နောက်ဆုံး တင်သမျှ

Sunday, 25 September 2016

Chromebook လက်ပ်တော့များတွင် Android app များတပ်ဆင်အသုံးပြုနိုင်တော့မည်


ကယ်လီဖိုးနီးယား စက်တင်ဘာ၂၅

Google  မှ မကြာသေးမီက ဖန်တီးထုတ်လုပ်ခဲ့သည့် Stable version Chrome OS  တွင် Goo-gle  Play Store ကို Beta အဆင့် အသုံးပြုနိုင်မည်ဟု သိရသည်။ ပုံမှန် Web Access အသုံးပြုနိုင် သည့်အပေါ်တွင် မိုဘိုင်း apps  များထပ်ဆောင်းအသုံးပြုနိုင်မည့် အခွင့်အလမ်း ရရှိလာမည်ဟု ဆိုသည်။ သို့သော် အသုံးပြုမည့် ကွန်ပျူတာအမျိုးအစားပေါ်မူတည် ၍ အသုံးပြုနိုင်မည့်အခြေအနေ ကွာခြားနိုင်ကြောင်း၊လက်ရှိအချိန် တွင် Acer Chromebook R11 သို့မဟုတ် ASUS Chromebook Flip အမျိုးအစား လက်ပ်တော့ ကွန်ပျူတာများတွင်  update ရယူ အသုံးပြုနိုင်ကောင်း အသုံးပြုနိုင် ဖွယ်ရှိသော်လည်းဖော်ပြထားသလို ထူးခြားချက်များအတိုင်း တွေ့မြင်ရ မည်မဟုတ်သေးဟု သိရသည်။ သို့သော်နောက်ဆုံးထုတ် Chro-mebook Pixel 2 သည် beta Chrome OS တွင် Android app များကို အထောက်အပံ့ပေးနိုင်သည့် တစ်ခုတည်းသော ကွန်ပျူတာဖြစ် လာနိုင်ဖွယ်ရှိကြောင်း ယူဆရ သော်လည်း နောက်ထပ်မည်သည့် စနစ်များပေါ်ထွက်လာမည်ဆိုသည် မှာမသေချာဟုဆိုသည်။ HP ၊ Lenovo နှင့်Samsung စသည့် အခြားအမှတ်တံဆိပ်ကွန်ပျူတာများ အားလုံးပေါ်တွင် အဆိုပါ Chr-ome OSအသုံးပြုလာနိုင်မည့် ရက်ကို စောင့်ဆိုင်းရဦးမည်ဖြစ် ကြောင်း၊ သို့သော် အသုံးပြုသူများ အနေဖြင့် မိမိတို့အနှစ်သက်ဆုံး phone app  များကိုPC တွင် သက်သောင့်သက်သာအသုံးပြုလာ နိုင်မည့်ရက်မှာမဝေးတော့ဟု သိရ သည်။
Ref: www.engadget.com