ဒေါ်စုကြည် ခေါင်းကောင်းခဲ့ပါတယ်...
သမ္မတအထက်မှာ.. သူမ နေလိုရတယ် ဆိုတာမျိုး ကို ချပြရဲခဲ့ပါတယ်..။
သူမ အနေဖြင့် ၂၀၁၀ကာလ မှာကတည်းက သူမ ပါတီ အနိုင်ရမယ် လို့ လည်းထင်ခဲ့မှာပဲ...
တကယ်ပြိုင်ခဲ့ပါ...တကယ်နိုင်ပါလိမ့်မည်.
ဒါပေမဲ့သူမ ငြင်းပယ် ပြီးမပြိုင်ခဲ့ပါဘူး...
ဦးသိန်းစိန် အစိုးရကို ထိုးကျွေးပြီး ..အတိုက်အခံ အနေဖြင့် အနောက်မှ ဖိအားပေး နေခဲ့ပါတယ်။
သူမ ဖိအားပေးနေမှု့ များရှိနေချင်းကြောင့် ဦးသိန်းစိန် အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲမှု့ များ အရှိန်အဟုန်မြှင့် စောင်ရွက်မှု့ ပြုခဲ့ကြပါတယ်
စိးပွားရေး ၊ ပညာရေး ၊ လူမှု့ ရေး ၊ နိုင်ငံတကာဆက်စံရေး၊ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ များက အစ အများကြီးတိုးတက်ပြောင်းလဲခဲ့ပါတယ်။
အကယ်၍ သူမသာ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ပြိုင်ပြီး သူမပါတီ ကသာ အနိုင်ရခဲ့မယ် ဆိုရင်တောင် သူမ တို့ အစိုးရအဖွဲ့ အနေဖြင့်
ဦးသိန်းစိန် အစိုးရလောက် အောင်မြင်မှု့ မရနိုင်ပါဘူး ။
ထို့ကြောင့် သူမ အနေဖြင့် ၅နှစ်တာ စောင့်စားရင်း အကြံကြီးစွာဖြင့် ၂၀၁၅ ခုနှစ်မှ ဝင်ရောက် ယှဉ်ပြိုင်ကာ အဆင်သင့်ခူးခပ်စားသွားပါကြောင်း။
ဥပမာ ပေါ့ဗျာ ကျနော့်ကို အဝေးပြေးလမ်းမ ပေါ်က ၁၀၅ မိုင် ယာဉ်ရပ်နား စခန်း စဖွင့်ချိန် ကျနော်ကို ထိုရပ်နားစခန်းရှိ ဆိုင်တစ်ဆိုင်ကို တာဝန်ယူခိုင်းပါ ကျနော်မယူရဲပါဘူး သို့ရာတွင် ယခုအချိန်မှာ တာဝန်ယူခိုင်းမည်ဆိုပါက က မကြောက်မရွံ့ တာဝန်ယူရဲပါကြောင်း ။
မောင်နှင်းစက် (စော်ကြည်)
နောက်ဆုံး တင်သမျှ
Wednesday, 11 November 2015
Tuesday, 10 November 2015
ဒါတွေဘယ်လိုဖြေရှင်းမလဲ
မြစ်ဆုံ၊
ငြိမ်းချမ်းရေး၊
လက်ပံတောင်းတောင်၊
ကျောက်ဖြူ၊
ဘင်္ဂါလီ၊
ပညာရေးဥပဒေ၊
ယာဉ်ပိတ်ဆို့မှု၊
မြေယာပြဿနာ၊
ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်း၊
နယ်စပ်ပြဿနာများ၊
မီဒီယာလွတ်လပ်ခွင့်၊
လူ့အခွင့်အရေးစံနှုန်း၊
ကျွမ်းကျင်အလုပ်သမားရှားပါးမှု၊
မြင့်မားနေတဲ့ကုန်ဈေးနှုန်း၊
သမဝါယမလုပ်ငန်းစဉ်၊
ငွေကြေးဖောင်းပွမှု
ယဉ်ကျေးမှုပေါက်ကွဲမှုပြဿနာ
ဘာသာရေးလွတ်လပ်ခွင့်နှင့်အမျိုးသားရေး
ဆူ စု စီ ပြဿနာ
အကျင့်ပျက်ခြစားမှု
သယ်ယူပို့ဆောင်ရေး
လူကုန်ကူးမှု
မူးယစ်ဆေးဝါးပြဿနာ
ငြိမ်းချမ်းရေး၊
လက်ပံတောင်းတောင်၊
ကျောက်ဖြူ၊
ဘင်္ဂါလီ၊
ပညာရေးဥပဒေ၊
ယာဉ်ပိတ်ဆို့မှု၊
မြေယာပြဿနာ၊
ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်း၊
နယ်စပ်ပြဿနာများ၊
မီဒီယာလွတ်လပ်ခွင့်၊
လူ့အခွင့်အရေးစံနှုန်း၊
ကျွမ်းကျင်အလုပ်သမားရှားပါးမှု၊
မြင့်မားနေတဲ့ကုန်ဈေးနှုန်း၊
သမဝါယမလုပ်ငန်းစဉ်၊
ငွေကြေးဖောင်းပွမှု
ယဉ်ကျေးမှုပေါက်ကွဲမှုပြဿနာ
ဘာသာရေးလွတ်လပ်ခွင့်နှင့်အမျိုးသားရေး
ဆူ စု စီ ပြဿနာ
အကျင့်ပျက်ခြစားမှု
သယ်ယူပို့ဆောင်ရေး
လူကုန်ကူးမှု
မူးယစ်ဆေးဝါးပြဿနာ
ဖြေပါ
အမေရိကန် နဲ့ ဗြိတိန် တပ် တွေ က များ မြန်မာပြည် မှာ လာပြီး စစ်စခန်း အခြေစိုက် မယ်ဆိုရင်၊
NLD ပါတီ အနေဖြင့် သဘောတူမယ်ထင်ပါသလား...?
လူ့အခွင့်အရေး အရ ဘင်္ဂါလီ ကို မြန်မာ တိုင်းရင်းသား စာရင်းထဲသို့ ရိုဟင်ဂျာအဖြစ် တရားဝင်အသိအမှတ် ပြုဖြစ်မယ်ထင်ပါသလား...?
အရေးကြီးဆုံး အနေဖြင့် လွတ်တော်ထဲမှာ...အိပ်ငိုက်နေကြမှာလား?

Monday, 9 November 2015
ကျနော်ရင်ထဲက သမ္မတကြီး
ဟင်အင်း...သမ္မတကြီးမရှုံးပါဘူး..ဟုတ်တယ်
သမ္မတကြီးလုံးဝမရှုံးပါဘူး..သမ္မတကြီးနိုင်သွားတယ်
သမ္မတကြီးက မဲအပြတ်အသတ်နဲ့နိုင်သွားတယ်
အဲ့သည်မဲတွေက စာရွက်ပေါ်ကမဲတွေမဟုတ်ဘူး
ဟောဒီ ရင်ဘတ်ထဲက မဲတွေ..ဟောဒီ မြန်မာပြည်သမိုင်းမှာ
ခေတ်အဆက်ဆက် ရေးထိုးထားရမယ့် မဲတွေ..
လွပ်လပ်သူတို့ ကိုယ့်နာမည်ကိုယ် ကျူးရင့်တိုင်း
အခါခါ အမှတ်ရနေမယ့်မဲတွေ...။
နှစ်ပေါင်းများစွာ ယိုယွင်းကျနေတဲ့ နိုင်ငံမှာ
အာဏာရှင်စနစ်ရဲ့ လက်ညိုးတွေ သူ့ကိုလာထိုးခဲ့တယ်
အကြောက်တရားကပေါက်ဖွားခဲ့တဲ့ အမုန်းတွေ
သူ့ဆီတည့်တည့် စိုက်ဝင်ခဲ့တယ်..
၁၆ နှစ်သားလေးရဲ့ Keyboard ပေါ်က ရဲရဲတောက်
ဆဲဆိုသံတွေ သူမျက်နှာရှေ့မှာ ဖြတ်ဖြတ် ပျံ သွားတယ်
မျှော်မှန်းသလောက် ခရီးမပေါက်ခဲ့တာကလွဲလို့
သူဟာ အရှေ့ကိုပဲ တည့်တည့်လျောက်ခဲ့တယ်
သူဟာ အရွေ့ကို ပဲ အားစိုက်ဖောက်ခဲ့တယ်..။
အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီ အကူးအပြောင်းကြား
သူ့ကိုယ်သူ ပေါင်းကူးတံတားအဖြစ် ထိုးပေးခဲ့တယ်
သူ့ရင်ဘတ်မှာ နှလုံးခုန်စက်နဲ့..သူ့ဝင်သက်ထွက်သက်မှာ
သူ့ရဲ့ သမိုင်းအတွက် သူ့နိုင်ငံရဲ့ အနာဂတ်အတွက်
သူဟာ လင်းလက် ပြခဲ့တယ်..။
နောင်တစ်ချိန် ကျွန်တော့်မှာ သား/သမီး/မြေး/မြစ် တွေ
ရလာတဲ့အခါ သူ့အကြောင်းကို အိပ်ယာဝင်ပုံပြင်တစ်ပုဒ်လို
မမောတမ်း မပန်းတမ်း ဂုဏ်ယူဝမ်းနည်းစွာနဲ့
တဖွဖွ တသသ သတိတရ ပြောဖြစ်နေမှာပါ...။
ဘယ်သူတွေ ဘယ်လိုနိုင်နိုင်...
ကျွန်တော့ ရင်ဘတ်ထဲမှာတော့ သမ္မတကြီးသာ နိုင်တယ်..။
#Copy

Subscribe to:
Posts (Atom)