ်ရေးအစစ်ကို မျှော်မှန်းကာ သီဆိုခဲ့ကြသည်။ သီချင်းနာမည်ကို ဆရာရွှေတိုင် ညွန့်က 'အောင်သပြေ'ဟုပေးထားသည်။
အောင်သပြေ
''သပြေထွန်းတဲ့ တောင်ကျွန်းဒီပါမင်္ဂလာ အခါရောက်ပြီ xxx အောင်အတိတ်နဲ့ အောင် နိမိတ်တွေဟာ ထင်ပေါ်လာပါပြီ xxx လွတ်လပ် ရေးကိုရပြီ ငါတို့စံဌာနီ မြန်မာ့အောင်ပွဲကိုနွှဲမည် xxx အလွန်ပဲသာယာစည် အောင်ပန်းဆွတ်ကာ အောင်ဇေယျတုနဲ့ xxx သုတိမင်္ဂလာတည် xxx (အောင်သပြေပွဲအောင် မြေထဲမှလွတ်လပ်ကြပါ ပြီ)၂ (လွတ်လပ်ပြီ)၂ ဒို့ပြည်လွတ်လပ်ပြီ xxx အောင်သပြေကို ဆွတ်ခါတည် ငါတို့ကိုင်ဆောင် မည် xxx (လွတ်လပ်ပြီ)၂ ဒို့ပြည်လွတ်လပ်ပြီ xxx မြန်မာပီပီ ဒို့ဌာနီငါတို့ကာကွယ်မည် xxx ခေတ်သစ်ထူထောင်မည် xxx သွေးနဲ့တည်ကမ္ဘာ့ အထက်တန်းလက်စွမ်းပြနိုင်မည်''
ထိုဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်ဂျပန် တို့ကလိန်Óဏ်ဖြင့်ပေးသောလွတ်လပ်ရေးအတု အယောင်ကာလ ဒေါက်တာဗမော်အဓိပတိအစိုးရ အဖွဲ့နှင့်လွတ်လပ်ရေးပွဲသဘင်၊ အဓိပတိနန်းတက် သဘင်အခမ်းအနားအခင်းအကျင်းကို မြင်ယောင် ကြစေရန်တင်ပြလိုက်ပါရစေ။
ဒုတိယကမ္ဘာစစ်အစပိုင်းမှာပင် စင်ကာပူမှ အင်္ဂလိပ်ခံတပ်ကျကာ ဂျပန်တို့သိမ်းယူပြီးနောက် မြန်မာနိုင်ငံမှအင်္ဂလိပ်တို့ အိန္ဒိယသို့ဆုတ်ခွာထွက် ပြေးကြသည်။ ဘီအိုင်အေကရှေ့ဆောင်ကာ အင်္ဂ လိပ်တို့အားတိုက်ခိုက်မောင်းထုတ်ခဲ့သည်။ ဂျပန် တို့က မြန်မာနိုင်ငံကိုမြန်မာတပ်နှင့်အတူသိမ်း သည်ဆိုကာ ဝင်လာကြသည်။ ဂျပန်စစ်သေနာ ပတိဂျင်နရယ်အီဒါးက ယာယီအဖြစ်မြန်မာနိုင်ငံ ကိုအုပ်ချုပ်ရန် ဒေါက်တာဗမော်နှင့်အဖွဲ့အားခန့် ထားသည်။ နောက်ကွယ်မှာမူဂျပန်စစ်တပ်(အထူး သဖြင့်)ဂျပန်ကင်ပေတိုင်စစ်ပုလိပ်ကခြယ်လှယ်၏။ ထိုနေ့ကား၁၉၄၂ခုနှစ်သြဂုတ်၁ရက်နေ့ဖြစ်သည်။
ဂျပန်စစ်သေနာပတိကမြန်မာခေါင်းဆောင် များအား မေမြို့(ပြင်ဦးလွင်)သို့ဖိတ်ကာဒေါက်တာ ဗမော်အား အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ခန့်အပ် သည်။ထို့နောက်အုပ်ချုပ်ရေးမူသစ်ရေးဆွဲရန်မြန်မာ ခေါင်းဆောင်များနှင့်ဆွေးနွေးကြရာ ဒေါက်တာ ဗမော်၊ သခင်ကိုယ်တော်မှိုင်း၊ သခင်မြ၊ သခင်နု၊ ဦးဘဘေ၊ သခင်အောင်ဆန်း၊ သခင်ထွန်းအုပ်၊ ဗန္ဓုလဦးစိန်၊ သခင်ဗစိန်၊ ဦးထွန်းအောင်၊ ဦးဘ ဝင်း၊ ဦးဘသိန်း၊ ဦးလှဖေ၊ သခင်သန်းထွန်း တို့ပါဝင်တက်ရောက်သည်။ ယင်းဆွေးနွေးပွဲမှ ဒေါက်တာဗမော်အား နိုင်ငံတော်အကြီးအကဲအဓိ ပတိအဖြစ်ခန့်ရန်ဆုံးဖြတ်သည်။
အဓိပတိဒေါက်တာဗမော်၏ အစိုးရအဖွဲ့တွင် ဒေါက်တာသိန်းမောင်၊ ဦးဘဘေ၊ သခင်မြ၊ သခင်ထွန်းအုပ်၊ သခင်နု၊ ဦးထွန်းအောင်၊ ဗန္ဓုလ ဦးစိန်၊ ဦးဘဝင်း၊ သခင်ဗစိန်၊ သခင်သန်းထွန်း နှင့် ဦးဘသိန်းတို့အား ဝန်ကြီးများအဖြစ်ပါဝင် ကြသည်။ ထို့နောက်နိုင်ငံတော်အထွတ်အထိပ် ပုဂ္ဂိုလ်အဓိပတိအဖြစ် ဒေါက်တာဗမော်အား ဘိသိက်သွန်းလောင်းကြသည်။ ဆရာကြီးသခင် ကိုယ်တော်မှိုင်းရေးသားပြီး ရှေ့မှတိုင်ပေးကာ ကိုယ်တိုင်ဖတ်ကြားသောနိုင်ငံတော်အဓိပတိအရှင် မင်းကြီးသစ္စာမူရန် ဥယျောဇဉ်မှာဤသို့ဖြစ်၏။
အရှင်မင်းကြီး။ ။ ဣတိပိတော၊ သုပ္ပဋိပ္ပန္နော အစရှိသောဂုဏ်တော်များကိုနှလုံးသွင်းလျက် ဗုဒ္ဓ မြတ်စွာသာသနာကို နေရောင်လရောင်ကဲ့သို့ ထွန်း ပြောင်တောက်ပအောင်ရှေးရှေးသော သာသနာပြု မင်းကောင်းမင်းမြတ်တို့ကဲ့သို့ပြုစုတော်မူပါလော့။
အရှင်မင်းကြီး။ ။ မြန်မာနိုင်ငံတော်သူ နိုင်ငံ တော်သားများကို ရင်ဝယ်သားကဲ့သို့ ညှာတာ သနားတရားသဖြင့်အုပ်ချုပ်တော်မူပါလော့။
အရှင်မင်းကြီး။ ။ မြန်မာနိုင်ငံတော်သူ နိုင်ငံ သားတို့၏အကျိုးစီးပွားကို အရှင်မင်းကြီး၏ အကျိုးစီးပွား၊ နိုင်ငံတော်သူနိုင်ငံတော်သားတို့၏ အသက်ကိုအရှင်မင်းကြီး၏ အသက်ကဲ့သို့စောင့် ရှောက်တော်မူပါလော့။
အရှင်မင်းကြီး။ ။ နိဂ္ဂဟပဂ္ဂဟတရားကို လက်သုံးထား၍နှိမ့်ချထိုက်သူကိုနှိမ့်ချလျက်၊ ချီး မြှင့်ထိုက်သူကိုချီးမြှင့်တော်မူပါလော့။
အရှင်မင်းကြီး။ ။ ကမ္ဘာအစ မဟာသမ္မတ မင်းကောင်းမင်းမြတ်တို့ကျင့်တော်မူသော ရာဇ ဓမ္မတရား ၁ဝ ပါး၊ ရာဇပြကတေ့တရားခုနစ် ပါး၊ အပရိဟာနိယတရားခုနစ်ပါး၊ သင်္ဂဟတရား လေးပါးတို့ကို မြဲမြံစွာကျင့်တော်မူပါလော့။
အရှင်မင်းကြီး။ ။ မြန်မာနိုင်ငံတော်လွတ်လပ် ရေးကြေညာချက်တွင်ပါရှိသော အခြေခံဝါဒနှင့် နိုင်ငံတော်အုပ်ချုပ်ရေးစည်းမျဉ်းဥပဒေများအရ မြန်မာ့ခေတ်သစ်ကိုထူထောင်ဆောင်ရွက်အုပ်ချုပ် တော်မူပါလော့။
ထို့နောက် အဓိပတိဒေါက်တာဗမော်ကလည်း နိုင်ငံတော်အဓိပတိ၏သစ္စာတော်ကို အောက်ပါ အတိုင်းရွတ်ဆိုကတိသစ္စာပြုသည်။
''မြန်မာနိုင်ငံသူနိုင်ငံတော်သားတို့လိုလား တောင့်တအာသီသထားသော အကြောင်းအချက် များအတိုင်း ကျွန်ုပ်သည် တရားနှင့်အညီတည် ကြည်ဖြောင့်မတ်စွာ နိုင်ငံတော်ကိုအုပ်ချုပ်မည် ဟု လူသိနတ်မြင်သစ္စာမူပါသည်။''
ထိုသို့သစ္စာကတိပြုပြီးသည်နှင့် ပုဏ္ဏားတော် ဆရာမြက အောင်ဘိသိက်သွန်းကာ လက်ျာရစ် ခရုသင်းကိုသုံးကြိမ်တိုင်တိုင်မှုတ်၍ မင်္ဂလာအခါ ပေးလိုက်ရာ အဆင်သင့်ရှိသော မင်္ဂလာစည် တော်ကိုရွမ်းပြီး အောင်စည်အောင်မောင်းတို့ကို ခြိမ်းခြိမ်းညောင်းအောင်တီးမှုတ်ကြလေသည်။
ဒေါက်တာဗမော်အစိုးရက ဦးထိပ်ထား ဆောင်ရွက်ရမည့်အစိုးရအဖွဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ စည်းမျဉ်း(အခြေခံဥပဒေသဘော)ကိုရေးဆွဲကာ အဓိပတိရုံးအတွင်းဝန်ချုပ်လက်မှတ်ဖြင့် ထုတ်ပြန် ခဲ့သည်။ ယင်းအုပ်ချုပ်ပုံစည်းမျဉ်းဥပဒေတွင် အစိုးရဖွဲ့စည်းပုံ၊ အုပ်ချုပ်ပုံနှင့် နိုင်ငံသားတို့၏ မူလအခွင့်အရေးများကိုပါဖော်ပြထားသည်။ယနေ့ ခေတ်နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေများလောက် ပြည့်စုံ၊ပီပြင်မှုမရှိသော်လည်း သူ့ခေတ်၊ သူ့အခါ ရေးဆွဲပြဋ္ဌာန်းကျင့်သုံးသော အခြေခံဥပဒေအငယ် စားဖြစ်သည်ဟုဆိုနိုင်၏။ မြန်မာနိုင်ငံ၏ပထမဆုံး သော အခြေခံဥပဒေဟုလည်း ဆိုသော်ရ၏။ ၁၉၄၇ခုနှစ် အခြေခံဥပဒေ၊ ၁၉၇၄ခုနှစ် အခြေခံ ဥပဒေနှင့် ၂ဝဝ၈ အခြေခံဥပဒေများနှင့်ပါဆိုလျှင် စာဖြင့်ရေးသားပြဋ္ဌာန်းထားသောWritten Con- stitutional Law လေးခုဟုမှတ်သားနိုင်ပေသည်။
ဂျပန်တို့ကြီးစိုးသော ဒုတိယကမ္ဘာစစ် သုံးနှစ် သုံးမိုးကာလတွင် ဒေါက်တာဗမော်အစိုးရအာ ဘော် ဗမာ့ခေတ်သတင်းစာ၊ဂျပန်စစ်တပ်(အစိုးရ) အာဘော်၊  ဂရိတ်တားအေရှ(အင်္ဂလိပ်)ဘာသာ သတင်းစာတို့တွင် အဓိပတိဒေါက်တာဗမော်၏ ပုံနှင့်သတင်းများ အသားပေးဖော်ပြခဲ့၏။
ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံချစ်ကြည်ရေးစာချုပ် ကိုလည်း ဂျပန်ဘက်မှ ဂျပန်သံအမတ်ကြီးရန်ဇို ဆာဝါဒါးနှင့် မြန်မာနိုင်ငံဘက်မှ ဒေါက်တာဗမော် (မြန်မာနိုင်ငံတော်ဝန်ကြီးချုပ်)တို့ လက်မှတ်ရေး ထိုးချုပ်ဆိုခဲ့သည်။ စာချုပ်ခြေဆင်းတွင် ဤသို့ ဖော်ပြ၏။
''ဂျပန်ဧကရာဇ်နိုင်ငံတော်အစိုးရနှင့် မြန်မာ နိုင်ငံတော်အစိုးရတို့သည်ယခုအခါဂျပန်နိုင်ငံတော် အစိုးရသည် မြန်မာနိုင်ငံတော်ကို လွတ်လပ်သော နိုင်ငံတော်အဖြစ်ဖြင့် အသိအမှတ်ပြုပြီးဖြစ်ရကား နိုင်ငံတော်နှစ်နိုင်ငံတို့သည် တစ်ဦး၏ဘာဏာပိုင် လွတ်လပ်ရေးကို တစ်ဦးကရိုသေလေးစားရမည် ဟူ၍လည်းကောင်း၊ မဟာအရှေ့အာရှတိုက် (ွGreater East Asia)တွင် အခြားနိုင်ငံများနှင့် ရင်းနှီးစွာပူးပေါင်းလျက် တရားလမ်းမှန်ကျမှု၌ အခြေခံရှိသော အညီအညွတ်ထူထောင်ရေးလုပ် ငန်းကြီးကို ဆောင်ရွက်မည်ဟူ၍လည်းကောင်း၊ ယင်းသို့ဆောင်ရွက်သဖြင့် တစ်ကမ္ဘာလုံး၏ငြိမ်း ချမ်းရေးကို ကူညီအားပေးမည်ဟူ၍သန္နိဋ္ဌာန်ချ ပြီး ဖြစ်ကြသည့်အတိုင်း လမ်းခရီးတွင်ရှိသောအနှောင့် အယှက်ဟူသမျှကို အရင်းအမြစ်မှသုတ်သင်ပယ် ရှင်းရန် မယိမ်းမယိုင်ခိုင်မြဲသောစိတ်ဖြင့် အောက် ပါအပိုဒ်များအတိုင်းသဘောတူညီကြလေသည်။
ယင်းစာချုပ်တွင် အပိုင်းလေးပိုင်းပါရှိသည်။ စာချုပ်လက်မှတ်ရေးထိုးသောနေ့စွဲမှာ ဂျပန်ရှိုခါ သက္ကရာဇ်တစ်ဆယ့်ရှစ်နှစ်မြောက် အဋ္ဌဖလ၊ ပထမနေ့၊ မြန်မာသက္ကရာဇ် ၁၃ဝ၅ခုနှစ် ဝါခေါင် လဆန်း ၁ရက်နေ့၊ (၁၉၄၃ခုနှစ် သြဂုတ်လ ၁ရက်)တွင် ရန်ကုန်မြို့၌ လက်မှတ်ရေးထိုးကြ သည်။ ယင်းစာချုပ်ပါအချက်များမှာ မဟာအရှေ့ အာရှစစ်ကြီး အောင်မြင်သည်အထိ နှစ်နိုင်ငံ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးတို့တွင် ပူးပေါင်း ဆောင်ရွက်ရန်၊ မဟာအရှေ့အာရှအတြူ<ွကယ်ဝတိုး တက်ရေးကို အတူဆောင်ရွက်မည်။ လိုအပ်သော အခါ နှစ်နိုင်ငံအာဏာပိုင်ချင်း တိုင်ပင်ဆုံးဖြတ်ရန် စသည်တို့ပါဝင်သည်။ အဓိပတိဒေါက်တာဗမော်၏ အစိုးရအဖွဲ့သစ်ကိုလည်း လွတ်လပ်ရေး ကြေညာသောနေ့မှာပင် အောက်ပါအတိုင်းဖွဲ့စည်းသည်။
 ၁။ ဒေါက်တာဗမော် နိုင်ငံတော်အဓိပတိနှင့်ဝန်ကြီးချုပ်
 ၂။ သခင်မြ  ဒုတိယဝန်ကြီးချုပ်
 ၃။ သခင်အောင်ဆန်း  စစ်ဝန်ကြီး၊ကာကွယ်ရေးဌာန
 ၄။ ဒေါက်တာသိန်းမောင် ဘဏ္ဍာရေးဝန်ကြီး
 ၅။ သခင်နု  နိုင်ငံခြားရေးဝန်ကြီး
 ၆။ ဗန္ဓုလဦးစိန် ဝါဒဖြန့်ချိရေးနှင့်စီးပွားရေးဌာနဝန်ကြီး
 ၇။ ဦးသိန်းမောင်   တရားရေးဌာနဝန်ကြီး
 ၈။ ဦးလှမင်း         ကျန်းမာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး
 ၉။ ပျော်ဘွယ်ဦးမြ        ကူးသန်းရောင်းဝယ်ရေးစက်မှုလက်မှုဝန်ကြီး
 ၁ဝ။ ဦးဘဝင်း ပြည်ထဲရေးဝန်ကြီး
 ၁၁။ ဦးထွန်းအောင် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး
 ၁၂။ သခင်သန်းထွန်း လယ်ယာစိုက်ပျိုးရေးဝန်ကြီး
 ၁၃။ ဦးလှဖေ သစ်တောနှင့်သတ္တုတွင်းဌာနဝန်ကြီး
 ၁၄။ ဦးအေး အခွန်တော်ဝန်ကြီး
 ၁၅။ သခင်လေးမောင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
 ၁၆။ သခင်လွန်းဘော် ဌာနလက်ကိုင်မရှိ
မြန်မာ့တပ်မတော်ဖွဲ့စည်းပုံသစ်
 ၁။ ဗိုလ်ချုပ်အောင်ဆန်း စစ်ဝန်ကြီး
 ၂။ ဗိုလ်စကြာ ဒုတိယစစ်ဝန်ကြီး
၃။ ဗိုလ်နေဝင်း    စစ်သေနာပတိ
၎။ ဗိုလ်လက်ျာ   ဖွဲ့စည်းရေးဌာနကြီးမှူး
၅။ ဗိုလ်ဇေယျ    စစ်ဦးစီးချုပ်တို့ဖြစ်ကြသည်။
ဥပဒေများရေးဆွဲပြုစုပေးမည့် အတိုင်ပင်ခံလွှတ်တော်ကိုအောက်ပါ ပုဂ္ဂိုလ်များဖြင်ဖွဲ့စည်းကာ အထွေထွေအုပ်ချုပ်ရေးနှင့် ဥပဒေရေးဆွဲရေး တာဝန်ပေးသည်။ ဆာဦးသွင်၊ ဦးဘလှိုင်၊ သခင်ကိုယ်တော်မှိုင်း၊ ဒေါက်တာစံစီဖိုး၊ ဦးချစ်လှိုင်၊ ဦးထွန်းဖေ၊ ဒေါက်တာဦးဆက်၊ဟင်္သာတ ဦးမြ၊ ဦးကျော်၊ ဦးအေးမောင်၊ ဦးမောင်မောင်ပြူး၊ ဦးကြီးမြင့်၊ ဦးဘိုစံ၊ ဦးခင်မောင်ပု၊ ဒီးဒုတ် ဦးဘချို၊ ဦးတင်(မြန်မာ့အလင်း)၊ ဦးစိန်ဝင်း(ပဲခူး)၊ ဦးဘသီ(မန္တလေး)၊ သခင်သာဒင်နှင့် ဦးမှီတို့ စုစုပေါင်း ၂ဝဦးပါဝင်သည်။
၁၉၄၃ခုနှစ် စက်တင်ဘာလ ၂၆ရက်နေ့တွင် ဂျပန်သံအမတ်ရင်ဇိုဆာ ဝါဒါးနှင့် အဓိပတိဒေါက်တာဗမော်တို့ သဘောတူစာချုပ်တစ်ရပ်ကို ရန်ကုန်၌ကျင်းပသည်။ ယင်းစာချုပ်၌ ရှမ်းပြည်နယ်၏ အစိတ်အပိုင်း အချို့သာ မြန်မာပြည်မနှင့်ပူးပေါင်း နေထိုင်ကြကြောင်း။ ၁။ ကျိုင်းတုံ နယ်၊ ၂။ မိုင်းပွန်နယ်၊ ၃။ ကရင်နီနယ်(ကယားပြည်နယ်)နှင့် ၄။ 'ဝ' ဒေသကို မြန်မာပိုင်အဖြစ်မှချန်လှပ်ထားကြောင်း ဖော်ပြထားသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံအပါအဝင် ရှမ်းပြည်နယ်အစိတ်အပိုင်းကို ဂျပန်တို့က ယိုးဒယား(ထိုင်း) နိုင်ငံသို့လက်ဆောင်ပေးထားလိုက်ပေသည်။ ကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်များအတွက် လူသူ၊ လက်နက်ရိက္ခာပို့ ဆောင်ရေးအတွက် သံဖြူဇရပ်မှထိုင်းနိုင်ငံကွေးမြစ်ဖြတ်(သေမင်းတမန်) မီးရထားလမ်းဖောက်လုပ်ရန် ထိုင်းကခွင့်ပြု၍ ကျေးဇူးတုံ့ပြန်ခြင်းဖြစ် သည်။ မြန်မာတို့က အပြင်းအထန်ကန့်ကွက်ခဲ့ကြသည်။
သုံးနှစ်သုံးမိုးကာလအတွင်း ရိုင်းစိုင်းယုတ်မာသော အကြမ်းဖက် ဖက်ဆစ်ဂျပန်တို့၏လူမဆန် သောရက်စက်မှုများ၊ မြန်မာ့ရတနာ၊ မြန်မာ့ ဥစ္စာပစ္စည်းများ လုယက်သယ်ထုတ်နေသောလုပ်ရပ်များကို မခံနိုင်သည့် မြန်မာတို့က ၁၉၄၅ ခုနှစ် မတ်လတွင်တော်လှန်တိုက်ခိုက်မောင်းထုတ် ခဲ့ရပေသည်။ လွတ်လပ်ရေးအတု၏သဘောသဘာဝကိုလည်း မြန်မာတို့ ပိုသိလာကြသည်။
၂ဝဝ၃ခုနှစ် မတ်လ ၁၉ ရက်နေ့မှစ၍ ကုလသမဂ္ဂမှတားနေသည့် ကြားမှ အမေရိကန်တို့က အီရတ်ကိုကျူးကျော်တိုက်ခိုက်ခဲ့သည်။ ၂ဝဝ၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှစ၍ အာဖဂန်နစ္စတန်ကို အမေရိကန်၊ ဗြိတိန်နှင့်နေတိုးစစ်အုပ်စုက ကျူးကျော်တိုက်ခိုက်ခဲ့သည်။ ယင်းနှစ်နိုင်ငံ ကို အမေရိကန်က အဓိကပစ်မှတ်ထားတိုက်ရခြင်းမှာအမေရိကန်တို့လိုအပ် သောရေနံများလို သလောက်လိုအပ်ချိန်ရယူနိုင်ရေးဖြစ်သည်။ အာဖဂန်ကို အိုစမာဘင်လာဒင်ကိုလက်ခံထား၍ဟု အကြောင်းပြတိုက်သည်။ အီရတ် ကိုမူ ဦးစွာ အီရတ်သမ္မတဆက်ဒမ်ဟူစိန်က နျူကလီးယား လက်နက်၊ ဓာတုအဆိပ်လက်နက်၊ဇီဝရောဂါပိုးမွှားလက်နက်များလုပ်နေ၍ဟုအကြောင်း ပြတိုက်သည်။ ထိုလက်နက်ရှာမတွေ့မှ ဆက်ဒမ်ဟူစိန်လို မင်းဆိုးမင်း ညစ်ကိုဖြုတ်ချရန်ဟုဆိုပြန်သည်။ ဆက်ဒမ်ဟူစိန်ကိုဖမ်းမိပြီး ကြိုးပေး သတ်ပစ်ပြီး နောက်အီရတ်ကိုဆက်ကျူးကျော်ရန် 'အီရတ်ပြည်သူတွေ ပြည့်ပြည့်ဝဝလွတ်လပ်ရန်၊ ဒီမိုကရေစီရရှိရန်'ဟု အကြောင်းပြသည်။ ၂ဝဝ၃ခုနှစ်မှ ယခု ၂ဝ၁၆ခုနှစ်အထိ အီရတ်စစ်ပွဲ ၁၃နှစ်ကြာပြီ။ အီရတ် ပြည်သူတို့သိန်းချီသန်းချီသေနေရသည်။ ယနေ့တိုင်သွေးချောင်းစီးဆဲ ဖြစ်သည်။ အမေရိကန်ကပေးလိုသော လွတ်လပ်ရေးဆိုသည်မှာ လွတ် လပ်နေသောနိုင်ငံကိုစိတ်ကြိုက်အမဲဖျက်၊ ကိုယ်လိုသောရေနံတဝတပြဲ ထုတ်ယူပြီး အီရတ်ကိုသွေးပင်လယ်ထဲတွင် လွတ်လပ်နေစေခြင်းဖြစ် သည်။
လွတ်လပ်ရေး(ဝါ)အချုပ်အခြာအာဏာ(ဝါ) ကိုယ့်ကြမ္မာကိုယ် အကောင်းဆုံးလွတ်လပ်စွာဖန်တီးခွင့်ဟူသည် နိုင်ငံတိုင်းမှနိုင်ငံသား (ကမ္ဘာသူကမ္ဘာသား)တိုင်း၏ မွေးရာပါသဘာဝအမွေဖြစ်သည်။ ဤလွတ် လပ်ရေးကို နယ်ချဲ့ကျူးကျော်သိမ်းပိုက်ကျွန်ပြုသော နယ်ချဲ့များကြောင့် လွတ် လပ်ရေးဟူသောစကားလုံး ပြန်လည်သုံးစွဲနေကြရခြင်းဖြစ်သည်။ နိုင်ငံတိုင်းမှ နိုင်ငံသားအများစုကြီး လိုလားဆန္ဒရှိသောအရာအားလုံးကို အများ သဘောတူအကောင်အထည်ဖော်ခွင့်သည် ဒီမိုကရေစီ၏ မူလ တရားကိုယ်ဖြစ်သည်။ လွတ်လပ်ရေးအတု၊ ဒီမိုကရေစီအတုအန္တရာယ် များကိုသာ သတိထားရှောင်ကြဉ်ဖယ်ရှားပစ်ရပေမည်။ ဒီမိုကရေစီသည် ပြည်သူ့ဆုံးဖြတ်ချက်ကိုခေါ်သည်။ နိုင်ငံရေးသမားတို့၏ဆန္ဒကို၊ အထူး သဖြင့် အာဏာစိတ္တဇကိုလွတ်လပ်စွာ ဥပဒေချိုးဖောက်အကောင်အထည် ဖော်နေခြင်း၊ ပြည်သူကိုစတေးနေခြင်းများသည် ဒီမိုကရေစီအသစ်လည်း မဟုတ်၊ လွတ်လပ်ရေးအသစ်လည်းမဟုတ်သည်ကို သမိုင်းနှင့် ယှဉ်ပြီး စဉ်းစားသုံးသပ်ကြရပေမည်။ အီရတ်ပြည်သူတို့ အနောက်နယ်ချဲ့ လွတ်လပ်ရေးနှင့် ဒီမိုကရေစီတု၏ဒဏ်ကို သွေးပင်လယ်၌လက်ပစ် ကူးရင်းခံစားနေရပြီ။ မြန်မာတို့ကလည်း ဖက်ဆစ်ဂျပန်တို့၏ဒီမိုကရေစီ အတုဖြင့် ဖက်ဆစ်ကြမ်းကြုတ်မှုဒဏ်သုံးနှစ်ခံရပြီးဖြစ်ကြောင်း ဖက်ဆစ် နယ်ချဲ့တို့ပေးသော လွတ်လပ်ရေးအတုကို မျက်ဝါးထင်ထင်မြင်ခဲ့ကြရပြီး နယ်ချဲ့လက်သစ်တို့၏လွတ်လပ်ရေးအတု ဒီမိုကရေစီအတုများကိုလည်း ကြုံတွေ့နေရပြန်ပြီဖြစ်သောကြောင့် မေ့မပစ်ကြရန် တိုက်တွန်းနှိုးဆော် လိုက်ရပါသည်ခင်ဗျား။

Friday, 11 November 2016

Trump Force One သို့မဟုတ် ဒေါ်နယ်ထရမ့်ရဲ့ ကိုယ်ပိုင်လေယာဉ်











ဧရာဝတီ

ရွေးကောက်ပွဲ အနိုင်ရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ လက်ရှိသမ္မတ အိုဘားမားနဲ့ အာဏာလွှဲပြောင်းရေး ဆွေးနွေးဖို့ ဝါရှင်တန်ကို ကိုယ်ပိုင်လေယာဉ်နဲ့ ခရီးထွက်ခဲ့ပါတယ်။ သူဌေးဒေါ်နယ်ထရမ့်ဟာ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာလည်း ဒီလေယာဉ်နဲ့ အမေရိကန်တလွှား ကူးလူးပျံသန်းခဲ့ပါတယ်။ လေယာဉ်ထဲမှာ ကိုယ်ပိုင် အိပ်ခန်း၊ ရွှေရောင် မျက်နှာသစ်ခွက်၊ ရုပ်ရှင်ရုံအငယ်စားနဲ့ ဧည့်ခန်း၊ ခေတ်မီတက်ခနိုလိုဂျီ တက်ထားတဲ့ လူ ၄၃ စီး ထိုင်ခုံတွေ ပါဝင်ပါတယ်။  Trump Force One လို့ ခေါ်ကြတဲ့ လေယာဉ်ရဲ့ အင်ဂျင်တွေကို ရိုးလ်ရွိုက်ကုမ္ပဏီက လုပ်ထားပေးပြီး ထိုင်ခုံခါးပတ်တွေကလည်း ရွှေ ၂၄ ကာရတ်နဲ့ လုပ်ထားတယ်လို့ ဆိုတယ်။