နောက်ဆုံး တင်သမျှ
Sunday, 30 October 2016
"ငှက်တစ်ကောင် နဲ့ စကားပြောကြည့်ခြင်း"
=>
Me :
တိုင်းပြည်ကို ဂုတ်သွေးစုပ်အမြတ်ထုတ်ခဲ့တဲ့
ခရိုနီတွေကို saction ဖွင့်ပေးဖို့ကြိုးစားတာ
အောင်မြင်သွားတယ်ဆို
Angry Bird :
အမျိုးသား ရင်ကြားစေ့ရေးကွ
မင်းဘာနားလည်လဲ ချီးဘရိန်း …
ချီးဦးနှောက်နဲ့ မင်းကဘာသိလို့လဲ …
ဘာမှမသိပဲ မပြောနဲ့
သူတောင်းစား ၊ ခွေး $#&@-:#-!//
=>
Me :
ဆန်ဈေး ပေါ်ဆန်း တစ်အိတ်
၅၀၀၀၀ ကျော်တော့မယ်နော်
Angry Bird :
မင်းဘာနားလည်လို့လဲ ?
ဒီထက်အရေးကြီးတာတွေ လုပ်နေတယ်
နောက်ဆို အလကားရမှာ
ဘာမှမသိပဲ မပြောနဲ့
သူတောင်းစား ၊ ခွေး $#&@-:#-!//
=>
Me :
ဆီဈေး တွေတက်တာ …
ဘယ်မှတောင် မသွားရဲသလောက်ပဲ
Angry Bird :
မင်းချီးဦးနှောက်နဲ့ မပြောနဲ့
မင်းဘာသိလဲ ?
အခုဆိုကားတွေ ရှင်းမသွားဘူးလား?
လမ်းတွေ မပိတ်တော့ဘူးတွေ့လား ?
ဘာမှမသိပဲ မပြောနဲ့
သူတောင်းစား ၊ ခွေး $#&@-:#-!//
=>
Me :
ဒေါ်လာဈေး တအားတက်တယ်
အလုပ်လုပ်ရ အဆင်မပြေချင်တော့ဘူး
Angry Bird :
မင်းမသိပဲဘာမှ ဆက်မပြောနဲ့
နောက် ၆ လ နေ မြန်မာငွေဈေးနဲ့ အတူတူ
ဖြစ်တော့မယ်ဆိုတာ နားမလည်ဘူးလား ?
ဘာမှမသိပဲ မပြောနဲ့
သူတောင်းစား ၊ ခွေး $#&@-:#-!//
=>
Me :
ရာဇဝတ်မှုတွေ အရမ်းများလာတယ်
နေရတာ မလုံခြုံတော့သလိုပဲ
Angry Bird :
မင်းပါးစပ်ပိတ်ထားစမ်း
မင်းဘယ်လောက်သိလဲ
မင်းဘာတတ်လို့လဲ
ဒီထက်အရေးကြီးတာတွေအများကြီးကွ
ဘာမှမသိပဲ မပြောနဲ့
သူတောင်းစား ၊ ခွေး $#&@-:#-!//
=>
Me :
အဖွားကြီးလို့ ပြောမိတာနဲ့
အမှုဖွင့်ခံရတယ်ဆို
Angry Bird :
ငိုးမသားလေး မင်းဘာပြောတာလဲဟျောင့် …
ထပ်ပြောစမ်း … ထပ်ပြောလိုက်စမ်းဘာာ…
လူစုကြစမ်း …အဖွဲ့ဖွဲ့ပြီး အလှူခံကြစမ်းကွာ …
ဒီသူတောင်းစား
မအေ@-#*$*#* ကို
အခုချက်ချင်း
ထောင်ချဖို့လုပ်ကြစမ်း
ငိုးမ @#$#$
သေချင်း@###$
မင်း … သေဖို့သာပြင်ထား …
တရားဥပဒေ စိုးမိုးရေးကွ bla …bla …
ဘာမှတ်နေလဲ …
သေသွားမယ် …
မသေမရှင်ဖြစ်သွားမယ် …
မသေသလိုလို သေသလိုလိုဖြစ်သွားမယ် …
××××××××××××××××××××××××××××
Aye Chan Min
Saturday, 29 October 2016
အစိုးရနဲ့တပ်မတော်....ဘာလဲ.....ဘယ်လဲ
ဝ နဲ့  ကိစ္စမှာ တပ်က ဒေါ်စု မီးစိမ်းပြမှာ ...
စောင့်နေတယ်လို့ ရေးတော့ ...
တစ်ချို့ က မကျေမနပ် ဖြစ်ကြပါတယ် ...
ကျွန်တော် စဉ်းစားမိသလောက်တော့ ...
မကျေမနပ် ဖြစ်ကြသူတွေမှာ ...
အမျိုးအစား သုံးခု ရှိနိုင်ပါတယ် ...
ပထမတစ်ခုကတော့ ...
တကယ့်ကို မသိနားမလည်တဲ့  သူတွေပါ ...
အွန်လိုင်း ငှက်လော်ဘီတစ်ချို့ ရေးနေကြ ...
ပြည်ထဲရေးဟာ အစိုးရအောက် မရှိဘူး ...
တပ်မတော်က သီးခြား နေနေတာ ...
အစိုးရ အမိန့် ကို မနာခံ ...
ထင်ရာစိုင်းနေတဲ့  သဘော ...
နေ့ စဉ် အပင်းသွင်းတဲ့  စာတွေ ဖတ်မိသူတွေပါ ...
ဒီလူတွေအဖို့  ...
တပ်ဟာ အစိုးရနဲ့  အဆင်မပြေ ...
အစိုးရ လက်အောက်မှာ မရှိဘူး ...
သူ လုပ်ချင်ရာ လုပ်နေတာလို့ ပဲ ...
ရိုးရိုးသားသား ထင်နေပုံရပါတယ် ...
ဒါက တစ်အုပ်စုပါ ...
နောက်အုပ်စု တစ်ခုကတော့ ...
ဒေါ်စုကို အကျပ်အတည်း ဖြစ်မှာ စိုးရိမ်သူ ...
ဘေးကျပ်နံကျပ် ကိစ္စတွေမှာ ...
တာဝန် မခံစေလို မမြင်လိုသူတွေပါ ...
ဒီလူတွေအဖို့ ကတော့ ...
ဝ ကိစ္စဟာ တပ်က သူ့ ဖာသာသူ ...
ဝင်တိုက်တယ်ပဲ ဖြစ်စေချင်ပါတယ် ...
ဒေါ်စု မီးစိမ်းပြလို့  ...
တိုက်ရတယ်ဆိုတာ မဖြစ်စေချင်ပါဘူး ...
စစ်ပွဲ ကျယ်ပြန့် လာလို့  ...
ဘေးထွက်ဆိုးကျိုးတွေ ရှိလာခဲ့လျှင် ...
အခြားတိုင်းရင်းသား လက်နက်ကိုင်တွေက ...
ဝိုင်းပြီး ဖိအားပေးလာခဲ့လျှင် ...
တာဝန်ရှိသူဟာ ဒေါ်စုမဖြစ်စေချင်ပါဘူး ...
စစ်တပ်က သူ့ ဖာသူ ငပွကြီးလုပ်ပြီး ၀င်တိုက်တာ ...
ဒေါ်စုနဲ့  မဆိုင်ဘူး ...
ဒေါ်စုက ငြိမ်းချမ်းရေး လိုလားသူ ....
ဘာညာသာရကာ နေကြာကွာစိပေါ့ ...
ဒီလို ဖြစ်စေချင်တာပါ ...
တတိယအုပ်စုကတော့ ...
တပ်မတော် မုန်းတီးရေးဝါဒီတွေပါ ...
ဒီ အုပ်စုရဲ့  ပြသနာက ...
တပ် နဲ့  ဒေါ်စုနဲ့  အဆင်မပြေစေချင်တာပါ ...
တပ်ဟာ ဒေါ်စုနဲ့  အဆင်ပြေရင် ...
သူတို့ အနေနဲ့  တပ်ကို Blame လုပ်ရ ...
အတော် ခက်ပါတယ် ...
မဟုတ်ရင် ဘာလုပ်လုပ် ထိုင်ပြီး ...
သောက်ပြစ်ပြောနေလို့ ရတာကိုး ....
အဲဒီတော့ ဒီလူတွေစိတ်မှာ ....
တပ်နဲ့ ဒေါ်စု တစ်သားတည်းလို့ မမြင်အောင် ...
အမျိုးစုံလိုက်ပြီး ကွယ်ကြ ကာကြ လုပ်ကြပါတယ် ...
ဒါ ကျွန်တော် ပြောချင်တဲ့ အမျိုးအစား သုံးမျိုးပါ ...
ခက်တာက ....
လူအတော်များများဟာ ...
နိုင်ငံရေးအခြေအနေတွေ ပြောင်းလဲနေပြီဆိုတာ ...
သတိမမူမိတာပါပဲ ...
မြန်မာ့ နိုင်ငံရေးကို စိတ်ပါဝင်စားရင်တော့ ....
နေပြည်တော်ရာသီဥတုကို ...
တစ်ချက် မျက်စိဝေ့ကြည့်သင့်ပါတယ် ...
ဒေါ်အောင်ဆန်းစုကြည်နားမှာ ....
Hard Liner တစ်ချို့ ရှိတာ မှန်ပေမယ့် ...
ဒေါ်အောင်ဆန်းစုကြည် နဲ့  တပ်ရဲ့  ဆက်ဆံရေးက ...
အတော်လေး ကောင်းမွန်နေတာ ကြာခဲ့ပါပြီ ...
ဒေါ်စုအနေနဲ့ လဲ ...
တိုင်းပြည်ကို တကယ်စီမံအုပ်ချုပ်ရချိန်မှာ ...
အတိုက်အခံဘ၀တုန်းက စကားပြောသလောက် ...
မလွယ်ကူတာကို လက်တွေ့ သိလာရသလို ...
ကိုယ့်နိုင်ငံနဲ့  ပတ်သက်လို့  ...
တပ်မတော် ရဲ့  စိုးရိမ်ပူပန်မှုတစ်ချို့ ဟာ ..
အလကားလျောက်ပြောနေတာ မဟုတ်မှန်း ...
တပ်က လုပ်ထားတဲ့ အစီအမံတစ်ချို့ ဟာ ...
အင်မတန် လက်တွေ့ ကျမှန်း ....
သိသင့်သလောက် သိနေခဲ့ပါပြီ ...
တစ်ခါ တပ်ဘက်ကလဲ ...
နိုင်ငံရေးအရ လူထုထောက်ခံမှု ရတဲ့  ခေါင်းဆောင်တစ်ဦး ...
မိမိတို့ ကို ကျောထောက်နောက်ခံ ပြုထားတယ်ဆိုလျှင် ...
လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရတာ ပိုမို လွယ်ကူမှန်း ...
အတိုက်အခိုက် အခုအခံ အတော်လျော့နည်းမှန်း ...
နိုင်ငံတကာ ဖိအားတွေ သက်သာသွားမှန်း ...
လက်တွေ့  သဘောပေါက်လာတဲ့  အနေအထားမှာ ရှိပါတယ် ...
နေပြည်တော် ရပ်ဝန်းကို ...
တစ်ချက် စုံစမ်းကြည့်ပါအုန်း ...
ကာကွယ်ရေး ၊ ပြည်ထဲရေးနဲ့ 
နယ်စပ်ရေးရာ ၀န်ကြီးတွေ အကုန်လုံး ....
အစိုးရ အဖွဲ့ ရဲ့  မူဝါဒ နဲ့  ညွှန်ကြားချက်အတိုင်း ....
အလုပ်လုပ်နေကြတာပါ ...
ရခိုင် ကိစ္စကို မျက်စိဝေ့ကြည့်ပါအုန်း ...
နိုင်ငံတော် သမ္မတရုံးက ဘာပြောနေလဲ ...
တပ်တွေက ဘာလုပ်နေလဲ ...
ဒေါ်အောင်ဆန်းစုကြည်က ဘာကြေငြာထားလဲ ...
အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဘာတွေပြောနေလဲ ....
အစိုးရ နဲ့ တပ်ဟာ ....
လမ်းကြောင်းတစ်ခုတည်း ရှိ မရှိ အကဲခတ်ကြည့်ပါအုန်း ....
ဝ က မိုင်းလား စခန်းတွေ ၀င်သိမ်းတာ ...
ပြီးခဲ့တဲ့  လ ကတည်းကပါ ...
တပ်က ပြန်ဆုတ်ဖို့ ပြောတာ ...
ဒေါ်စု နဲ့ ကာလုံ အဖွဲ့ တွေ နဲ့  တွေ့ ပြီးမှပါ ...
ဒေါက်တာ တင်မျိုးဝင်း တို့ ဘာလုပ်နေလဲ ...
အခင်းဖြစ် ဒေသမှာ ....
တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေရော ...
တင့်ကားတွေရော ... ဒုံးတွေရော ပြည့်နေပါပြီ ...
တပ်က ဘာလို့ စောင့်နေတယ် ထင်လဲ ....
တစ်ချက် စဉ်းစားကြည့်ပါအုန်း ...
ရှမ်းပြည်တစ်ခုလုံး စစ်တလင်း ဖြစ်သွားနိုင်တဲ့ ကိစ္စမှာ ...
တပ်က သူ့ သဘောနဲ့ သူ လုပ်မယ်ထင်နေသလား ?
အစိုးရ သဘောထား တစ်စက်မှမပါဘူးဆိုတာ ....
ဖြစ်နိုင်ပါ့မလား စဉ်းစားကြည့်ကြပါအုန်း ....
ကေအိုင်အေကို တပ်က အပြတ်ကင်နေတဲ့ ကိစ္စ ...
အစိုးရက အသံတစ်ချက်မှမှ မထွက်တာ ...
ဘာသဘောလဲ သေချာလေး တွေးကြည့်ပါအုန်း ....
ပြီးခဲ့တဲ့  လေးနှစ်အတွင်း ...
ကျွန်တော် ပြောနေကြ ရေးနေကြ စကားရှိပါတယ် ...
အစိုးရတစ်ရပ်ဟာ အစိုးရလိုပဲ စဉ်းစားပါတယ် ...
အတိုက်အခံတုန်းက ....
တပ်မတော် နဲ့ အဆင်မပြေဖြစ်ခဲ့လို့  ...
အစိုးရဖြစ်လာချိန် ...
တစ်သက်လုံး ဆက် အဆင်မပြေဖြစ်မယ် ...
ထင်နေရင်တော့ ...
ခင်ဗျားတို့ အလွဲကြီး လွဲပေါ့ ....
အစိုးရ တစ်ရပ်နဲ့  ...
အစိုးရ ရဲ့ အင်စတီကျူးရှင်း တပ်မတော်တို့  ...
တစ်ချို့ ကိစ္စတွေမှာ ....
In line ဖြစ်လာတာ ဘာများထူးဆန်းလဲ ?
စဉ်းစားတဲ့  ကြည့်တဲ့  မြင်တဲ့  ရူထောင့်က ...
တစ်ထပ်တည်း မဟုတ်ပေမယ့် ...
နီးနီးစပ်စပ် တူလာတာကိုး ...
:) :) :) :) :)
Credit, YeMoe

Friday, 28 October 2016
ဇီကာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေး သတိပေးနှိုးဆော်ချက်
ဇီကာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေး သတိပေးနှိုးဆော်ချက်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
ဇီကာဗိုင်းရပ်စ်ရောဂါပိုး ဆိုသည်မှာ ရောဂါပိုး သယ်ဆောင်ထား သည့် အေးဒီးစ်ခြင်ကျား ကိုက်ခံရ ခြင်းမှ ကူးစက်ပျံ့နှံ့ ဖြစ်ပွား တတ်သော ရောဂါတစ်မျိုး ဖြစ်ပါသည်။
ဇီကာဗိုင်းရပ်စ် သယ်ဆောင်ထားသော အေးဒီးစ်ခြင်ကျား သည် ရေကြည်ရေ သန့်တွင် ပေါက်ဖွားသည်။ ရေလှောင်ထားသောအိုး၊ ခွက်၊ တိုင်ကီ၊ ပန်းအိုး၊ ရေတင်ကျန်လျက်ရှိသော စွန့်ပစ်ပစ္စည်းများ ဖြစ်သည့် ကားတာယာ၊ ပလတ်စတစ်ခွက် စသည်တို့တွင် တွေ့ရသည်။ နေ့ဘက်အချိန်တွင် လူကို ကိုက်ခြင်းမှ တစ်ဆင့် ရောဂါကူးစက်ခြင်း၊ ဇီကာဗိုင်းရပ်စ်ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံခြင်းမှတဆင့် ကူးစက်ဖြစ်ပွားစေ ပါသည်။
ဇီကာဗိုင်းရပ်စ်ရောဂါသည် ခြင်ကိုက်ခံရပြီး နှစ်ရက်မှ ခုနှစ်ရက် အတွင်း ရောဂါလက္ခဏာများ စတင် ဖြစ်ပွားလာနိုင်ပြီး ရောဂါကူးစက်ခံရသူ ငါးဦးတွင် တစ်ဦး၌ ရောဂါလက္ခဏာများ ပြသနိုင်ကြောင်း သိရှိရပါသည်။ အဓိက လက္ခဏာများမှာ ဖျားခြင်း၊ အရေပြားပေါ်တွင် အနီအစက်များ ထွက်ခြင်း၊ မျက်စိနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနှင့်အဆစ်များ နာကျင်ခြင်းတို့ဖြစ်တတ် ပါသည်။ ဇီကာ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ဖြစ်ပွားခြင်း၊ နောက်ဆက်တွဲအဖြစ် ကိုယ်ဝန်ဆောင်မိခင် များတွင် ဇီကာ ဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရပါက ဦးနှောက်သေးငယ်သော ကလေးငယ်များ မွေးဖွား လာနိုင်ပါသည်။
ဇီကာဗိုင်းရပ်စ်ရောဂါအတွက် ကာကွယ်ဆေး မရှိသေးပါ။ ရောဂါလက္ခဏာ သက်သာရန်အတွက်သာ ကုသပေးနိုင်ပါသည်။ ရောဂါကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် အကောင်းဆုံး ကာကွယ်နည်းမှာ ခြင်ကိုက် မခံရအောင် နေထိုင်ခြင်း၊ ခြင်ကျား ပိုးလောက်လမ်းနှိမ်နင်းရေး လုပ်ငန်းကို ကျန်းမာရေးဌာန များနှင့်ပူး ပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။ ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များ၊ ကိုယ်ဝန်ယူရန် ပြင်ဆင်ထားသူများ အနေဖြင့် လည်း ရောဂါကူးစက်ခြင်းမှ ကာကွယ်ရန် ဇီကာဗိုင်းရပ်စ်ရောဂါ လက်ရှိ ဖြစ်ပွား လျက်ရှိသော အခြားနိုင်ငံများ သို့ခရီးသွားလာခြင်းကို ရှောင်ကြဉ်သင့်ပါ သည်။ ရောဂါ ဖြစ်ပွားသည့် နိုင်ငံများသို့ သွားရောက်သူများနှင့် အလုပ်လုပ် ကိုင်နေသူ အမျိုးသားများအနေဖြင့် ရောဂါမကူးစက်စေရန် သတိပြုနေထိုင်ခြင်း၊ မိမိနိုင်ငံသို့ပြန်လာစဉ် သံသယရောဂါ လက္ခဏာများ တွေ့ရှိပါကနီးစပ်ရာ ကျန်းမာရေး ဌာနသို့ ချက်ချင်း သတင်းပေးပို့ပါရန် အသိပေး နှိုးဆော်အပ်ပါသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

LBOK Media မှတင်ဆက်သော ဒီဘိတ်
ဒေါ်ရှုကြည်စပြော - ဒီကိစ္စကို ဖေဖေလည်းပြောခဲ့တယ်။ ကျမလည်း ခနခနပြောတယ်... ဘာပြောခဲ့သလဲဆွာတော့ မေ့ပီ ...
ဖရူဖရူကရော်တိန်း ၀င်ဖား - အို အန်တီစ့် ရယ် ... ကျမက နေးတစ်ဖ်စပီကာတျောက်ဆိုတော့ ကျမသာ သမ္မတဖြစ်ရင် အာ့ရာထူးကို အန့်တီ့စ်ကို ပေးလိုက်ဖို့ ဆုံးဖြတ်ထားဒယ်စ်
ဘူးလက်လှဆွေ- သမီး အားနေရင်လည်း အိမ်မာ ဂျွမ်းထိုးနေပါလားကွယ်...
(ဖရူဖရူကရော်တိန်း မျက်နှာကွက်ခနဲ မည်းသွား)
နေမျိုးဝေ- ငါကတော့ ဘယ်အစိုးရတက်တက် ငါမတက်သရွေ့ ထိုင်ဆဲနေဦးမှာပဲ ရှင်းကြလား။
နေမိုးဇင် အသားလွတ်ထကြိမ်း- ဟေ့လူ ခဗျားလုပ်ရဲလုပ်ကြည့်လေ၊ ကျုပ်က ဘိုကြီးဟောင်းဗျ ဘိုကြီးဟောင်း....
ရဲအရာရှိတစ်ဦးမှ ၀င်ဆဲ- ဘိုကြီးဟောင်းဆို မင်း ဖျင်ခံလတ်လေ.....
ဒေါ်ရှုကြည် - ဒါကို Record ယူထားပါ....
ဘဏ္ဏာရေးဝံကြီး ၀င်ထိန်း- တော်ကြပါတော့ခဗျာ... ခြောက်လအတွင်း နိုင်ငံစီးပွား ၃ ဆတိုးတက်ဖို့ ကျနော် မျှော်မှန်းထားတဲ့ကိစ္စဖက် ဆက်ကြရအောင်လေ ...
အူးလင်းထိန် ၀င်ဆဲ- စောက်ရူး မင်းက စောက်ရူး စောက်ရူး ခြောက်ခါပဲ.....
ထိုသို့ဖြင့် စကားစစ်ထိုးပွဲကြီး မစခင်ကဘဲ ပျက်သည်ဖြစ်ရာ လော်ဘီအုတ်ခဲလည်း ကင်မရာပြန်သိမ်း၍ ""မေမေ့ဘုန်းတော်ကြောင့် မုန်တိုင်းကြီး ထွက်ပြေးသွား"" သည့် သတင်းကိုပဲ လိုက်တော့မည် ဆုံးဖြတ်ကာ သုတ်ချေတင်ခဲ့လေသတည်း။ နောက်တွင်ကား ဘာတွေဖြစ်ကျန်ခဲ့သည် မသိတော့ချေ။
ခရက်ဒစ် ။ဥက္ကာကိုကို
ဲ
Tuesday, 25 October 2016
အပြောနှင့်အလုပ်ညီပါစေ
ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက် နံနက် ၅ နာရီခန့်က ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် မိချောင်းတွင်းကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း ခရီးသည်တင် အမြန်ရေယာဉ်တစ်စင်း တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါသည်။ ယင်းရေယာဉ်ပေါ်တွင် ခရီးသည် ၃ဝဝ ကျော်လိုက်ပါလာသည့်အနက် လတ်တလောတွင် ၁၅၉ ဦးသာ ကယ်တင်နိုင်ခဲ့ကြောင်း သိရပါသည်။ အောင်စိုးမိုးကျော် ခရီးသည်တင် အမြန်ရေယာဉ် တိမ်းမှောက်သည့်ဖြစ်စဉ် ဖြစ်ပွားရခြင်းမှာ ရေယာဉ်တွင် တင်ဆောင်ရမည့်ခရီးသည်၊ ကုန်အလေးချိန်ပမာဏထက် အဆမတန်များပြားသောပမာဏကို တင်ဆောင်ခဲ့သော ကြောင့် ဖြစ်သည်။
တကယ်တမ်းတွင် အမြန်ရေယာဉ်လူစီးနှင့် ကုန်တင်ရေယာဉ်များကို လုပ်ငန်း လိုင်စင်နှင့် ရေယာဉ်လိုင်စင်သက်တမ်းရှိ၊မရှိ၊ သတ်မှတ်ထားသည့် ဝန်တင်မျဉ်းထက် ကျော်လွန်၍ ခရီးသည်နှင့်ကုန်စည်များ တင်ဆောင်ထားခြင်းရှိ၊မရှိ၊ ရေယာဉ်အရေးပေါ် အခြေအနေကြုံတွေ့လာပါက အသုံးပြုနိုင်မည့် သက်ကယ်အင်္ကျီ၊သက်ကယ်ဗောကွင်း စီမံထားရှိမှုရှိ၊မရှိ၊ မီးသတ်ဆေးဘူးနှင့် မီးသတ်ကိရိယာများနှင့် ရေယာဉ်အတွင်း အကြောင်းအမျိုးမျိုးကြောင့်ရေများ ဝင်ရောက်လာပါက စုပ်ထုတ်နိုင်ရန်အတွက် အပိုရေစုပ်စက်ငယ်ပါရှိမှုရှိ၊မရှိ၊ ထို့အပြင် ရေယာဉ်အန္တရာယ်ဖြစ်ပေါ်နိုင်သည့် အခြေအနေမျိုးကို ရောက်ရှိနိုင်သည့်အချက်များ (ဥပမာ-လူလျှောက်လမ်းနှင့် ရေယာဉ်ဦးပိုင်း၊ ပဲ့ပိုင်း၊ ရေယာဉ်အမိုးပေါ်တို့တွင် ကုန်ပစ္စည်းများ တင်ဆောင်ထား ခြင်းရှိ၊မရှိ)၊ ရေယာဉ်ပေါ်တွင် သတ်မှတ်ထားသည့် ရေယာဉ်လုပ်သား လုံလောက်စွာ ပါရှိမှုရှိ၊မရှိတို့ကို အမြဲမပြတ်စစ်ဆေးပြီးမှ ရေယာဉ်များကို ပြေးဆွဲခွင့်ပြုရမည်ဖြစ် သည်။ သို့သော်လည်း မြန်မာနိုင်ငံရှိ အစိုးရအဖွဲ့မှတာဝန်ရှိသူများသည် ထိုကဲ့သို့ စစ်ဆေးမှုများကို လူမြင်ကောင်းအောင်သာလုပ်လေ့ရှိပြီး ဖိဖိစီးစီးလုပ်လေ့မရှိပေ။ ထို့ကြောင့်ပင် အောင်စိုးမိုးကျော်ရေယာဉ်တိမ်းမှောက်မှုကဲ့သို့ မဖြစ်သင့်သည့်ကိစ္စဆိုး များဖြစ်ပွားပြီး အပြစ်မဲ့ပြည်သူများ အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။
အောင်စိုးမိုးကျော်အမြန်ရေယာဉ်တိမ်းမှောက်ပြီး သိပ်မကြာခင်မှာပင် ချင်းတွင်း မြစ်အတွင်း ပုံမှန်ပြေးဆွဲလျက်ရှိသည့် လူစီးနှင့်ကုန်တင်အမြန်ရေယာဉ်များ ခွင့်ပြု တန်ချိန်ထက် ပိုမိုတင်ဆောင်ပါက ရေကြောင်းဥပဒေများဖြင့် ထိရောက်စွာအရေးယူ သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှပြောထားသည်ကို သတင်းတစ်ပုဒ်တွင် ဖတ်လိုက်ရပါသည်။ထိုသတင်းဖတ်လိုက်ရပြီး နာရီပိုင်းအတွင်းမှာပင် အောင်စိုးမိုးကျော် အမြန်ရေယာဉ်တိမ်းမှောက်မှုဖြစ်ပြီးနောက်ပိုင်း ခရီးသည်တင်အမြန်ရေယာဉ်အချို့၌ ခရီးသည်များကို ခေါင်မိုးပေါ်သို့တင်ခြင်း၊ ထိုင်ခုံအရေအတွက် လူဦးရေထက် ပိုတင် ခြင်းများရှိနေကြောင်း ခရီးသည်များနှင့် ဒေသခံများက ပြောကြားထားသည့် သတင်း တစ်ပုဒ်ကိုလည်း ထပ်မံဖတ်လိုက်ရပါသည်။ ထိုသတင်းနှစ်ပုဒ်သည် အစိုးရအဖွဲ့၏ အပြောနှင့်အလုပ်မညီမှုကို မီးမောင်းထိုးပြသကဲ့သို့ဖြစ်နေသည်။
မြန်မာအစိုးရအပါအဝင် အဖွဲ့အစည်းအများစုသည် အကြောင်းကိစ္စတစ်ခု ဖြစ်ပွားပြီးခါစ ပူပူနွေးနွေးမှာပင် လိုအပ်သည့်စစ်ဆေးမှု၊ အရေးယူမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိတတ်မှုများကို ဖုတ်ပူမီးတိုက် လုပ်လေ့ရှိပြီး အချိန်အနည်းငယ် ကြာသွားချိန်တွင် ထိုကိစ္စများကို လျစ်လျူရှုထားလိုက်ကြသည်က များပါသည်။ ချင်းတွင်းမြစ်တွင်းသွား အမြန်ရေယာဉ်တိမ်းမှောက်မှုများအနက် ၂ဝဝဝ ခုနှစ် နောက်ပိုင်းတွင် လူအသေအပျောက်များသော တိမ်းမှောက်မှု လေးကြိမ်ခန့်ဖြစ်ပွား ခဲ့ပါသည်။ ထိုအမြန်ရေယာဉ်များတိမ်းမှောက်စဉ်ကလည်း ယခုကဲ့သို့ပင် လူစီးနှင့် ကုန်တင် အမြန်ရေယာဉ်များ ခွင့်ပြုတန်ချိန်ထက် ပိုမိုတင်ဆောင်ပါက ထိရောက်စွာ အရေးယူသွားမည်ဟု သက်ဆိုင်ရာတာဝန်ရှိသောဌာနက ပြောခဲ့ဖူးပါသည်။ သို့သော် လည်း သက်ဆိုင်ရာတာဝန်ရှိသူများသည် အပြောနှင့်အလုပ်ညီအောင် မလုပ်ခဲ့သော ကြောင့် ယခုအခါတွင်လည်း အောင်စိုးမိုးကျော်အမြန်ရေယာဉ်နစ်မြုပ်ပြီး ပြည်သူများ အသက်ဆုံးရှုံးခဲ့ရပြန်ပါသည်။
ထို့ကြောင့် အစိုးရအနေဖြင့် ချင်းတွင်းမြစ်အတွင်း အမြန်ရေယာဉ်နှင့် ခရီးသွား လာနေကြရသည့် ပြည်သူများ အသက်အန္တရာယ်ကင်းရှင်းရေး၊ လုံခြုံစိတ်ချမ်းသာရေး တို့အတွက် စစ်ဆေးအရေးယူဆောင်ရွက်မှုများကို အပြောနှင့်အလုပ်ညီစွာ ထိထိရောက် ရောက်ပြုလုပ်သင့်ပါသည်။ ထိုနည်းတူ အခြားသောနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအစရှိသော ကဏ္ဍရပ်များ တွင်လည်း အပြောနှင့်အလုပ်ညီစွာ ဆောင်ရွက်ကြပြီးလျှင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဆီသို့ အရောက်လှမ်းကြစေလိုကြောင်း ရေးသားလိုက်ရပေသည်။
source; uniondaily.net
photo; internet uploader
Sunday, 23 October 2016
လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းသည့်ဥပဒေ ပြဋ္ဌာန်းသင့်ပြီဟုဆို
အောက်တိုဘာ(၂၃)၊၂၀၁၆
လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းသည့်ဥပဒေကို ယခုအချိန်တွင် ပြဋ္ဌာန်းသင့်ပြီဖြစ်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့က ယနေ့ (အောက်တိုဘာလ ၂၃)ရက်တွင် ပြောဆိုလိုက်သည်။
ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ,ယနေ့ ကျင်းပပြုလုပ်သည့် “လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းပိုင်ခွင့် မကျင့်သုံးနိုင်သေးတာဟာ ပြည်သူ့အခွင့်အရေး ချိုးဖောက်ခံနေရတာလား” ဆိုသည့် ဆွေးနွေးပွဲတွင် ထိုသို့ ပြောခြင်းဖြစ်သည်။
'ဒီဥပဒေဟာ ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးကတည်းက ပြင်ဆင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ မပြီးစီးခဲ့ပါဘူး။ ဒီဟာက ပြည်သူတွေရဲ့အခွင့်အရေးအတွက် ပြဋ္ဌာန်းသင့်ပါတယ်'ဟု ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။
ထို့ပြင် ယင်းဥပဒေနှင့်ပတ်သက်ပြီး ပြည်သူတို့၏ အခွင့်အရေးတစ်ရပ် ဆုံးရှုံးနိုင်ခြင်းမျိုး ဖြစ်နိုင်သောကြောင့် ပြဋ္ဌာန်းသင့်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သင်းက ပြောသည်။
"ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အားနည်းချက်အရ ကိုယ်စားလှယ်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းဖို့ခက်တယ်။ ပြည်သူတွေရဲ့လိုအပ်ချက်ဖြစ်လို့လည်း ပြဋ္ဌာန်းသင့်ပါတယ်"ဟု ၄င်းက ဆိုသည်။
လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ပထမအကြိမ် လွှတ်တော်တွင် ပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ပြင်ဆင်နိုင်ခြင်း မရှိခဲ့ပေ။
"ကျွန်တော်တို့ ၂၀၁၅ရွေးကောက်ပွဲမှာ လူကိုမကြည့်ဘဲ ပါတီကိုကြည့်ပြီး မဲပေးပါလို့ပြောခဲ့တဲ့အခါ လူပုဂ္ဂိုလ်ဆိုင်ရာ အရည်အသွေးတွေ ဆန်းစစ်နိုင်ဖို့ အချိန်လည်းမရှိခဲ့ဘူး အားလည်းနည်းခဲ့တယ်။ အဲဒီတော့ ဒီအခြေနေမျိုးမှာ right to recall ဥပဒေကို အမြန်ဆုံးလွှတ်တော်မှာ ဆွေးနွေးနိုင်ဖို့ လိုအပ်တယ်။"ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။
ဖူးပွင့်သူ
Saturday, 22 October 2016
မာနကို အပ်နှင်းခြင်း
သူငြင်ငြိုလျှင် . . .
ခွန်းချိုစကား၊ ကြားခင်ခဲ့လျက်
မပြောရက်ရဲ၊ ပြောခက်ခဲ၏။
.
သူမေ့ချင်လျှင် . . .
မြင်လိုလျှက်လည်း၊ မကြည့်ရဲပါ
ခွဲခွာခက်နိုး၊ ပူပန်စိုး၏။
.
သူပျော်ခင်သော် . . .
ပူပင်သောက၊ ရှားမီးစခဲ
ရင်ထဲသိုလှောင်၊ လောင်မြိုက်ခြင်းဒဏ်
ကျွန်ုပ်ခံ၍၊ မြှုပ်နှံကြေကွဲ
နေခဲ့ရဲမည်။ ။
မောင်စိန်ဝင်း(ပုတီးကုန်း)
Friday, 14 October 2016
Antonio Guterres အား ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် ခန့်အပ်
UN ၊ အောက်တိုဘာ ၁၃၊ ၂၀၁၆
ယနေ့ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံသည် Antonio Guterres အား လက်ရှိ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏နေရာအား ဆက်ခံမည့် ၉ ယောက် မြောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်ခဲ့ကြောင်းသိရှိရသည်။
အသက် ၆၇ နှစ်အရွယ်ရှိAntonio Guterresသည် ပေါ်တူဂီဝန်ချုပ်ဟောင်း တစ်ဦး အဖြစ် ၁၉၉၅ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိတာဝန်ထမ်းဆောင်ခဲ့သည်။ ကုလသမဂ္ဂ ဒုက္ခ သည်များဆိုင်ရာမဟာမင်းကြီးအဖြစ်လည်း ၂၀၀၅ ခုနှစ်၊ ဇွန်လမှ ၂၀၁၅ ခုနှစ် ဒီဇင် ဘာလ အထိတာဝန် ထမ်းဆောင်ခဲ့သည်။ ၄င်းသည် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ တွင် ကမ္ဘာ့ထိပ်တန်းသံတမန်တစ်ဦး ဖြစ် လာမည် ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင် ဘာလ ၃၁ ရက်နေ့ အထိ (၅)နှစ်ကြာ တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။
“ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အဖြစ် ရွေးချယ် ခန့်အပ်ခြင်းအတွက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကိုကျေးဇူးတင်ရှိကြောင်းနှင့် ယုံကြည်စွာ တာဝန်ပေးအပ်ခြင်း အတွက် အဖွဲ့ဝင် နိုင်ငံများကိုလည်းကျေးဇူး တင်ရှိကြောင်း MrAntonio Guterres က ပြောဆို ခဲ့သည်။
အားနည်းသူ ပြည်သူများခံစားနေရသည့် ဒုက္ခများလျော့ပါးစေရေး၊ အထူးသဖြင့် ပဋိပက္ခဇုန်ရှိ ပြည်သူများ၊ ဒုက္ခသည်များအရေး၊ ကျား/မ တန်းတူညီမျှရေး စသည် တို့ သည် တာဝန်ထမ်းဆောင်မည့် သက်တမ်းကာလ အတွင်း ဦးစားပေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်းလည်းထည့်သွင်းပြောဆိုခဲ့သည်။
လက်ရှိတာဝန် ထမ်းဆောင် နေသည့် Mr Ban Ki-moon ဆောင်ရွက်ချက် များကိုလည်း ချီးကျူးပြော ဆိုခဲ့ပြီး ၄င်း၏အမွေကို အကောင်းဆုံးကြိုးစား ဆက်ခံ သွားမည် ဖြစ်ကြောင်း လည်းပြော ဆိုခဲ့ သည်။
‘Mr Antonio Guterresသည် ခန်းမထဲရှိ ကျွန်တော်တို့ အားလုံးသိပြီးသား ပုဂ္ဂိုလ် ဖြစ်ကြောင်း၊ ကုလသမဂ္ဂဒုက္ခသည် အေဂျင်စီအကြီးအကဲအဖြစ် တာဝန်ယူခဲ့စဉ်က လူသားချင်း စာနာမှုဆိုင်ရာကိစ္စရပ်များနှင့် လက်နက်ကိုင် ပဋိပက္ခ၏ ရှေ့တန်းမျက်နှာ စာရှိ ကိစ္စရပ်များကို အကောင်းဆုံးဆောင်ရွက်ပေး ခဲ့သူ ဖြစ်ကြောင်း”လည်းMr Ban Ki-moon က ချီးမွမ်းပြောဆိုခဲ့သည်။
Ref,www.un.org
Thursday, 13 October 2016
ထိုင်းဘုရင် ဘူမိဘောအဒူရာဒေခ့်ျ နတ်ရွာစံကွယ်လွန်
ကမ္ဘာ့နန်းသက်အရှည်ဆုံး ထိုင်းဘုရင်ကြီး ဘူမိဘောအဒူရာဒေ့ခ်ျ သက်တော် ၈၈ နှစ်ဟာ ဒီကနေ့ ညနေ ၃ နာ၇ီ ၅၂ မိနစ်က နတ်ရွာစံကွယ်လွန်သွားပြီလို့ ဘုရင့်နန်းတော်က အတည်ပြုသတင်း ထုတ်ပြန်ပါတယ်။
သက်တော်ကြီးရင့်ပြီး ကာလရှည်ကြာ နာမကျန်းဖြစ်နေတဲ့ ထိုင်းဘုရင်ဟာ ပြီးခဲ့ရက်ပိုင်းက သွေးဆိပ်ကို သန့်စင်ဖို့ ကုသမှုခံယူအပြီး ကျန်းမာရေးအခြေအနေ မတည်မငြိမ်ဖြစ်နေတယ်လို့ ဘုရင့် နန်းတော်က ထူးထူးခြားခြားသတင်းထုတ်ပြန်ခဲ့ပါတယ်။
ဗုဒဟူးနေ့ညနေပိုင်းမှာလည်း ဘုရင်ကြီးရဲ့ ကျန်းမာရေးအခြေအနေ ဆက်လက် မတည်ငြိမ် ဖြစ်နေပြီး အသည်းဟာပုံမှန်အလုပ်မလုပ်တော့သလို သွေးပေါင်ကျပြီး အသက်ရှူမြန်နေတယ်လို့ နန်းတော်ကထပ်မံသတင်း ထုတ်ပြန်ခဲ့တာပါ။
ဘုရင်ကြီး အသည်းအသန်းဖြစ်နေတယ်ဆိုတဲ့ သတင်းကြားပြီးကတည်းက ထိုင်းပြည်သူတွေက တော့ ထိုင်းဘုရင် တက်ရောက်ဆေးကုသမှုခံယူနေတဲ့ နေတဲ့ ဘန်ကောက်မြို့က စီရီရတ် ဆေးရုံကို သွားရောက်ပြီး ဘုရင်ရဲ့ ကျန်းမာရေးကောင်းမွန်ဖို့အတွက် ဆုတောင်းပေးခဲ့ကြ ပါတယ်။
ထိုင်းဘုရင်ရဲ့ ရင်သွေးတော် လေးပါးထဲက အိမ်ရှေ့စံမင်းသားအပါအဝင် ရင်သွေး ၃ ပါး ဟာလည်း ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာ စီရီရတ် ဆေးရုံကို ရောက်လာခဲ့တယ်လို့ ဆေးရုံမှာ စောင့်နေတဲ့ ရိုက်တာသတင်းထောက်ကပြောပါတယ်။
ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကတော့ အိမ်ရှေ့စံ မင်းသား ဗဂျီရာလောင်ကွန်းကို ဗုဒ္ဓဟူး မွန်းလွဲပိုင်းမှာ အခစား ဝင်ဖို့ ချုံဘူရီက အစည်းအဝေးကို သူ့ကိုယ်စား ဒုဝန်ကြီးချုပ် တက်ရောက်ဖို့ လွှဲပေးခဲ့သလို အိန္ဒိယနိုင်ငံမှာ တနင်္ဂနွေနေ့ ကျင်းပမယ့် ထိပ်သီး အစည်း အဝေးပွဲတွေ တက်ရောက်မယ့် အစီအစဉ်ကို ဖျက်သိမ်းထားလိုက်ပါတယ်။
၁၉၂၇ ခု ဒီဇင်ဘာ ၅ ရက်မှာ မွေးဖွားခဲ့ပြီး တိုင်းပြည်ကို နှစ်ပေါင်း ၇၀ ကျော် ဘုရင်အဖြစ်အုပ်စိုးခဲ့တဲ့ ထိုင်းဘုရင်ကြီးဟာ လူထုအကျိုးပြု လုပ်ငန်းတွေဆောင်ရွက်ခဲ့သလို ထိုင်းပြည်သူတွေအတွက် စည်းလုံးခြင်း ပြယုဂ်လည်းဖြစ်ခဲ့ပါတယ်။ စည်းမျဉ်းခံဘုရင်ဖြစ်ပေမယ့် ထိုင်းနိုင်ငံရေး မတည်ငြိမ်မှုတိုင်းမှာ အကျပ်အတည်းတွေကို ကြားဝင် ဖြေရှင်းပေးခဲ့သူလည်း ဖြစ်ပါတယ်။
ထိုင်းဘုရင်ကြီးဟာ ချက်ကရီမင်းဆက်ရဲ့ န၀မမြောက်ဘုရင်ဖြစ်တာကြောင့် ရာမ ၉ ဘုရင်အဖြစ် လူသိများပါတယ်။ သူ့ရဲ့ ပိုင်ဆိုင်မှုနဲ့ ကြွယ်ဝချမ်းသာမှု အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံလောက် ရှိမယ်ခန့်မှန်းပြီး ၂၀၀၈ ကနေ ၂၀၁၀ အထိ ကမ္ဘာ့အချမ်းသာဆုံး တော်ဝင် မိသားစုအဖြစ် Forbes မဂ္ဂဇင်းရဲ့ သတ်မှတ်ခံထားရပါတယ်။
ထိုင်းဘုရင်ကြီးကွယ်လွန်ချိန်မှာ ဘုရင်မကြီး သီရိခေတ်၊ သမီးတော် ရာဇကညာ၊ သားတော် မဟာဗဂျီရာလောင်ကွန်း၊ သမီးတော် မဟာချက်ကရီ သီရိဒုံနဲ့ သမီးတော် ချူလာဘွန်ဝါလိုင်လတ် နဲ့ မြေးတော်တွေ ကျန်ရစ်ပါတယ်။

မိမိတို့နိုင်ငံနယ်နိမိတ်နှင့်အမျိုးသားရေးကို ဦးစားပေးဖြေရှင်းမယ်လို့ ဘာကြောင့်မပြောနိုင်ရတာလဲ
မိမိတို့နိုင်ငံအနောက်တံခါးကို ထိပါး စော်ကားခံရတာနဲ့ပတ်သက်လို့ ဒီနေ့ တာဝန်ရှိသူ ဘာပြောမလဲဆိုတာ ကျွန်မ သိပ်သိချင်ခဲ့ပါတယ်။
မနေ့တစ်နေ့ကတော့ တရားဥပဒေ အရဖြေရှင်းမယ်ဆိုတဲ့ စကားလုံးတစ်လုံး ကြားခဲ့ရပါတယ်။ ဘဝင်ကျလှတယ် မဟုတ်ပေမယ့် လူကြီးမို့ လူကြီးစကား ပြောရမှာပေါ့လို့ နှလုံးသွင်းခဲ့ပါတယ်။ ခုမနက် ရုံးရောက်ရောက်ချင်းမှာပဲ သူ့ရဲ့ သဘောထားပြောကြားချက်တို့ကို သိရ ပါတယ်။
ယနေ့မနက်ပိုင်း နေပြည်တော်နိုင်ငံ ခြားရေးဝန်ကြီးဌာနမှာကျင်းပတဲ့ နယ် သာလန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Bert Koenders နှင့်တွေ့ဆုံခဲ့ပြီး ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် သူ၏ပြောကြားချက်စကားများသည် 'ရခိုင်အရေးကိစ္စကို တရားဥပဒေစိုးမိုးရေး အောက်ကနေ မျှမျှတတနဲ့အကောင်းဆုံး ဖြေရှင်းသွားမယ်။ ဒီကိစ္စကတော့ EU နိုင်ငံမှ မဟုတ်ပါဘူး၊ အားလုံးမှာပဲ ဒီကိစ္စကို ကျွန်မတို့အကောင်းဆုံးဖြစ် အောင် ဖြေရှင်းမယ်။ ဒါဟာတရားဥပဒေ စိုးမိုးရေးအောက်မှာပဲ ကျွန်မတို့ မျှမျှ တတလုပ်သွားမယ်။ ဘာတွေဘာတွေက ဘာဖြစ်နေတယ်ဆိုတာ မရှင်းသေးသရွေ့ တော့ ဘယ်သူ့ကိုမှ ကျွန်မတို့ကနေပြီး တော့ စွပ်စွဲမှာမဟုတ်ပါဘူး။ သေသေ ချာချာ အထောက်အထားခိုင်လုံတဲ့အခါ ကျမှ စွဲချက်တင်သင့်ရင် တင်မှာဖြစ်ပါ တယ်။ မီဒီယာပေါ်တက်လာတဲ့' သူ့ရဲ့ ပြောကြားချက်များပါ။ မရှင်းပါဘူး။ တကယ်မရှင်းဘူး။ သေသေချာချာ အထောက်အထားခိုင်လုံတဲ့အခါမှဆိုတာ ရယ်၊ စွဲချက်တင်သင့်ရင်ဆိုတာရယ်ကို မရှင်းဘူး။ ခုဖြစ်နေတာတရားရုံးမှာ အမှု ဖြစ်နေတာမဟုတ်ပါဘူး။ စစ်ဖြစ်နေတယ် ဆိုတာတောင် စစ်ဥပဒေ၊ စစ်စည်းကမ်း နဲ့ညီတဲ့ စစ်မဟုတ်ပါဘူး။ အောက်လုံး ကိုင်ပြီး ဝင်စော်ကားသွားတာပါ။
ကျွန်မတို့ရဲ့ လုံခြုံရေးဝန်ထမ်းများ၊ တပ်မတော်သားများမိသားစုများအတွက် လက်စားချေရမယ်မဆိုလိုပါဘူး။ တရား သဖြင့် တုံ့ပြန်ဖို့ပါ။ ကာကွယ်ဖို့ပါ။ နယ် နိမိတ်နဲ့ အချုပ်အခြာအာဏာကိုကာကွယ် ရပါမယ်။ နိုင်ငံသားများ အသက်အိုးအိမ် စည်းစိမ်ကိုကာကွယ်ပေးရပါမယ်။ နိုင်ငံ တစ်နိုင်ငံဖြစ်ဖို့ အစိုးရရှိရမယ်။ နယ်နိမိတ် ရှိရမယ်။ အချုပ်အခြာအာဏာရှိရမယ်။ ပြီးတော့ နိုင်ငံသား(population ကိုဆို တယ်)ရှိရမယ်ဆိုတာ ပညာတွေအများ ကြီးတတ်တဲ့သူဆိုတော့ နားမလည်ဘဲ နေမှာ မဟုတ်ပါဘူး။
လူ့အခွင့်အရေးတို့ ဂလိုဘယ်လိုက် ဆေးရှင်းတို့စတဲ့ ခေတ်ပေါ်ဘုံစကားလုံး တွေဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့အမျိုးသားရေး National Interest နဲ့ Geo-politics ပထဝီနိုင်ငံရေးကိုကျော်လို့မရပါဘူးဆို တာကိုလည်း ကျွန်မတို့ထက်ပညာတွေ အများကြီးတတ်တဲ့ သူတစ်ယောက်သိ လောက်ပါတယ်။
အချို့ကိစ္စတွေမှာ၊ ကိစ္စတော်တော် များများမှာလို့လည်း ပြောနိုင်ပါတယ်။ မိမိနိုင်ငံဘက်ကို မိမိ သာသာထိုးထိုး စဉ်းစားရတာတွေ ရှိကိုရှိပါတယ်။ အဲဒီ ထဲမှာ ရှေ့ဆုံးမှာပါနေတာ နိုင်ငံနယ်နိမိတ်၊ အမျိုးသားရေးစတာတွေဖြစ်ပါတယ်။
ခုအနောက်စည်းရိုးကိစ္စမှာ ဘင်္ဂလား ဒေ့ရှ်ကတော့ အပြုသဘောပြောသွား ပါပြီ။ EU ကလည်း ပြောကြားပြီးပြီ။ သို့သော် နိုင်ငံတကာမျက်စိအောက်မှာ ဘယ်လိုပဲရှိရှိ ကျွန်မတို့ရဲ့ကိုယ်ပိုင်၊ ကိုယ် တိုင်ထိပါးခံရတာမှာ ကျွန်မတို့ရဲ့သွေး ကပဲ အဓိကစကားပြောရမှာဖြစ်ပါ တယ်။ ရခိုင်လူမျိုးဆိုတာ ကျွန်မတို့ရဲ့ သွေးပါ။ အနောက်နယ်နိမိတ်ဆိုတာ ကျွန်မတို့ရဲ့စည်းရိုးပါ။ ခေတ်အဆက် ဆက် မြန်မာမင်းများ သွေးနဲ့ရေးခဲ့တဲ့ စည်းရိုးဖြစ်ပါတယ်။
ကျွန်မတို့တိုင်းပြည်သမိုင်းကလည်း boat people လှေစီးလူသားဆိုတာ ပုဂံ ခေတ်ကတည်းက ဗျတ်ဝိ၊ ဗျတ္တကစ ဒုက္ခပေးခဲ့တာ၊ ပင်လယ်ထဲသင်္ဘောပျက် လို့ မျောလာတဲ့ သူတို့မျိုးဆက် ရွှေဖျဉ်း ညီနောင်ကြောင့်တောင်မှ အနော်ရထာတို့ ကျန်စစ်သားတို့ တောင်ပြုံးမှာ ဗီလိန်ဖြစ် နေရသေးတာပဲ။
ကျွန်မပြောချင်တာ သွေးချင်းတူသူ၊ ဘာသာစကားတူသူ၊ နယ်နိမိတ်တစ်ခု တည်း အေးအတူပူအမျှတစ်လျှောက်လုံး နေထိုင်လာသူ၊ ယဉ်ကျေးမှုတူ၊ ဖြတ်သန်း မှုတူ၊ သူဒါကိုပဲ အမျိုးသားစိတ်ဓာတ်လို့ ခေါ်တာပါ။ ကျွန်မတို့အမျိုးသားရေး၊ တစ်မျိုးသားလုံးအရေး၊ ကျွန်မတို့ နယ်နိ မိတ်အရေးဖြစ်နေလို့ ဒီနေ့မနက်တွေ့ဆုံ ပွဲမှာ တာဝန်ရှိသူက တာဝန်သိစွာဖြင့် နှုတ်က မိမိတို့နိုင်ငံနယ်နိမိတ်နှင့်အမျိုး သားရေးကို ဦးစားပေးဖြေရှင်းမယ်လို့ ဘာကြောင့် မပြောနိုင်ရတာလဲပြောပါဦး။
post by,ဒေါက်တာခင်မြင့်ဦး
source,uniondaily.net
post by,ဒေါက်တာခင်မြင့်ဦး
source,uniondaily.net
Monday, 10 October 2016
မိုဘိုင်းဆင်းကဒ်များမှတ်ပုံတင်ရမည်
ဆက်သွယ်ရေးအော်ပ ရေတာသုံးခု၏ မိုဘိုင်းဆင်းမ် ကတ်များကို မှတ်ပုံတင်၍ အသုံး ပြုရန်နှင့် မှတ်ပုံတင်ထားခြင်းမရှိ သည့် ဆင်းမ်ကတ်များကို ၂၀၁၇ မတ်လကုန်တွင် ယာယီရပ်စဲမည် ဟု ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။
ဆင်းမ်ကတ် အသုံးပြုသူ တိုင်းမှတ်ပုံတင်ရန် (SIM Card Registration) အော်ပရေတာများ နှင့် ကြိုတင်ညှိနှိုင်းခဲ့ပြီး ရောင်းချ ပြီးသော ကတ်များအားလုံး မှတ် ပုံတင်ခြင်းပြုလုပ်နိုင်သည့် အချိန် ကာလတစ်ခု သတ်မှတ်လိုက် ကြောင်း ဆက်သွယ်ရေးညွှန်ကြား မှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးမျိုးဆွေက ပြောသည်။
‘‘ဆင်းမ်ကတ် မှတ်ပုံတင် တာနဲ့ပတ်သက်ပြီး တိတိကျကျ လိုက်နာဖို့ အော်ပရေတာတွေကို ညွှန်ကြားထားတယ်။ မှတ်ပုံမ တင်ဘဲ ရောင်းချနေတဲ့ ဆင်းမ် ကတ်တွေကိုလည်း ဈေးကွက်အ တွင်း ကုန်နိုင်လောက်တဲ့အချိန်ကို သတ်မှတ်ပေးထားတယ်။ ရှစ်လ လောက်အချိန်ပေးထားတယ်’’ဟု ဦးမျိုးဆွေက ပြောသည်။
ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၏ အသိပေးကြေညာ ချက်တွင် မိုဘိုင်းဆင်းမ်ကတ်အ သုံးပြုသူများသည် မိမိတို့အသုံးပြု သော သက်ဆိုင်ရာအော်ပရေတာ များနှင့်ဆက်သွယ်၍ မှတ်ပုံတင် ခြင်းပြုလုပ်ရန်နှင့် ပြုလုပ်ထား ခြင်းမရှိသော ဆင်းမ်ကတ်များကို ၂၀၁၇ မတ်လ ၃၁ ရက်မှစတင်၍ ၀န်ဆောင်မှုရပ်စဲမည်ဖြစ်ပြီး မှတ် ပုံတင်ပြီးမှသာ ပြန်လည်သုံးစွဲခွင့် ပြုမည်ဟု ဆိုသည်။
ယင်းကဲ့သို့ ပြုလုပ်ခြင်းမှာ ပြည်သူများ၏ လုံခြုံရေးအတွက် ထိရောက်စွာ ကာကွယ်ပေးနိုင် ရန်၊ မိုဘိုင်းဘဏ်စနစ်၊ မိုဘိုင်း ဖုန်းမှ ငွေပေးချေခြင်းနှင့် အွန် လိုင်းဈေးဝယ်ခြင်းတို့အတွက် အ သိအမှတ်ပြုပစ္စည်းအဖြစ် အသုံး ပြုနိုင်ရန်၊ ဆင်းမ်ကတ်ပျောက်ဆုံး ခြင်း၊ ပျက်စီးခြင်းတို့ဖြစ်ပေါ်ပါက လွယ်ကူစွာ ပြန်လည်သုံးစွဲနိုင်ရန် စသည့်အချက်များအတွက် ရည် ရွယ်ကြောင်း သြဂုတ် ၂ ရက် ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။
ဆင်းမ်ကတ်မှတ်ပုံတင်ရန် အမည်၊ နိုင်ငံသားစိစစ်ရေးကတ် ပြားအမှတ် (သို့မဟုတ်) အခြား အကျုံးဝင်သည့် ကတ်ပြားအ မှတ်၊ ကျောင်းသားကတ်၊ ယာဉ် မောင်းလိုင်စင်ကတ်၊ နိုင်ငံခြား သားများဆိုလျှင် ပတ်စ်ပို့အမှတ်၊ ယင်းကတ်ပြားများ၏ မိတ္တူ၊ အဘအမည်၊ မွေးသက္ကရာဇ်၊ လူ မျိုး/နိုင်ငံသား၊ ကျား/မ၊ နေရပ် လိပ်စာတို့ လိုအပ်သည်။
အထက်ပါ ညွှန်ကြားချက် နှင့်ပတ်သက်၍ ဆက်သွယ်ရေး အော်ပရေတာများအနေဖြင့် မှတ် ပုံတင်ပြုလုပ်ထားခြင်းမရှိသော ဆင်းမ်ကတ်များကို ပြန်လည်စစ် ဆေးရမည်ဖြစ်ပြီး ညွှန်ကြားချက် အတိုင်း လုပ်ဆောင်ရန် သုံးစွဲသူ များကို ဖိတ်ခေါ်ရမည်ဖြစ် ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
‘‘သုံးစွဲသူတွေအနေနဲ့ နီးစပ် ရာဆိုင်တွေမှာ မှတ်ပုံတင်ပြုလုပ် ဖို့လိုတာပေါ့။ သတ်မှတ်တဲ့အချိန် အတွင်း မလုပ်ဘူးဆိုရင်တော့ ဖုန်းလိုင်းပိတ်ခံရမှာပေါ့’’ဟု အ ထက်ပါတာဝန်ရှိသူက ဆက်ပြော သည်။
ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ကို နည်းလမ်းစနစ်ကျနစွာ ပြု လုပ်ပါက ဖုန်းဖြင့် စနောက်ခြင်း၊ ခြိမ်းခြောက်ခြင်း စသည်တို့ကို ဖော်ထုတ်အရေးယူနိုင်ပြီး ပြည် သူများ၏ လုံခြုံရေးအတွက် အ ထောက်အကူဖြစ်မည်ဟု ယုံ ကြည်ကြောင်း အွန်လိုင်းဈေး ကွက် ကျွမ်းကျင်သူ ကိုခွန်နေက သုံးသပ်သည်။
‘‘ဆက်သွယ်ရေးတာဝန်ရှိသူ တွေအတွက်တော့ နည်းနည်းအ ခက်တွေ့နိုင်တယ်။ ဒါပေမဲ့ ဖုန်း တိုင်းကို မက်ဆေ့ခ်ျပို့ပြီး လုပ်ရင် တော့ အဆင်ပြေနိုင်ပါတယ်။ ဒီ လိုလုပ်တာက ကောင်းကျိုးတွေ အများကြီးဖြစ်စေမှာပါ’’ဟု ၎င်း က ဆက်ပြောသည်။
လက်ရှိတွင် မှတ်ပုံတင်ထား သော ဆင်းမ်ကတ်အရေအတွက် ကိုမူ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက အော်ပရေတာများ ထံမှ ကောက်ယူထားခြင်းမရှိသေး ကြောင်းနှင့် အမှန်တကယ်အသုံး ပြုသူ (Active user) မှာ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ သန်း ၂၀ ကျော်၊ တယ်လီနော မြန်မာမှ ၁၆ သန်းကျော်၊ အူရီးဒူး မြန်မာမှ ခုနစ်သန်းခန့်ရှိသည်ဟု ဆိုသည်။
Sunday, 9 October 2016
ပြည်သူ့အမြင်(၁၈)
မောင်တောခရိုင်အတွင်းမှာ ဘင်္ဂလီအကြမ်းဖက်အုပ်စုတွေက ရဲစခန်းတွေကို
ဝင်တိုက်တယ်။
တိုက်ရတဲ့အကြောင်းအရင်းက ရှင်းပါတယ်။
၁။ အမေရိကန်နိုင်ငံက နောက်ဆုံးကျန်နေတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖယ်ရှား ပေးလိုက်ပြီ။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဥရောသမဂ္ဂနဲ့ ဂျပန်၊ ကနေဒါ ၊
သြစတေးလျ၊ နော်ဝေစတဲ့နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖယ်ရှားပေး ခဲ့
ပြီးပြီဆိုတော့ ရိုဟင်ဂျာဆိုပြီး လှုပ်ရှားနေသူတွေအတွက် အနောက်အုပ်စုဘက်က ဖိအားကို အားကိုးဖို့ လမ်းမရှိသလောက်ဖြစ်သွားပြီ။
၂။ အာနန်ကော်မရှင်ဖွဲ့ပြီးတဲ့အချိန်မှာ နိုင်ငံတကာက ရခိုင်ပြည်နယ်ထဲက ဘင်္ဂ လီတွေကိစ္စအပေါ် အာရုံစိုက်မှုလျော့သွားတယ်။
၃။ အဲဒီအခြေအနေတွေကို ပြောင်းပြန်လှန်ပစ်ဖို့ ရခိုင်ပြည်နယ်မှာ ပြဿနာ ဖန်တီးဖို့လိုတယ်။ ပဋိပက္ခတွေဖြစ်လာရင် နိုင်ငံတကာအာရုံစိုက်မှုပြန်ရမယ်။ လူမျိုး တုံး သတ်ဖြတ်နေပါပြီလို့ ပြန်အော်လို့ရမယ်။
ဒါတွေကြောင့် အခုလို တိုက်ခိုက်မှုဖြစ်တာလို့ သုံးသပ်ပါတယ်။ ဒူချီးရာတန်းရွာ
တိုက်ခိုက်မှုတုန်းကလည်း ဒီလိုပါပဲ။ ရဲ တပ်ဖွဲ့ ကို တိုက်ခိုက်တယ်။ ရဲက
လိုက်ရှင်း တော့ ဘင်္ဂလီ လေးဆယ်လောက်သေပါတယ်ဆိုပြီး သတင်းဖြန့်တယ်။ နိုင်ငံ တကာအဖွဲ့အစည်း နယ်စည်းမခြားလို အဖွဲ့တွေက ချက်ခြင်းထောက်ခံသတင်းဖြန့် တယ်။ အခု လည်း ဒီလို အချိုးပဲလုပ်ချင်တာပါ။
ဒီလို တိုက်ခိုက်မှု မလုပ်နိုင်ရင်လည်း အခြားအကြောင်းတစ်ခုနဲ့ ပဋိပက္ခ ဖြစ်အောင်လုပ်မှာပါပဲ။ အာနန် ကော်မရှင်ကို သုံးသပ်တဲ့ကျွန်တော့်ဆောင်းပါးတွေထဲမှာ အဲဒီလို ခန့်မှန်းခဲ့ ဖူး ပါတယ်။
လက်ရှိအခြေအနေမှာ
၁။ ရခိုင်ပြည်နယ်အတွင်းမှာ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် အစိုးရ နဲ့တပ်မတော်ရဲ့ဆောင်ရွက်ချက်တွေအပေါ် ကျွန်တော်တို့အားလုံးက ခိုင်ခိုင် မာမာ ထောက်ခံအားပေးသင့်ပါတယ်။
၂။ မောင်တောခရိုင်က အခြေအနေကြောင့် ရခိုင်ပြည်နယ်တစ်ခုလုံး နဲ့ နိုင်ငံ ရဲ့
အခြားဒေသတွေမှာ မလိုအပ်ပဲနဲ့ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခပုံစံ ပုံဖော်မခံရ အောင် ထိန်းသိမ်းရပါမယ်။
မူရင်းပိုစ်....ဦးရဲထွဋ်

Saturday, 8 October 2016
"ငြိမ်းချမ်းစကား အကျိုးပွားအောင် စတင်ဆောင်ရွက်ကြပါလော့”
ငြိမ်းချမ်းစကား ဆွေးနွေးငြားလည်း
သူများကြားဝင် သွေးနားထင်နှင့်
ဆင်ခြင်သုံးသပ် မဆုံးဖြတ်ဘဲ
ကိုယ်စွဲကိုယ်သန် ကိုယ်သာမှန်ဖို့
ပြန်လှန်မကြည့် သွေးကတိတွေ
ဖျက်ခြေခဲ့ပြီ အတိတ်ဆီမှာ
သင်ခန်းစာများ တို့နားကြားခဲ့ရပြီလေ။
အော်...
တွေ့မြင်ရာတိုင်း စိတ်တိုင်းမကျ
ဤဒေါသဖြင့် ငါကဘာလဲ
အယူစွဲ၍ သဲကွဲရေရာ
မလေ့လာဘဲ ဒါလည်းရန်သူ
စွဲမှတ်ယူပြီး ယှဉ်သူမှန်ကန်
ငါ၏ရန်ဟု ဆင်ကြံပူရုပ်
ဟန်လုပ်ကာပြုံး သူရှုံးစေသား
ရေးသုံးပါးလည်း နားကြားမဝင်
အပြစ်မြင်ထား စွဲမှတ်သွားလျှင်
သည်မှားနောင်တ နောင်မှရမည်
ငါတို့ပြည်ဝယ် ပြုဖွယ်ထိုထို
လူမိုက်ကိုပင် အမှန်ထင်လျှင်
ကြာရင်ခက်လိမ့် မဖြေသိမ့်နိုင်
သူဆိုင်ငါပိုင် အပြိုင်ကြဲရင်
ကြာရင်ကွဲကြေတော့မပေါ့။
ဒါကြောင့်မို့လေ
တရားလည်းရှိ စာလည်းသိမို့
အရှိတရား လက်ကိုင်ထား၍
တို့များပြည်သူ အတုယူပြီး
တူရူကောင်းကျိုွး ကိုယ့်လူမျိုးတွက်
ကောင်းကျိုးဖြာဖြာ ရုပ်သွင်လွှာကို
စာနာထောက်ထား အကျိုးပွားရန်
ကြိုးစားပြုပြင် အမှန်မြင်အောင်
စတင်ဆောင်ရွက်ကြပါလော့။
မောင်မောင်လှ(သူရဲသမိန်)
Source: uniondaily.net
ကြွက်နီတို့ရပ်ကွက်ထဲ
အခုတလောဘယ်က
အရူးတွေရောက်လာလဲမသိ။ဆူညံနေတာပဲ...
အရူးမှအစုံ။ဆရာကြီးစတိုင်နဲ့အရူးတွေ။ဒါပေမယ့်အဲ့အရူးတွေကသတ်မှတ်ထားတာ တစ်ရပ်ကွက်လုံးကအရူး...သူတို့ကလူကောင်း။
သူတို့နဲ့မတည့်တဲ့သူတွေအကုန်လုံးနွားလို့ပြောတဲ့
အရူးမောင်ဗေ ဆိုလည်းတွေ့တဲ့သူကို
ဂျိုပေါက်တဲ့ပုံလိုက်လုပ်ပြ၊မျက်လုံးပြူးလျှာထုတ်ပြနဲ့ ကလေးတွေခဲနဲ့ပေါက်ရင်ထွက်ပြေးနဲ့ ဆူညံပူညံ ။
အဆိုးဆုံးက
အရူးမကြီးဒေါ်ပု၊အရူးထင်လင်းဦး
အဲ့နှစ်ယောက်။
ဘုရားတရားသံဃာ ကို
စော်ကားတဲ့အရူးတွေ။
အခုလည်း ရပ်ကွက်လူမိုက်ဇိုးဇော်လတ် ရဲ့
အိမ်ရှေ့မှာ သူတို့နှစ်ဦးဆူညံပူညံလုပ်နေကြတာ။
အရူးမကြီးဒေါ်ပုက
"ဘုန်းကြီးကိုသတ်ရင်ဘာမှမဖြစ်ဘူး၊ဗလီကိုမီးရှို့ရင်သူတို့အသည်းနှလုံးကိုမီးရှို့တာနဲ့အတူတူပဲ"
အရူးထင်လင်းဦးကလည်း..
"ဘုရားကိုကန်တော့တာ ကုလားကိုကန်တော့တာပဲ..ဘုရားလည်းကုလားပဲ"
လူဇိုးဇော်လတ်လည်းနားကြားပြင်းကပ်လာတာနဲ့ ခြောက်ပေကျော်ရှည်တဲ့ဓားနဲ့ထွက်လိုက်ပါရောလား...
အဲ့အရူးနှစ်ကောင်လည်းပြေးရင်းနဲ့
အဲ့အခါကျမှ ပရိတ်ကြီး(၁၂)သုတ်
်[တစ်သုတ်ကသူတို့ထွင်ထားတာ..ဖွတ်မင်းပရိတ်ဆိုလား]
ရွတ်ပြီးပြေးပေါ့...
အာဇာနည်(၁၉)ဦးမှာ သူတို့ကုလား(၂)ဦးပါတယ်ပြောပြောနေတဲ့ အကြော်သည်ကုလားမ ကို
ဝင်တိုက်ပြီးအကြော်ဗန်းမှောက်...
ဒီကြားထဲ
ဒေါက်တာအတုတွေကလည်း
ဆေးထိုးမယ်ဆေးထိုးပေးမယ်ဆိုပြီး
ကလေးဆော့တဲ့
သကြန်ရေပြွတ်တွေနဲ့
ထွက်လာလိုက်ကြတာ
ဆိုက်ကားတွေတောင်ရှောင်နင်းနေရတယ် ။
သင်္ကြန်မှာမုန့် လုံးကိုအိတ်နဲ့ထည့်ပေးလိုက်တာ
အိမ်ရောက်မှမုန်လုံးကနေ
ပိုက်ဆံတွေဖြစ်
ရေပဲလှူ ရမလို
ငွေပဲယူရမလို
ပိုက်ဆံမမြင်ဘူတဲ့အရူးနဲ့
သူကြီးကလဲ
ချီတုန်ချတုန်
ကားပဲပြန်မောင်းရမလို
လှည်ကျိုးပဲထမ်းရမလို
ချယ်ကာလီပဲပြေးတွန်းရတော့မလို
ယောက်ယက်တွေခပ်လို့  ။
အဲ့ချိန်မှာ ရပ်ကွက်မှာဩဇာညောင်းတဲ့
ဲ့စစ်ထွက် DSA32ကဆင်းတဲ့
ဒုတပ်ကြပ် ကဝင်ဟောက်မှ
နည်းနည်းငြိမ်သွားတော့တယ်။
ကြွက်နီ တို့ရပ်ကွက်မှာဒီလိုပဲရှိတယ်။
♬ ကျွန်တော်တို့ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ်♪ ♬ ♪ ♬ ♨
credit Cartoon Kywat Ne
Friday, 7 October 2016
#Conceptualအလွဲများအားတည့်မတ်ခြင်း
နိုင်ငံရေးအနုပညာ (120)
**********************
မန္တလေးတိုင်းဝန်ကြီးချုပ်က
ပြည်သူဆိုတာပဉ္စမ မဏ္ဍိုင်လို့ 
သုံးနှုန်းပြောကြားသွားသည်ကို
နားထောင်လိုက်ရသည် ။
သူ့ ကိုဘယ်သူကဒါတွေ
သင်ပေးလိုက်သလဲဆိုတာကို
စေ့ငုနေမိသည် ။
ဒီမိုကရေစီစနစ်မှာ
မဏ္ဍိုင်ကြီး ၄ ခုရှိတယ်
ဥပဒေပြုရေးအာဏာ
အုပ်ချုပ်ရေး အာဏာ
တရားစီရင်ရေး အာဏာနဲ့
အာဏာ၃ရပ်ကိုစောင့်ကြည့်လေ့လာထိမ်းသိမ်းတဲ့
အတိုက်အခံအင်အားစုများ
ပါတီများ
အသင်းအဖွဲ့များ
မီဒီယာတို့ ဟာ
စတုထ္ထမဏ္ဍီုင်လို့ တင်စားခေါ်ဝေါ်ကြသလို
အာဏာသုံးရပ်မှာလည်း
ဘယ်သူဟာဘယ်သူထက်ပိုဇောင်းထက်တယ်
ဆိုတာကိုခွဲခြားလို့ မရပါဘူး ။
အဲ့ဒီအာဏာသုံးရပ်စလုံးဟာ
ပြည်သူ့ ထံကမြစ်ဖျားခံပါတယ် ။
ပြည်သူကရွေးချယ်ပေးလိုလိုက်တဲ့
အတွက်ဖြစ်ပါတယ် ။
တစ်နည်းအားဖြင့်ပြည်သူဟာ
အာဏာရဲ့အရင်းအမြစ်ဖြစ်ပြီး
ဒီမိုကရေစီစနစ်မှာ
ပြည်သူတွေဆီမှာသာအာဏာရှိတာပါ။
ပြည်သူကို ပဉ္စမ မဏ္ဍိုင်လို့ 
သီးခြား အစိတ်အပိုင်း
Sector တစ်ခုအဖြစ်ခွဲခြားလို့ မရပါဘူး ။
သစ်ပင်တစ်ပင်လိုပြောရရင်
ပြည်သူဟာပင်စည်ပါ ။
အာဏာသုံးရပ်ဟာ
ပင်စည်က ခက်ဖြာထွက်လာတဲ့
အကိုင်းအခက်
ကိုင်းအလက်များသာ ။
ပြည်သူကို
အကိုင်းအခက်တစ်ခုလို
့သဘောထားစဉ်းစားလိုက်ရင်
ပင်စည်နဲ့ရေသောက်မြစ်ပျောက်သွားပါလိမ့်မယ် ။
ဒီမိုကရေစီနည်းလမ်းစနစ်အရ
ရွေးချယ်ခံလာရတဲ့သူတွေအနေနဲ့
ဒီမိုကရေစီရဲ့ Theory တွေ
Principle နဲ့
Concept တွေအပေါ်
သေချာနားလည်စေချင်တာပါ ။
ဒီနေရာကိုအမေကပေးတယ်လို့ ထင်နေနိုင်သလို
အမေ့မျက်နှာနဲ့ပြည်သူကပေးလိုက်တယ်ဆိုတာကိုလည်း
မမေ့စကောင်းပါ ။
အတွေးအခေါ်လွဲရင်
အပြုအမူတွေပါလွဲတတ်လို့ ပါ ။
နိုင်ငံရေးလုပ်စားသူများ
စာတတ်မြောက်နိုင်ကြပါစေ။ ။
Credit
တေဇဝင်း
MPA

Tuesday, 4 October 2016
ပေါ်ဦးလျှောက်ထုံး
ဘိုးတော်ဦးဝိုင်းကို ဆင်တစ်ကောင်လာဆက်သတယ်
ဆင်ကြီးက အမဲကြီးဆိုတော့ ဘုရင်က သိပ်သဘာ ဝမကျဘူး လက်ဆောင်ဆိုတော့ မယူရင်လဲ ရိုင်းရာကြမယ်လေ ဒီတော့ မူးကြီးမတ်ရာတွေကို မေးတာပေါ့ ဒါဆင်ဖြူဖြစ်နိုင်လားလို့
ဘယ်နှယ့်ဗျာ ဆင်မဲပါဆို ဆင်ဖြူဖြစ်မလား မဖြစ်ဘူးပြောရင်လဲ ဧည့်သည်မျက်နှာပျက်နိုင်သလို ဘုရင့်အမျက်တော် ရှမှာလဲ ဆိုးရသေး
အဲဒီမှာ ဦးပေါ်ဦးနဲ့ တွေ့တော့တာပဲ ဘုရင်က ပေါ်ဦးဆင်ဖြူ ဖြစ်နိုင်လား ပြောစမ်းဆိုတာနဲ့
မှန်လှပါ သည်ဆင်ကြီးဟာ အမြီးက အနက် နားရွက်ကအမဲ ဂွေးဇိက မီးသွေးရောင် မျက်လုံးအလယ်က မဟူရာအကွက်နဲ့ ခေါင်းကလဲ ဖြူနေပြီဆိုတော့ သေချာပါတယ် နောက်အနှစ် နှစ်ဆယ် သုံးဆယ် ရှိရင်ဖြစ် ဧကန်စစ်စစ် ဆင်ဖြူဖြစ်မှာပါလို့ လျှောက်လိုက်တယ် ဘယ်ရမလဲ ပေါ်ဦးလေ
ဘုရင်လဲ အားရကျေနပ်ပြီး ပညာရှိကြီး တော်ပါပေတယ်ဆိုကာ ဆုတွေလာဒ်တွေတောင် ပေးလိုက်သေးဆိုပဲ
ဒါကို တခြားအမတ်တွေက အမတ်ကြီးရာ ဆင်မဲကြီးက နောင် နှစ်နှစ်ဆယ် သုံးဆယ်မှာ တစ်ကယ်ဖြူလာမှာလားပြောတော့
ဦးပေါ်ဦးက ဘယ်ကသာဖြူရမှာလဲဗျာ နောင်နှစ်နှစ်ဆယ် သုံးဆယ်ဆိုရင် ဆင်ကြီးရော ဘုရင်ပါ ဘယ်ရှိတော့မလဲဗျာတဲ့
ခုလဲ အင်း ????? သူလဲဦးပေါ်ဦး ကြိုက်တယ် ထင်ပါတယ်လေ
credit

Monday, 3 October 2016
လူတိုင်းသိထားသင့်သော တို့ဆေးအန္တရာယ်အကြောင်း
ယခုတလော ပြည်တွင်းမှ ဒုစရိုက်ဂိုဏ်းများက တို့ ဆေး များသုံး၍ လုရက်မှု-မုဒိန်းမှုခလေး ငယ်များအား တို့ ဆေးသုံးလျှက် ဖမ်းဆီးခံရသည့် သတင်းများ မကြာခဏ ဖြစ်ပေါ်နေသဖြင့် စာဖတ်သူများ ဗဟုသုတ ရရန်နှင့် သတိထားနိုင်စေဘို့  တို့ ဆေး အကြောင်း တင်ပြလိုက်ပါသည်။
တို့ ဆေးဟု လူပြောများနေသော်လည်း အမှန်မှာ အထူးပြုလုပ်ထားသည့် အပ်အသေစားက လေးဖြင့် လူကိုယ်တွင်းသို့  လျှက်တပျက် ထိုးသွင်းလိုက်ခြင်းဖြစ်သည် ခြင်းကိုက်သလို စစ်ကနဲ့ စူးရှနာကျင်သွားမည်၊ ဌင်းဆေးအသားတွင်း ၀င်သွားသည်နှင့် စက္ကန့် ပိုင်းအတွင်းမှာ မူးဝေလာမည်-အမြင်အာရုံဝေး၀ါးကာ သတိလွတ်သွားမည် ထိုအချိန်မှာ သင့်ကိုအနားမှာ အလိုက်သင့်တွဲခေါ်သူနောက်ပါသွားရတာပါ။
သည်ဆေးဝါ့းတွေကတော့ တရားဝင် ဆေးဝါး မဟုတ်ပါ။ ခွဲစိတ်ရာမှာ သုံးတဲ့သူ မေ့ဆေးအမျိုးစား တွေ date of rape သည့် မိန်းခလေးများအား ဆေးခတ် မုဒိန်းကျင့်နိုင်သောတားမြစ် မူးရစ်ထုံထိုင်း ဆေး တွေကို များသောအားဖြင့်သုံးကြသည်။
အဆိုပါဆေးဝါးတွေဟာ အမှုန့် -အဆီ-အရည် အမျိုးမျိုးထုတ်လုပ်ပြီး ဒုစရိုက်သမားများ သုံးနေကြ သည်၊ သူအဆက်သွယ်သွယ်နဲ့  ရှာရပါတယ် မူးရစ်ဆေးဝါးရှာရသည်ထက် လောက် မခက်လှပါ၊ ရန်ကုန်တွင်ကား အဌားယဉ်မောင်းသူ -ဇိမ်းခမ်းနဲ့  ကွမ်းယာဆိုင်တွေမှာပင် မျက်မှန်းတန်းမိလျှင်အလွယ်တကူဝယ်ရနိုင်၏။
တို့ ဆေးများကို ဒုစရိုက်လောကသားများ သုံးပြုနေပုံ
ဥပမာ ဘန်ကောက်မြို့ ကိုစရောက်လာပြီး နိုက်ကလပ်လိုနေရာမျိုးအားတဦးတည်း တယောက်ထဲ သွားမိသူတွေ အများဆုံး ခံရသည်၊ ညကပွဲရုံမှာ သားကောင်ရှာသူ အမျိုးသမီးနှင့်တွဲကမိရင် ရင်းနှီးကြ-အတူသောက်ပြီးရင် ကောင်မလေးက "အကိုနောက်လိုက်ခဲ့မယ်နော်" ဟုပြောကာ လူရှင်းသည့်တည်းခိုခန်းတွင်းရောက်သွားသည့်အခါအမျိုးသားအား ရေချိုးခိုင်း ပါလိမ့်မယ်။
အတူချိုးမယ်ဆိုလည်းလိုက်မည်မဟုတ်ပါ၊ မိန်းခလေးရေချိုးသည့်အလှည့်တွင် သူမဖွတ်ယူ လာသည့် ဆေးအဆီရည်ပုလင်းလေးတွင်းမှ ဆေးရည်စက်များကို လက်ဝါးပေါ်ထည့်၍ သူမရင်သားပေါ်မှာ လိမ်းထားပါလေသည်၊ဒါအပြင် ဘီယာခွတ်အတွင်းမှာလည်ူ အစက်ချထားတတ်သည်။
ကုတင်ပေါ်အိပ်တဲ့ကြတဲ့အခါ မှာ သာမန်နဲ့ မတူတဲ့ လိုက်လျှောမှုပေးပြီး သူမရင်သားကို ယောက်ကျားလေးမျက်နှာပေါ်ကပ်ရင်းမြူဆွယ်မည်၊မူးနေတဲ့ငနဲကတော့သိတဲ့အတိုင်း...ရင်သားတွေကို လျှာဖြင့်လျှက်သည့်ဖြစ်စေ ပါးစပ်ဖြင့်စုတ်သည်ဖြစ်စေ ဆေးရည်အဆီမှာ အမျိုးသား ပါစပ်တွင်းဝင်သွားပြီးနောက် မိနစ်ပိုင်းအတွင် ခေါင်းတွင်းချာချာလည်၍ အိပ်မောကြသွား ပါလိမ့်မယ်။
ဒီဆေးဟာ သုံးလေးနာရီလောက် သတိလစ်သွားစေနိုင်သဖြင့်၊ နိုးလာလျှင်တော့ အတွင်းခံ ဘောင်း ဘီသာကျန်ပါလိမ့်မည်။ သင်မှာတန်ဘိုးရှိတဲ့အရာအားလုံးဇိမ်နဲ့ မွေနှောက်ယူသွားပါပြီ။
နောက်သုံးတဲ့တနည်းက အငွေ့ ပါ -ရေမွေးဆပ်ပြာ အစရှိတဲ့ ရူရှိုက်မည့် ပစ္စည်းတွေမှာ အသင့်လုပ်ထားကြသည်၊ သားကောင်တွေကတော့ ပိုက်ဆံချမ်းသာတဲ့အိမ်မှာ တယောက်ထဲ နေတဲ့လူကြီးတွေ မိသားစုအပြင်ရောက်နေကြတုံး ၀တ်ကောင်းစားလှတွေဝတ်ပြီး အရောင်း စာရေး များကဲ့သို့  ဟန်ဆောင်ရင်း ဖေါ်ရည်စွာဆက်ဆံလျှက်အိမ်တွင်းသို့ ဝင်ဘို့ ကြိုးစားပါလိမ့်မည်။
နှစ်ယောက်သုံးယောက် အုပ်စုလိုက် လုပ်ကြသတဲ့ အလှပစ္စည်း အရောင်းကြော်ငြာပုံစံနဲ့ ဝင်ပြီး ရေမွှေး(သို့  )ဆပ်ပြာအား လူကြီးရော အိမ်ဖေါ်ပါ မည်းမျှအနံ့ ကောင်းကြောင်း နမ်းကြည့်ခိုင်း တဲ့အခါ မူးဝေပြီး မေ့သွားရော၊အဲဒိတော့မှ တအိမ်လုံးမှာရှိတဲ့ အဖိုးတန်ပစ္စည်းတွေ အေးဆေးယူ သွားကြမည်။
ယခုပြည်တွင်းမျာအများဆုံးသုံးနေတာ တို့ ဆေးဆိုပြီးေ၇ွှတွေဆင်ထားတဲ့ သူတွေ ခလေးတွေ ကို အနားကပ်ပြီး ဆေးထည့်ထားတဲ့ အပ်နဲ့ ပုတ်ထိုးခြင်း လိုက်ခြင်းဖြစ်သည် ခံရတဲ့သူက အဆိုပါမူး ရစ် ဆေး အသားတွင်းရောက်သည်အခါ ချက်ချင်း ဆေးရှိန်တက်လာလို့  ယိုင်လည်းခွေကျ သွားနိုင် ၏၊ ဘာမှမသိတော့အောင် မျှောသွားပြီး ကိုယ်အတွင်း ပိုင်းကြွက်သားများ လှုပ်မရ အောင်ထုံနေ ပါသည်။
အများဆုံးသုံးနေသည့် ဆေးဝါးများ
Ketamine ကို အမေရိကတွင် လူများနှင့် တိရိစ္ဆာန်များ အတွက် မေ့ဆေး တစ်မျိုး အဖြစ် တရားဝင် သုံးစွဲကြ သည်။ သို့သော် ဥရောပနှင့် မက္ကစီကိုတို့တွင် အိပ်မပျော်သည့် ရောဂါများ အတွက် သောက်ရန် ညွှန်လေ့ရှိပြီး ခွဲစိတ်ရာတွင် မေ့ဆေး အဖြစ်လည်း တရားဝင် အသုံးပြု တတ်ကြသည်။တိရစ္ဆာန်များတွင် အများဆုံး အသုံးပြု ကြသည်။ တိရိစ္ဆာန် ဆေးခန်းများရှိ Ketamine ဆေးများအား မကြာခဏ လုယက် ခံကြရကြောင်း သိရသည်။
ဆေးခတ် ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက် များအား မမှတ်မိခြင်း သွေးပေါင်ချိန် ကျခြင်း အိပ်ချင်လာခြင်း ကြွက်သားများ အားလျှော့ လာခြင်း သို့မဟုတ် ကြွက်သားများအား ထိန်းချုပ်နိုင်စွမ်း မရှိတော့ခြင်း အရက်မူး သကဲ့သို့ ဖြစ်ခြင်း မအီမသာနှင့် ပျို့ချင် အန်ချင်စိတ် ဖြစ်ခြင်း စကား မပြောနိုင်တော့ခြင်း လှုပ်ရှားရန် ခက်ခဲလာခြင်း အသိစိတ် ပျောက်ဆုံးခြင်း ဇဝေဇ၀ါ ဖြစ်ခြင်း အမြင်ေ၀၀ါးလာခြင်း မူးဝေခြင်း အစာအိမ် မအီမသာ ဖြစ်ခြင်းများ ဖြစ်ပါသည်။
GHB ၏ အာနိသင်များ
အာရုံ စူးစိုက်နိုင်မှု လျှော့ကျခြင်း အိပ်ချင်မူးတူး ဖြစ်ခြင်း မူးဝေခြင်း မအီမသာနှင့် ပျို့ချင် အန်ချင် စိတ်ဖြစ်ခြင်း အမြင်ေ၀၀ါးလာခြင်း သတိလစ်ခြင်း လေဖြတ်သကဲ့သို့ ဖြစ်ခြင်း ဆေးခတ်ခံ ရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား မမှတ်မိခြင်း အသက်ရှူရန် ခက်ခဲခြင်း တုန်တုန် ယင်ယင်ဖြစ်ခြင်း ချွေးထွက်ခြင်း အော့အန်ခြင်း နှလုံးခုန်နှုန်း နှေးကွေးခြင်း အိပ်မက်ကဲ့သို့ ခံစားရခြင်း သတိမေ့မြောခြင်း (ဦးနှောက်အလုပ် ရပ်ဆိုင်းခြင်း – coma) သေဆုံးခြင်း
Ketamine ၏ အာနိသင်များ
စိတ်အာရုံ ချောက်ခြားခြင်း အချိန်နှင့် အမှတ်အသား များအား မှတ်သားနိုင်စွမ်း ပျောက်ဆုံးခြင်း အမြင်နှင့် အကြား အာရုံများ မမှန်မကန် ဖြစ်လာခြင်း မိမိကိုယ်ကို မထိန်းသိမ်းနိုင်ဟု ခံစားလာရခြင်း လှုပ်ရှား နိုင်စွမ်းအား ထိခိုက်လာခြင်း အသက်ရှူရန် ခက်ခဲလာခြင်း အူတက်အောင်ရယ်ခြင်း အော့အန်ခြင်း ခန္ဓာကိုယ် ထိတွေ့ ခံစားနိုင်စွမ်း မရှိတော့ခြင်း မှတ်ဉာဏ် ထိခိုက်ခြင်း အိပ်မက်ကဲ့သို့ ခံစားရခြင်း ထုံထိုင်းခြင်း လှုပ်ရှားမှုအား ဟန်ချက်ညီအောင် ထိန်းနိုင်စွမ်း ပျောက်ဆုံးခြင်း အမူအရာြ
ကမ်းတမ်းလာခြင်း များဖြစ်ပါသည်။
ကြိုတင်၍ ကာကွယ်ဘို့ ဆိုသည်မှာ အနီးပါတ်ဝန်ကျင်မှ လူစိမ်းများကို အခါမလပ် သတိဖြင့် စောင့်ကြ ည့်ရမည့် အပြင် အသွားအလာကို တဦးတယောက်ထဲသွားမည့်အစား အဖေါ်နှင့် သွားလာရပါမည်၊ ခလေးများအား တဦးတည်း မိမိမျက်စေ့အောက်မှ နာရီပိုင်းမိနစ်ပိုင်းသွား ရမည့် နေရာများအား မလွှတ်မိစေရန် လိုပါသည်။
ခေတ်ပျက် ကာလတွင် မသမာသူများ-ဒုစရိုက်သမားများ လူယုတ်မာများ ပေါသည်ထက်ပေါ လာပြီဖြစ်၍ သွားသတိ-စားသတိ-နေသတိ ရှိနိုင်ကြပါစေ။
ဖိုးသူတော် (www.phothutaw.com)
Credit:Salai Cho
Sunday, 2 October 2016
Saturday, 1 October 2016
အမုန်းစကားတားဆီးကာကွယ်ရေးဥပဒေကြမ်းရေးဆွဲတင်ပြထား၂ဝ၁၇ ခုနှစ်အတွင်း ပြဋ္ဌာန်းနိုင်မည်ဟုဆို
နေပြည်တော် အောက်တိုဘာ ၁
ဘာသာရေးကိစ္စများအားအခြေခံကာလူမျိုးစုများ အလိုက် ပဋိပက္ခမဖြစ်ပေါ်စေရန်အတွက်အမုန်း စကားတားဆီးကာကွယ်ရေးဥပဒေကြမ်းအား ရေးဆွဲ တင်ပြထားပြီး ယင်းဥပဒေအား၂ဝ၁၇ခုနှစ်အတွင်း တွင်ပြဋ္ဌာန်းနိုင်မည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ် ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြော ကြားခဲ့သည်။
၂ဝ၁၆ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို နေ့အခမ်းအနားပြီးဆုံးချိန်ကံအေနှစနနအ့ ရေးဆွဲနေ မှု မည်သည့်အဆင့်သို့ ရောက်ရှိနေကြောင်းသိရှိလို ခြင်းနှင့်ပတ်သက်၍ သတင်းမီဒီယာတို့၏ မေးမြန်းခဲ့ ခြင်းအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားမှုအရ သိရသည်။ 'ဒီဥပဒေကိုပြဋ္ဌာန်းနိုင်တဲ့ အဆင့်ရောက်ရှိဖို့အတွက် တစ်နှစ် လောက်တော့ ကြာဦးမယ်လို့ခန့် မှန်းထားပါတယ်။ အခုမှပြည် ထောင်စုအစိုးရအဖွဲ့ ကက်ဘိနက် အစည်းအဝေးကို တင်ပြထားတဲ့ အဆင့်ပဲရှိပါသေးတယ်။ ကက် ဘိနက်ကအတည်ပြုပြီးတော့မှ ပြည်ထောင်စုလွှတ်တော်ကိုပို့ပြီး လွှတ်တော်ကိုယ်စားလှယ်တွေကျယ် ကျယ်ပြန့်ပြန့်ဆွေးနွေးပြီးတော့မှ ဒီဥပဒေကိုပြဋ္ဌာန်းနိုင်မှာ ဖြစ်ပါ တယ်''ဟု သတင်းမီဒီယာများသို့ ပြောကြားခဲ့သည်။
အဆိုပါ ဥပဒေကြမ်းအား ဘာသာရေးအခြေခံ၍လူမျိုးအလိုက် ပဋိပက္ခများမဖြစ်ပေါ်စေရန်အတွက် အမုန်းစကားကာကွယ်ရေးဥပဒေ ကြမ်းအဖြစ် ဘာသာပေါင်းစုံချစ် ကြည်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ မှပထမဆုံးမူကြမ်းအား ရေးဆွဲခဲ့ ခြင်းဖြစ်ကာ လွန်ခဲ့သည့်နှစ်လခန့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသို့တင်ပေးခဲ့ကြောင်းနှင့် ယင်းသို့ တင်ပေးခဲ့ခြင်းအား ဝန်ကြီးဌာနမှဥပဒေသမားများအပြင် ပြင်ပမှ ဥပဒေပညာရှင်များနှင့် အသေးစိတ်လေ့လာမှုများပြုလုပ်ပြီး မျှတသည့် ဘာသာပေါင်းစုံလက်ခံ နိုင်သည့်ဥပဒေကြမ်းတစ်ရပ်ဖြစ်ရန် ပြန်လည်ရေးဆွဲကာ ၂ဝ၁၆ ခုနှစ် ဇူလိုင်လက ပြည်ထောင်စုရှေ့နေ ချုပ်ရုံးသို့ ရှေ့နေချုပ်ရုံး၏သဘော ထားမှတ်ချက်ရရှိရန် ပေးပို့ခဲ့ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ မိမိတို့ ဝန်ကြီးဌာနသို့ သဘောထားမှတ် ချက်များဖြင့်ပြန်လည်ပေးပို့ခဲ့သည့် ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့အကြံ ပြုချက်များအား ဥပဒေပညာရှင် များနှင့် ထပ်မံညှိနှိုင်းကာ ဒုတိယ မူကြမ်းအဖြစ် ပြန်လည်ပြင်ဆင် ရေးဆွဲ၍ ပြည်ထောင်စုရှေ့နေချုပ် ရုံးသို့ထပ်မံပေးပို့ထားကြောင်းနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ပြန် လည်ပေးပို့လာပါကအဆိုပါဥပဒေ ကြမ်းအားနိုင်ငံတော်အစိုးရအဖွဲ့ ကက်ဘိနက်အစည်းအဝေးသို့တင် ပြရမည်ဖြစ်ပြီး အစိုးရအဖွဲ့အစည်း အဝေးကက်ဘိနက်မှ အဆင့်ဆင့် ဆုံးဖြတ်မှုများအရ ပြည်ထောင်စု လွှတ်တော်သို့ဆက်လက်တင်ပြကာ လွှတ်တော်ကိုယ်စားလှယ်များ၏ ဝေဖန်ဆွေးနွေးမှုများဖြင့် အတည် ပြုပြဋ္ဌာန်းရမှာဖြစ်သည့်အတွက် ယင်းအနေအထားရောက်ရှိရန် တစ် နှစ်ခန့်ကြာမြင့်မှာဖြစ်ကြောင်းနှင့် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကုလသမဂ္ဂအထွေထွေအတွင်းရေး မှူးချုပ်မစ္စတာဘန်ကီမွန်းရောက်ရှိ စဉ်ဘာသာပေါင်းစုံမှ တာဝန်ရှိသူ များနှင့်တွေ့ဆုံပြီး Hate Speeth ဥပဒေပထမမူကြမ်းနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ရာတွင်လည်း လက်ခံနိုင်သည့်အဆင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုသိရပြီး ဖော်ပြ ပါလုပ်ငန်းအဆင့်ဆင့်ပြီးဆုံးပါက ၂ဝ၁၇ခုနှစ်အတွင်းအဆိုပါဥပဒေပြ ဋ္ဌာန်းနိုင်မည်ဖြစ်ကြောင်းသိရသည်။
Subscribe to:
Posts (Atom)