ဝန်ကြီးချုပ်က ကွန်တိန်နာကားတွေကို ညကိုး မနက်ခြောက်ပဲ မောင်းရမယ်ဆိုပြီး ဗီတိုအာဏာနဲ့ အမိန့်ထုတ်လိုက်ပါတယ်
ဒါကို ဖြိုးမင်းသိန်းထုတ်တဲ့အမိန့်ပဲဆိုပြီး စီးပွားရေးလုပ်ငန်း (Export/Import) နဲ့ Logisticsပိုင်းကို နားမလည်တဲ့သူတွေဟာ ရန်ကုန်မြို့ လမ်းရှင်းမယ်ဆိုတဲ့ အကျိုးရလဒ်ကိုပဲ မျှော်ကိုးထောက်ခံခဲ့ အမြင်မတူသူတွေကို ရန်သူလိုသဘောထား (ထောင်ချဖို့ ကားသိမ်းဖို့ သတ်ပစ်ဖို့) အထိ ရမ်းကားတဲ့စကားတွေ ထုတ်ပြောပြီး အသိဥာဏ် ဆင်ခြင်တရားမဲ့စွာနဲ့ ရန်လိုပြီး တချို့ကဆို စစ်အုပ်ချုပ်ရေးနဲ့သာတန်တရ်ဆိုတဲ့အထိ ရန်လိုစော်ကား ခြိမ်းခြောက်လာခဲ့ပါတယ်
ကွန်တိန်နာကိစ္စဟာ လမ်းဘေးဈေးသယ်ရှင်းသလို ပေါ့ပေါ့ပါးပါးကိစ္စမျိုးမဟုတ်ပါဘူး
Container Box တစ်လုံး ကားပေါ်တင်ခွင့်ရပြီး သက်ဆိုင်ရာ ဆိပ်ကမ်း /ဂိုဒေါင် ကို မောင်သွားခွင့်ရဖို့ဆိုတဲ့ အနေထားရောက်အောင် စာရွက်စာတမ်း ငွေကြေးကိစ္စ ဆိပ်ကမ်းလုပ်ငန်းစဉ် အမြောက်အမြားကို ဖြတ်ကျော်ရတာ အချိန်အမြောက်အမြားယူ လိုအပ်တဲ့ငွေရော မလိုအပ်ပဲ ပေးရတဲ့ငွေ (undertable) ရော အကုန်ကျခံ ပြီးမှ မြောက်မြားလှတဲ့ လမ်းကြေးတံတားကြေးတွေ ထပ်ဆောင်းပေးရပြီးမှ သွားခွင့်ရတာပါ (နိုင်ငံတကာမှာ အဲ့ဒီလို logistics procedure တွေ မများပါဘူး
ဒါကို ဒီ Fieldမှာ လုပ်ငန်းလုပ်နေသူတွေ အကုန်သိပါတယ်
ပြောချင်တာက ဒူးရင်းသီးအလုံးတစ်ရာကို ကားပေါ်တင် မောင်းလို့ရပြီ ဆိုတာမျိုးမဟုတ်ပါဘူး
မလိုအပ်ပဲ များပြားလှတဲ့ ဆောင်ရွက်ရပုံအဆင့်ဆင့်ကြောင့် မြန်မာနိုင်ငံရဲ့ ဆိပ်ကမ်းတွေဟာ သင်္ဘောဝင်လာတာ တစ်စီးများလာတာနဲ့ ဆိပ်ကမ်းမှာ Container Boxတွေ ဟာ ရှင်းလင်းထုတ်ယူနိုင်တာကြန့်ကြာပြီး ဆိပ်ကမ်းကြပ်တည်းလာပါတယ်
ဆိပ်ကမ်းမှာ Boxတွေ ပုံနေရင် အပြင်ကို အဲဒီBoxတွေ သယ်တဲ့အခါ လမ်းကြပ်ပါတယ်
ကားသမားတွေ နေ့ ည ဒုက္ခမျိုးစုံနဲ့ ကားပေါ်မှာ နေရတာပါ
သင်္ကြန်ကာလမှာ ဆိပ်ကမ်းကြပ်တဲ့အချိန် Empty Containerတွေ သင်္ဘောပေါ်အကုန်တင်ပြီး ပြန်ပါ ဆိုတဲ့အမိန့်တစ်ခု ထွက်လာပါတယ်
ဆိပ်ကမ်းအခက်ခဲဖြစ်နေချိန်ဖြစ်လို့ Feeder Operatorအကုန် လိုက်နာပြီး စီးပွားအဆုံးရှုံးခံ ပြန်ပို့ကြပါတယ်
ရလဒ်က နိုင်ငံခြားရင်းနှီးမြှပ်နှံသူတွေဟာ တခြားနိုင်ငံကို ရွေးချယ်သွားပါတယ်
NLDအစိုးရတက်ပြီး စီးပွားရေးကျဆင်းသွားတဲ့စစ်တမ်းဟာ အဲဒီကာလပါပဲ
အခု လမ်းရှင်းဖို့ Container Carကို ညမောင်းသတ်မှတ်ပါတယ်
လုပ်ငန်းအနေအထားအရ ရီစရာအမိန့်ပါပဲ
သစ်လုံးတင်ကားတွေသာ ညမောင်းသတ်မှတ်ခြင်းမျိုး ယိုးဒယားမှာ ရှိပါတယ်
သစ်လုံးဟာ စစ်စရာ ဘာမှမရှိတဲ့ပစ္စည်း အန္တရာယ်ရှိတဲ့ပစ္စည်းဖြစ်လို့ ညမောင်းသတ်မှတ်တာပါ
ဝန်ကြီးချုပ်ဟာ နိုင်ငံတကာမှာ Container Carတွေဟာ ညပဲ မောင်းရတယ်ဆိုတဲ့ ဘယ်သူက စာသင်ပေးလိုက်လဲမသိတဲ့ ဆီလျော်မှုမရှိတဲ့စကားနဲ့အမိန့်ထုတ်ပါတယ်
ကားတွေ နေ့ခင်းမမောင်းရလို့ Transport Chargesတွေ Double ဖြစ်လာရင် လုပ်ငန်းရှင်တွေသာ ကုန်ကျခံရမှာပါ ကုန်ဈေးနှုန်းတက်လာမယ်
ရက်ကြာလှောင်လို့မရတဲ့ပစ္စည်းဆို ပျက်စီးလေလွင့်မယ်
ယှဉ်ပြိုင်မှုမှာ Delay ဖြစ်မယ် ကြန့်ကြာမယ်
Containerကားပိုင်ရှင်တွေ Container Gate ပိုင်ရှင်တွေဟာ နေ့ခင်းပိုင်းအားလပ်ပြီး ထိခိုက်မှုမရှိပါဘူး
လူတွေက ကျနော်က ဒီအမိန့်ကို ယုတ္တိမရှိကြောင်းပြောတဲ့အခါမှာ မိသားစုဟာ Container Ownerဖြစ်လို့ Container Gateပိုင်ထားလို့ အကျိုးစီးပွားထိလို့ နာတယ် မခံနိုင်ဖြစ်တယ် လို့ စွပ်စွဲပါတယ်
အကျိုးစီးပွားကြောင့် လုံးဝမဟုတ်ပါဘူး
ဒီလုပ်ငန်းကို တစ်လရပ်ထားလည်း ကျနော်တို့ ထမင်းမငတ်ပါဘူး
Logisticsလုပ်ငန်း Export Importလုပ်ငန်းသာ တစ်လရပ်ဆိုင်းလိုက်ရရင် တိုင်းပြည်ပျက် အောင်တပ်မတော်ကြီး ပြန်ချီလာနိုင်တဲ့အထိ ဖြစ်သွားနိုင်တာပါ
စစ်အုပ်ချုပ်ရေးကို မလိုချင်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြိုးမင်းသိန်း ဦးနှောက်သုံးပြီး ယုတ္တိရှိရှိသဘာဝကျကျ လုပ်စေချင်တာပါ
သူ့ဘက် ကိုယ့်ဘက် ကိုယ်ချင်းစာပါ
ဒါဟာ တိုင်းပြည်စီးပွားရေးပါ လမ်းဘေးမှာ စည်ပင်ပိုင်မြေပေါ်မှာ ကျုးကျော်ဈေးရောင်းနေတာမဟုတ်ဘူး
ဘီးခွန် လုပ်ငန်းခွန်ဆောင်ပြီး လမ်းကြေးတံတားကြေးပေးပြီး နိုင်ငံတော်ကို အခွန်ဆောင်ပြီး လုပ်နေတဲ့တရားဝင်လုပ်ငန်းပါ
ရန်ကုန်တိုင်းဝန်ကြီးချုပ် စီးပွားရေးအမြင်ရှိလာဖို့ လိုအပ်ပါတယ်
Thuzar Kyaw Soe
#TZKS
မှန်တာပြောရလို့ 66(D)တို့ ဘာတို့လည်း ဂရုကိုမစိုက်ပါဘူး
နောက်ဆုံး တင်သမျှ
Sunday, 11 December 2016
Thursday, 1 December 2016
တစ်ပွဲတစ်လမ်း
"毋
တစ်ပွဲတစ်လမ်း"
မနေ့က ညနေပိုင်း မန်းတောင်ခြေမှာ မိတ်ဆွေတစ်ယောက်အလာကို ဆိုင်ကယ်ပေါ်ကဆင်းပြီး မတ်တပ်ရပ်စောင့်နေတုန်း ကျွန်တော့်ရှေ့ လမ်းပေါ်ကနေ ကောင်လေးတစ်စု ဆိုင်ကယ်ဖြတ်မောင်းသွားပါတယ်။ မန္တလေးမှာက ဒီလို လမ်းသရဲဆန်ဆန် ဆိုင်ကယ်အုပ်စုလေးတွေ အခုနောက်ပိုင်း ပိုများများလာပါတယ်။ ဒီကောင်လေးတွေအုပ်စုဟာ လူလေးငါးဆယ်ယောက်၊ ဆိုင်ကယ်ကိုယ်စီ၊ ဆံပင်ဖြူနီကြောင်ကြား၊ ထူးထူးဆန်းဆန်း အပြင်အဆင်နဲ့ အခု ကောင်မလေးပေါက်စတွေ အလန်းလို့ ပြောကြမယ့် စတိုင်တွေနဲ့ပေါ့။
ကျွန်တော် သူတို့ကို ရပ်ကြည့်နေတုန်း၊ အရှေ့ကို တော်တော်လွန်သွားကာမှ သူတို့ အုပ်စုထဲက ဆိုင်ကယ်တစ်စီးက ဗြုန်းဆို ကျွန်တော်ရှိရာဘက်ကို ပြန်ကွေ့လာပါရော။ သူကွေ့လာတော့ အခြားဆိုင်ကယ်တွေပါ ကွေ့လိုက်လာတော့တာပေါ့။
"ဘဲကြီး စောစောက ခင်ဗျား ဘာကြည့်တာတုန်း"
ဗုဒ္ဓေါ။ ကျွန်တော် သိလိုက်ပါပြီ ဒီကောင်လေးတွေ ကျွန်တော့်ကို ပြဿနာရှာပြီဆိုတာ။ ဒီကောင်တွေ မျက်စောင်းက အကြောင်းသုံးပါး ရွေးတာမဟုတ်။ လက်ရဲဇက်ရဲ သူတို့ အကြောင်း ကျွန်တော် ကောင်းကောင်းသိပါတယ်။ ဒါပေမယ့် သူတို့ကတော့ ကျွန်တော့်အကြောင်း ဘာမှ သိရှာကြပုံ မရရှာပါ။
တစ်ချိန်က ဝါးရင်းတုတ်ဖိုးကေဆိုတာကို ကြားဖူးရင်၊ သူ့နည်းပြ ကိုဝင်းထွန်း(လယ်/ဆည်)ဆိုတာ ကျွန်တော်နဲ့ အိမ်ချင်းကပ်နေသွားဖူးတာမို့ ကျွန်တော်က မြန်မာ့လက်ဝှေ့ကို အနည်းအကျဉ်း သင်ဖူးပါတယ်။ ဒီပညာနဲ့ အပြင်မှာ ရန်မဖြစ်ပါဘူးလို့ ပဋိညာဉ်ခံပြီးမှ သင်ရတာပါ။ ပြီးတော့ ငယ်ငယ်က အဖေသင်ပေးခဲ့တဲ့ သိုင်းပြောင်းပြန်လည်း ကျွန်တော်က မဆိုစလောက် တတ်ပါသေးတယ်။ အဖေဆိုရင်တော့ လက်နက်မပါတာတောင် တုတ်ကိုင်လူ လေးငါးယောက်ကို အသာလေး တစ်ခဏအတွင်း ဖြိုပစ်နိုင်တဲ့အထိ စွမ်းပါတယ်။
ကျွန်တော့်ကို ဘာကြည့်တာတုန်းမေးတဲ့ ခပ်စွာစွာကောင်လေးကို သေချာကြည့်ပြီး ကျွန်တော်ပြောလိုက်ပါတယ်။
"မင်းကို ကြည့်တာ မဟုတ်ဘူး၊ ငါကြည့်တာ ဟိုဘက်ကကောင်"
ကျွန်တော်ညွှန်ပြတဲ့ကောင်လေးက ယခုကောင်လေးထက် ကိုယ်လုံးကိုယ်ပေါက် ပိုတောင့်ပြီး၊ သူ့ကြွက်သားတွေ ပေါ်အောင်လည်း တီရှပ်လက်ပြတ်ခပ်ကြပ်ကြပ်ကို ဝတ်ထားပါတယ်။
"အေး ကျုပ်ဆိုတော့ ခင်ဗျားကြီးက ဘာပြောချင်တာတုန်း"
ကောင်လေးက အတင့်ရဲစွာ ရှေ့တိုးလာပါတယ်။
ကျွန်တော်က သူ့တို့အဖွဲ့ကို အလျှဉ်းဂရုပြုဟန်မပြဘဲ တိုးလာတဲ့ကောင်လေးကိုပဲ ရဲရဲကြီးတစ်ခွန်းထဲ ပြောချလိုက်ပါတယ်။
"မင်းလက်မောင်းက တက်တူးမိုက်တယ်ကွ"
ကျွန်တော့်ရဲ့ ပြတ်သားတဲ့စကားကို ကြားတော့ ကောင်လေးကိုယ်ရှိန်တန့်ပြီး ကြောင်သွားပါတယ်။
"ဒီမှာကြည့်ကွ၊ ငါ့လက်မောင်းကို"
တစ်ဆက်တည်း ကျွန်တော်က ကျွန်တော့်ရှပ်အင်္ကျီလက်ကို လက်မောင်းထိ ပင့်တင်လိုက်ပါတယ်။
"ဟင် ဘာတက်တူးမှလည်း မရှိပါဘူး"
"တက်တူးတင် မရှိတာမဟုတ်ဘူးကွ၊ သေချာကြည့် ငယ်ငယ်က ကျောက်ဆေးထိုးထားတဲ့ အမာရွတ်ပါ မရှိတာမောင်"
"အဲဒီတော့"
"ငါက နာမှာကြောက်တယ်လေကွ၊ ငယ်ငယ်ကဆို ကျောင်းမှာ ကျောက်ဆေးလာထိုးတိုင်း နာမှာကြောက်လို့ ကျောင်းလစ်ပြီး ပုန်းနေခဲ့တော့ အခုထိ လက်မောင်းမှာ အမာရွတ်နဲ့တူတာဆိုလို့ ခြင်ကိုက်ဖုတောင် မရှိတာသာကြည့်"
"……."
"ဒါပေမယ့် မင်းတို့လို တက်တူးလေးတွေတော့ ငါကြိုက်သကွ၊ နို့ပေတဲ့ အနာခံပြီးလည်း မင်းတို့လိုမထိုးရဲခဲ့တော့၊ အဲဒါ အခုလို လှတပတ ထိုးထားတဲ့ လူတွေ့ရင် မလွတ်တမ်း ကြည့်မိတာပဲဟေ့၊ ဒါနဲ့ မင်းတို့ကအခု ဘာလို့ ပြန်လှည့်လာတာတုန်း၊ ငါ့ကို သိလို့လား"
"ဘဲကြီး ခင်ဗျား သောက်ဆန်းကြီးတွေ သိပ်ပြောတတ်တယ်။ ကြိုက်သွားပြီ၊ အခုကျုပ်တို့ အဖွဲ့နဲ့ လိုက်ခဲ့မလား၊ ရေကူးကန်ဘက်သွားမလို့"
ကျွန်တော် လိုက်မသွားတော့ပါ။ ကျွန်တော် မတောက်တခေါက် တတ်ထားသော မြန်မာ့လက်ဝှေ့ပညာနှင့် သိုင်းပြောင်းပြန်တိုက်ကွက်များကို ထုတ်မသုံးလိုက်ရသည်ကိုပင် ဒီကောင်လေးတွေ ကံကောင်းရန်ကောဟု ကြံဖန်ကျေးဇူးတင်လိုက်ရပါသည်။
ကျောင်းသား ဘဝတစ်လျှောက် ရန်ပွဲပေါင်းများစွာတွင် ထိုမတောက်တခေါက် ပညာများကို အသုံးပြုခဲ့သည်မှာ သင်္ကြန်တွင်း ဒုလ္လဘဝတ်တိုင်း လူမြင်ကွင်းထွက်လာလေ့ရှိသော ခေါင်းမှ အမာရွတ်များက သက်သေပင်ဖြစ်သည်။ အကယ်တိ ကောင်လေးများသည် ကျွန်တော့်စကားကို နားမထောင်ဘဲ ရှေ့ဆက်တိုးလာခဲ့သည် ရှိသော် ယခုနေ သူတို့ ကျွန်တော့်ကို ဆေးရုံမှာ လူနာမေးရသော ဒုက္ခကြီးတစ်ခုကို မှန်မှန်ကြီးရက်ဆက် ပြုနေရပေတော့မည်။ သူ့မိဘများလည်း ကျွန်တော့်အတွက် ဆေးဖိုးမကုန်ကြ၍ ကံကောင်းသွားကြရှာပါသည်။
ထို့အပြင် ကျွန်တော့်ကို သူတို့က ၄င်းတို့ထိုင်နေကျ ဘီယာဆိုင်နှင့် ထိုင်တတ်သည့် အချိန်ကို ပြောပြ ဖိတ်မဏ္ဍက ပြုသွားကြသောကြောင့် လမ်းကြုံလျှင် ဖရီးဝင်ကစ်နိုင်သော အခွင့်တစ်ခုတိုးလာပြီ ဖြစ်၍ ကျွန်တော်လည်း ကံကောင်းပါသည်။ လောကသည် သာယာပေစွတကား။
အောင်မျိုးသူလွင်
Aungmyothu Lwin
မူရင်းပိုစ်
သြော်….ဒီလိုပါလား
မဲမပေးမီ
အမတ်မင်းများ: တွေးမပူပါနဲ့။ခင်ဗျားတို့ရှေ့မှာကျွန်တော်တို့ရှိပါတယ်။
ပြည်သူလူထု: မြေပေါ်မြေအောက်သယံဇာတများမှရရှိုနိုင်တဲ့အကျိုးစီးပွားတွေကို ဘယ်လိုမျိုးများစီမံမှာလဲခင်ဗျာ။
အမတ်မင်းများ: အို။ပြည်သူတွေပဲ အစဦးဆုံးခံစားရမှာပေါ။မေးစရာတောင်မလိုပါဘူး။
ပြည်သူလူထု: ကုန်ဈေးနှုန်းတွေ ယခုလက်ရှိထက်ဈေးကြီးလာရင်ရော….?
အမတ်မင်းများ: သေချာပေါက်အာမခံတယ်။ဒီထက်နှစ်ဆလျော့စေရမယ်။
ပြည်သူလူထု: .. ယနေ့ကလေးတွေရဲ့ ပညာရေးအခြေအနေအတွက် ဘယ်လိုများစီမံပေးမှာလဲခင်ဗျာ။
အမတ်မင်းများ: စိတ်ချ၊မကောင်းတာအားလုံးကိုအမြန်ဆုံးမြေလှန်ပစ်မှာပါ။
ပြည်သူလူထု-အရင်လူတွေခုတ်လို့ပြုန်းတီးသွားတဲ့သစ်တောတွေအတွက် ရှေ့ဆက်လုပ်မယ့်အစီအစဉ်လေး သိချင်လို့၊၊
အမတ်မင်းများ: အင်း၊စိတ်ရှည်ရှည်တော့ထားပေးရမှာပေါ့။ ဟုတ်ဘူးလား။တစ်နေ့တလံပုဂံဘယ်ပြေးမလဲဆိုတဲ့ထုံးတော့နှလုံးမူဦးမှပေါ့။ခုရေတွင်းတူး၊ခုရေကြည်
သောက်ချင်လို့တော့ဘယ်ရမှာလဲ။
ပြည်သူလူထု: လူကြီးမင်းတို့ကို မဲမပေးခင်က ပေးတဲ့ကတိတွေ မဲပေးပြီးနောက်လည်း တည်မယ်လို့မျှော်လင့်ပါတယ်။
မဲပေးပြီးနောက် အောက်မှအထက်သို့ပြန်ဖတ်ကြည့်ပါ…..
မူရင်းပိုစ်လင့်
Subscribe to:
Posts (Atom)


