နောက်ဆုံး တင်သမျှ

Wednesday, 31 August 2016

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ အခမ်းအနားဖွင့်ပွဲမိန့်ခွန်း



ယနေ့ ကျွန်မတို့ရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံညီလာခံ ဖွင့်ပွဲအခမ်းအနားကို ကြွရောက်လာကြတဲ့ ဧည်သည်တော်များ၊ ကိုယ်စားလှယ်များနဲ့တကွ၊ ယခုလို အချိန်အခါမှာ ကျွန်မတို့နဲ့အတူ စိတ်အားဖြင့် ရှိနေသူပုဂ္ဂိုလ်များအားလုံးနှလုံး စိတ်ဝမ်း အေးချမ်းကြပါစေ၊ ကောင်းကျိုး လိုရာ ဆန္ဒအဝဝနဲ့ ပြည့်စုံကြပါစေလို့ ပဏမအားဖြင့် ဆုတောင်းမေတ္တာပို့သ ပါတယ်။

ဒီခန်းမကြီးဟာ ငြိမ်းချမ်းရေးကို မြတ်နိုး တန်ဖိုးထားတဲ့ ဧည့်သည်တော်များ၊ ကိုယ်စားလှယ်များ၊ ကိုယ်စားလှယ်များနဲ့သာ ပြည့်နေရုံမက၊ ကမ္ဘာတစ်ဝှမ်းက ကျွန်မတို့အပေါ် စိတ်ကောင်းစေတနာထားတဲ့ မိတ်ဆွေများရဲ့ မျှော်လင့်ချက်တွေ၊ ကျွန်မတို့ ပြည်သူပြည်သားတွေရဲ့ အိပ်မက် တမ်းတချက်တွေနဲ့ လျှံနေပါတယ်။ ဒီမျှော်လင့်ချက်တွေ ဖြည့်ဆည်းပေးဖို့၊ ဒီအိပ်မက်တွေ အကောင်အထည်အဖော် ပေးဖို့ဆိုတာ လွန်စွာ ကြီးမားတဲ့ တာဝန်ကြီးဖြစ်ပါတယ်။ ကြီးမားပေမဲ့ ကြီးလေးတယ်လို့တော့ မဆိုလိုပါဘူး။

ပြည်တွင်းငြိမ်းချမ်းရေးဆိုတဲ့ အနှိုင်းမဲ့ပျော်ရွှင်ချမ်းမြေ့မှုကြီးကို မခံစားသွားရရှာတဲ့ ဒီလောကကြီးမှ ထွက်ခွာသွားပြီဖြစ်တဲ့ နိုင်ငံချစ်ပုဂ္ဂိုလ်တွေအပေါ် သစ္စာစောင့်သိခြင်း၊ လက်ရှိပစ္စုပန် ကာလမှာ ငြိမ်းချမ်းမှုမရှိခြင်းရဲ့ ဒုက္ခတွေကို ခါးစည်းခံနေရတဲ့ ပြည်သူတွေအပေါ် ထားအပ်တဲ့ကရုဏကို အတည်ပြုခြင်း၊ ကျွန်မတို့ ထားခဲ့မယ့် ကောင်းမွေ၊ ဆိုးမွေမှန်သမျှကို ဆက်ခံရ မယ့် အနာဂတ်မျိုးဆက်သစ်တွေအားလုံးအပေါ် မေတ္တာ သက်သေထူခြင်းအရ ထမ်းဆောင်ရတဲ့ တာဝန် ဆိုတာဟာ ကြီးလေးတယ်လို့ မရှိနိုင်ပါဘူး။ သမိုင်းမှတ်ကျောက် တင်လောက်အောင် လုပ်ငန်းကြီးတစ်ခု အောင်မြင်အောင် လုပ်နိုင်ဖို့ ဘာနဲ့မှမတူတဲ့ ထူးခြားတဲ့ အခွင့်အရေးကြီးတစ်ရပ် ရခြင်းဖြစ်ပါတယ်။

ဒီအခွင့်အရေးကြီးကို ကျွန်မတို့အားလုံး ပညာတတ်သိ၊ လုံ့လ၀ီရိယနဲ့ မိမိရရ ဆုပ်ကိုင်ပြီး အလင်းရောင်သန်းတဲ့ အနာဂတ်တစ်ရပ် ဖော်ထုတ်ကြပါစို့။မတူညီတဲ့ အမြင်သဘောထားတွေကို ပြည်သူတွေ ကောင်းကျိုးအတွက် ညှိနှိုင်းစွမ်းဖြစ်စေတဲ့ ပညာ ၊ လက်ခံသင့်တဲ့ အတွေးအခေါ် အပြုအမူအသစ်တွေကို လက်ခံရဲတဲ့သတ္တိ၊ ခက်ခဲတဲ့လုပ်ငန်းတွေကို အောင်မြင်သည်ထိ ဆောင်ရွက်နိုင်တဲ့ ၀ီရိယတို့နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖြစ်စဉ်ကြီးမှာ ပါဝင်သူအားလုံးဟာ မိမိတို့ရဲ့ကဏ္ဍ သေးသည် ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ကြိုးပမ်းဆောင်ရွက် သွားမယ်ဆိုရင် ကျွန်မတို့မျှော်မှန်းတမ်းတနေတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို စတင် တည်ထောင်စဉ်က ပြည်ထောင်စု တိုင်းရင်းသား အချင်းချင်း အပြန်အလှန် လေးစားခြင်း၊ ညှိနှိုင်းဆွေးနွေး အဖြေရှာခြင်းတို့မှာ အခြေခံမှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲတွေဟာ တန်းတူရည်တူအခွင့်အရေးတွေကို အာမခံခြင်း၊ ပြည်ထောင်စုသား တိုင်းရင်းသားအချင်းချင်း ပြန်အလှန်လေးစားခြင်း၊ အပြန်အလှန်ယုံကြည်မှု ရယူပြီး ညှိနှိုင်းဆွေးအဖြေရှာခြင်းတို့အပေါ် အခြေခံမှာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာတဲ့ အမျိုးသားရင်ကြားစေ့ရေး မူကို အခြေခံတဲ့အစိုးရကလည်း ဒီရည်မှန်းချက်တွေကို အကောင်အထည် ဖော်ဖို့ စိတ်အားထက်သန် ပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် ဆိုင်ရာ သဘောတူညီစာချုပ် NCA ဆိုတာ ငြိမ်းချမ်းရေးအတွက် သာမက ကျွန်မတို့အားလုံး ရှည်ကြာစွာ မျှော်မှန်းခဲ့တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် အစဦး ခြေလှမ်းဖြစ်ပါတယ်။

NCA နဲ့ပတ်သက်လို့ လက်မှတ်ထိုးခဲ့တဲ့ အဖွဲ့တွေရှိသလို၊ အကြောင်းကြောင်းကြောင့် မထိုးရသေး တဲ့ အဖွဲ့တွေလည်း ရှိနေပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်ပြီးပြုလုပ်တဲ့အခါမှာ NCAကို အခြေခံ ပြီး ဆောင်ရွက်သွားရမှာ ဖြစ်တဲ့အတွက် ကျွန်မတို့ အစိုးရသစ် လက်ထက်မှာ NCA လက်မှတ်ထိုးဖို့ ကျန်နေတဲ့အဖွဲ့တွေ ပါဝင်လာနိုင်အောင် အထူးအလေးထားပြီး ဆောင်ရွက်လျက်ရှိပါတယ်။အမျိုးသား ရင်ကြားစေ့ရေးဟာ ပြည်ထောင်စုသား အားလုံးနဲ့ဆိုင်ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အချင်းချင်း ကြားက သင့်မြတ်ရေး လည်း ပါဝင်ပါတယ်။ NCA လက်မှတ်ထိုးပြီးဖြစ်တဲ့ အဖွဲ့တွေနဲ့ NCA မထိုးရသေးတဲ့ အဖွဲ့တွေကြားမှာ ၀ိဝါဒကွဲပြားမှုတွေ ဖြစ်ပေါ်နေရင် ကျွန်မတို့ ငြိမ်းချမ်းရေးခရီးဟာ နှောင့်နှေးကြန့်ကြာမှုတွေဖြစ်လာနိုင်ပါတယ်။ ကျွန်မတို့ တိုင်းရင်းသား အချင်းချင်းကြားမှာ နားလည်မှု လွဲမှားတာတွေ စိတ်ဝမ်းကွဲပြားမှုတွေမရှိစေဖို့ ဘုံသဘောတူညီချက်ဖြစ်တဲ့ NCA ရဲ့ ထီးရိပ် အောက်မှာအားလုံးရောက်ရှိလာအောင် ကျွန်မတို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ အစိုးရဖြစ်လာတဲ့ ကျွန်မတို့ဟာ မဲဆန္ဒရှင်များအပ်နှင်းလိုက်တဲ့ လုပ်ပိုင်ခွင့် အာဏအရ နိုင်ငံသူနိုင်ငံသားတွေ ခေတ်အဆက်ဆက် မျှော်လင့်တောင့်တ ခဲ့ကြတဲ့ ရေရှည်တည်တံ့ခိုင်မြဲစေမယ့် ငြိမ်းချမ်းရေးကို ရယူပေးဖို့ ကြိုးပမ်းရန် ဆုံးဖြတ်ခဲ့ပါတယ်။

ကျွန်မတို့ရဲ့ ပြည်ထောင်စုသား အားလုံးအပေါ် ယုံကြည်မှု အပြည့်အ၀နဲ့ ငြိမ်းချမ်းရေးခရီးကို လျှောက်လှမ်းဖို့ ကျွန်မတို့ စတင်ခဲ့ပါတယ်။ ကျွန်မတို့နိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ညီညွတ်ရေး မတည်ဆောက်နိုင်ရင် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးကို ဘယ်လိုမှ တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်မတို့အားလုံး ညီညွတ်မှ ကျွန်မတို့နိုင်ငံ ငြိမ်းချမ်းပါမယ်။ ကျွန်မတို့နိုင်ငံငြိမ်းချမ်းမှ အခြားဒေသအတွင်း နိုင်ငံတွေ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံတွေနဲ့ ရင်ဘောင်တန်း နိုင်မှာပါ။

အချိန်လွန်နေပြီဖြစ်တဲ့ ငြိမ်းချမ်းရေးရဖို့အတွက် ကျွန်မတို့ဆွေးနွေးရမယ်။ ညှိနှိုင်းရမယ်။ ဒီလိုမျိုးနိုင်ငံရေး စားပွဲဝိုင်းမှာ စေ့စပ်ညှိနှိုင်း အဖြေရှာကြမယ်ဆိုရင် အားလုံးသဘောတူ လက်ခံနိုင်မယ့် မူဘောင်တစ်ခု မရှိမဖြစ်လိုအပ်ပါတယ်။

NCA သဘောတူညီမှုအရ နိုင်ငံရေး သဘောတူညီမှု မူဘောင် Political Dialogue Framework ကို ပြီးခဲ့ကာလမှာ ရေးဆွဲခဲ့ကတည်း ကပြောင်းလွယ်၊ ပြင်လွယ် ဆောင်ရွက်နိုင်အောင် လုပ်ကြဖို့ တိုက်တွန်း ခဲ့ပါတယ်။ ရွေးကောက်ပွဲ အပြီးမှာ နိုင်ငံရေးအခင်းအကျင်းတွေ ပြောင်းလဲလာနိုင်တဲ့ မျော်မှန်းလာနိုင်တဲ့ ကျွန်မတို့ ဒီလိုတိုက် တွန်းခဲ့ပဲဖြစ်ပါတယ်။

ကျွန်မတို့အစိုးရအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ စတင်ဆောင်ရွက်စဉ်က စပြီး နိုင်ငံရေးဆွေးနွေး၊ မူဘောင် ပြန်လည်သုံးသပ်ရေး လုပ်ငန်းတွေကို NCA လက်မှတ်ထိုးခဲ့တဲ့ အဖွဲ့တွေနဲ့ ညှိနှိုင်း ဆောင်ရွက် ခဲ့ပါတယ်။ တစ်ချိန်တည်းမှာ လက်မှတ် မထိုးရသေးတဲ့ လက်ကျန် အဖွဲ့တွေ ပါဝင်လာနိုင်အောင်လို့ ဆောင်ရွက်ပေးခဲ့တယ်။

လက်နက်ကိုင် ပဋိပက္ခတွေရဲ့ မူလဇာစ်မြစ်ဖြစ်တဲ့ နိုင်ငံရေးပြသ၁နာ တွေကို ဖြေရှင်းနိုင်ဖို့ အဓိကလိုအပ်ချက်ဟာ အပြန်အလှန် နားလည်မှု၊ အပြန်အလှန်ယုံကြည်မှုနဲ့ ပူးပေါင်း အဖြေရှာနိုင်ဖို့ဖြစ်တယ်ဆိုတာကို အမြဲပဲခံယူထားခဲ့ပါတယ်။ပြည်သူလူထုအားလုံးရဲ့ လွတ်လပ်ရေး အတွက် မျှော်လင့်ချက်ကို ညီညွတ်ခြင်း ပေါင်းစည်းခြင်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်တဲ့ ပင်လုံစိတ်ဓာတ်ဟာ ဆိုရင် ကျွန်မတို့လက်ရှိ ရောက်ရှိနေတဲ့ ၂၁ ရာစုအတွက်လည်း မရှိမဖြစ် လိုအပ်ချက်တွေပါပဲ။

ကျွန်မတို့အားလုံး မျှော်မှန်းတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်လို့ ရှိရင် ကျွန်မတို့ တိုင်းရင်းသားတွေ အားလုံး ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး တန်းတူညီတူ စုပေါင်းဆွေးနွေးညှိနှိုင်း အဖြေရှာစေမယ့် ၂၁ ရာစုမှာ ညီလာခံဖြစ်နိုင်ဖို့ ဒါပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကြီး စတင်ဖြစ်ပေါ်လာစေတဲ့ နောက်ခံ အတွေးအခေါ် တွေ ဖြစ်ပါတယ်။

ကျွန်မတို့အစိုးရရဲ့ ဦးစားပေး လုပ်ငန်းစဉ်ကြီး တစ်ခု အနေနဲ့ ဒီမှာ စတင် ကျင်းပနိုင်ဖို့ အတွက် ၂၀၁၆ ခုနှစ် မေလ ၉ ရက်နေ့ စတင်ပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်။ ညီလာခံအကြို ပြင်ဆင်ရေးကော်မတီ ဖွဲ့စည်းပြီး တစ်ဖက်မှာ လည်း Myanmar Peace Centre ကို အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ပါတယ်။

 ဒီနေရာမှာ အခွင့်ကြုံတုန်း MPC ကိုထူထောင်ပြီး အပစ်အခတ် ရပ်စဲအောင် ကြိုးပမ်းခဲ့တဲ့ သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်ခဲ့တဲ့ အစိုးရအဖွဲ့၊ ယခင်အစိုးရရဲ့ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ချက် များကို ကျွန်မတို့ ယခု ဆက်လက်ပြီးတော့ တည်ဆောက် သွားပါမယ်။

NCA အရ ပေါ်ပေါက်လာတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေး ဥပဒေပေါ်မူတည်ပြီး UPDJC ကို ပြင်ဆင်ဖွဲ့စည်းရာမှာ ကျွန်မကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ပြီး UPDJC အစည်းအဝေးကို ၂ ကြိမ် ကျင်းပခဲ့ပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ ညီချက် အကောင်အထည်ဖော်ရေး ညှိနှိုင်း အစည်းအဝေးJICM ကိုလည်းတစ်ကြိမ် ခေါ်ယူ ကျင်းပနိုင်ခဲ့ပါတယ်။

NCA လက်မှတ်ရေးထိုးပြီးသာ အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ၂ကြိမ်တွေ့ဆုံခဲ့ပါတယ်။ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့များနှင့် ပတ်သက်၍ ဆိုလျှင်  UNFC ခေါင်းဆောင်တွေနဲ့ ရန်ကုန်မှာတွေ့ဆုံခဲ့ပြီး “၀” အထူးဒေသ၂ နှင့် အထူုးဒေသ ၄ မိုင်းလားက ခေါင်းဆောင်တွေနဲ့  နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

ညီလာခံ ကျင်းပတဲ့ အခါမှာ ကျွန်မတို့ အစိုးရသက်သက်ချည်း မဟုတ်ဘဲ အစိုးရလွှတ်တော်နဲ့ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့နဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့စတဲ့ သုံးပွင့်ဆိုင်ပူးတွဲကျင်းပတဲ့ အနေအထားမျိုး ဖြစ်အောင် ပူးတွဲကော်မတီတစ်ရပ်ကို ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့မှာလည်း လက်မှတ်ထိုးပြီး သားရော လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေရော ပါဝင်လာအောင် အားလုံး ညှိနှိုင်းပြီး ဆောင်ရွက်ပါတယ်။

လုပ်ရမယ့် အလုပ်တွေ များပြားလှတာကြောင့် ညီလာခံ ကျင်းပမယ့် အချိန်ကို ရွှေ့ဆိုင်းပေးဖို့ အချို့ပြောကြတာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မတို့အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အားကြိုးမာန်တက် ဆောင်ရွက်ခဲ့လို့ နှစ်ပေါင်းများစွာကတည်းက မကျင်းပနိုင်ခဲ့တဲ့ ညီလာခံကြီးကို အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ခဲ့ပါပြီ။

ဒီအတွေ့အကြုံကြောင့် ပါဝင်ပတ်သက်သူတွေအကြားက ယုံကြည်မှုတွေပိုမိုခိုင်မာလာစေခဲ့ပြီ ဖြစ်ပါတယ်။ မတူညီတဲ့ အမြင်သဘောထားတွေ ရှိနေကြပေမယ့် ၂၁ ပင်လုံညီလာခံ အောင်မြင်ရေးကို ဘုံရည်မှန်းချက်ထားပြီး ကြိုးပမ်းဆောင်ရွက်ခဲ့ကြလို့ အခုလို ဒီနေရာမှာ စုစည်းနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ကျွန်မတို့နိုင်ငံမှာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေဟာ ရာစုနှစ်တစ်ဝက်ကျော် နှစ်ပေါင်း ခုနစ်ဆယ်နီးပါး သက်တမ်းရှည်ကြာခဲ့ပြီ ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် မှာ ပြည်တွင်းစစ် ချုပ်ငြိမ်းဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက် ခဲ့ကြပါတယ်။ အကြောင်း အမျိုးမျိုး ကြောင့် ငြိမ်းချမ်းရေးပန်းတိုင်နဲ့ အလှမ်းကွာဝေး ခဲ့ရပါတယ်။ မအောင်မြင်ခဲ့တဲ့ အချိန်တွေကို သင်ခန်းစာယူပြီး ကျွန်မတို့ခေတ်၊ ကျွန်မတို့အချိန်အခါ ကျွန်မတို့အားလုံး စုပေါင်းပြီး သမိုင်းသစ်ကို ရေးကြရမှာပဲဖြစ်ပါတယ်။

အခုဆိုရင် တစ်နိုင်ငံလုံးမှာ ရှိနေကြတဲ့ နိုင်ငံသူနိုင်ငံသားတွေ အားလုံးဟာ စိုးရိမ် မျှော်လင့်ချက်များနဲ့ စောင့်ကြည့်နေကြပါပြီ။ မငြိမ်းချမ်းသေးတဲ့ နယ်မြေဒေသတွေမှာ ရှိနေတဲ့ တိုင်းရင်းသား တိုင်းရင်းသူတွေဟာလည်း ကျွန်မတို့ရဲ့ ညီလာခံကြီး ဘယ်လိုဖြစ်လာမလဲ ဆိုတာကို အားကိုးတကြီး စောင့်မျှော်နေကြပြီ ဖြစ်ပါတယ်။ စစ်ဘေးရှောင်ဖို့ ဟိုဟိုဒီဒီ ပြေးလွှားနေကြရတဲ့ ဒုက္ခသည်တွေထဲမှာ အရွယ်အမျိုးမျိုး ပါနေပါတယ်။သူတို့အားလုံးရဲ့ မှေးမှိန်အားပျော့နေတာ ကြာခဲ့ပါပြီ။ ဒီတစ်ခါတော့ ဘယ်လိုဖြစ်လာမလဲဆိုတာကိုလည်း မဝံမရဲ မျှော်လင့်နေကြပါတယ်။သူတို့ရဲ့ ဒုက္ခ သုက္ခတွေကို ကျွန်မတို့ မေ့လို့မဖြစ်ပါဘူး။

 ဒီကနေ့မှာတော့ ကျွန်မတို့ရဲ့ နိုင်ငံရေး ပြသ၁နာတွေကို အဖြေရှာဖို့ နိုင်ငံရေးဆွေးနွေးပွဲက တစ်ဆင့် ငြိမ်းချမ်းရေးလမ်းကို စတင်လျှောက်လှမ်းလိုက်တာ ဖြစ်ပါတယ်။ ဘယ်အထိရောက်မလဲ၊ ငြိမ်းချမ်းရေးကို လျှောက်လမ်းနိုင်မှာလား ဆိုတာ မြန်မာသာမက ကမ္ဘာကပါ စောင့်ကြည့်နေပါတယ်။ ပြည်ထောင်စုကြီး တစ်ခုလုံးရဲ့ ငြိမ်းချမ်းရေး မျှော်လင့်ချက်တွေ စိတ်ကူးအိပ်မက်တွေကို ဖြည့်ဆည်း နိုင်မလား ဆိုတာကတော့ ဒီကနေ့ ညီလာခံခန်းမကြီးထဲမှာ ရောက်ရှိနေကြတဲ့ ခေါင်းဆောင်တွေ အားလုံးအပေါ်မှာ မူတည်ပါတယ်။

လူဘောင်အသိုင်းအဝိုင်းရဲ့အစုအဖွဲ့တွေအားလုံးပါဝင်ပတ်သက်မှုမရှိဘဲလူထုအခြေပြုအဖွဲ့တွေ ငြိမ်းချမ်းရေးက မရရှိနိုင်ပါဘူး။ လူထုအခြေပြုအဖွဲ့တွေ တိုင်းရင်းသားဒေသနဲ့ မြန်မာနိုင်ငံ အနှံ့အပြားမှာ အရေးကြီးပြီး တက်ကြွတဲ့ အခန်းကဏ္ဍမှာ နှစ်ပေါင်းများစွာ ပါဝင်ခဲ့ကြပါတယ်။ ကျွန်မတို့တိုင်းပြည်အတွက် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု ရရှိဖို့ အားကြိုးမာန်တက် ဆောင်ရွက်ကြတဲ့ သူတွေကို ဒီနေရာကနေ ချီးကျုးဂုဏ်ပြုလိုက် ပါတယ်။

အထူးသဖြင့် ကျွန်မတို့လူငယ်တွေရဲ့ စွမ်းပကားနဲ့ တက်ကြွမှုတွေအတွက် ချီးမွမ်းအားရမိပါတယ်။ ပြီးခဲ့တဲ့ရက်အတွင်းမှာ လူငယ်တွေဟာ ၂၁ ရာစုပင်လုံညီလာခံကို ထောက်ခံကြိုဆိုပွဲတွေ လုပ်လာတာ တွေ့ရပါတယ်။ဒီအတွက်လည်း အထူးကျေးဇူးတင်ပါတယ်။

ပြည်သူလူထုရဲ့ ထောက်ခံမှုမရရှိဘဲ ဘယ်ငြိမ်းချမ်းရေးဖြစ်စဉ်မှ အောင်မြင်မှာမဟုတ်ပါဘူး။ ငြိမ်းချမ်းရေးဆိုတာ ခေါင်းဆောင်တွေသက်သက်က အထက်က ချပေးနိုင်တဲ့အရာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးဆိုတာ ညီလာခံခန်းမတွေမှာသာ မွေးဖွားပေါ်ပေါက်လာတာမဟုတ်ပါဘူး။  ငြိမ်းချမ်းရေးအတွက် ပြည်သူတွေအားလုံးရဲ့ တက်ကြွတဲ့ ပါဝင်လှုပ်ရှားမှု ထောက်ခံအားပေးမှု တွေလိုအပ်ပါတယ်။ အနာဂတ်တစ်ခု ပေါ်ပေါက်လာဖို့အတွက် ကျွန်မတို့ တိုင်းသူ ပြည်သား အားလုံးဟာ မဆုတ်မနစ်တဲ့ သတ္တိနဲ့သန္နိဋ္ဌာန်ကို အကြိမ်ကြိမ် ချခဲ့ပြီးဖြစ်ပါတယ်။ ရှေ့လာမယ့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေး ညှိနှိုင်းမှုတွေဟာ ဘယ်လောက် ခက်ခဲပါစေ၊ ကိုယ့်ရဲ့ ခေါင်းဆောင် တွေက ဥာဏ်အမြော်အမြင် သတ္တိ စာနာမှုတွေနဲ့ ဆောင်ရွက်ကြတာကို ပြည်သူ လူထုက လိုချင်တဲ့ငြိမ်းချမ်းရေးကို ရနိုင်မှာဖြစ်ပါတယ်။

ကျွန်မတို့ ကြိုးပမ်း ဆောင်ရွက်မှုတွေဟာ ဒီကနေ့ ဒီအခန်းထဲမှာရှိတဲ့ လူတွေရဲ့ အကျိုးစီးပွားအတွက်  အဓိက မဟုတ်ပါဘူး။ နောင်မျိုးဆက်သစ်တွေ ကြီးပြင်းလာဖို့အတွက် ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ နောင်လာမယ့် မျိုးဆက်သစ်တွေဟာ ဆုံးရှုံးနစ်နာမှုတွေ၊ စိတ် အနာတရတွေ ဘယ်တော့မှ မရသင့်တော့ပါဘူး။

ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရမှသာ ကျွန်မတို့တိုင်းပြည် ကြီးပွားတိုးတက်မှာ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ မတူကွဲပြားမှုတွေဟာ ပျော်ရွှင်ဂုဏ်ယူဖွယ် ဖြစ်လာပါမယ်။ နောက်ဆုံး ကျွန်မတို့ရဲ့ ပြည်သူလူထုဟာ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ ရင်သွေးတွေအဖြစ် မိမိတို့ရဲ့ ပင်ကိုယ် အရည်အချင်း တွေကို ဖော်ထုတ်ပြီး ပွဲလယ်တင့်သွားနိုင်မှာပါ။

နောက်ဆုံး နိဂုံးချုပ်အနေနဲ့ ကြမ်းတမ်းခက်ခဲလှတဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းအပေါ်မတိမ်းမစောင်း လျှောက်လှမ်းခဲ့နိုင်အောင် အားပေးကူညီခဲ့ကြတဲ့ ကျွန်မတို့ ပြည်သူတွေနဲ့ မိတ်ဆွေတွေကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ပြောပါရစေ။

မှန်ကန်တဲ့ အဖြေကို အတူတကွ ရှာဖွေ ဖော်ထုတ်မယ်ဆိုရင်၊ ကျွန်မတို့ရဲ့အိပ်မက်တွေ လက်တွေ့အကောင်အထည် ပေါ်လာနိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်အိပ်မက်ကို လက်တွေ့ အကောင်အထည် ဖော်နိုင်တဲ့ အိပ်မက်ရှင်ဟာ အားလုံးရဲ့ တကယ့်အရှင်သခင် ဖြစ်တယ်ဆိုတဲ့ စကား ရှိပါတယ်။

 တစ်တိုင်းပြည်လုံးရဲ့ အိပ်မက်တွေကို အမှန်တကယ် လက်တွေ့ အကောင်အထည် ပေါ်လာအောင် လုပ်နိုင်တယ် ဆိုရင် ကျွန်မတို့ဟာ အမှန်တကယ် ကိုယ့်ကိုယ် ကိုယ် လွှမ်းမိုးနိုင်တဲ့ အရှင်သခင်တွေ ဖြစ်ကြမှာပါ။

ကျွန်မတို့ရဲ့ လွတ်လပ်တဲ့နိုင်ငံရဲ့ ဖခင်ကြီးတွေဟာ ကိုယ့်တိုင်းပြည်ရဲ့ ကံကြမ္မာကို ကိုယ့်ဘာသာ ဖန်တီးနိုင်တဲ့ အခွင့်အရေးကို မျှော်မှန်းခဲ့ပါတယ်။ ရရှိဖို့ကြိုးစားခဲ့ပါတယ်။ ရှင်းလင်းတိကျတဲ့ ရေရှည်အမြင်၊ ခိုင်မာတဲ့သန္နိဋ္ဌာန်တို့နဲ့ ညီညွတ် ယုံကြည်ခြင်းတို့ရဲ့ ခိုင်မာတဲ့စုစည်းမှုအတွင်းက ဒီအခွင့်အရေးကို ၀င့်ကြွားစွာ ကျင့်သုံးကြပါစို့။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Tuesday, 30 August 2016

ပုဂံတွင် လုပ်အားပေးမည့်သူများ ယူနက်စကို သင်တန်းပေးမည်


By ဇာနည်မာန်

ငလျင်ကြောင့် ပျက်ဆီးသွားသော စူဠာမဏိ စေတီကို အပေါ်စီးမှ မြင်ရစဉ် (ဓာတ်ပုံ – ဂျေပိုင်/ဧရာဝတီ)


ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ပုဂံစေတီပုထိုးများကို စာရင်းပြုစုရေး၊ အပျက်အစီးများ သိမ်းဆည်းရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများကို ကူညီလုပ်ဆောင်မည့် လုပ်အားပေးမည့် အဖွဲ့များကို UNESCO မှ ဆောင်ရန်၊ ရှောင်ရန်များ သင်တန်းများ ပို့ချသွားမည်ဟု သိရသည်။


ပြိုကျပျက်စီးသွားသော စေတီပုထိုးများမှ အပျက်အစီးများကို သိမ်းဆည်းမှတ်တမ်းတင်ရာတွင် စနစ်တကျရှိရေး၊ အပျက်အစီးများကြားမှ ရှေးဟောင်းလက်ရာ အပိုင်းအစများကို မပျက်မယွင်း စုဆောင်းသိမ်းဆည်းနိုင်ရေးတို့မှာ အရေးကြီးသည့်အတွက် ကူညီပေးမည့်သူများ သိသင့်သိထိုက်သည့် ဆောင်ရန်ရှောင်ရန်တို့ကို UNESCO မှ ပညာရှင်များက လက်တွေ့ သင်ကြားပြသသွားမည်ဖြစ်သည်။

“အခု ပြိုကျသွားတာတွေထဲမှာ အဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းလက်ရာတွေပါတယ်။ ဒါတွေကို အလျင်စလို ရှင်းလင်းတာမျိုး မဟုတ်ပဲ၊ ဘယ်လိုခွဲခြားပြီး လိုက်ရှာမလဲ၊ ဘယ်လို မှတ်တမ်းလုပ်မလဲ၊ ဘယ်လိုသိမ်းမလဲဆိုတာတွေကို ကူညီပေးမယ့်သူတွေကို ရှင်းပြသင်ပြပေးမှ ရှေးဟောင်းအမွေအနှစ်တွေကို ထိထိရောက်ရောက် ထိန်းသိမ်းမှတ်တမ်းတင်နိုင်ပါမယ်” ဟု ပုဂံရှေးဟောင်းသုတေသနနှင့် ပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောသည်။

UNESCO မှ ကျွမ်းကျင်ပညာရှင်များသည် လာမည့် စက်တင်ဘာလ ၄ ရက်နေ့တွင် ပုဂံသို့ ရောက်လာမည်ဖြစ်ပြီး ပုဂံရှေးဟောင်းသုတေသနနှင့် ပြတိုက်ဦးစီးဌာနနှင့် ပူးပေါင်းကာ ပုဂံဒေသအတွက် ကူညီမည့် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ် ၃၀ ကျော်တို့ကို သင်တန်းပို့ချပေးမည်ဖြစ်သည်။

“ပြိုသွားတဲ့နေရာတွေက အစိတ်အပိုင်းတွေကို သေချာမှတ်တမ်းနဲ့ စနစ်တကျသိမ်းဖို့တွေ သူတို့ သင်ပြပေးလိမ့်မယ်။ ဒါမှ ပျက်သွားတာတွေကို ပြန်ပြင်တာပဲဖြစ်ဖြစ် လုပ်တဲ့အခါ သူ့နေရာနဲ့သူ ပြန်ထည့်တာမျိုး၊ ဒါမှမဟုတ် ပြတိုက်မှာထားမယ်ဆိုလည်း ဘယ်ဘုရားရဲ့ ဘယ်ဖက်ခြမ်းက အစိတ်အပိုင်းဆိုတာတွေ သေချာပြနိုင်လိမ့်မယ်” ဟု ဦးအောင်အောင်ကျော်က ပြောသည်။

UNESCO မှ သင်တန်းပို့ချပေးမည့် အဖွဲ့အစည်းများတွင် ပရဟိတအဖွဲ့အစည်းများ၊ ဒေသခံများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ဘုန်းတော်ကြီးများနှင့် တပ်မတော်သားများလည်း ပါဝင်မည်ဖြစ်သည်။

လက်ရှိတွင် UNESCO ၏ လမ်းညွှန်မှုဖြင့် ရှေးဟောင်းသုတေသနအဖွဲ့ဝင်များ၊ ဆောက်လုပ်ရေးဝန်ထမ်းများ၊ စေတနာရှင် ဓာတ်ပုံဆရာများ ပါဝင်သည့် အဖွဲ့ ၅ ဖွဲ့က ပျက်စီးယိုယွင်းမှုများကို ကနဦးမှတ်တမ်းများ ရယူနေပြီဟုလည်း သိရသည်။

သို့သော်လည်း မိုးရွာသွန်းမှုများကြောင့် ပျက်စီးဆုံးရှုံးမှု ပို များမလာမီနှင့် မကြာမီ ရောက်လာတော့မည့် ခရီးသွားရာသီအမှီ မှတ်တမ်းပြုစုရေး၊ ပျက်စီးသွားသည်များကို စုဆောင်းရေး၊ သန့်ရှင်းရေးလုပ်ငန်းများကို စောလျင်စွာ လုပ်ကိုင်ရန်အတွက် အကူအညီနှင့် လူအင်အား လိုအပ်နေဆဲဖြစ်သည်ဟု ဆိုသည်။

ရှေးဟောင်းသုတေသနနှင့် ပြတိုက်ဦးစီးဌာနမှ နောက်ဆုံးရရှိထားသော အချက်အလက်များအရ၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသည့် စေတီပုထိုးပေါင်း ၃၉၇ ဆူရှိပြီး ၄င်းတို့အနက် ပျက်စီးမှု အများဆုံးဖြစ်သော စူဠာမဏိ၊ ပြဿာဒ်ကြီး၊ ဓမ္မရာဇက အပါအဝင် စေတီပုထိုး ၃၃ ဆူကို နေရာအကန့်အသတ်ဖြင့်သာ ကြည့်ရှု လည်ပတ်ခွင့် ပေးမည်ဖြစ်သည်။ ထို့အပြင် နောက်ဆက်တွဲ ငလျင်များ လာရောက်နိုင်ဖွယ်ရှိနေသေးသည့်အတွက် ယခင်က နေဝင်၊ နေထွက်ရှုခင်းများကို တက်ရောက်ကြည့်ရှုခွင့်ပေးထားခဲ့သည့် ပစ္စယံမြင့်မားသော စေတီပုထိုးများပေါ်သို့ တက်ရောက်ခွင့်ကိုလည်း ခေတ္တပိတ်ထားမည်ဖြစ်သည်။

ငလျင်ဒဏ် ကျရောက်ပြီးသည့် နောက်ရက်များတွင် ပုဂံရှိ ငလျင်ဒဏ်သင့် စေတီပုထိုးများသို့ လာရောက်ကြည့်ရှုသူ အများအပြားရှိခဲ့ပြီး လုံခြုံရေးအတွက် အဆိုပါ စေတီပုထိုးများ အနီးဝန်းကျင်ကို ကန့်သတ်ထားမှုအပေါ် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည်ကိုလည်း တွေ့ရသည်။

ဘုရားဖူးများနှင့် ခရီးသွားများအတွက် အသက်အန္တရာယ်အပါအဝင် ထိခိုက်ဒဏ်ရာရရှိမှုများမှ လုံခြုံရေး၊ ပြိုကျပျက်စီးခဲ့သော ရှေးဟောင်းလက်ရာများကို မသမာသူများ လက်ဝယ်ရောက်ရှိမှုမှ ကာကွယ်ရေးတို့အတွက် ဝင်ခွင့်ကန့်သတ်ထားရသည်ကို ပြည်သူလူထုအနေနှင့် နားလည်ပေးစေလိုကြောင်း UNESCO နှင့် ရှေးဟောင်းသုတေသနအဖွဲ့တို့က ဆိုသည်။

“ခရီးသွားတွေ ဘုရားဖူးတွေအတွက် အဆင်မပြေတာတွေ ဖြစ်ပေါ်တဲ့အတွက် တောင်းပန်ပါတယ်။ ဒါပေမယ့် ဒီစေတီပုထိုးတွေဟာ ငလျင်ဒဏ်ကို ခံလိုက်ရတော့ သူတို့ ကြံ့ခိုင်မှုက ဘယ်အတိုင်းအတာအထိပဲ ရှိတော့တယ်ဆိုတာ လောလောဆယ် ပြောဖို့ ခက်လို့ ခရီးသွားတွေရဲ့ လုံခြုံရေးအတွက် ခုလို ကန့်သတ်လိုက်ရတာကို နားလည်ပေးစေချင်ပါတယ်” ဟု ဦးအောင်အောင်ကျော်က ပြောသည်။

ထို့အပြင် စေတီပုထိုးများကို မိုးဒဏ်ကာကွယ်ရေးအတွက် မိုးကာများအုပ်ကာရန် လုပ်ဆောင်ခြင်း၊ အပျက်အစီး အပိုင်းအစတို့ကို ရှင်းလင်းခြင်းများ ပြုလုပ်နေရာ ခရီးသွားများအပေါ်သို့ အကျိုးအပဲ့အစများ ပြုတ်ကျ၍ ထိခိုက်ဒဏ်ရာရမှုများလည်း ရှိနိုင်သည်ဟု ဆိုသည်။

“နောက်ပြီးတော့ ကျနော်တို့က ဒီစေတီပုထိုးတွေထဲ လက်လွတ်စပယ် ဝင်ခွင့်ပေးနေရင် မသမာသူတွေကို အခွင့်အရေး ပေးလိုက်သလိုဖြစ်သွားပြီးတော့ ပြုတ်ကျပြိုကျနေတဲ့ တန်ဖိုးကြီး ရှေးလက်ရာတွေ ပျောက်သွား ပျက်သွားမှာကို မလိုလားပါဘူး” ဟု သူကပြောသည်။

“ကျနော်တို့အနေနဲ့ ဒီစေတီပုထိုးတွေကို အရင်လို ဝင်ရောက်ကြည့်ရှုခွင့် မြန်မြန်ပြန်ရအောင် အတတ်နိုင်ဆုံး လုပ်နေကြသလို ပြည်သူလူထုအနေနဲ့ကလည်း ကျနော်တို့နိုင်ငံရဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုအတွက် သိပ်အရေးပါတဲ့၊ အဖိုးမဖြတ်နိုင်တဲ့ ပုဂံဒေသအတွက် ကျနော်တို့ကို နားလည်ပေးပါ၊ ပူးပေါင်းကူညီပေးပါလို့ အနူးအညွတ် တောင်းပန်ချင်ပါတယ်” ဟု သူကဆိုသည်

စံတော်ချိန်ကာတွန့်


ဆေးလိပ်သောက်ခြင်းသည်ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေပါသည်။

ဘယ်ဘက်က အဆုတ်က အလုပ်လုပ်ရင်း မတော်တဆ ထိခိုက်မိလို့ သေသွားတဲ့ ၄၉နှစ် အရွယ် အမျိုးသားတစ်ဦးရဲ့ အဆုတ်ပါ။

ညာဘက်က မဲနေတဲ့ အဆုတ်ကတော့ ၁၅နှစ်ကြာ ဆေးလိပ့်သောက်ခဲ့တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။
သူဟာ အသက် ၃၈နှစ်မှာ သေဆုံးခဲ့ပြီး ၉နှစ်နဲ့ ၁၁နှစ်အရွယ် သမီးငယ်နှစ်ဦးနဲ့ သေဆုံးချိန်မှာ ၅လအရွယ် ကလေးငယ်တစ်ဦး ကျန်ရစ်ခဲ့ပါတယ်။

ဒါကြောင့် ဆေးလိပ်သောက်တာ ရပ်ဖို့လိုပါပြီ။

ဆေးလိပ်ငွေ့ကြောင့် ကိုယ့်ဘေးနားက လူတွေ၊ ကလေးငယ်တွေ၊ တိရိစ္ဆန်တွေကိုလဲ ရောဂါပေးသလိုဖြစ်ပါတယ်၊

ဘယ်လိုအခြေအနေပဲဖြစ်နေဖြစ်နေ ဆေးလိပ်ကို ဘယ်တော့မှ မသောက်မိပါစေနဲ့။

အရင်ဆုံး ဒီနေ့ကစပြီး ဆေးလိပ်မ၀ယ်တော့ပါ နဲ့၊ ဆေးလိပ် အတွက် ငွေနဲ့ ရောဂါမ၀ယ်ပါနဲ့တော့။

မေလ (၃၁)နေ့ဟာ World No Tobacco Day (WNTD)
The International Day Of Fight Against Smoking နေ့ဖြစ်ပါတယ်။

အဲဒီနေ့မှ စဖြတ်မယ်ဆိုရင် အရမ်းဝေးနေပါမယ်။

ဒါကြောင့် ဆေးလိပ်ကြောင့် ကင်ဆာရောဂါရဲ့ ၀မ်းနည်းစရာတွေ ထပ်ထပ်မဖြစ်ကြရအောင် ဒီနေ့ပဲ ဆေးလိပ်သောက်တာ ရပ်လိုက်ကြရအောင်။

အမှန်ဆို မနေ့ကတည်းက ဆေးလိပ်ဖြတ်လိုက်ရမှာ။ ဘယ်တော့မှလည်း ထပ်မသောက်ပါနဲ့တော့။

Posted From France Saayman

Sunday, 28 August 2016

ဒီလိုသူငယ်ချင်းနဲ့ ဆက်မပေါင်းသင့်တော့ဘူးလို့ ပြနေတဲ့အချက် (၁၂)ချက်



တချို့တွေက ဘော်ဒါရင်းတွေလို့ ခေါင်းစဉ်တပ်ပြီး တကယ်တမ်းတော့ ကိုယ့်ကိုပဲအသုံးချနေကြတာပါပဲ။

     

၁။ မကြာခဏ ဆင်ခြေတွေပေးပြီး တောင်းပန်တယ်။

၂။ သင်အဆင်ပြေဖို့ထက် သူအဆင်ပြေဖို့ကိုပဲအမြဲဦးစားပေးစဉ်းစားပြီး အစီအစဉ်ချတယ်။

၃။ တခြားဘာအစီအစဉ်မှမရှိတော့မှ သင့်ဆီလာတယ်။

၎။ ကိုယ်အကူအညီလိုနေရင်တောင် သူတို့အကြောင်းပဲသူတို့ပြောနေတယ်။

၅။ သင်အရင်သိတဲ့ကိစ္စကို သူအရင်သိသလို လူတိုင်းကိုလိုက်ကြွားတယ်။

၆။ သူဘယ်သူနဲ့တွဲနေလဲ သင့်ကိုဘယ်တော့မှအသိမပေးဘူး။

၇။ အွန်လိုင်းပေါ်မှာဆိုလည်း ကိုယ့်ဘက်ကပဲ အမြဲတမ်းစပြီး စကားပြောရတယ်။

၈။ ကိုယ့်ဆီကယူထားတဲ့အရာတွေကို အတင်းလိုက်ပြန်တောင်းရတယ်။

၉။ သူပျင်းနေရင်တောင် သင့်ကို Message Reply မပြန်ဘူး။

၁၀။ သင်နဲ့လျှောက်သွားရင်လည်း သူ့ဖုန်းနဲ့ သူ အချိန်ကုန်နေတာများတယ်။

၁၁။ Social Media ပေါ်မှာ ကိုယ့်ကို စသလိုနောက်သလိုနဲ့ ထိခိုက်အောင်ပြောဆိုရေးသားတယ်။

၁၂။ သင်ပြောချင်တဲ့အကြောင်းအရာတွေကို ကျော်ပစ်တယ်။

Source : Cosmopol

လက်ထဲက ငြိမ်းချမ်းရေးငှက်

လက်ထဲက ငြိမ်းချမ်းရေးငှက်
======================================
အင်္ဂလိပ်စကားပုံတစ်ခု၌ လက်ထဲကငှက်ကို ဂရုပြုပါ။ ကောင်းကင်ပျံနေတဲ့ ငှက်တွေကို မော့ကြည့်မနေပါနဲ့ ဟု ဆိုထားသည်။ ချုံပုတ်ထဲကငှက်ထက် လက်ထဲမိထားတဲ့ငှက်က အရေးကြီးတယ် ဟုလည်း ဆိုပြန်သည်။ လက်တွေ့ ဂရုဓမ္မရှိကြဖို့ သတိပေးထားသောစကားပုံများဟု ယူဆပါသည်။
အခွင့်အလမ်းဟူသည် နှစ်ကြိမ်မရ။ မငြိမ်းချမ်းခြင်းကြောင့် ဆုံးရှုံးခဲ့ရမှုတွေ ဆက်မဖြစ်အောင် ၂၁ ရာစုပင်လုံမှာ ကြိုးပမ်းကြဖို့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က တိုက်တွန်းကြောင်း မီဒီယာမှာ ဖတ်ရသည်။
သြဂုတ် ၂၄ ရက် နေပြည်တော် သင်္ဂဟဟိုတယ်တွင် ပြုလုပ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တွေ့ဆုံ အစည်းအဝေးတွင် ပြောကြားသောစကားဖြစ်သည်။ ၄င်းက ဆက်လက်ပြောကြားရာမှာ တွေ့ဆုံခြင်းဆိုတာ သဘောထားညှိဖို့၊ နားလည်မှုရှိဖို့၊ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ယုံကြည်နိုင်ဖို့ဖြစ်ကြောင်း၊ ယုံကြည်မှု ရှိသွားပြီဆိုလျှင် အခြားပြဿနာတွေအားလုံးရှင်းလို့ရကြောင်း၊ တစ်ယောက်နဲ့ တစ်ယောက်ယုံကြည်မှုမရှိဘူးဆိုလျှင် စာချုပ်တွေဘယ်လိုပဲ လက်မှတ်ထိုးထား ထိုးထား အဟောသိကံဖြစ်သွားကြောင်း ထောက်ပြသွားသည်။
ဤနေရာ၌ ကျွန်ုပ်တို့သတိပြုမိသည်မှာ ဟိုတယ်ဧရာမကြီးတွေမှာ၊ နိုင်ငံခြား မှာ သုံးလေးကြိမ် ဝက်ဝက်ကွဲမင်္ဂလာပွဲကြီးများ ဝှဲချီးကျင်းပ၊ စာချုပ်များ လက်မှတ်ထိုးကြ ထိမ်းမြန်းကြသော်ငြား စလယ်ဝင် မမည်းခင် ကွဲချင်ကွာချင် (ကွဲသွားကြ)သော အိမ်ထောင်ရေးပကာသနများကို တရားသဘောနှင့် ဆင်ခြင် ကြည့်ကြဖို့ကောင်းပါသည်။
၁၉၄၂ ဒုတိယကမ္ဘာစစ်ကြီးအစ ဟစ်တလာ့ဝါဒ၊ ဟစ်တလာ့လုပ်ရပ်၊ စာချုပ်စာတမ်းများ ဆုတ်ဖြဲပြီး မစေ့စပ်စတမ်းပွဲကြမ်းသွားကြတာလည်း မမေ့ကြဖို့လိုပါမည်။ ပုလဲဆိပ်ကမ်းကို မကြေညာဘဲ ဗုံးကြဲပြီး မီးလောင်တိုက် သွင်းလိုက်သော ဖက်ဆစ်ဂျပန်တို့ လုပ်နည်းလုပ်ဟန်ကိုလည်း မမေ့ကြဖို့ လိုပါမည်။
၁၉၄၈ မှစခဲ့သော ကျွန်ုပ်တို့ မြန်မာပြည်ပြည်တွင်းစစ်သည်လည်း ဖဆပလ ပထစဦးနုအစိုးရ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုများ၊ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်း၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ဆွေးနွေးမှုများ၊ တပ်မတော်အစိုးရ လက်ထက် ထဲထဲဝင်ဝင် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များမှာလည်း တဖြည်း ဖြည်းနှင့် အဆင်ပြေရာမှ တိုက်ပွဲများပြန်လည်ဖြစ်ပွားလာကြတာ တွေ့ရပြန်ပါ သည်။
ငြိမ်းချမ်းရေးကို အခြေခံသောစဉ်းစားနည်း၊ ဒီမိုကရေစီစိတ်ဓာတ်များ မရင့်ကျက်ခြင်း၊ ဒီမိုကရေစီ (နှစ်ပေါင်းများစွာ) အဆက်ပြတ်ကျန်ခဲ့ခြင်းတို့မှာ အကြောင်းခံပါမည်။ မရင့်ကျက်သော ဒီမိုကရေစီတွင် စေ့စပ်ညှိနှိုင်းရေးဓလေ့ မထွန်းကားချေ။ ဤတွင် ကွဲကွဲကွဲကွဲ သံသရာထဲမှာ နိုင်ငံရေးပါတီတွေကလည်း ၉ဝ မှ ၂ဝဝ ကျော်ပေါ်လာရသည်။ လက်နက်ကိုင်အဖွဲ့တွေလည်း များပြား လှသည်။ နိုင်ငံခြား အဝေးအနီး အခါတော်ပေးကြီးတွေလည်း များလှသည်။
ငြိမ်းချမ်းရေးတပ်ပေါင်းစုနှင့် သွားကြရန်ကိုလည်း ယခုအာဏာရအစိုးရ မတိုင်မီအကြိုကာလမှာပင် ခြေလှမ်းများက လိုလိုလားလားတက်တက်ကြွကြွ မတွေ့ရ။ ၄င်းတို့နှင့် မဟာမိတ်ဖြစ်လိုလျှင် လျှောက်လွှာတင်တဲ့။ ဟုတ်ကဲ့။ မည်သူက တင်မည်နည်း။
ငြိမ်းချမ်းရေး(ယနေ့) မအောင်မြင်ပါက နောင်မည်မျှအထိ ထပ်စောင့်ရမည် နည်း။ နိုင်ငံမည်မျှထိခိုက်သွားမည်နည်း။ ငြိမ်းချမ်းရေးကို သူ့ဘက်ကရော ဘာကြောင့်ငြိမ်းချမ်းရေးရအောင် မလုပ်သေးလဲ။ ကိုယ့်ဘက်ကရော ဘာကြောင့် များ ငြိမ်းချမ်းရေးရအောင် လုပ်မပေးနိုင်လဲ။ မေးခွန်းများပေါ်ထွက်လာပါသည်။ မျှတသောအဖြေ ရှိသင့်ပါသည်။
အခွင့်အလမ်းတစ်ခုသည် လူတစ်ယောက်ဘဝမှာတောင် နှစ်ကြိမ်ပြန်လာရိုး မရှိပါ။ မြစ်တစ်မြစ်ထဲ နှစ်ကြိမ်မဆင်းနိုင်ဆိုသော ဂရိဒဿနကဲ့သို့ပင်။ အခွင့်အလမ်းက လျင်မြန်စွာစီးဆင်းပျောက်ကွယ်သွားနိုင်ပါသည်။ ငြိမ်းချမ်းရေး ကြိုးပမ်းမှု အရည်အချင်းများ၊ ချွေးများသွေးများ အလကားဖြစ်မသွားသင့်ပါ။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတင်ပြီဆိုပါက နိုင်ငံသူ နိုင်ငံသားများအတွက် ဆုံးရှုံးမှုများမဖြစ်ရန် ဆက်လက်ကြိုးစားကြပါကုန်ဟု နိုင်ငံရေး၊ နိုင်ငံ့အရေး၊ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ ဒီမိုကရေစီရေး၊ တိုင်းပြည် ဖွံ့ဖြိုးရေး အလေးထားပါဝင်ဆောင်ရွက်နေသူများအားလုံးသို့ တိုက်တွန်းလိုက်ရ ပါကြောင်း မီးမောင်းထိုးအပ်ပါသည်။

http://uniondaily.net

Friday, 26 August 2016

"ပြည်ခိုင်ဖြိုးဥက္ကဋ္ဌနဲ့ဒုဥက္ကဋ္ဌအကြောင်းတစေ့တစောင်း"






USDPပါတီဥက္ကဋ္ဌဦးသန်းဌေး
@@@@@@@@@@@@@@@

ဦးသန်းဌေးနဲ့ပါတ်သက်ပြီးပြောရရင်သူဟာDSA ၁၇ ကဆင်းပါတယ်။

အသက်အားဖြင့်၆၂နှစ်ခန့်လို့ခန့်မှန်းရပါတယ်။

သူဟာယ္ခင်လမ်းစဉ်ပါတီခေတ်ကနာမည်ကောင်းနဲ့ကျော်ကြားခဲ့သူဗိုလ်ချုပ်ကြီးသူရကျော်ထင်ရဲ့PSO လုပ်ခဲ့ဘူးသူပါ။

 ဒကစ လွိုင်ကော် မှာ စစ်မတိုက်ရတဲ့စစ်ဦးစီးဗိုလ်မှုးကြီး G1လုပ်နေရတာတောင်ကွန်မန်ဒိုအဖွဲ့ထုတ်နုတ်ဖွဲ့စည်းပြီး ထိုင်းကယား နယ်စပ်မှာ စစ်ဆင်ရေးတွေကို ကိုယ်တိုင်ဦးစီးတိုက်ခိုက်ခဲ့တဲ့ ဖိုက်တာတစ်ယောက်ပါ။

 တပ်မ ၇၇ တပ်မမှုးဖြစ်ချိန် ကျော်နေဝင်း ဇွဲနေဝင်း ကိစ္စပေါ်လာတော့သိလျှင်သိခြင်းအထက်အကြီးအကဲများထံသတင်းပို့ခဲ့လို့ ဇွဲနေဝင်းတို့အကြံအစည် မအောင်မြင်ခဲ့ရတာဟာ ဦးသန်းဌေးရဲ့ လွိုင်ရယ်တီ အင် အိုဗီးဒီးရင့် စိတ်ဓါတ်ကြောင့်လို့ ဆိုနိုင်ပါတယ် ။

 အဲ့နောက် စွမ်းအင် ဒုဝန်ကြီး ဝန်ကြီး အဲ့နောက် ရထားဝန်ကြီးစတဲ့တာဝန်များအသီးသီးထမ်းဆောင်ခဲ့တဲ့အခါအကျင့်ပျက်ချစားတယ်ဆိုတဲ့သတင်းမကြားမိခဲ့ပါဘူး ။

ပြောစရာရှိရင်အားမနာတတ်ဘဲအချက်အလက်မှန်ကန်စွာနဲ့ ယထာဘူတကျကျ ပြောဆိုတတ်ပါတယ်။

ဥပမာ ပထမအကြိမ်လွှတ်တော်ထဲမှာ ယ္ခု ဦးရွှေမန်းဘေး ရောက်နေသူအချို့က " ရေနံဆီ ကို ရှေးယ္ခင်ကကဲ့သို့ပြည်သူတွေ ထ္မင်းချက်တဲ့အခါ ပေါပေါသီသီသုံးစွဲနိုင်အောင်လုပ်ပေးပါလို့ " တောင်ဆိုတဲ့အခါမှာ...

စွမ်းအင်ဝန်ကြီးဖြစ်နေတဲ့ ဦးသန်းဌေးက "ရှေးက ရေနံဆီဆိုတာ မီးထွန်းတယ် ထမင်းချက်တယ် ဆိုတာမှန်ပါတယ် အဲ့ခေတ်က လေယာဉ်ပျံသိပ်မရှိသေးပါဘူး လေယာဉ်ဆီဟာ ရေနံဆီပါဘဲ လေယာဉ်တွေသုံးဘို့အတွက်တောင် ကုမ္ပဏီကြီးတွေက လေယာဉ်ဆီကို မနည်းဈေးကြီးပေးဝယ်နေကြရတာ ပြည်သူတွေကို ဒီလောက်ဈေးကြီးတဲ့ အဲ့ဒီရေနံဆီကို ထမင်းချက်ဘို့ ဝယ်ပေးမယ်ဆိုရင် ကိုယ်စာလှယ်တော်ကြီးတို့ ရွှေဥာဏ်တော်အတိုင်းပါဘဲ ဘတ်ဂျက်သာချပေးလိုက်ပါ အရှုံးခံပြီး ဝယ်ဖြန့်ပေးရုံပါဘဲ " လို့ မဖြစ်နိုင်တဲ့ကိစ္စမိုလို့ ခပ်ပြတ်ပြတ်ဖြေခဲ့တာကြားဘူးပါတယ် ။

သူစွမ်းအင်ဝန်ကြီးတာဝန်ယူစဉ်မှာ အကြံအဖန် စွန်းရတဲ့ တစ်နိုင်ငံလုံးက အစိုးရဓါတ်ဆီဆိုင်တွေအကုန်လုံးကို ပုဂ္ဂလိက ကိုလွှဲနိုင်ခဲ့တာဟာ တော်ရုံပြုပြင်ပြောင်းလဲရေးမဟုတ်ပါဘူး။

ရထားဝန်ကြီး တာဝန်ယူတော့လည်း အရှုံးပေါ်နေတဲ့ ရထားအားလုံးကို ဂျပန်အကူအညီနဲ့ ပရိုက်ဗိတ်တိုက်ဇေးရှင်း လုပ်ဘို့ အစီအစဉ်ရေးဆွဲနေဆဲ  ၂၀၁၅ ရွေးကောက်ပွဲရလာဒ်ကြောင့် မလုပ်နိုင်ခဲ့ပါဘူး ။

ဘာဘဲပြောပြော  ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ ပါတီက မပြောင်းလဲဘဲ ကြံ့ခိုင်ရေးပါတီကတော့ လူငယ်များနဲ့ အမှန်တကယ် ပြောင်းလဲသွားပါပြီ ဆိုတဲ့အကြောင်း ဒူ ဝေ ဝေ ဝေ ။

credit ဦးလှဆွေ

***********************************

USDPပါတီဒုဥက္ကဋ္ဌဦးမြတ်ဟိန်း

@@@@@@@@@@@@@@@@@

ဗိုလ်ချုပ်ကြီး မြတ်ဟိန်း (ယခု..ဒုဥက္ကဌ USDP)

အမှတ်စဉ် (၃၈)

လေယာဉ်မောင်းသင်တန်းသို့တက်ရောက်ခဲ့ပြီး စံပြလေသူရဲဆုနှင့် စာပေထူးချွန်ဆု တို့ကိုရရှိခဲ့ပါသည်။

PC-6 အပေါ့စားသယ်ယူပို့ဆောင်ရေးလေယာဉ်၊ T-33 နှင့်AT-33 ဂျက်တိုက်လေယာဉ်၊
PC-7 ၊ PC-9 ၊ Cessna CitationII လေယာဉ်လွှဲပြောင်းသင်တန်းများအား တက်ရောက်အောင်မြင်ခဲ့ပြီး
၁၉၇၇ ခုနှစ် မှ ၁၉၈၃ ခုနှစ်ကာလအတွင်း PC-6 ၊ T-33 လေယာဉ်များနှင့်အတူ အမျိုးမျိုးသောစစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။

၁၉၉၀ပြည့်နှစ်တွင်F-7ဂျက်တိုက်လေယာဉ်လွှဲပြောင်းသင်တန်းကိုတရုတ်ပြည်သူ့သမ္မတနိုင်ငံ၌တက်ရောက်အောင်မြင်ခဲ့သဖြင့်မြန်မာနိုင်ငံ၏ပထမဆုံးသောအသံထက်မြန်သည့်တိုက်လေယာဉ်လေသူရဲများအနက်တစ်ဦးအပါအ၀င်ဖြစ်ခဲ့ပါသည်။ 

ကာကွယ်ရေးဦးစီးချုပ်(လေ)တာဝန်ကို (၁၈-၅-၂၀၀၂) မှ စတင်ထမ်းဆောင်ခဲ့ရာ (၃၀-၃-၂၀၁၂) ရက်နေ့တွင် ဗိုလ်ချုပ်ကြီး အဆင့်သို့ တိုးမြှင့်ခြင်း ခံခဲ့ရပါသည်။

(၂၃-၂-၂၀၁၃) ရက်နေ့တွင် အငြိမ်းစားယူခဲ့ပါသည်။

နိုင်ငံတော်မှချီးမြှင့်သည့်နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်၊နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ်၊ မိုင်းယန်းမဲသဝေါတံဆိပ်၊ ရန်ငြိမ်းအေးတံဆိပ်၊ စစ်မှုထမ်းကောင်းတံဆိပ်နှင့် သရေစည်သူဘွဲ့တို့ကိုရရှိခဲ့ပါသည်။

Credit...Ashin Vicara

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌအသစ် ဦးသန်းဌေး ၏ မီဒီယာတွေ့ဆုံပွဲကော်နှုတ်ချက်

"နိုင်ငံရေးလုပ်တယ်ဆိုတာ ပရဟိတစိတ်ရှိတဲ့သူတွေ၊ လူမှုရေးစိတ်ဓာတ် ရှိတဲ့သူတွေ ဒီလိုပုဂ္ဂိုလ်မျိုးတွေမှ လုပ်နိုင်တဲ့ လုပ်ငန်းတစ်ခြု
ဖစ်တယ်"
**************************************

တချို့တွေက နိုင်ငံရေးလုပ်တယ်ဆိုတဲ့အလုပ်ဟာ လူညစ်ပတ်တွေ လုပ်တဲ့ အလုပ်လို့ ဗြိတိသျှအရာရှိကြီးတစ်ဦးက သူ့ဘာသာသူ ပြောတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ဘယ်ဟုတ်မလဲ သူတော်စင်တွေမှ လုပ်နိုင်တာ။ ဒီလိုတွေ အငြင်းပွားကြတာရှိတယ်။ ကျွန်တော့်အနေနဲ့ ပြောရရင် နိုင်ငံရေး အလုပ်ဆိုတဲ့ကိစ္စဟာ ကိုယ်သာ အစိုးရဖြစ်လာရင် နိုင်ငံရဲ့လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး အရာအားလုံးကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးမယ်ဆိုတဲ့ ဆန္ဒရှိတဲ့ သူတွေလုပ်တဲ့ လုပ်ငန်းမျိုးဖြစ်တဲ့အတွက် ကျွန်တော်တို့ပြောရရင် ပရဟိတစိတ်ရှိတဲ့သူတွေ၊ လူမှုရေးစိတ်ဓာတ် ရှိတဲ့သူတွေ ဒီလိုပုဂ္ဂိုလ်မျိုးတွေမှ လုပ်နိုင်တဲ့ လုပ်ငန်းတစ်ခုဖြစ်တယ်။

နောက်တစ်ခုကလည်း လုပ်မယ့်လုပ်ငန်းတွေအားလုံးဟာ တိုင်းပြည်အတွက်၊ လူမျိုးအတွက် မှီတင်းနေထိုင်ကြတဲ့ လုပ်သားအားလုံးအတွက် အကောင်းတကာ့အကောင်းဆုံးကို ရည်မှန်းပြီး လုပ်သွားကြရမှာဖြစ်တယ်။
ဒီနေ့ဖြစ်နေတဲ့ ကျွန်တော်တို့ ကျင့်သုံးနေတဲ့ လွှတ်တော်ဒီမိုကရေစီ၊ သဘောက တစ်ဦးတစ်ဖွဲ့တည်း အာဏာပြုံပြီး ရခြင်းသည် ကောင်းသလား၊ မကောင်းသလား ဝေဖန်ဆန်းစစ်စရာတွေ အများကြီးဖြစ်လာပါတယ်။

နိုင်ငံရေးပါတီများရဲ့ အန္တိမရည်မှန်းချက်က နိုင်ငံတော်အာဏာကိုရဖို့ပဲ ဒီလိုပဲပြောရမှာပဲ။ ဒီလိုရမှလည်းပဲ စောစောကပြောတဲ့ နိုင်ငံအတွက်၊ လူမျိုး အတွက်လုပ်ငန်းတွေကို အင်တိုက်အားတိုက်လုပ်နိုင်မှာ။ သူတို့သည် နိုင်ငံတော်အာဏာရဖို့ ရည်မှန်းသလို သဘောက ရွေးကောက်ပွဲနိုင်ဖို့ပဲ။

ကျွန်တော့်ရဲ့ ရှေ့လုပ်ငန်းစဉ်ဟာ ရွေးကောက်ပွဲနိုင်ဖို့ ကျွန်တော်ကြိုးစားရ မယ်။ နောက်တစ်ခါ အရှုံးတို့၊ အနိုင်တို့ဆိုတာ ဒီအချိန်ရှုံးမယ်၊ နောက်တစ်ချိန် နိုင်မယ်ဆိုတာ မွေးကတည်းက လူတွေကြုံခဲ့ရတဲ့ကိစ္စဖြစ်တယ်။ ကျွန်တော့် ပါတီ လာမယ့် ၂ဝ၂ဝ ရွေးကောက်ပွဲမှာ ထိုက်သင့်တဲ့ရည်မှန်းချက်တစ်ခု အနိုင်ရအောင် ကျွန်တော်ကြိုးစားရမယ်။

နောက်တစ်ချက်က လက်ရှိအချိန်မှာလည်းပဲ ရှိတဲ့အင်အားနဲ့ တိုင်းပြည် အတွက် အရေးကြီးတဲ့ကိစ္စတွေမှာ ကျွန်တော်တို့ပါတီရဲ့အသံထွက်ပေးရမယ်။ ဒါရှေ့ဆက်လုပ်တော့မယ့်ကိစ္စပဲ။

ဒုတိယအကြိမ်ပါတီညီလာခံ(၂ဝ၁၆) သတင်းစာရှင်းလင်းပွဲတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပြည်တွင်းပြည်ပမီဒီယာများ တွေ့ဆုံမေးမြန်း ဖြေကြားချက် များမှ ကောက်နှုတ်ဖော်ပြပါသည်။

ပြည်သူ့အမြင် (၁၂)

တကယ်တော့ ရိုဟင်ဂျာဆိုတဲ့ ကမ်ပိန်းတွေက ကိုဖီအာနန်လက်ထက်မှာ အရှိန်မြှင့်လာတာ။ အဲဒီအချိန်က စစ်အစိုးရရဲ့ ကုသမဂ္ဂစကားဆို ခွေးဟောင်သံလောက်တောင် အရေးမထား ထမကြည့်ခဲ့ကြမှုကြောင့် ကမ်ပိန်းတွေက အရာမရောက်ခဲ့ပေမယ့် အဲဒီအချိန်က မြန်မာအပေါ် ရိုဟင်ဂျာပြဿနာ ဖိအားပေးမှုဟာ ခုခေတ်အနေအထားထက် မလျော့ခဲ့ဘူး။ ဟိုအရင် ကျွန်းတစ်ကျွန်းပေါ်မှာ ခိုးဝင်တွေကို စစ်တပ်ကပစ်သတ်ခဲ့တယ်ဆိုတဲ့ unconfirmed report တစ်ပုဒ် ရှိခဲ့ဖူးတယ်။ ဒီကိစ္စကို UN သံယောင်လိုက်ပြီး မြန်မာပြည်တွင်းက အတိုက်အခံတွေက စစ်အစိုးရကို ဆန့်ကျင်လိုစိတ်နဲ့ ဘင်္ဂါလီတွေကို သနားခဲ့ကြ၊ ဘင်္ဂါလီကမ်ပိန်းတွေကို အားပေးခဲ့ကြတယ်။ အဲဒီကတည်းက NLD နဲ့ ၈၈၊ ကိုညိုအုန်းမြင့်တို့ မိုးသီးဇွန်တို့ ဟန်ညောင်ဝေတို့လို လူတွေဟာ ရိုဟင်ဂျာ ထောက်ခံသူတွေ ဖြစ်သွားခဲ့တယ်။ အထင်ရှားဆုံးက ကိုမြအေးသမီးပါနေတဲ့ Burma Campaign UK; နောက်ပိုင်းမှာ ဘူးသီးတောင် မောင်တောက ထွန်းအောင်တို့ ဘင်္ဂါလီအဖွဲ့တွေနဲ့ အမြင်ကွဲသွားကြပေမယ့် အဲဒီအချိန်က အတိုက်အခံတွေ ရိုဟင်ဂျာထောက်ခံခဲ့ကြတာကို အခွင့်ကောင်းယူပြီး မလေးရှားမှာ ဘင်္ဂါလီကို ရိုဟင်ဂျာ အမည်တပ်ခဲ့တာ; ရိုဟင်ဂျာ စကားလုံးကို နိုင်ငံတကာမှာ စသုံးခဲ့တာတွေ ဖြစ်လာခဲ့တာပဲ။

ကိုဖီအာနန်ရောက်လာရင်တော့ ဦးအေးမောင်တို့ ရခိုင်အဖွဲ့နဲ့ ထွန်းအောင်တို့ ဘင်္ဂါလီအဖွဲ့ အဆင်ပြေသွား၊ သဘောတူညီသွားဖွယ်ရာတော့ မမြင်ဘူး။ ဒါပေမယ့် ကိုဖီအာနန် စေ့စပ်ပေးမှုနဲ့ ဘင်္ဂါလီထွန်းအောင်တို့အဖွဲ့၊ ပြည်ပရောက် အရင်စစ်အစိုးရအတိုက်အခံဟောင်းအဖွဲ့၊ ကိုမြအေးတို့ ၈၈ ပြည်တွင်းအဖွဲ့၊ NLD နဲ့ ဟန်ညောင်ဝေတို့ကြား ရိုဟင်ဂျာကိစ္စ အမြင်မတူတာတွေ ညှိနှိုင်းကြပြီး ကုလသမဂ္ဂရဲ့ ရိုဟင်ဂျာအရေး ဖိအားပေးမှု ပိုမိုမြင့်လာဖွယ်ရာသာ ရှိတယ်။

NLD အစိုးရကတော့ ကိုဘုန်းကြွယ်လိုပဲ သိုက်ဆရာ လှေပေါ်ခေါ်တင်လာမိတာပဲ။ အရပ်ထဲက လူတွေစကားနဲ့ပြောရရင် "တစ်အိမ်လိုပါတယ်ဆို ရဲခေါ်လာတယ်" ။

Credit;Soe Moe Hlaing
မူရင်းပိုစ်လင့်

NLD အမတ်များ ဘယ်လဲ၊ ဘာလဲ ...........,........





ရွာပေါင်း ၁၀ ရွာရှိ ပြည်သူများကို မလျော်သြဇာသုံး၍ ဖိအားပေးနေသော အာဏာရှင်လက်သစ် NLDအမတ် ၂ ယောက်

၁။ NLD ဦးကျော်သူဟန်ထွန်း
၂။ NLDဒေါ်ခင်မျိုးချစ်

..............................

အာဏာရပါတီ NLDအမတ်{2}ဦးနဲ့ ချပ်သင်း သားငှက်ထိမ်းသိမ်းရေးတို့က ရွှေဘုန်းတော်တိုး ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးလင်းရေး ခွဲရုံကြီးမှ အခမဲ့ မီးရရှိရန် မတရားသော နည်လမ်းဖြင့် ကြိုးစားနေသည်။

မိမိတို့  ရွှေဘုန်းတော်တိုး ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးလင်းရေး ခွဲရုံကြီးကို နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ပထမဂန္ဓာရုံဆရာတော် ဘဒ္ဒန္တ ဇဋိလ {ဒွိပိဋကဓရ} ၏ မတည်လှူဒါန်းမှု၊ ကျေးရွာပေါင်း ၁၀ ရွာမှ တောင်သူလယ်သမားများ၏ မတည်ထည့်ဝင်မှု ရံပုံငွေ စုစုပေါင်း သိန်း ၁၀၀၀၀ကျော်ကုန်ကျခံ၍ ၂၀၁၁ခုနှစ်တွင် အပြီးတည်ဆောက်ဖွင့်လှစ်ခဲ့ပါသည်။

မိမိတို့သည် အစိုးရ၏ ထောက်ပံ့ငွေ လုံးဝ ရရှိခဲ့ခြင်း မရှိပါ။
အစိုးရက ချမှတ်ထားသော စည်းမျဉ်းဥပဒေနဲ့ အညီသာ လျှပ်စစ်ဓာတ်အား သုံးစွဲခြင်း၊ တဆင့် ဖြန့်ဖြူးခြင်းများ ပြုလုပ်ပါသည်။

သို့သော် ယခုအခါ၌ စည်းကမ်းဥပဒေကို နားမလည်သော NLD အမတ် 2ယောက်နှင့်  ရွှေဘို ခရိုင် ရဲမှူးတို့က {စစ်ကိုင်း ၀န်ကြီးချုပ်အမိန့် ဟု ပြောဆိုပြီး} ချပ်သင်းသားငှက်ထိမ်းသိမ်းရေးအတွက် ကျသင့်သော ရံပုံငွေ ပေးသွင်းခြင်း မပြူဘဲ လျှပ်စစ်ဓာတ်အားကို အခမဲ့ ရရှိရန် ဖိအားပေးဆောင်ရွက်နေပါသည်။

ပြည့်သူ့ဘက်မှ ရပ်တည်သော
ပြည့်သူ့အကျိုးစီးပွားကို ကာကွယ်ပေးသော အမတ်များအနေဖြင့် ကျပ်သိန်း ၁၀၀၀၀ကျော် ကုန်ကျခံ ၍ တည်ဆောက်ထားသော ရွာပေါင်း ၁၀ရွာမှ ပြည်သူများ၏ အသံကို နားထောင်ပေးစေလိုသည်။

မတရားသော အမိန့်အာဏာဟူသမျှ ဆန့်ကျင်ကြ။

အမှန်တရားကို မြတ်နိုးသူတိုင်း Like& shareပေး၍ အမှန်တရားဘက်မှ ရပ်တည်ကူညီပေးကြပါရန်

မေတ္တာဖြင့်
အရှင်သုဝဏ္ဏ

ဒီကိစ္စကို သတင်းရယူလိုသူများ ဆက်သွယ်နိုင်ပါသည်။
072 22051

ဓာတ်ပုံရည်ညွှန်း။   ။စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်ထံသို့ ပေးပို့ထားသော စာ။
ရွှေဘုန်းတော်တိုး ခွဲရုံကြီးသို့ လာရောက် ဖိအားသော NLD နှင့် ရဲအရာရှိများ။

https://www.facebook.com/ven.suvanna.10/posts/123715961412094

Crd...Ye Lwin Myint

(ကိုတမာ)

"နှစ်လကြာသည့်တိုင် အလုပ်မရသေး၍ မြန်မာသံရုံးရှေ့ လုပ်သားတစ်ရာကျော် အကူညီတောင်းခံ"

လူထုခေါင်းဆောင်ရဲ့ အစိုးရ အစွမ်းအစ ကို မြင်ခွင့်ရ ကြပေတော့မည် လား.....

"နှစ်လကြာသည့်တိုင် အလုပ်မရသေး၍ မြန်မာသံရုံးရှေ့ လုပ်သားတစ်ရာကျော် အကူညီတောင်းခံ"


နှစ်နိုင်ငံသဘောတူ MoU စာချုပ်နှင့် ထိုင်းနိုင်ငံသို့သွားရောက်သည့် အလုပ်သမားများ နှစ်လနီးပါးကြာအထိ အလုပ်မရရှိသေး၍ ယနေ့(သြဂုတ် ၂၆ ရက်) နံနက် ၅ နာရီခန့်မှစတင်၍ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် အကူအညီလာရောက်တောင်းခံနေကြောင်း သတင်းရရှိသည်။ MoU ဖြင့်သွားရောက်သော အလုပ်သမား ၂၇၆ ဦးအဖွဲ့ထဲမှ အလုပ်သမား ၁၂၀ ကျော်သည် မြန်မာသံရုံးရှေ့ လာရောက်အကူအညီတောင်းခံနေပြီး လက်ရှိတွင် အလုပ်သမားသံအရာရှိနှင့် ညှိနှိုင်းဆွေးနွေးနေကြောင်း ထိုင်းရောက်မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်နေသူ ကိုရဲမင်းက 7Day အားပြောသည်။ အထက်ပါအလုပ်သမားအဖွဲ့အား စေလွှတ်သည့်အလုပ်သမားအေဂျင်စီသည် Perfect ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီဖြစ်ပြီး မြန်မာသံရုံးရှေ့ရှိ အလုပ်သမားအချို့ကလည်း Perfect ကုမ္ပဏီကို တရားစွဲပေးပါဟု ရေးသားထားသော စာရွက်များကို ကိုင်ဆောင်ထားကြသည်။
ဓာတ်ပုံ-AAC
Source ; 7daily

Thursday, 25 August 2016

သင့်အသံကို မလှချင် မကောင်းချင်ပါနဲ့..


ဒီခေါင်းစဉ်က သင့်အတွက်အရမ်း ထူးဆန်းနေလိမ့်မယ်.. သင်တို့ တွေးထင်ထားတဲ့ အရာနဲ့ လုံးဝ ဆန့်ကျင်နေတာကိုး.. ဘာလို့လဲဆိုတော့ ဝါသနာရှင်တိုင်းက မိမိတိုရဲ့အသံကို လှချင် ကောင်းချင် အင်အားကြီးချင် နေကြတာကများတယ်.. သတိရပေးပါ.. ဒါတွေအားလုံးက ပြုလုပ်ယူခြင်းတွေပါပဲ.. သူတို့အားလုံးကပဲ သင့်ရဲ့အသံကို သဘာဝမကျအောင် ဒုက္ခပေးနေတာပါပဲ.

ကျနော် ဆောင်းပါးတွေထဲမှာ အထပ်ထပ်အခါခါ ပြောပြပြီးပါပြီ.. လူတစ်ယောက်ရဲ့ အကောင်းဆုံးအသံ ဟာ ပြုလုပ်ယူခြင်း တုပသီဆိုခြင်း ကင်းစွာနဲ့ ခန္ဓာကိုယ်ရဲ့ သဘာဝအတိုင်း တုန့်ပြန်မှုကြောင့် ထွက်ပေါ်လာတဲ့ ပင်ကိုယ်သံပဲဆိုတာ..

ပြုလုပ်ယူခြင်းကြောင့် သင့်ရဲ့ Vocal Instrument ဟာ သူအလုပ် (Function) ကို လွတ်လပ်စွာ လုပ်ပိုင်ခွင့် မရတော့ ပါဘူး.. သင့်စိတ်အတွေးက ပုံမှန်မဟုတ်တဲ့ ထိန်းကျောင်း ခိုင်းစေမှုတွေကြောင့် Larynx ဘေးတဝိုက်မှာရှိတဲ့ Muscles တွေရယ်.. အထူးသဖြင့် မေးရိုး (Jaw) နဲ့ လျှာ (Tongue) တို့ဟာ Tension တွေဖြစ်ပေါ်လာတယ်.. ဒါဟာ သူတို့အလုပ်ကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်မရကြပဲ ခိုင်းစေတဲ့အတိုင်း ပုံဖေါ်နေကြရတဲ့ အတွက်ပဲဖြစ်ပါတယ်..

ဥပမာ အဆိုတော်တစ်ယောက်ရဲ့ အသံကို သိစိတ်ကဖြစ်စေ မသိစိတ်ကဖြစ်စေ တုပသီဆို မိတယ်ဆိုပါတော့.. ဒါဟာ သင့်ရဲ့ ခန္ဓာကိုယ်ထဲကို အခြားသူတစ်ယောက်ရဲ့ Vocal Function တစ်ခု ဝင်ရောက် မောင်းနှင်နေတဲ့ သဘောပါပဲ.. ဒီတော့ မိမိရဲ့ Function ကသဘာဝအတိုင်း လုပ်ပိုင်ခွင့်မရတော့ပဲ ပင်ပန်းကြီးစွာနဲ့ ရုန်းကန်နေရတော့တာပေါ့..

ထို့အတူပဲ အသံကိုလှအောင် ကောင်းအောင် ပြုလုပ်သီဆိုခြင်း ကလည်း အတော်ဒုက္ခပေးပါတယ်.. သင့်စိတ်ထဲမှာတော့ လှတယ် ကောင်းတယ် ထင်နေလိမ့်မယ်.. တကယ်တော့ မဟုတ်ပါဘူး.. သင့် Vocal Instrument ကသဘာဝကျစွာ လွတ်လပ်ပေါ့ပါးစွာ မြည်ပေးရမယ့်အစား သင့်စိတ်အထင်ကို လိုက်လံ ပုံဖေါ် ပေးနေရတာ.. ဒါလည်း ထိန်းချုပ်ခြင်း တမျိုးပါပဲ..

ဒီအကြောင်းတရားတွေကြောင့် သီဆိုခြင်းမှာ အရေးအကြီးဆုံးဖြစ်တဲ့ လေစီးဆင်းမှုနဲ့ လေဖိအားကို အနှောက်အယှက် ဖြစ်စေမယ်.. မေးရိုးနဲ့ လျှာတို့ရဲ့ Tension တွေကြောင့် အသံထွက်တဲ့ စနစ်နဲ့ သွားငြိပြီး စကားလုံးမပီသမှုနဲ့ အမြင့်သံ သီဆိုရာမှာ အခက်အခဲတွေဖြစ်ပေါ်လာစေမှာပါ.. ဒါဟာ ပြုလုပ်ယူခြင်းနဲ့ တုပသီဆိုခြင်း တွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေ ပါပဲ..

ဒါကြောင့် အသံတစ်ခုရဲ့ အလှတရား ဆိုတာ ပြုလုပ်ယူစရာမလိုပါဘူး.. သင့်မှာရှိတဲ့ ပင်ကိုယ်သံကို ရှာဖွေပြီး ဖွံ့ဖြိုးအောင် ပြုစုပျိုးထောင် ပေးမယ်ဆိုရင် လွတ်လပ်ပေါ့ပါးတဲ့ အကောင်းဆုံးနဲ့ အလှပဆုံးအသံကို ရရှိစေမှာ အသေအချာပါပဲလို့ ပြောကြားရင်း ဒီနေ့အတွက် အဆုံးသတ်ခွင့်ပေးပါဗျာ..

ချစ်ခင်စွာဖြင့်..
အိမ်မင်းထက် (MEBC)

၂၄-၈-၂၀၁၆ ရက်နေ့ ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းဒေသကြီး အတွင်း ပျက်စီးဆုံးရှုံးမှု စာရင်း

၂၄-၈-၂၀၁၆ ရက်နေ့ ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းဒေသကြီး အတွင်း ပျက်စီးဆုံးရှုံးမှု စာရင်း
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲





ပြည်သူ့အမြင်(၁၁)

''ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို
ဒေါက်တာညိုထွန်း ပြတ်ပြတ်သားသား ပြောပြီ''
-------------------------------------------------

ကျနော့်အနေနဲ့ သည်ကိစ္စဟာ ဒီချုပ်အတွက်ကော ဒေါ်အောင်ဆန်းစုကြည်အတွက်ကော ဘယ်လိုမှ သည်ဝန်ကြီးတွေကို ဆက်လက်ထားရှိဖို့ရန် ဆင်ခြေပြဖို့ လုံလောက်မှု မရှိနိုင်ကြောင်း ပြတ်ပြတ်သားသားပဲ ပြောလိုပါတယ်။ ကျနော်တို့ဟာ ဘာလို့ စစ်အာဏာရှင်စနစ်ကို တိုက်သလဲ၊ တပ်မတော်ကို မုန်းလို့လား။ ဦးအုန်းမြင့်လို ပါးလှည့်ရိုက်မယ်လို့ ရမ်းကားတဲ့ လူတွေကို မုန်းလို့လား၊ ဦးအုန်းမြင့်ထက် အပြောအဆိုရမ်းကား တဲ့လူတွေ အပြင်မှာ အများကြီးရှိတယ်။ တကယ်စဉ်းစားကြည့်ရင် ကျနော်တို့ဟာ စစ်အာဏာရှင်စနစ်ကို တိုက်တယ်ဆိုတာ ‘အချောင်သမားစနစ်’ ကို တိုက်တာဖြစ်တယ်။ စစ်အာဏာရှင်စနစ်မှာ သည်လူတွေဟာ လက်နက်နဲ့ ခြိမ်းခြောက်ပြီး ရာထူး နေရာ အခွင့်အရေးတွေကို အချောင်ရယူကြတယ်။ လက်နက်ပြပြီး ဘာမဆို အချောင်ရတဲ့ စနစ်၊ အချောင်သမားတွေက အစိုးရဖြစ်တဲ့ စနစ်ပေါ့။ အဲသည်တော့ စနစ်ပြောင်းတယ်လို့ ဆိုပြီး ‘လက်နက်ပြ အချောင်သမားစနစ်’ က မပျောက်တဲ့အပြင် ‘ဘွဲ့အတုပြ အချောင်သမား စနစ်’ က ထပ်တိုးလာတယ်၊ ဒါကို ဒေါ်စုတို့ လူကြီးတွေက လက်ခံလို့ကာ တရားဝင် ဖြစ်စေတယ်ဆို ဒါဟာ ကျုပ်တို့ လူ့ဘောင်ဟာ ပိုဆိုးတဲ့ လမ်းကြောင်းကို ရောက်သွားတာပဲ ဖြစ်တယ်။

နောက်တချက်က ဘွဲ့အတုတွေကို ခုလိုမျိုး အသိအမှတ်ပြုခြင်းဟာ နဂိုကပင် အင်မတန်မှပင် အရည်အသွေးချို့တဲ့ ညံ့ဖျင်းနေတဲ့ ကျနော်တို့ရဲ့ ပညာရေးစနစ်ကို ကုန်းကောက်စရာ မရှိအောင် ပိုဆိုးသွားစေလိမ့်မယ်။ ဦးကျော်ဝင်း ဘာလို့ ဘွဲ့အတုကို ယူဖို့ ကြိုးစားသလဲ၊ ဘွဲ့အတုနဲ့ ဒေါက်တာဆိုပြီး ဘာလို့ ဆောင်းပါးတွေ ရေးရတာကို ဂုဏ်ယူခဲ့သလဲ၊ ပညာရေးစနစ်ဟာ အင်မတန် ဆိုးဝါးမွဲတေ နေလို့ ပေါ့။ သူပြောတဲ့ ကျနော်တို့မှာ ပညာရေးဆိုးလို့ သူ့မှာ သည် ပါရဂူဘွဲ့ကို အင်တာနက်ကဖေးကနေ ယူဖို့ ကြိုးစားတယ်လို့ ပြောပေမယ့် သည်လုပ်ရပ်ကိုယ်တိုင်ဟာ ကျနော်တို့ရဲ့ ပညာရေး အဆင့်အတန်းကို ထပ်မံပြီးတော့ အင်မတန် နိမ့်ကျသွားစေလိမ့်မယ် ဆိုတာကို သူသတိမမူဘူး။ နောက်ဆိုရင် ဗမာနာမည်နဲ့ ဒေါက်တာတွေဟာ လူလိမ်တွေချည်းပဲလို့ နိုင်ငံတကာက ထင်နေရင် နိုင်ငံတကာမှာ ကျနော်တို့ရဲ့ နောက်မျိုးဆက်တွေ ဘယ်လိုလို့ သူများနဲ့ တန်းတူဝင်တိုး အလုပ်အကိုင် ရှာဖွေနိုင်မလဲ။

နောက်ပြီး သည်ဝန်ကြီးတွေရဲ့ လုပ်ရည်လုပ်သွေး နဂိုတော်တွေပါ၊ သူတို့ကို ပေးလုပ်ပါစေ၊ စောင့်ကြည့်ပါစေအုံး ဆိုတဲ့ ငြင်းခုံမှုဟာ မမှန်ကန်ဘူး။ တကယ်တော့ သည်ဝန်ကြီးတွေဟာ ဘာမှ လုပ်နိုင်တာ မဟုတ်၊ နိုင်ငံရဲ့ ထွက်ကုန်ဟာ နိုင်ငံတခုလုံးက ပြည်သူတွေရဲ့ လူ့စွမ်းအား ဥာဏအရင်းအမြစ်ပေါ်မှာပဲ မူတည်ပါတယ်။ ခင်ဗျားတို့ PhD အစစ်၊ ဦးကျော်ဝင်းတို့ထက် မိုးပျံမကတော်တဲ့ လူတွေကို ဝန်ကြီး သမ္မတတွေကို ခန့်အုံး၊ နိုင်ငံဟာ ပြည်သူတွေက မတော်ဘဲ ဘယ်လိုမှ တက်မလာဘူး။

ပထမတချက်က ဝန်ကြီးတွေကိုယ်တိုင်က ဘွဲ့အတုနဲ့ ဝန်ကြီးတွေ ဖြစ်နေတယ် ဆိုရင် တကယ်အရည်အချင်းရှိတဲ့ လူဟာ သည်ဝန်ကြီးတွေ လက်အောက်မှာ လာလုပ်မှာ မဟုတ်ဘူး။ ခင်ဗျားတို့ဟာ ဦးကျော်ဝင်းကို တော်တယ်လို့ သတ်မှတ်ရင် သူ့ထက်အများကြီးတော်တဲ့ လူတော်လူကောင်းတွေ အများကြီးရဲ့ ကုန်ထုတ်စွမ်းအားကို လက်လွတ်ဆုံးရူံးရမှာ ဖြစ်တယ်။

ဒုတိယတချက်က သည်ဝန်ကြီးတွေကို ထားရှိခြင်းဟာ အချောင်သမားစနစ်ကို မှန်ပါတယ်လို့ တရားဝင်စေတာ ဖြစ်တယ်။ လူတွေရဲ့ ငါတို့တတွေဟာ တဦးချင်း အမှန်တကယ် တွန်းတွန်းတိုက်တိုက် ကြိုးစားလို့ သည်လောကမှာ မိမိအတွက် တကယ်ထိုက်တန်သော နေရာတနေရာကို ရစေမယ် ဆိုတဲ့ တက်ကြွအားသန် ရှာဖွေစူးစမ်းမှုတွေဟာ ဖြစ်ပေါ်လာတော့မှာ မဟုတ် –– “ဘွဲ့အတုလုပ်ထားလဲ NLD နဲ့ အဆင်ပြေရင် ပြီးတာပဲလေ” နိုင်ငံတခုလုံးက လူတွေဟာ ဒါမျိုး အာဏာလက်ဝယ်ရှိသူနဲ့ အဆင်ပြေဖို့ ကြိုးစားတဲ့ ဖော်လံဖားအချောင်သမား စနစ်နောက်ကို လိုက်ရင် သည်နိုင်ငံဟာ ဘယ်လိုလို့ တိုးတက်လာမှာလဲ။ အဲသည်တော့ နောက်ဆုံးပြောချင်တာက ခင်ဗျားတို့ဟာ စစ်အာဏာရှင်ကို ဖော်လံဖားတဲ့ စနစ်ကို မဖြိုနိုင်တဲ့ အပြင် ‘ဒီချုပ်ကို ဖော်လံဖားနိုင်ဖို့ပဲ လိုတယ်’ ဆိုတဲ့ စနစ်ဆိုး အသစ်တခုကို ထပ်လောင်းလို့ကာ မမွေးမြူကြပါနဲ့ လို့ ။

ဒေါက်တာညိုထွန်း

အကျယ်ဖတ်လိုပါက https://www.facebook.com/nyo.tun.5/posts/1714705292086679

အာဇာနည်နေ့

အာဇာနည်နေ့
==================
မဆလခေတ်တုန်းက အာဇာနည်နေ့တို့
 ပြည်ထောင်စု နေ့တို့စသည်ဖြင့်....ု့အခမ်းအနားတွေလုပ်ရင်တောင်တန်းဒေသက တိုင်းရင်းသားပေါင်းစုံရဲ့သူကြီးတွေပါ ရန်ကုန်ကိုခေါ်ပြီးကျင်းပပေးတယ်တဲ့...
ညစာစားပွဲတွေဘာတွေနဲ့အကျအနပေါ့။
အခမ်းအနားစပြီ။

"တပ်ပေါင်းသတိ"
"နိုင်ငံတော်အလံအားအလေးပြု "
"ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်ကြီးများအား
အလေးပြု"
ဥက္ကဌကြီးမိန့်ခွန်းပြောပေါ့....
"တပ်ပေါင်းသတိ"
"တန်းဖြုတ်.."...ပေါ့...

အာ့ကိုချင်းသူကြီးတစ်ယောက်ကလွှတ်သဘောကျပြီး
အလွတ်လိုက်မှတ်နေတာ....
.
သူ့အကြံနဲ့သူ...ရွာပြန်ရောက်ရင်
 သူ့ရွာမှာအာဇာနည်နေ့အခမ်းအနားလုပ်ဦးမှာ....
အာ့နဲ့ ချင်းသူကြီးရွာအပြန်မှာ နိုင်ငံတော်အလံတွေဘာတွေဝယ်သွားတာပေါ့...
အရင်နိုင်ငံတော်အလံလေ..သိတယ်ဟုတ်...အနီနဲ့အပြာ...
.
အာ့နဲ့ချင်းသူကြီးသူ့ချင်းတောင်က ရွာကိုပြန်ရောက်ချင်းပဲ အာဇာနည်နေ့ အခမ်းအနားကျင်းပ
တာပေါ့....

အခမ်းအနားအပြင်အဆင်ကတော့....
သူမိန့်ခွန်းပြောမယ့် စတိတ်စင်ကို
အရေးပေါ် ဝါးလုံးတွေနဲ့လုပ်ထားပေါ့...

စကားပြောစင်မြင့်ကတော့
ရေတိုင်ကီကိုမှောက်ပြီး အဝတ်နဲ့အုပ်ထားတာပေါ့...

နိုင်ငံတော်အလံကိုတော့
 ဝါးလုံးထိပ်မှာအသေချည်ထားတာပေါ့...

အခမ်းအနား စမယ်ဆိုပြီး ရွာသူရွာသားတွေကို
 ရွာကကွင်းမှာစုခိုင်းပြီး သူကစင်မြင့်ထက်မှာ
 ခန့်ခန့်ကြီးနဲ့ဆန့်ဆန့်ကြီးနေရာယူပြီးပြီ...
အခမ်းအနား စပြီ.....

အဲ့မှာစကွဲတော့တာပဲ....

သူအလွှတ်ကျက်လာတဲ့ စစ်ရေးပြအမိန့််စဉ်တွေမေ့ကုန်ပြီ...
မထူးဘူး...မျက်စိထဲပြန်မြင်ကြည့်ပြီးတော့
 မီးစင်ကြည့်ကရတော့မှာပေါ့...
.
"တပ်ပေါင်းခြေထောက်နည်းနည်းစု.."
(ရွာသူရွာသားတွေလည်း
သူကြီးခိုင်းတဲ့အတိုင်းလိုက်လုပ်တာပေါ့...
သတိအနေအထားဖြစ်သွားပြီးတာပဲ...)ခ်ခ်
.
"တိုင်ထိပ်ပေါ်က ဟို နီနီနဲ့ပြာပြာပါတဲ့ကောင်ကို ခေါင်းညိတ်.."
(ခေါင်းလိုက်ညိတ်လိုက်ကြတော့
နိုင်ငံတော် အလံအလေးပြုပြီးသားဖြစ်မသွားဘူးလား)
.
"အရင်အတိုင်းပြန်နေ.."
(ရွာသားတွေ အရင်အတိုင်းပြန်နေ လိုက်တော့…နေမြဲ ပေါ့..)
.
"ဗိုလ်ချုပ် အောင်ဆန်းနဲ့တကွ သေနတ်မှန်ပြီးသေသွားတဲ့
 သူ့သူငယ်ချင်းတွေကို ခေါင်းညိတ်..."
(အာဇာနည် ခေါင်းဆောင်တွေကို အလေးပြုပြီးသားဖြစ်ပြီးရော..)
.
"အရင်အတိုင်းပြန်နေ.. "
.
"ခြေထောက်နည်းနည်းခွဲ..."
(သက်သာ ..သလိုဖြစ်…ပြီးရော)
.
ချင်းသူကြီးမိန့်ခွန်းပြောရမယ့်အလှည့်....
.
"မငိုကြနဲ့..ဟုတ်ပြီလား...ငါ့လည်းစိတ်မကောင်းဘူးလေ...
ဗိုလ်ချုပ် နဲ့ သူ့သူငယ်ချင်းတွေကို
 ငါတို့လည်းမမြင်ဖူးကြပေမယ့်...သူများတွေပြောတာတော့ တော်တော်သဘောကောင်းတဲ့ကောင်တွေတဲ့...
ဒီလောက်ပဲ..တော်ပြီ...."
.
"တပ်ပေါင်းခြေထောက်နည်းနည်းစု"
.
"ကိုယ့်နေရာကိုယ်ပြန်..."
(တန်းဖြုတ်.. အတူတူပါပဲ..)....

Saturday, 20 August 2016

ပြည်သူ့အမြင်(၁၀)

လွတ်လပ်ရေးရပေမယ့် အင်္ဂလိပ်ကိုတော်လှန်နေဆဲက သီဟတင်စိုး

အစိုးရဖြစ်ပေမယ့် အတိုက်အခံဖြစ်နေဆဲက NLD

NLD အစိုးရသစ်မှာ သမ္မတက ဦးထင်ကျော်ဖြစ်လာပေမယ့် NLD နှင့် အစိုးရသစ်ကို နောက်ကွယ်ကကြိုးကိုင်ဆဲက မူဆလင်ဦးကိုနီ

အစိုးရပြောင်းသွားပေမယ့် မြန်မာခေါင်းဆောင်တွေ ဆက်လက်ဖားနေရဆဲက တရုတ်

ဒီမိုကရေစီပါတီအမည်ခံပြီး ဗျူရိုကရေစီက မသွေဖည်ပဲ လက်သင့်ရာစားတော်ခေါ်လို့ အောက်ခြေပါတီဝင်တွေ ပေါက်ကွဲနေကြတာက NLD

နိုဗယ်လ်ဆုရှင် နိုင်ငံခေါင်းဆောင်ဖြစ်လာပေမယ့် ငတ်မြဲငတ်နေဆဲက ပြည်သူ

အစိုးရသစ်လက်ထက် မျက်နှာဖုံးမှာ အနီရောင်ပြောင်းသွားပေမယ့် အတွင်းစာသားမှာ အစိုးရကို လော်ဘီဆဲက မြန်မာ့အလင်း

အစိုးရသစ်တက်အပြီး ပေါ်လစီတွေသာ တစ်ခုပြီးတစ်ခုပြောင်းပေမယ့် ကျမြဲကျနေဆဲက မြန်မာ့စီးပွားရေး

တရိပ်ရိပ်ထိုးတက်လာတဲ့ရေတွေ တဖြည်းဖြည်းကျနေပေမယ့် တရိပ်ရိပ်ထိုးတက်နေဆဲက အခြေခံစားသောက်ကုန်ဈေးနှုန်း

အခွန်တွေတိုးကောက်ပေမယ့် တန့်မြဲတန့်နေတာက ဝန်ထမ်းလစာ

ဘုန်းကြီးကျောင်းတွေ unlicensed ဆိုပြီး သာ/ယဉ်က ဖျက်ပေမယ့် building permit မရှိဘဲ ဆက်လက်ရှိနေဆဲက ဗလီတွေ

မြန်မာတွေ သဘာဝဘေးသင့်ရင် လိပ်ဆန်အိပ်ထမ်းလာရသလို လေးလံနောက်ကျနေတတ်ပေမယ့် မူဆလင်တွေ ဘေးတစ်ခုသင့်ရင် F-16 အမြန်နှုန်းနှင့် လာရောက်ကူညီပေးတတ်တာက မြန်မာအစိုးရသစ်ရဲ့ လူကယ်ပြန် ဝန်ကြီးဌာန

အစက မြစ်ဆုံကိုဆက်ဆောက်ရင် အသက်ပေးပြီး ကာကွယ်မလိုလိုနဲ့ လက်ရှိ ဒေါ်စုနဲ့ တရုတ်တို့ ခွေးသေးပန်းသလို ရှဲရှဲ... ရှဲရှဲ ဖြစ်နေချိန်မှာ အတိတ်မေ့သလို ရွှေပျောက်သလို ရူးချင်ယောင်ဆောင်နေကြတာက ကိုဌေးကြွယ်တို့ ၈၈ အဖွဲ့၊ NLD က ဗေလုဝ တို့တစ်သိုက်၊ မိုးလေဝသ ဦးထွန်းလွင်၊ Eco-dev ဝင်းမျိုးသူ၊ သဘာဝပတ်ဝန်းကျင် ဦးအုန်း၊ ကချင်ငြိမ်းချမ်းရေးကွန်ယက် ခွန်ဂျာ

လစာ ၁၀ သိန်းတောင်ရပေမယ့် ဒေသဖွံ့ဖြိုးရေးအတွက်ဆိုပြီး ပြည်သူဆီက အလှူခံဆဲက အမတ်တွေ

ဘုန်းကြီးဆဲတာ ဗုဒ္ဓဘာသာကို ထိခိုက်တယ်ဆိုပြီး ကိုယ်တိုင် မအေ၊ နှမ မကျန်အောင်ဆဲနေတာက NLD အားပေးသူများ

အစိုးရသစ်တက်လာရင် လူတိုင်းတိုက်ဆောက်ကားစီးနိုင်ကြမယ်ဆိုလို့ မျှော်လင့်ခဲ့ကြပေမယ့် အစိုးရအဖွဲ့ဝင်တွေသာ ကားစီးနိုင်ကြပြီး ပြည်သူတွေက ရှိတဲ့ကားတောင် ထုတ်ရောင်းနေကြရတာက ဈေးတွေထောင်တက်နေတဲ့ မြန်မာ့ကားဈေးကွက်

ခရိုနီတွေ ဘာလုပ်လုပ်အခွန်လွတ်နေပေမယ့် သာမာန်ပြည်သူကတော့ ရွှေဝယ်တာတောင် အခွန်ဆောင်နေရတာက မြန်မာအစိုးရသစ်ရဲ့ အခွန်ဥပဒေ
မူရင်း link

Thursday, 18 August 2016

ဟာသ

T4K ဘဏ်ထဲကို ဓားပြနှစ်ယောက် ဝင်လာတယ်။

ဝင်လာလာချင်းပဲ အသင့်စောင့်နေတဲ့ ရဲအင်အား ၂၀ လောက်က ဝိုင်းဝန်းဖမ်းဆီးခြင်းကို ခံလိုက်ရတယ်။

အံ့သြတကြီးဖြစ်နေတဲ့ ဓားပြခေါင်းဆောင်က ရဲတွေကို မေးတယ်... ...

"ခ... ခ များတို့က ဘဏ်ထဲကြိုရောက်နေပ့ါလား"

"ရောက်မှာပေါ့ကွ... မင်းတို့လာမယ်ဆိုတာ ကြိုသိနေတာကိုး"

"ဗျာ.... ဘယ်လိုလုပ် သိတာလဲ"

... ဆိုတော့ ရဲမှူးက သူ့ဖုန်းက ဖေ့စဘုတ်ကို ဖွင့်ပြတယ်။

အဲဒီမှာ မြင်လိုက်ရတာက ဓားပြနောက်လိုက် တင်ထားတဲ့ ပို့စ်။

ဘာတဲ့... ...

"ဒီနေ့ ညနေ T4K ဘဏ်ကို ဓားပြသွားတိုက်မို့
 တားကိုချစ်ရင် ဖိုက်တင်းလို့ မန့်ဝါးပေး"

"ဂိန်..."

.
.
သန်၎ကို - ရမ်းဘာသာပြန်သည်။
မူရင်းပိုစ့်လင့်

Tuesday, 16 August 2016

ပြည်​သူ့အမြင်​(၉)

Credit ;YeMoe

လွှတ်တော်ထဲက မဟာပညာကျော် ၂၁၉ ယောက် ရဲ့ ...
အံမခန်း ရွှေဥာဏ်တော်စူး အတွေးအခေါ်ကို ...
စကားလုံး အတိုဆုံးနဲ့  အကျဉ်းချုံးပြောရရင် ...
ကိုယ့် သောက်လုပ် ကိုယ် မလုပ်ချင်တဲ့ သဘောပဲ ...

ငွေမဲ ကို ငွေဖြူလုပ်နေလား ...
အရေးယူလေ ...
အစိုးရက မင်းတို့ ပါတီက မဟုတ်ဘူးလား ...

အလုပ်သမားတွေကို ခေါင်းပုံဖြတ်နေလား ...
အရေးယူလေ ...
အစိုးရက မင်းတို့ ပါတီက မဟုတ်ဘူးလား ...

လူ့ အခွင့်အရေးတွေနဲ့  မညီဘူးလား ...
အရေးယူလေ ...
အစိုးရက မင်းတို့ ပါတီက မဟုတ်ဘူးလား ...

လုပ်ငန်းလုပ်တာ တည်ဆဲ ဥပဒေတွေနဲ့  မညီဘူးလား ...
အရေးယူလေ ...
အစိုးရက မင်းတို့ ပါတီက မဟုတ်ဘူးလား ...

ဘဏ်တွေ တည်ဆဲ ဥပဒေနဲ့ မညီဘူးလား ...
ဖျက်ပြစ်လေ ဖမ်းလေ ...
အရေးယူလေ ...
အစိုးရက မင်းတို့ ပါတီက မဟုတ်ဘူးလား ...

အရင် အစိုးရ တုန်းက ....
မင်းတို့ အစိုးရ မဟုတ်လို့  ....
ခရိုနီ ခရိုနက်တွေက အရင်အစိုးရ နဲ့ ပေါင်းစားလို့  ...
အမေရိကန် ပိတ်ပေးပါ ...
အီးယူ မဖွင့်ပါနဲ့  အော်တာ လက်ခံလို့ ရသေး ...

အခုက မင်းတို့ အစိုးရလေ ...
ဥပဒေ နဲ့  မညီ အရေးယူပေါ့ ...
ဒါ မင်းတို့ လုပ်ရမယ့် အလုပ်လေ ...

ကိုယ့်နိုင်ငံကို တစ်ခြားနိုင်ငံက ....
စီးပွားရေး ဆက်ပိတ်ဆို့ ထားသင့်ကြောင်း ...
အစိုးရ ဖြစ်နေတဲ့  မင်းတို့ ပါတီက ထောက်ခံနေတာ ....
မင်းတို့  မရှက်ဘူးလား ....

မင်းတို့ က အခုဘာလဲ ...
အစိုးရလား ...အတိုက်အခံလား
:/ :/ :/ :/ :/ :/

ပြည်​သူ့အမြင်​(၈)

ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့စကား...
တစ်ချိန်က သိပ်ကို ရေပန်းစားခဲ့ဘူးတယ်။
တိုင်းပြည်ရဲ့ ပညာရေး ကျန်းမာရေး စီးပွားရေး
အဘက်ဘက်က နိမ့်ကျနေရတာသည်
ဘောင်းဘီချွတ်အစိုးရကြောင့်လို့
အမည်တပ်ခဲ့ကြသည်။

ယုတ်စွအဆုံး နိုင်ငံခြားထွက်အလုပ်လုပ်နေတာကိုပင်
အစိုးရမကောင်းလို့ သူများနိုင်ငံမှာ ကျွန်ခံနေရတာလို့
အပုတ်ချခဲ့သလို ၊
မြန်မာဘောလုံးအသင်း ရွှေတံဆိပ်တွေ၊
ဆုဖလားတွေမရတာကိုပင် တိုင်းပြည်ဆင်းရဲလို့
ဘောင်းဘီချွတ်အစိုးရမကောင်းလို့ဆိုတဲ့အထိပင်
အပြစ်ပုံကာ စွပ်စွဲခဲ့ကြဖူးသည်။

မြန်မာပြည်ရဲ့၇၀%သော လူဦးရေဟာ
စာမဖတ် ၊ စာမတတ်ကြတာတွေကများတော့
ဘယ်သူပြောပြော အဟုတ်ထင်တတ်ကြသည်။
မျက်လှည့်ဆရာ ပြောလည်း အဟုတ်ထင်သည်။
ဗေဒင်ဆရာ ပြောလည်း အဟုတ်ထင်သည်။
နတ်ကတော် ပြောလည်း အဟုတ်ထင်သည်။
မိမိချစ်ခင်အားပေးတဲ့အနုပညာသမား
နိုင်ငံရေးသမားဆိုရင်တော့...
အဘယ်ဆိုဖွယ်ရာရှိပါတော့မလဲ။

ဖြစ်နိုင်-မဖြစ်နိုင် ၊
ယုတ္တိရှိ-မရှိ ၊
ဘာကိုမှ မချိန်ဆကြတော့ဘူး။

အစိုးရပြောင်းလဲလိုက်တာနဲ့ နတ်ရေကန်ထဲချလိုက်သလို ဟပ်ချလောင်းဆိုပြီး
နေ့ချင်းညချင်း ကြီးပွားချမ်းသာပြီး
တဲပေါ်ကနေ တိုက်ပေါ်၊
ဆိုက္ကားပေါ်ကနေ လင့်ခရူဆာပေါ်ရောက်တော့မယ်ဆိုတဲ့ မက်လုံးတွေနဲ့အယုံသွင်းလှည့်စားခံခဲ့ရတယ်။

တစ်ချိန်တုန်းက အစိုးရဘာလုပ်လုပ်
ဝေဖန်ဖို့ လက်မနှေးခဲ့တဲ့သူတွေ...၊
ဦးသိန်စိန်လက်ထက် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှာ တိုင်းပြည်တစ်ပြည်...
အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်ဖို့
ငါးနှစ်နဲ့မလုံလောက်ပါဘူးလို့ပြောခဲ့တုန်းက
အမေစုသာအုပ်ချုပ်ရင် ငါးရက်နဲ့လုံလောက်တယ်
ငါးလနဲ့လုံလောက်တယ်။

ဒီ ဦးဏှောက်မရှိ ပညာမတတ်တဲ့အစိုးရအုပ်ချုပ်နေလို့သာ အချိန်တွေကြန့်ကြာပြီး
ဖွံ့ဖြိုးသင့်သလောက်မဖွံ့ဖြိုး ၊
တိုးတက်သင့်သလောက်မတိုးတက်တာဆိုပြီးတော့
ဝိုင်းဝန်းထိုးနှက်တိုက်ခိုက်ခဲ့ကြတယ်။

ဒီလိုနဲ့၂၀၁၅ရွေးကောက်ပွဲမှာ...
မီဒီယာအား ဆယ်လီအနုပညာရှင်တွေရဲ့အား
ဗိုလ်ချုပ်အောင်ဆန်းရဲ့အား
အပြောင်းအလဲတစ်ခုကို အလိုရှိတဲ့
ပြည်သူလူထုရဲ့အားနဲ့...
ကိုယ်စားလှယ် အဖြူ အမဲမသိကြပဲ
ပြောင်းလဲရင်ပြီးရောဆိုပြီး
ပုံအောမဲထည့်လိုက်ကြတာ
သေနေတဲ့ မသာတောင် မဲနိုင်တဲ့အဆင့်ထိရောက်ရှိခဲ့တယ်။

ယနေ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့
အစိုးရအုပ်ချုပ်စီမံလာခဲ့တာ...
ရက်ပေါင်း၁၀၀ပြည့်မြောက်ခဲ့ပါပြီ။
ဘာတွေထူးထူးခြားခြား ပြောင်းလဲခဲ့ပြီလဲလို့
မေးလိုက်ရင် အဖြေကမရှိသလောက်ပါပဲ။

တစ်ယောက်နဲ့တစ်ယောက် စားခွက်လုနေတာတွေ၊
အာဏာပြချင်တာတွေ၊ ထင်ပေါ်ချင်တာတွေနဲ့
အိုးနင်းခွက်နင်းဖြစ်တဲ့အထိကို
ကပေါက်ကချာရလာဒ်တွေကိုတွေ့မြင်ရမှာပါ။

ဒီနေ့ဒီအချိန်မှာ...
ဘယ်တုန်းကမှ မရှိခဲ့ဘူးတဲ့...
ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်နေတာတွေ၊
ငွေကြေးဖောင်းပွမှုများပြားလာတာတွေ၊
အခြေခံလူတန်းစားတွေ ပိုမိုဖိနှိပ်ခံနေရတာတွေ
သဘာဝဘေးအန္တရာယ်တွေ ဆိုးဆိုးဝါးဝါး
ရင်ဆိုင်ကြုံတွေ့လာရတာတွေမှာ...
ထိရောက်တဲ့ကူညီပံ့ပိုးမှုတွေ
မလုပ်ဆောင်နိုင်ကြတဲ့အခါမှာ...
ရွေးကောက်ပွဲမှာ "ပြောင်းလဲချိန်တန်ပြီ"ဆိုတဲ့စကားနဲ့
ပြည်သူကို အယုံသွင်းခဲ့ကြသူတွေ
ဘယ်ဆီများရောက်ကုန်ကြပါလိမ့်။

Credit - Ashinn Sunanda

Friday, 12 August 2016

ဒီ၇ယောက်ကိုအားမနာတမ်း အလုပ်ကဖြုတ်ပစ်လိုက်ပါ **

ဒီ၇ယောက်ကိုအားမနာတမ်း အလုပ်ကဖြုတ်ပစ်လိုက်ပါ
****************************************

သိပ်မကြာခင်ကလေးကပဲ ငOS software chief Scott Forstall နဲ့ Windows president Steven Sinofsky တို့အလုပ်ကနုတ်ထွက်သွားခဲ့ကြရပါတယ်။ နှစ်ယောက်စလုံးဟာ ရှေ့ဆင့်နောက်ဆင့်ဆိုသလို သက်ဆိုင်ရာ အလုပ်တွေကနေ ထွက်သွားကြရတာဖြစ်ပါတယ်။ ထွက်သွားကြရတဲ့အကြောင်းရင်းကလည်း ခပ်ဆင်ဆင်ပါပဲ။ နှစ်ယောက်စလုံးဟာ အင်မတန်တော်တဲ့ပါရမီရှင်တွေဖြစ်ကြပြီး ထိန်းကွပ်ရတာလည်း ခက်ပါတယ်။ သူတို့ဟာ အမြဲတမ်းလိုလိုခက်ထန်နေတတ်ပြီး သူတို့လုပ်ပေးနိုင်တာထက်ပိုပြီး ပြဿနာ ရှာတတ်ကြသူတွေ လည်းဖြစ်ပါတယ်။ တစ်ခုတော့ရှိပါတယ်။ သူတို့ဘက်ကအမြင်ကတော့ တစ်မျိုးဖြစ်မှာပေါ့။ အရာအားလုံးက ထဲထဲဝင်ဝင်သိဖို့မဖြစ်နိုင်ပေမဲ့ သေချာတာတစ်ခုတော့ရှိပါတယ်။ သူတို့ကို အနားပေးလိုက်ဖို့ဆိုတာ သူတို့ရဲ့ CEO တွေအတွက်တော့ အင်မတန်ကိုမှခက်ခက်ခဲခဲချလိုက်ရတဲ့ဆုံးဖြတ်ချက်ဖြစ်မှာပါ။ အဲဒီလိုမျိုးလူတွေဟာ လုပ်ငန်းခွင်မှာ ဆက်လက်ရှင်သန်အောင်မြင်ဖို့ မလွယ်တဲ့လူတွေဖြစ်လာပါတယ်။ ဘယ်တတ်နိုင်ပါ့မလဲ။ ဒါဟာလုပ်ကိုလုပ်ရမယ့် အလုပ်တစ်ခုပဲ။သူတို့ထွက်ကို ထွက်သွားကြရပါပြီ။ကုမ္ပဏီတစ်ခုကို အောင်မြင်ဖို့ အားလုံးသောသူတွေဝိုင်းပြီးကြိုးစားကြရတာမှန်ပေမဲ့ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ဆိုသလို တစ်ဦးတစ်ယောက်တည်း ကြောင့်လည်း အဖွဲ့အစည်းတစ်ခုလုံးရဲ့ စွမ်းဆောင်ရည် ကျဆင်းပျက်စီးသွားစေနိုင်တာက တော့အမှန်ပဲပေါ့။ ကုမ္ပဏီတွေအနေနဲ့အဲဒီလိုလူမျိုးတွေကို ကုမ္ပဏီမှာဆက်ပြီးထိန်းထားဖို့က မဖြစ်နိုင်ပါဘူး။ ကြာကြာထားလေလေ၊ များများပျက်စီးလေလေဖြစ်မှာမို့လို့ပါ။ ကျွန်တော်တို့ရဲ့လုပ်ငန်းခွင်ထဲမှာလည်းအဲဒီလိုမျိုး အခုဒါမှမဟုတ်တောင်အချိန်ကာလတစ်ခုကြာတဲ့အခါမှာ အလုပ်ထဲကထုတ်ပစ်ရမယ့်လူတွေရှိပါတယ်။ အဲဒီလူတွေကဘယ်သူတွေလဲကြည့်ကြရအောင်။



(၁) ပြဿနာငနဲတွေပါ

လုပ်ငန်းခွင်ထဲမှာ အဆင်မပြေမှုတွေရှိနေခဲ့တယ် ဆိုရင်တောင် ဘယ်လိုများ ကျွန်တော်တို့အလုပ်တွေ ပြီးအောင်ဆောင်ရွက်နေကြလည်း အံ့သြစရာကောင်းပါတယ်။ အခုထက်ထိတော့ ကျွန်တော်တို့အကောင်းဆုံး စွမ်းဆောင်ခဲ့ကြတယ်မဟုတ်လား။ တကယ်လို့သာ ၀န်ထမ်းတွေဟာ ကုမ္ပဏီအတွက် သူတို့လုပ်ပေးနိုင်တာ ထက်ပိုပြီး ပြဿနာတွေရှာလာတဲ့အခါ၊ သူတို့ဖန်တီးပေးခဲ့တာထက် ပိုပြီးဖျက်ဆီးကြတဲ့အခါ သူတို့ကိုထုတ်ပစ်လိုက်တာအကောင်းဆုံးပါ။



(၂) လုပ်နိုင်တာထက် ပိုပြောသူတွေ

တချို့လူတွေက သူတို့ကိုယ်ကို သူတို့ရှိတဲ့အရည်အချင်းထက်ပိုပြီးအထင်ကြီးနေတတ်ပြီး သူတို့သာလုပ်ရင် ဘာမဆိုဖြစ်နိုင်တယ် ထင်တဲ့လူတွေရှိပါတယ်။ တကယ်တာဝန်ပေးတဲ့အခါကျတော့ သူတို့လေကြီးခဲ့သလောက် မဟုတ်ကြပါဘူး။ဒါတကယ့် ပြဿနာတစ်ခုပါ။



(၃) ဖောက်သည်တွေကို ဂရုမစိုက်တဲ့သူတွေ

ခင်ဗျားဘာသာခင်ဗျား ကိုယ်ပိုင် လုပ်ငန်းပဲလုပ်လုပ်၊ fortune 500 ထဲကကုမ္ပဏီမှာပဲ လုပ်လုပ်အရေးမကြီးပါဘူး။ အရေးကြီးတာက ဖောက်သည်ဆိုတာရဖို့ခက်ခဲပြီး တခဏအတွင်းပြန်လည် ဆုံးရှုံးသွားနိုင်တယ်ဆိုတာကို အမြဲတမ်း ခေါင်းထဲထည့်ထားရမှာပါ။ ဖောက်သည်တွေနဲ့အမြဲထိတွေ့နေရပြီး စီးပွားရေးလုပ်ငန်းတစ်ခုအောင်မြင်ဖို့ဆိုတာ ဖောက်သည်တွေရဖို့နဲ့ ထိန်းထားနိုင်ဖို့ဆိုတာကို နားမလည်ကြတဲ့ လူတွေကိုမထားသင့်ပါဘူး။လူကြောင့်မဟုတ်ဘဲသူတို့ရဲ့ Attitudeကြောင့် ပြောရတာဖြစ်ပါတယ်။



(၄) အလုပ်ကို အလုပ်နဲ့ တူအောင် မလုပ်နိုင်တဲ့ သူတွေ

တကယ်တော့ ကျွန်တော်တို့ဝန်ထမ်းတွေ ခန့်ထားတယ်ဆိုတာ အလုပ်လုပ်ဖို့မဟုတ်ပါလား။ ကျွန်တော်တို့ရဲ့တာဝန်ကသူတို့ကို တိကျပြတ်သားတဲ့ တာဝန်တွေပေးမယ်။ နောက်ပြီးလိုအပ်တဲ့ လေ့ကျင့်သင်ကြားမှုတွေပြုလုပ်ပေးပြီး လိုအပ်တဲ့Resources တွေပံ့ပိုးပေးဖို့ပဲမဟုတ်လား။ သူတို့အလုပ်က အလုပ်ကို ပြီးမြောက်အောင်လုပ်ဖို့ပဲပေါ့။ သူတို့ကို အခွင့်အရေးတွေအများကြီးပေးပြီး အလုပ်ကိုအလုပ်နဲ့ တူအောင်လုပ်မပြနိုင်ဘူးဆိုရင်တော့ -------------------။



(၅) ငပျင်းများ

တချို့လူတွေက ပါးစပ်ကသာပြောနေတယ်။ တကယ်အလုပ်လုပ်မယ်လည်းဆိုရော ဘယ်ရောက်နေလဲ မသိတဲ့သူတွေအများကြီးရှိပါတယ်။ တစ်ခါတလေရုံးတောင်မှန်မှန်မတက်ကြဘူး။ ဘာပဲဖြစ် ဖြစ်ပါ။ သူတို့လိုလူမျိုးတွေကို ဘယ်လိုမှယုံကြည်စိတ်ချထားလို့မရတာတော့ အသေအချာပေါ့။ ဒီလိုလူတွေနဲ့တွဲပြီး အလုပ်လုပ်ဖို့အချိန်မလုံလောက်ပါဘူး။



(၆) ရသင့် ရထိုက်တာထက် ပိုပြီး အခွင့်အရေးယူသူတွေ

တချို့ဝန်ထမ်းတွေက ဆတ်ဆတ်ထိမခံနေတတ်ကြပြီး သူတို့တကယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ပိုရနေတတ်ကြပါတယ်။ သူတို့ဟာ စိတ်တစ်ဝက်ဟာ အလုပ်ထဲမှာရှိနေပြီး ကျန်တဲ့တစ်ဝက်ကကျတော့ တခြားလူကို ပြဿနာရှာဖို့ ချောင်းနေတတ်ကြပါတယ်။ သူတို့ကိုလည်း --------။ ထိုက်သင့်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။



(၇) စည်းကမ်းမရှိသူများ

ကုမ္ပဏီမှာသတ်မှတ်ထားတဲ့ စည်းမျဉ်း/စည်းကမ်း၊ လုပ်ထုံး လုပ်နည်းဆိုတာတွေဟာ ခိုင်ခိုင်မာမာ ရှိနေဖို့လိုအပ်ပါတယ်။ နောက်ပြီးမျှတမှုရှိဖို့လည်း လိုအပ်ပါတယ်။ တကယ်လို့သာ ၀န်ထမ်းတစ်ယောက်ဟာ သူ့ရဲ့ကြီးကြပ်သူရဲ့တရားသဖြင့် ပေးအပ်တဲ့တာဝန်ကို မနာခံဘူး ဒါမှမဟုတ် သူ့ရဲ့ကိုယ်ရေးရာဇဝင်မှာ မဟုတ်မမှန်တဲ့အချက်အလက်တွေကို တမင်တကာရည်ရွယ်ချက်နဲ့ ဖော်ပြထားမယ်၊ မရရှိထားတဲ့ ဘွဲ့ထူးဂုဏ်ထူးတွေကို ဖော်ပြထားမယ်ဆိုရင် ဒါဟာချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်း လုပ်ထုံး လုပ်နည်းတွေကို ချိုးဖောက်တာပဲဖြစ်ပါတယ်။ ဒါဆိုရင်တော့ လုပ်စရာက တစ်လမ်းပဲရှိပါတယ်။ ၀န်ထမ်းတော်တော်များများကတော့ သူတို့ရဲ့ အလုပ်တွေ ဘယ်လောက်များကြောင်း၊ ဘယ်လောက် ပင်ပန်းကြောင်း အမြဲတမ်းညည်းတွားနေတတ်ကြပါတယ်။ တကယ်တော့မဟုတ်ပါဘူး။ တကယ်တော့ ဘယ်သူမှကိုယ်လုပ်နိုင်တာထက် ပိုပြီးမလုပ်နိုင်ကြပါဘူး။ ကိုယ့်အစွမ်းအစရှိသလောက် တောင်အပြည့်အဝ မလုပ်တဲ့သူတွေက ပိုများပါတယ်။ ဒါကြောင့်မို့ ပြောခဲ့တဲ့လူမျိုးတွေကို ကိုယ့်ရဲ့ကုမ္ပဏီထဲမှာ သေချာရှာဖွေပြီး လုပ်သင့် လုပ်ထိုက်တဲ့အတိုင်းအရေးယူဆောင်ရွက်မှုတွေပြုလုပ်ခဲ့မယ်ဆိုရင်တော့ ညဘက် အိပ်လို့ပျော်နိုင်ပြီပေါ့

Credit to မင်းခေါင် EMPA 8
7HR Journal

Thursday, 11 August 2016

"ဘဝတာ တိုတိုမို့ ပိုစိုးရိမ်မိတယ်"

"ဘဝတာ တိုတိုမို့ ပိုစိုးရိမ်မိတယ်"
==================

လူ့ဘဝဟာ တိုတောင်းလှတယ်လို့ ပြောစမှတ်ရှိတယ်။ ဘယ်လောက် တောင် အချိန်တိုတောင်းနည်းပါးသလဲ ဆိုတာကို ပေါ်လွင်အောင် ပြောတဲ့ စကားတွေထဲမှာ ‘ရေပွက်ပမာ’ ဆိုတာ က အပေါ်လွင်ဆုံးပါပဲ။ ‘ရေပွက်ပမာ၊ တစ်သက်တာ’ တဲ့။ ရေပြင်ပေါ်ကို ပွက် ခနဲ (ဒါမှမဟုတ်) ဘွားခနဲ တက်လာ တဲ့ ရေပွက်ကလေးတစ်ခုရဲ့ တည်ရှိကြာ ရှည်တဲ့အချိန်ဆိုတာ ဘယ်လောက်များ ရှိလို့လဲ။ ဂယက်ထပြီးရင် တဖြည်းဖြည်း နဲ့ ရေပြင်ဟာ အရင်အတိုင်းပြန်ဖြစ် သွားတယ်။ လူ့ဘဝသက်တမ်းဆိုတာ လည်း အဲဒီလောက်ပါပဲတဲ့။ ကမ္ဘာကြီး ဖြစ်ပေါ်လာတဲ့ သက်တမ်းနဲ့ နှိုင်းတာ လား၊ စကြဝဠာကြီးရဲ့ သက်တမ်းနဲ့ တိုင်းတာလား၊ ဘဝပေါင်းများစွာ ဖြစ်ခဲ့ ပျက်ခဲ့တာနဲ့ နှိုင်းတာလား၊ ဘာနဲ့ပဲနှိုင်း နှိုင်း၊ လူ့သက်တမ်းကာလဆိုတာဟာ တိုတိုလေးဆိုတာ ငြင်းရခက်တဲ့စကား ပါ။ ဘဝကို ခင်တွယ်နေကြသူတွေ အတွက် လူ့သက်တမ်းဟာ တိုသလိုရှိ ပြီး ဘဝကို စိတ်ပျက်နေသူတွေ အတွက် (အသက်ရှင်ရတဲ့ နှစ်ချင်းတူရင်တောင်) သက်တမ်းကာလရှည်သလို ဖြစ်နေ တတ်ပါတယ်။

အဲဒီလို ဘဝတိုတဲ့အကြောင်း စဉ်း စားမိတဲ့အခါ သတိရလိုက်တဲ့ စာစကား နှစ် ခုရှိတယ်။ တစ်ခုက ‘ဘဝတာတိုတိုမှာ အရသာချိုချိုကို ရှာမယ်’…တဲ့။နောက်တစ်ခုက ကဗျာစာပိုဒ်လေး ပါ။’လောကအတွက် ထမ်းရွက်နိုင် သမျှ ထမ်းရွက်ကြပါ ဘဝဆိုတာ တိုတို လေး’..တဲ့။ ဒါကလည်း အမြင်မတူပုံ ပါပဲ။

► တစ်ရာထဲက တစ်မှုနဲ့

အဲဒီလိုဘဝတိုတိုလေးမှာ နေရတဲ့ အခိုက်အတန့်နဲ့ ပတ်သက်ပြီး ပြောကြ တဲ့ စကားကိုလည်း သတိရမိသေးတယ်။ ‘အသက်တစ်ရာ မနေရပေမယ့်၊ အမှု တစ်ရာတွေ့ရတတ်တယ်’…တဲ့။ ဒီ နေရာမှာ ပြောတဲ့ အမှုဆိုတာ ရုံး ရောက်၊ ဂါတ်ရောက်တဲ့အမှုမျိုးဖြစ်ချင် မှ ဖြစ်မှာပါ။ ပြဿနာ၊ အခက်အခဲ၊ အကျပ်အတည်းတွေကို ရည်ညွှန်းတာ လို့ ပြောရင်ရပါလိမ့်မယ်။ အဲဒီအမှုတစ် ရာထဲမှာပဲ ရုံးတွေ၊ ဂါတ်တွေ ရောက် ပြီး ထောင်ကျလောက်တဲ့ ‘ပြဿနာ’ မျိုး လည်း ပါနိုင်ပါလိမ့်မယ်။ ထောင်ကျ တယ်ဆိုတာကို ကိုယ့်အမှားကြောင့်လို့ ယေဘုယျပြောလေ့ရှိပါတယ်။ အဲဒီ အမှားဟာလူ့အဖွဲ့အစည်းက မကောင်း မှု၊ အပြစ်ရှိမှု၊ ဥပဒေအရ အပြစ်ဒဏ်ခံ သင့်တဲ့ အမှုမျိုးထဲ အကျုံး ဝင်ရင်တော့ ထောင်ကျလောက်တယ်လို့ ဆိုနိုင်ပါ တယ်။ ‘ကိုယ်ကောင်းရင် ခေါင်း မရွေ့ ဘူး’ လို့ဆိုတဲ့စကားရှိတယ်။ ကိုယ် ကောင်းနေရင် မမှားဘူး။ မမှားရင် အပြစ်မရှိဘူး။ အပြစ်မရှိရင် ထောင်ကျ စရာ အကြောင်းမရှိဘူးဆိုတာ အထိ တွေးယူလို့ ရနိုင်ပါတယ်။

ဒါပေမဲ့ လူ့အဖွဲ့အစည်းမှာ ကိုယ်ကောင်းနေပါလျက်နဲ့ ခေါင်းရွေ့ခဲ့ ရတာ၊ ကိုယ်မှန်နေပါလျက်နဲ့ အပြစ်ဖြစ် ခဲ့ရတာ၊ ကိုယ်ကတရားနေပါလျက်နဲ့ အမှားလို့ သတ် မှတ်ပြီး ပြစ်ဒဏ်ပေးခံ ရာတာတွေလည်း ရှိတတ်ပါသေးတယ်။ ရှိလည်းရှိခဲ့၊ ဖြစ်လည်းဖြစ်ခဲ့ပါတယ်။အဲဒါမျိုးတွေက မတရားမှု ကြီးစိုး တဲ့ခေတ်၊ တောတွင်းသားဥပဒေ (နိုင် ရာစားဥပဒေ) လွှမ်းမိုးတဲ့ခေတ်၊ အာ ဏာရှင်တွေရဲ့ ထင်ရာစိုင်းအမိန့်တွေနဲ့ အုပ်ချုပ်တဲ့ခေတ်တွေမှာ ပိုပြီး ဖြစ်လေ့ ရှိတယ်။

အမှန်တွေကမှားပြီး အမှားတွေ က မှန်နေတဲ့ ဓမ္မပြောင်းပြန်လှန်ထားတဲ့ ခေတ်တွေမှာ အဲဒါမျိုးတွေက အဖြစ် ဆုံးပါပဲ။ ဓမ္မပြောင်းပြန်လှန်ထားတော့ လည်း အဓမ္မအလံတွေချည်းပဲ လေထဲ မှာ လွင့်ပျံနေတော့တာပဲပေါ့။ မဝေး သေးတဲ့ အတိတ်က အဓမ္မအလံတွေ လွှင့်ထူခဲ့ကြတာ အခုထိအောင် အဲဒီ အလံတွေက လေထဲမှာ တလူလူလွင့် နေတုန်း။ မတရားမှု၊ အနိုင်ကျင့်မှု၊ ဗိုလ် ကျစိုးမိုးမှု၊ ဥပဒေပြဋ္ဌာန်းပြီး အပြစ်ဒဏ် မခံရအောင် ခံတပ်ဆောက်ထားမှုများ။

► ကောင်းမှုကို ပြစ်မှု … တဲ့

ကျွန်တော်က ဘဝတာတိုတိုမှာ အရသာချိုချိုကို မက်မောချင်ပေမယ့် လောကအတွက် ထမ်းရွက်နိုင်သမျှ ထမ်းရွက်ချင်တဲ့စိတ်ကအလေးသာသွား ခဲ့တာကြောင့် တလူလူလွင့်နေ တဲ့ အဓမ္မ အလံတွေကို ရိုက်ချိုးကြသူတွေထဲက တစ်ယောက်ဖြစ်ခဲ့တယ်။ အသက်တစ် ရာမနေရပေမယ့် အမှုတစ်ရာတွေ့ခဲ့ သလားဆို တာကို ပြန်မ စဉ်းစားဖြစ်ပေ မယ့် လောကအတွက် ကောင်းမှု တစ်ခါ တော့ လုပ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်က အဲဒါကို ကောင်းမှုလို့ ယုံကြည်တယ်။ လူအများစု က လည်း ကောင်းမှု ဆိုတာကို သဘောတူလက်ခံတယ်။ ဒါပေမဲ့ သူတို့ က ပြစ်မှုလို့ သတ်မှတ်တယ်။ အဲဒါနဲ့ပဲ ကျွန်တော်လည်း ထောင်ထဲရောက်သွား ပါတော့တယ်။ အဲဒီကာလက ကျွန် တော်တို့ တိုင်းပြည်မှာ လောကကောင်း ကျိုး၊ တိုင်းပြည်ကောင်းကျိုး၊ ပြည်သူလူ ထု ကောင်းကျိုးလုပ်ခဲ့မိလို့ ထောင်ကျခဲ့ တဲ့လူပေါင်း သောင်းနဲ့ချီပြီး ရှိတယ်။ ကောင်းမှုကို ပြစ်မှုလို့ သတ်မှတ်ပြီး ထောင်ချခဲ့ကြတဲ့ သူတွေကတော့ ဘယ်သူရှိဦးမှာလဲ။ အဓမ္မအလံကို တလူလူလွှင့်ပြီး လူတွင်ကျယ်လုပ် ဗိုလ် ကျခဲ့တဲ့ စစ်အာဏာရှင်စနစ်ကို မောင်း နှင်ခဲ့သူတွေပဲပေါ့။

သြော်…သူတို့ကတော့ ဘဝ တာတိုတိုမှာ အရသာချိုချိုကို မက်ပြီး ရက်စက်ခဲ့ကြသူတွေလေ။ သူတို့သေရင် သူတို့ မတရားရှာထားခဲ့တဲ့ အရသာ ချို ချိုတွေဟာ သူတို့နဲ့ပါသွားမယ်လို့ ထင် ခဲ့ကြသူတွေလေ။ နောက်ဘဝရှိတယ် ဆိုတာ ယုံကြည်သူတွေရဲ့ အမြင်မှာ တော့အခုဘဝမှာမတရားလုပ်ပြီး ကောင်း စားခဲ့သူတွေဟာ အခုဘဝအလွန်မှာ ငရဲနွံနစ်ရုံတင်မကဘဲ ဝဋ်ပါလည်မယ် လို့ သတ်မှတ်ကြမှာ သေချာပါတယ်။ တချို့ဆိုရင်  နောက်ဘဝတစ်ခု ကို မကူးခင်ကာလမှာပဲ တင်ခဲ့တဲ့ အကြွေးကို ပြန်ဆပ်နေကြရပါပြီ။ သူတို့ တစ်တွေခမျာ ဘဝကူးတောင်မှ ကောင်း ရှာကြပါ့မလား။

► ဖျက်ဆီးပြီး ကြီးပွားသူ

ကျွန်တော် ထောင်က လွတ်လာပုံ ကို တခြားနေရာမှာ ပြောပြခဲ့ဖူးတယ်။ ထောင်ကျတော့ အကျဉ်းသားတိုင်း (ဘယ်သူမဆို) ခံစားခွင့်ရှိတဲ့ ထောင် ဥပဒေအရ ပေးထား တဲ့ လျှော့ရက်ကို မရခဲ့ဘူး။ အဲဒီကာလ (၁၉၉၇) မှာ ကျွန် တော်တစ်ယောက်တည်း မရတာတော့ မဟုတ်ပေမယ့် လူသိပ်မများသေးဘူး။ ဒါနဲ့ပဲ ထောင် ထဲမှာ ဆယ်နှစ်အပြည့် နေလိုက်ရတယ်။ ချုပ်ရက်အပါအဝင် ၁ဝ နှစ်ကျော်ကျော် ထောင်ထဲမှာ စာ မဖတ်ရ၊ သတင်းနားမထောင်ရဘဲ နေခဲ့ တဲ့ လူ(တချို့)ကို နိုင်ငံတော် အား နှောင့် ယှက်ဖျက်ဆီးသူများရဲ့ ဘေးအန္တရာယ် က ကာကွယ်တဲ့ဥပဒေ (ပုဒ်မ ၁ဝ-က) နဲ့ထပ်ပြီး ထိန်းသိမ်းထားတယ်။ လွတ် ရမယ့်ရက် မှာ ထောင်အပြင်ကို တောင် မထွက်လိုက်ရဘူး။ အုတ်တံတိုင်းအပြင် က လေတောင် မရှူလိုက်ရဘူး။ မအီ မလည်နဲ့ မန္တလေးထောင်ရဲ့တိုက်ခန်း ထဲကို ပြန် ဝင်သွားရတယ်။ အပြင်လော ကမှာ ဘာတွေဖြစ်နေသလဲဆိုတာကို ဘာမှမသိတဲ့လူက နိုင်ငံတော်ကို နှောင့် ယှက် ဖျက်ဆီးနိုင်မှာတဲ့လားဗျာ။ တကယ်ပဲ နိုင်ငံတော် (ပြည်သူလူထု) ကို နှောင့်ယှက်ခဲ့တာ ဘယ် သူတွေလဲ။ နိုင်ငံတော်ကြီးကို ဖျက်ဆီးပြီး ကြီးပွား သွားခဲ့သူတွေက ဘယ်သူတွေလဲ။ စာ ဖတ်သူတွေ သိပြီးသားမို့ နာမည်တပ်ပြီး ပြောမနေတော့ပါဘူး။ ရာထူးအာဏာ တွေကိုင်ပြီး ရိုးရိုးသားသားလုပ်ကိုင်ခဲ့တဲ့ အတွက် နောက်ထပ်ဆယ်ဘဝအထိ (လူဖြစ်နေသေးရင်) စားမကုန်အောင် ဖူလုံသွားတဲ့ လူတွေလို့ပဲ ဆိုပါစို့။

► ရေပုံးပဲ သိတာ

၁ဝ နှစ်နောက်မှာ အပိုဆောင်းတဲ့ (၁ဝ-က) နဲ့ ၃ နှစ်ခွဲနေပြီးတော့ ကျန်း မာရေး မကောင်းလို့ ပြန်လွှတ်ပေးလိုက် တယ်။ မန္တလေးကနေ ရန်ကုန်ကိုအပြန် မှာ တာဝန်ခံ စောင့်ရှောက်တဲ့သူနဲ့။ ရန်ကုန်ရောက်တော့ စစ်ထောက်လှမ်း ရေး (၆) ကိုအပ်၊ ထောက် (၆) က ကျွန်တော်နေတဲ့ မြို့နယ်အပိုင်စား ထောက်လှမ်းရေးတပ် (ရေတပ်)ကို တစ်ခါအပ်၊ ရေတပ်ထောက်လှမ်းရေးက ရပ်ကွက်ဥက္ကဋ္ဌနဲ့ ကျွန်တော့်အိမ်ကို လိုက်ပို့တယ်။

အဲဒီနောက်ပိုင်း ၇ လကျော်ကျော် ကြာတဲ့ အထိ ထောက် (၆) က ထောက် လှမ်းရေး နှစ်ယောက်က တစ်ပတ် နှစ် ခါလောက် ပုံမှန်လာတယ်။ မြို့နယ် ထောက်လှမ်းရေးက တစ်ပတ်တစ်ခါ ပုံမှန်လာတယ်။ ဒီကြားထဲမှာ မြို့နယ်စစ် ထောက်လှမ်းရေး တာဝန်ကျတစ် ယောက်က ကျွန်တော့်ကို ”ရန်ကုန်မြို့ထဲ သွားရင်တောင် သတင်းပို့ရမယ်” လို့ ပြောတာကြောင့် ဘုဆတ်ဆတ် ပြန် ပြောလိုက်ရတယ်။ သတ္တိရှိလို့ မဟုတ်ပါ ဘူး။ တရားလွန်လွန်းလို့ ကြောက် ကြောက်နဲ့ပဲ ပြန်ပြောခဲ့တာပါ။ အဲဒီလို ပြန်ပြော လိုက်တော့ ရှေ့တစ်လှမ်းထပ် တိုးမလာတော့ပါဘူး။

ဒီကြားထဲ ၂ဝဝ၅ မှာနဲ့တူတယ်။ ရန်ကုန်က ဒဂုံစင်တာအပါအဝင် နေရာ သုံးနေရာမှာ ဗုံးတွေကွဲပြီး အပြစ်မဲ့ ပြည်သူတွေ သေကြပြီး နောက်တစ်နေ့ မှာ အိမ်ကို ရဲတစ်ယောက် လာပြော တယ်။ ဘယ်သူကဆိုလား၊ တွေ့ချင်လို့ တဲ့၊ ရုံးကိုလာခဲ့ပါဆိုပြီး ပြောတာနဲ့ သူ့ ကို တစ်ခါတည်းပဲ ပြောလိုက်တယ်။  

 ‘ငါ့ဘာ သာ အေးအေးဆေးဆေး နေတာ ကို ပြဿနာလာမရှာနဲ့၊ တွေ့ချင်ရင် အိမ်လာခဲ့၊ ၁၅ မိနစ်စောင့်မယ်’ လို့ ပြောလိုက်တယ်။ အဲဒီ ရဲက ကျွန်တော် လည်း ကြားထဲ ကခေါင်းစားတယ်ဗျာလို့ တောင် ပြောသွားသေးတယ်။ ၁၅ မိနစ် စောင့်တာ မလာလို့ ကျွန်တော်လည်း လက်ဖက်ရည်ဆိုင် သွားထိုင်နေလိုက် တယ်။ ဗုံးကွဲတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို လာကျစ်ဖို့၊ ရစ်ဖို့ လုပ် တာလေ။ ကျွန်တော်ကလည်း လူသေ စေတတ်တဲ့ လက်နက်ဆိုတာကို ဓာတ် ပုံနဲ့ ရုပ်ရှင်ထဲမှာပဲ မြင်ဖူးတာ။ ဗုံးဆိုလို့ ရေပုံးလောက်ပဲ သိတာ။ ဒါကိုသူတို့ သိ နိုင်လျက်နဲ့ ပြဿနာလာရှာတာလေ။

► ကျွန်တော့်လို တိုင်းပြည်

ကျွန်တော် ထောင်ပြင်ရောက်ပြီး နောက်ပိုင်းမှာ စစ်ထောက်လှမ်းရေး၊ ရဲ ထောက်လှမ်းရေး၊ ပြီးတော့ သတင်းပေး ပေါင်းစုံရဲ့ မျက်စိဒေါက်ေ ထာက် စောင့် ရှောက် မှုနဲ့ နေခဲ့ရတယ်။ ဒါကို ပုံကြီးချဲ့ ပြောနေတာမဟုတ်ပါဘူး။ ထောင်က လွှတ်ပေးလိုက်ပေမယ့် မလွတ်လပ်တဲ့ ဘဝမှာ နေခဲ့ရ (နေနေရ) တယ်ဆိုတာ ကို ပြောတာပါ။ ဒီလိုအခြေအနေမျိုးကို နိုင်ငံရေးမှုနဲ့ထောင်ကျခဲ့ပြီး အပြင် ရောက်နေသူတွေ ဘယ်နှယောက် တောင် ကြုံနေရသလဲ မသိဘူး။

ကျွန်တော် စဉ်းစားကြည့်မိတယ်။ ကျွန်တော့်ရဲ့ ထောင်အပြင်ဘဝဟာ မလွတ်လပ်သလို ကျွန်တော့်တို့တိုင်း ပြည်ရဲ့ ဒီမိုကရေစီအခွင့်အရေး ဆိုတာ တွေဟာလည်း တကယ်လွတ်လပ်မှု ရှိ နေပြီလားလို့ပါ။ ခဏလောက် လွှတ် ထားပေးပြီး (လိုချင်တဲ့အခြေအနေ ရ လာတဲ့အခါ) ပြန်ပြီး ထိန်းချုပ်ထားမှာ လားဆိုတာကို စဉ်းစားရင်းနဲ့ နောက်ထပ် တွေးမိတာ ရှိလာတယ်။ကျွန်တော်တို့ တိုင်းပြည်ရဲ့ ပါတီ စုံနိုင်ငံရေး စနစ်နဲ့ ဈေးကွက်စီးပွားရေး စနစ်ဆိုတာမှာလည်း နိုင်ငံရေးဒီမိုကရေ စီနဲ့ စီးပွားရေးဒီမို ကေ ရစီ ရနေပါပြီ လား။ ဒီမိုကရေစီ ပေးခွင့်ကို ကိုင်ထား သူတွေက ဘယ်သူတွေလဲ။ ၂ဝဝ၈ ဖွဲ့ စည်းပုံလား၊ လူတွေလား။ အဲဒါတွေမှာ ရော ဒီမိုကရေစီ စိတ်သဘောထား ခိုင် ခိုင်မာမာ ရှိရဲ့လား။

► စိုးရိမ်တယ်

ဘဝတာတိုတိုမှာ အရသာချိုချိုကို ရတဲ့နည်းနဲ့ ယူချင်တဲ့သူတွေနဲ့ လောက ကောင်းကျိုးအတွက် ထမ်းရွက်နိုင်သမျှ ထမ်းရွက်ချင်သူတွေကြားမှာ ကွဲပြားနေ တတ်တာ ကိစ္စမရှိပေမယ့် ပဋိပက္ခကြီး ထွားပြီး နိုင်ရာစားဥပဒေနဲ့ ထင်ရာစိုင်း လူရိုင်းစိတ်တွေက ကောင်းမှုကို ပြစ်မှု လို့ သတ်မှတ်ပြီး အဓမ္မအလံတွေ ထပ် ပြီး တလူလူလွှင့်မှာကိုတော့ စိုးရိမ်နေ မိတုန်းပါခင်ဗျာ့။

နောင်ကျော်

Wednesday, 10 August 2016

အမေသို့ပေးစာ

အမေသို့ပေးစာ
..................................................................
အမေရေ
သားတို့သပြေနန်း(သပန)ရွာနဲ့ ပိန်ညောင်ရုပ်ရွာပေါင်းပြီး ပိန်ညောင်ရုပ်(ပညရ) ရွာသစ်ကြီးမှာ
အမေသူကြီးလာလုပ်မယ် ဆိုတုန်းက သားတို့တွေ ပျော်လိုက်ကြတာ~
မုန့်ဝေလည်းအတူ ဒုတ်ဝေလည်း အတူဆိုပြီးတော့ပေါ့||
အမေက ဟဲ့ငါလုပ်စရာတွေ များလှတယ်ဆိုပြီး
ပညရရွာဟောင်းက ရာအိမ်မှူးဦးမျိုးကြီးကို ရွာသူကြီးခန့်လိုက်တယ်|| အမေ မသိလို့အမေ - သားတို့ရွာက ကလေးတွေက မုန့်ဝေစု မတည့်လို့ အမြဲပြသနာဖြစ်နေတာ|| ဦးမျိုးကြီးက အဲ့တာတွေ သိပ်သိပုံမရဘူး အမေ||
သားတို့ရွာကပြသနာဖြစ်လွန်းလို့
သောက်ပြသနာရွာလို့တောင် အမည်တွင်နေခဲ့တာ||
ရွာလူကြီးဟောင်း ဦးဆယ်ထောင် လက်ထက်ကတည်းက လုပ်ချင်သလိုလုပ်ခဲ့တဲ့ အမွေပါ အမေ||
အဲ့ပြသနာတွေ ရှင်းနိုင်အောင် အမေ့ကို သူကြီးလာလုပ်စေချင်တာလေ||
အခုတော့ မုန့်ဝေစု မတည့်တာတွေက မပြီးနိုင်ဘူး||
ကလေးတွေ မုန့်ဝေဖို့ မူချဖို့က အမေတို့လုပ်နေတယ့် ပင်လုံညီလာခံထက် ခက်ခဲနေသလား ထင်ရတယ် အမေရေ|| ကလေးအကြီးတွေကော အငယ်တွေကော
ရသင့်ပါလျက် မရကြလို့ အော်နေကြရတယ်||
ရာအိမ်မှူး ဦးကျော်ဟိန်းကတော့ပြောတယ်~ ကလေးအကြီးတွေ ဝေစုပေးပြီးရင် အငယ်တွေ လာပါမယ်ပေါ့~ မျော်လင့်နေကြဆဲပါ အမေ||
မုန့်မဝေခင်မှာ ကလေးတွေကို ကိုယ်ရေးအချက်အလက် အကြိမ်တစ်ထောင်လောက် ဖြည့်ခိုင်းလေ့ရှိပါတယ်|| မုန့်လွယ်လွယ်ကူကူရရင် နှလုံးရောဂါရသေမှာစိုးလို့ စေတနာနဲ့ထင်ပါတယ် အမေ||
တခါတလေ မုန့်ရသင့်သူများ သတ်မှတ်ချက်တွေက ရွာထဲကလူကြီးတွေရဲ့ သားသမီးတွေနဲ့ တိုက်ဆိုင်လေ့ရှိတယ်လို့ ပြောကြပါတယ်||
တနေ့က ရွာအစည်းအဝေးမှာ ရပ်မိရပ်ဖ တစ်ဦးက ကလေးတွေအတွက် နေ့လည်စာကျွေးရန် အစီအစဉ်ရှိ/ မရှိ မေးတဲ့အခါ
ဦးမျိုးကြီးက မနက်စာကျွေးပြီးဖြစ်ကြောင်း ဖြေသွားတယ်အမေ|| အရမ်းဖြေတတ်တာပဲ အားကျတယ် အမေ||
အခုလည်း မုန့်ဝေစုရသင့်ကြောင်း မိမိကိုယ်ကို ဘုန်းတော်ဘွဲ့ရေးခိုင်းနေတယ်အမေ|| ကလေးအတော်များများ စိတ်ညစ်နေကြပါတယ်||
မုန့်ဝေပွဲ မဟာမူကျမ်းကြီးက အံ့ခမန်းပါ အမေ||
မုန့်ဖုတ်နည်းဘုတ်အုပ်ကြီးတွေ အုပ်တစ်ရာလောက် ရေးဖို့ကြီးကြပ်ရင် ၅ မှတ်ကြီး ပေးတယ် အမေ| မုန့်ဖုတ်နည်း အသစ် စာတမ်းတွေရေးရင် ၄ မှတ်ကြီးတောင် ပေးတယ် အမေ||
ကလေးဗိုလ်တွေ| ရွာလူကြီးအမျိုးတွေကို ၂၀+၂၀ ဆိုလားပဲ ပေးတယ် ||
ကိုယ်မစားရပေမဲ့ သူငယ်ချင်းတွေ မျှမျှတတ စားရစေချင်တာရယ်| နောင်အခါ မုန့်ကောင်းကောင်း/များများစားရစေချင်လို့ မုန့်ဖုတ်နည်းအသစ်ရေးသူတွေ| ဘုတ်အုပ်ရေးသူတွေ| မုန့်ဖုတ်နည်းသင်ပေးသူတွေကို ဦးစားပေးသင့်ကြောင်း လျှာရှည်မိတာ နှပ်ချေးတွဲလောင်းနဲ့ စာဥက သားကို မျက်စောင်းထိုးတယ် အမေ| သူက ရာအိမ်မှူးသမီးဆိုတော့ ကြောက်နေရတယ် အမေရေ||
ဟာသသပ်သပ်ပါခမျာ


  1. Credit;Original post

Sunday, 7 August 2016

ပြည်​သူ့အမြင်​(၇)

"ခွဲခြားဆက်ဆံခံရခြင်း"

မြန်မာ့ရေဘေးမသေးပါ၊
မည်သည့်နိုင်ငံတကာကမှ
ထိရောက်သောအကူအညီမရသေးပါ

အကယ်၍သာ ဤပုံနေရာတွင်
ဘင်္ဂလီများဖြစ်မည်ဆိုပါက
ဝက်ဝက်ကွဲ နိုင်ငံတကာသတင်းများတွင်ဖေါ်ပြခံရမည်ဖြစ်သည်၊

ခွဲခြားဆက်ဆံမှု့စကားကိုတွင်တွင်သုံးခဲ့ကြသူများ
ယခု မြန်မာကိုခွဲခြားဆက်ဆံနေကြပါသည်။
မူရင်းပိုစ်​link

မြန်မာအစိုးရသစ် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်မလား


 Writer;
   ပြည့်ဖြိုးနိုင်  
==================================
(ဃ)အခြားအီလစ်များနှင့်ဆက်ဆံရေး
အစိုးရသစ်နှင့်နိုင်ငံရေးအီလစ်ဟောင်း များကြားမှ ဆက်ဆံရေးမှာ ရောထွေးမှု များရှိနေသည်ဟု ဆိုရမည်ဖြစ်သည်။  ပြီးခဲ့သည့်အစိုးရလက်ထက်တွင်ဦးဆောင် ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီသည် လွှတ်တော်များ၌ ၆     ရာခိုင်နှုန်းခန့်သာ နေရာရရှိထားသည်။  
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီသည် ၂ဝ၁၅ခုနှစ်သြဂုတ်လအတွင်း ၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ်တာဝန် ယူနေသော သူရဦးရွှေမန်းကိုပါတီခေါင်း ဆောင်ရာထူးမှအပြောင်းအလဲလုပ်ခဲ့သော် လည်း သူရဦးရွှေမန်းသည်ပါတီဝင်အဖြစ်  ဆက်ရှိနေဆဲဖြစ်သည်ဟုအတည်ပြုခဲ့သည်။ အဆိုပါဖြစ်စဉ်သည် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီခေါင်းဆောင်နှစ်ဦး ဖြစ်သော ယခင်သမ္မတဦးသိန်းစိန်နှင့် သူရဦးရွှေမန်းတို့ကြားမှ ပွတ်တိုက်မှုများ ကြောင့်ဖြစ်ပေါ်ခဲ့သည်ဟုသတ်မှတ်မှုများ ရှိခဲ့ပြီးယခင်အစိုးရလက်ထက်တွင်မြင်တွေ့ ခဲ့ရသည့်အုပ်ချုပ်ရေးမဏ္ဍိုင်၊ဥပဒေပြုရေး မဏ္ဍိုင်ကြားမှ ပွတ်တိုက်မှုများ၏ အကျိုး ဆက်ဖြစ်သည်ဟုလည်းသုံးသပ်ကြသည်။  တပ်မတော်မှ အနားယူကာ ရွေးကောက် ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ဝင်ရောက်မည် ဟု အဆိုပြုသည့် တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်များကို သူရဦးရွှေမန်းက ငြင်းပယ်ခဲ့ခြင်းမှာ အဆိုပါဖြစ်စဉ်များဖြစ် ပေါ်စေသည့်အကြောင်းအရင်းဖြစ်သည်ဟု လည်း သတ်မှတ်ကြသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဝင်အချို့က သူရဦးရွှေမန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ကြားတွင် ရင်းနှီးသည့်ဆက်ဆံရေးတည် ဆောက်နေခြင်းမှာသူရဦးရွှေမန်းအနေဖြင့်   ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကို အသုံးချကာ ၄င်း၏အနာဂတ်ရည်မှန်း ချက်တစ်ရပ်ဖြစ်သော သမ္မတဖြစ်ခွင့်ရရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟုလည်း ရှုမြင် ခဲ့ကြသည်ဟု ဆိုနိုင်သည်။ တပ်မတော် ဘက်မှကြည့်လျှင်လည်း လက်တွေ့ဖြစ် လာဖွယ်မရှိသော အခြေခံဥပဒေပြင်ဆင် ရေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ဘက်မှ ရပ်တည်သည်ဟု ပြသရန်  ရည်ရွယ်သည့်သဘောဖြင့် ဆောင်ရွက်ခဲ့ကာ တပ်မတော်အား ဗီတို အာဏာကဲ့သို့ ထိရောက်သည့် လုပ် ဆောင်ခွင့်အား ထုတ်သုံးရန် တွန်းအား ပေးသည့် သဘောမျိုးဖြစ်ခဲ့ခြင်းကြောင့် ဒေါသထွက်စရာဖြစ်ခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်း ဆောင်နှင့် သူရဦးရွှေမန်းတို့သည် ရွေး ကောက်ပွဲပြီးဆုံးသွားပြီးနောက်တွင်လည်း ၄င်းတို့၏မဟာမိတ်ဆက်ဆံရေးကို ဆက် လက်ထိန်းသိမ်းခဲ့သည်။ သမ္မတဖြစ်လို သည့်ရည်မှန်းချက်များ မပြည့်ဝခဲ့သော် လည်း ဖေဖော်ဝါရီ ၅ရက်တွင် သူရ    ဦးရွှေမန်းအားဥပဒေပြုရေးမဏ္ဍိုင်၏လုပ်ပိုင် ခွင့်ကြီးမားသော အကြံပေးအဖွဲ့တစ်ဖွဲ့ ဖြစ်သည့် ပြည်ထောင်စုလွှတ်တော်ဥပဒေ ရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်း စစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌအဖြစ်ခန့် အပ်ခဲ့သည်။ ၄င်း၏ ပုဂ္ဂိုလ်ရေးလွှမ်းမိုးမှု နှင့်အဆိုပါကော်မရှင်၏ လုပ်ဆောင်နိုင် စွမ်းများကြောင့်တပ်မတော်နှင့်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့သည်ဥပဒေ ပြုရေးမဏ္ဍိုင်အနေဖြင့် ¤င်းအားလုပ်ပိုင် ခွင့်မည်မျှပေးအပ်ထားသနည်း။ ၄င်းအနေ ဖြင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်း ဆောင်အပေါ် လွှမ်းမိုးမှုမည်မျှရှိသနည်း ဆိုသည်များကို စောင့်ကြည့်လျက်ရှိသည် ဟု ယူဆဖွယ်ရာများရှိနေသည်။
ထို့အပြင် သမ္မတသစ်ဦးထင်ကျော် က သူရဦးရွှေမန်းနှင့်နီးစပ်သော ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် နှစ်ဦးကို အစိုးရအဖွဲ့ဝင်များအဖြစ် ခန့် အပ်ခဲ့ခြင်းမှာလည်း ပိုမိုစောင့်ကြည့်ချင် စရာဖြစ်ခဲ့သည်။ သမ္မတဦးသိန်းစိန်သည် ၄င်း၏ သမ္မတသက်တမ်းကုန်ဆုံးသွားပြီး နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌရာထူးကိုပြည်လည်တာဝန် ယူခဲ့သည်။ သူရဦးရွှေမန်းနှင့်ပတ်သက် သော စွန့်စားရနိုင်ခြေများသည်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်နှင့် နိုင်ငံ ရေးအီလစ်ဟောင်းများကြားမှဆက်ဆံရေး ကို အနာဂတ်တွင် အရှုပ်အထွေးများဖြစ် ပေါ်စေဖွယ်ရှိသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်အနေဖြင့်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် လက်ရှိ  လွှတ်တော်များ၌ အင်အားနည်းပါးလျက် ရှိသော်လည်းအလေးထားရမည့်အစွမ်းမျိုး ပိုင်ဆိုင်နေဆဲဖြစ်သည်ဆိုသော အချက် အားသတိပြုရန်လိုအပ်မည်ဖြစ်သည်။ ထပ်မံ၍ အလေးထားရမည့်အချက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် အနေဖြင့် သူရဦးရွှေမန်းအား ထောက်ခံ အားပေးမှုပိုမိုပြုလုပ်သည်နှင့်အမျှကာကွယ် ရေးဦးစီးချုပ်နှင့်ဆက်ဆံရေးအပေါ်ထိခိုက် မှုများဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည်ဆိုသော အချက်ဖြစ်သည်။ သို့သော် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်နှင့် ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်းကြားတွင် အလှမ်းကွာသည့်အခြေအနေအချို့ဖြစ်ပေါ် လာခြင်းကြောင့် လက်ရှိအချိန်၌ စွန့်စား ရနိုင်ခြေများလျော့ကျသွားနိုင်သည်ဟု ဆိုရမည်ဖြစ်သည်။ ငြိမ်းချမ်းရေးတည် ဆောက်မှုလုပ်ငန်းစဉ်များ၌ အဆိုပါအခြေ အနေများကို မြင်တွေ့ခဲ့ရပြီး တပ်မတော် ၏ အမျက်ဒေါသနှင့် ရင်ဆိုင်ရနိုင်ခြင်း ကြောင့်အဓိကကျသည့်ကော်မတီများတွင် သူရဦးရွှေမန်းက ၄င်း၏မဟာမိတ်များကို တာဝန်ပေးရန်ကြိုးစားခဲ့သော်လည်းတာဝန် ပေးမှုမရှိခဲ့ခြင်းဖြစ်သည်။
(၄) အဓိကကျသောစိန်ခေါ်မှုများ
မြန်မာအစိုးရသစ်အနေဖြင့်အဓိကကျ သည့်စိန်ခေါ်မှုများကို  အလျင်အမြန်ဖြေ ရှင်းနိုင်ရန်လိုအပ်မည်ဖြစ်သည်။ ဆယ်စု နှစ်နှင့်ချီ၍အာဏာရှင်စနစ်ကျင့်သုံးခဲ့ခြင်း၊ လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခဲ့ခြင်း ကြောင့်  ကာလရှည်ဖြစ်တည်ခဲ့သည့် ပြဿနာရပ်များသည် အလွယ်တကူဖြေ ရှင်းနိုင်သောအနေအထားမျိုးမရှိပါ။အဆိုပါ ခေါင်းစဉ်အောက်၌ရှိနေသောအကြောင်း အရာများထဲ၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များခရီးဆက်နိုင်ရေး၊ ရခိုင်ပြည်နယ်တွင်  တည်ငြိမ်သောအခြေအနေများတည်ဆောက် နိုင်ရေးနှင့် တရုတ်-မြန်မာဆက်ဆံရေး ကို ကောင်းမွန်သည့်အခြေအနေပြန်လည် ရောက်ရှိအောင်ကြိုးပမ်းရေးများပါဝင် လျက်ရှိသည်။
(က) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ
ယခင်အစိုးရသည်ဆယ်စုနှစ်ခြောက်ခု  ကြာခန့်ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိ ပက္ခများချုပ်ငြိမ်းရေးအတွက် ထင်သာ မြင်သာရှိသော လုပ်ဆောင်ချက်များကို ဆောင်ရွက်နိုင်ခဲ့သည်။ အပစ်အခတ်ရပ်စဲ ရေးသဘောတူညီမှုအမြောက်အမြားရယူ နိုင်ခဲ့သည့်အပြင် ပြည်ထောင်စုအဆင့်  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီ ချက်ကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့ သည်။ သို့သော်ယုံကြည်မှုနည်းပါးခြင်း၊  လက်နက်ကိုင်အဖွဲ့အချို့ ကျန်ရှိနေခြင်း၊  ရွေးကောက်ပွဲကြိုကာလ၌ နိုင်ငံရေးဒိုင်း နမစ်များဖြစ်ပေါ်ခဲ့ခြင်းများကြောင့် ငြိမ်း ချမ်းရေးတည်ဆောက်မှုဖြစ်စဉ်များမှာ ရှုပ် ထွေးမှုအချို့ဖြစ်ပေါ်ခဲ့သည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီ ချက်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးလက်ခံခဲ့သော်လည်း ပါဝင်လက် မှတ်ရေးထိုးခဲ့သည့်အဖွဲ့မှာ ရှစ်ဖွဲ့သာရှိ သည်။ အစိုးရသစ်အနေဖြင့် ယခင်က ဖြစ်ပေါ်ခဲ့သော အဟန့်အတားများကို ကျော်လွှားရန်အတွက် အားသာချက်များ ပိုင်ဆိုင်နေပြီး ရွေးကောက်ပွဲတွင် အနိုင် ရရှိမှုများခဲ့ခြင်း၊ ပြည်တွင်းပြည်ပမှ အား ကောင်းသည့်ထောက်ခံမှုများရရှိ ထား ခြင်းဆိုသည့်အချက်များဖြစ်သည်။

(Ref : Myanmar’s New Government : Finding Its Feet? By International Crisis Group)

Saturday, 6 August 2016

တူသည်၊ သို့သော် မတူ

'မိုင်ဂျာယန်မှ ၂၁ ရာစု ပင်လုံသို့''
The Voiceဂျာနယ်ပါဆောင်းပါး
ဆရာကျော်ဝင်း



၂၁ ရာစု ပင်လုံညီလာခံနှင့် "တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်" (NCA) အရ ကျင်းပသော ပုံမှန်နိုင်ငံရေး ဆွေးနွေးပွဲများမှာ "တူသည်"ဟုဆိုလျှင်လည်း ရသည်။ "မတူ"ဟုပြောလျှင်လည်း ရသည်။ နှစ်ခုလုံးမှာ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ကြသည် ဖြစ်၍ ရည်မှန်းချက်ချင်း တူသည်ဟု ဆိုနိုင်သည်။ သို့တစေ မတူသည့် အချက်တွေလည်း ရှိသလောက် ရှိသည်။

အမှန်စင်စစ် ၂၁ ရာစုပင်လုံမှာ ၁၉၄၇ ခုနှစ်က ထွက်ပေါ်လာခဲ့သော ပင်လုံစာချုပ်ကို လက်တွေ့ အကောင်အထည် ဖော်နိုင်ဖို့ ဖြစ်သည်။ ပြောရလျှင် "၄၇ ပင်လုံ"တွင် ယခုထက်တိုင် ပြီးပြည့်စုံမှု မရှိသေးသော လစ်ဟာချက် နှစ်ရပ်ရှိသည်။ ပထမအချက်မှာ ပင်လုံညီလာခံသို့ ဗမာနှင့် တောင်တန်းဒေသ(ထိုစဉ်ကအခေါ် - နယ်ခြားဒေသ)သားများသာ တက်ခွင့်ရသည်။ မွန်နှင့် ရခိုင်တို့ တက်ခွင့် မရ။ လက်တွေ့တွင် ကရင်နှင့် ကရင်နီ (ကယား)မှာလေ့လာသူ အနေနှင့်သာ တက်ခဲ့ကြပြီး ပင်လုံစာချုပ် လက်မှတ်ထိုးရာတွင် ရှမ်း၊ ကချင်၊ ချင်းနှင့် ဗမာသာ ပါခဲ့သည်။ ယခုခေတ် စကားနှင့် ဆိုရလျှင် "all-inclusive" မဖြစ်ဟု ဆိုရပါလိမ့်မည်။ ဒုတိယ အချက်မှာ တောင်တန်းဒေသသားများ အနေနှင့် ဗမာနှင့်အတူ လွတ်လပ်ရေး ယူမည်ဟု ယေဘုယျ ဆုံးဖြတ်ခဲ့ကြသော်လည်း မည်သို့သော ပုံစံဖြင့် စုဖွဲ့ကြမည်ဆိုသည်ကို တိတိကျကျ မသတ်မှတ် နိုင်သေးခြင်းပင်ဖြစ်သည်။ ယခု ကျင်းပတော့မည့် ၂၁ ရာစု ပင်လုံတွင် ဆိုခဲ့ပါ လစ်ဟာချက် နှစ်ရပ်ကို ဖြည့်ဆည်း ပေးနိုင်လိမ့်မည်ဟု (အထူးသဖြင့်) တိုင်းရင်းသားများက မျှော်လင့်ထားကြဟန် ရှိသည်။

NCAစာချုပ်အရ ကျင်းပမည့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် "နိုင်ငံရေးလမ်းပြမြေပုံ"တစ်ရပ် သဘောတူ ချမှတ်ပြီး ဖြစ်သည်။ ဤလမ်းပြ မြေပုံတွင် အဆင့် ခုနစ်ဆင့် ပါသည်။ NCA စာချုပ် လက်မှတ် ရေးထိုးပြီးသည်မှ (အဆင့် က)၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပသည်အထိ (အဆင့် ဃ) အဆင့် လေးဆင့်ရှိသည်။ သို့နှင့်တိုင် အဆိုပါ အဆင့် (ဃ) မှာ တစ်ကြိမ်နှင့် ပြီးမည် မဟုတ်။ အကြိမ်ကြိမ် ကျင်းပဖို့ လိုလိမ့်မည်။ "နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်"အရ လေးလ တစ်ကြိမ် ကျင်းပဖို့ သတ်မှတ် ထားသည်။ ဤသို့ အကြိမ်ကြိမ် ဆွေးနွေးပြီး ဘုံသဘော တူညီချက်ရမှ"ပြည်ထောင်စု သဘောတူ စာချုပ် - ချုပ်ဆိုသည့် အဆင့်"ရောက်မည်။ (အဆင့် (ဇ))၊ ထို့နောက် အဆိုပါ သဘောတူ စာချုပ်ကို လွှတ်တော်သို့ တင်သွင်းပြီး အတည်ပြုချက် ရယူခြင်း (အဆင့် (စ))၊ နောက်ဆုံး၊ လက်တွေ့ အကောင်အထည် ဖော်ခြင်း (အဆင့် (ဆ))တို့ဖြစ်သည်။ ဤနည်းဖြင့် ပင်လုံ ကတိကဝတ်များကို ဖြည့်ဆည်းလိုသည့် သဘောရှိသည်။

ထို့ထက် ၁၉၄၇ ခုနှစ်နှင့် ယနေ့ ၂၀၁၆ ခုနှစ်တို့၏ နိုင်ငံရေး အခြေအနေမှာ မတူကြတော့သလို နိုင်ငံရေး အင်အားစု အသီးသီး၏ အနေအထားမှာလည်း တူကြတော့သည် မဟုတ်။ ထိုစဉ်က ဦးဆောင်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလမှာ ကန္ဒီစာချုပ်အရ အသစ် ထွက်ပေါ်လာသော "ဘားမားရိုင်ဖယ်"ကို တစ်စုံတစ်ရာ ချုပ်ကိုင်ထားနိုင်သည်။ ထိုစဉ်က တောင်တန်းဒေသသားများတွင်မူ မည်သည့် လက်နက်ကိုင် တပ်မှ ရှိသည် မဟုတ်။ ယနေ့ ၂၁ ရာစု ပင်လုံကို ဦးဆောင်မည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် NLD အစိုးရတွင် ကိုယ်ပိုင် လက်နက်ကိုင် တပ် မရှိ။ သို့တစေ ယနေ့ လူမျိုးစုများတွင်မူ လက်နက်ကိုင် တပ်ဖွဲ့၊ အနည်းဆုံး ၁၆ ဖွဲ့မျှ ရှိနေသည်။ ပို၍ အရေးကြီးသည်မှာ နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ်၏ ဒဏ်ရာ ဒဏ်ချက်များနှင့် သံသယများကလည်း အစိုင်အခဲလိုက် ရှိနေဆဲ...။

သို့နှင့်တိုင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကမူ "၂၁ ရာစု ပင်လုံမှာ NCA စာချုပ်အရ ကျင်းပသော ပုံမှန် ဆွေးနွေးပွဲပါပဲ"ဟု ဆိုသည်။ သို့အတွက် "ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ" (၂၁ ရာစုပင်လုံ) ဟု နှစ်ခုလုံး ပါအောင် "ကွင်းစကွင်းပိတ်"ဖြင့် ခေါင်းစဉ် တပ်သည်။ ဤတွင် တိုင်းရင်းသားဘက်ကလည်း သူတို့ နားလည်ထားကြသည့်အတိုင်း ၂၁ ရာစု ပင်လုံအတွက် ပြင်ဆင်ကြတော့သည်။ တပ်မတော်၏ သဘောထားကိုကား တိတိကျကျ မသိရသေး။ သတိကြီးကြီးနှင့် စောင့်ကြည့်နေမှာတော့ သေချာသည်။

ညှိနှိုင်းကြရမည့် "မူကွဲများ"

NCA စာချုပ်ကို လက်မှတ် ရေးထိုးထားသည့် အဖွဲ့များရော၊ လက်မှတ် မထိုးရသေးသော အဖွဲ့များပါ စုံစုံညီညီ တက်ရောက်ကြသည့် လူမျိုးစု လက်နက်ကိုင်များ၏ ဆွေးနွေးပွဲကို "ကချင်လွတ်လပ်ရေးအဖွဲ့" (KIO) ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်တွင် ကျင်းပခဲ့ကြသည်။ တရားဝင် မှတ်ပုံတင်ထားသော နိုင်ငံရေး ပါတီများဖြင့် စုဖွဲ့ထားသည့် "ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်" (UNA) မှ ကိုယ်စားလှယ်များ၊"ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း"(NBF) မှ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း ၂၁၆ ဦး တက်ရောက်ခဲ့ကြသည်ဟု သိရသည်။ ငါးရက်ကြာ ကျင်းပခဲ့သော ဆွေးနွေးပွဲ ကာလအတွင်း သဘောတူညီချက် တော်တော်များများ ရရှိခဲ့သည့်တိုင် ဆက်လက် ဆွေးနွေးစရာများလည်း ရှိသလောက် ရှိသေးသည်ဟု ဆိုသည်။

ရရှိခဲ့သော သဘော တူညီချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ခြင်းဆိုင်ရာ အခြေခံ မူရှစ်ချက်ကို အားလုံး သဘောတူ သတ်မှတ်နိုင်ခဲ့သည်။ "အချုပ်အခြာ အာဏာသည် တိုင်းရင်းသား ပြည်သူများမှ ဆင်းသက်ရမည်"၊ "တန်းတူ ရေး"၊ "ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်"၊ "စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု"၊"တိုင်းရင်းသား လူနည်းစုများ၏ အခွင့်အရေး"၊ "ဒီမိုကရေစီ အခွင့်အရေးနှင့် ကျား/မဆိုင်ရာ တန်းတူညီမျှမှု"၊ "ပါတီစုံ ဒီမိုကရေစီစနစ်"၊ "ဘာသာရေးကို အခြေခံသည့် နိုင်ငံ"ဆိုသော အချက် ရှစ်ချက်ဖြစ်သည်။

၂။ ၂၁ ရာစုပင်လုံတွင် ညှိနှိုင်းဆွေးနွေးကြမည့် အခြေခံအဖြစ်"ဖက်ဒရယ် ပြည်ထောင်စု သမ္မတနိုင်ငံ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ"(ဒုတိယ မူကြမ်း)ကို အားလုံး သဘောတူ သတ်မှတ်နိုင်ခဲ့သည်။ အဆိုပါ အခြေခံ ဥပဒေမှာ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်ကတည်းက လက်နက်ကိုင် အင်အားစုများ ချမှတ်ခဲ့သည့် ဥပဒေဖြစ်သည်။ လက်ရှိ ကျင့်သုံးနေသော ၂၀၀၈ အခြေခံ ဥပဒေနှင့် တော်တော်များများ ကွာသည်။ အရေးကြီးသည်ဟု ယူဆရသော ကွဲလွဲချက်များကို စုစည်း ဖော်ပြ လိုက်ပါသည်။

(က) ပုဒ်မ (၄၉) - ဖက်ဒရယ် ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်များနှင့် ဖက်ဒရယ် ပြည်ထောင်စု နယ်မြေများ
- ပြည်နယ် ခုနစ်ခုမှာ ယခင်ကအတိုင်း၊
- မန္တလေး၊ မကွေးနှင့် ပဲခူးတိုင်း - ဒေသကြီးတို့ကို စုစည်းပြီး ဗမာ အမျိုးသား ပြည်နယ်၊
- စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်း ဒေသကြီးတို့ကို အမျိုးသားများ ပြည်နယ် - သုံးခု၊
- ရန်ကုန်တိုင်းဒေသကြီးနှင့် ရန်ကုန်ကို ဖက်ဒရယ် ပြည်ထောင်စု နယ်မြေနှင့် ဖက်ဒရယ် ပြည်ထောင်စုမြို့တော်၊

(ခ) ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံ
- ပုဒ်မ (၁၁၀) - နိုင်ငံတော်ဦးသျှောင် ဖက်ဒရယ် ပြည်ထောင်စု သမ္မတ
- ပုဒ်မ (၁၁၂) - ရွေးချယ်ပုံစနစ် အမျိုးသားလွှတ်တော်မှ ရွေးချယ်ရမည်။
- ပုဒ်မ (၁၂၃) - ဝန်ကြီးချုပ်
- ဝန်ကြီးချုပ်သည် ဖက်ဒရယ် ပြည်ထောင်စု အစိုးရကို တာဝန်ခံရမည်။ ဝန်ကြီးချုပ်ကို ပြည်သူ့လွှတ်တော်မှ ရွေး၍ သမ္မတက ခန့်အပ်ရမည်။
- ပုဒ်မ (၁၂၁) - ဖွဲ့စည်းခြင်း၊
- ဝန်ကြီးအဖွဲ့ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်။

(ဂ) အာဏာခွဲဝေကျင့်သုံးပုံ
- ပုဒ်မ (၅၂) ကျန်ရှိနေသော အာဏာများ ကျင့်သုံးခွင့်၊ ဖက်ဒရယ် ပြည်ထောင်စု အစိုးရသို့ အပ်နှင်းထားသော အာဏာများနှင့် ပိတ်ပင် တားမြစ် ထားသော အာဏာများမှအပ၊ ကျန်ရှိနေသော အာဏာများကို ဖက်ဒရယ် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များသို့ အပ်နှင်းရမည်။

(ဃ) ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်
- ပုဒ်မ (၁၅၉)၊ ပုဒ်မခွဲ (ခ) ဖက်ဒရယ် ပြည်ထောင်စု သမ္မတသည် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်၏ စစ်သေနာပတိချုပ် ဖြစ်စေရမည်။
- ပုဒ်မ (၁၅၉)၊ ပုဒ်မခွဲ (င) ဖက်ဒရယ် ပြည်ထောင်စု ကာကွယ်ရေး ဝန်ကြီးသည် အရပ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်ဖြစ်ရမည်။
- ပုဒ်မ (၁၆၁) အရပ်ဘက်အုပ်ချုပ်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်သည် မည်သည့် အချိန်အခါ မဆို အရပ်ဘက် အစိုးရ အုပ်ချုပ်ရေးအောက်တွင် ရှိစေရမည်။
- ပုဒ်မ (၁၆၆) ဖက်ဒရယ် ပြည်ထောင်စု ရဲတပ်ဖွဲ့၊ ပုဒ်မခွဲ (ခ) ဖက်ဒရယ် ပြည်ထောင်စု ရဲတပ်ဖွဲ့ကို အရပ်သား အစိုးရ အုပ်ချုပ်ရေးအောက်တွင် ထားရှိရမည်။

၃။ နိုင်ငံရေး ဆွေးနွေးမှုများတွင် အစိုးရ တိုင်းရင်းသား လက်နက်ကိုင်နှင့် နိုင်ငံရေးပါတီကို အခြေခံရန် အားလုံး သဘောတူ သတ်မှတ်နိုင်ခဲ့သည်။(ပြီးခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင်မူ အစုအဖွဲ့ ခုနစ်ဖွဲ့ဖြင့် ကျင်းပခဲ့သည်။)

ဤသို့ သဘောတူညီမှုများ ရခဲ့သည့်တိုင် ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ရန်အတွက်မူ တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်ချက် မချနိုင်ခဲ့ပါ။ အစိုးရနှင့် ဆက်လက် ဆွေးနွေးရဦးမည်ဟု ဆိုသည်။ "ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ" (UNFC) ကမူ ၂၁ ရာစု ပင်လုံတွင် အားလုံး ပါဝင်နိုင်ဖို့ တောင်းဆိုထားသည်။ တပ်မတော်က တအာင်း ပလောင်၊ ကိုးကန့်နှင့် အေအေအဖွဲ့တို့ကို လက်နက်စွန့်မှ ဆွေးနွေးနိုင်မည်ဟု ကနဦးပိုင်းက ဆိုထားသည်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကမူ အားလုံး ပါဝင်ခွင့်ရအောင် မနားမနေ ကြိုးပမ်းလျက် ရှိသည်။

ဤခရီးနီးသလား

ဆိုခဲ့ပါအတိုင်း မိုင်ဂျာယန်တွင် လူမျိုးစုအဖွဲ့များ အကြိတ်အနယ် ဆွေးနွေးလျက် ရှိစဉ်မှာပင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်မှာ မိုင်ဂျာယန်သို့ ဖိတ်ကြားခဲ့သော်လည်း မတက်ဖြစ်ခဲ့သည့် "ဝ"ပြည် သွေးစည်းညီညွတ်ရေး ပါတီ} (UWSA)နှင့် နေပြည်တော်တွင် ဆွေးနွေးလျက် ရှိသည်။  "ဝ"အဖွဲ့နှင့်အတူ "မိုင်းလား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA) အဖွဲ့လည်းပါသည်။ သူတို့ နှစ်ဖွဲ့လုံးက ၂၁ ရာစု ပင်လုံကို ကြိုဆို ထောက်ခံကြသည်။ မိုင်းလားအဖွဲ့က တက်မည်ဟု ဆိုသော်လည်း "ဝ"အဖွဲ့ကမူ ပြန်လည် တိုင်ပင်ဦးမည်ဟု ဆိုသည်။

မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံ လက်နက်ကိုင် အင်အားစုများထဲတွင် အင်အား အကြီးဆုံးဖြစ်သော "ဝ"အဖွဲ့ကို နေပြည်တော်အထိ စည်းရုံး ခေါ်ဆောင်နိုင်ခြင်းကိုက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ နိုင်ငံရေးသြဇာကို ဖော်ပြရာ ရောက်သည်ဟု ပြည်တွင်းပြည်ပ လေ့လာ စောင့်ကြည့်သူများက အကဲဖြတ် ကြသည်။ အချို့ကလည်း ဤကိစ္စတွင် တရုတ်ပြည်၏ အကူအညီ ပါကောင်းပါနိုင်သည်ဟု ခန့်မှန်းကြသည်။ အကယ်၍ ဤခန့်မှန်းချက်သာ မှန်လျှင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဘက်မှ ဘာတွေ လိုက်လျောရမည် ဆိုသည်မှာ စဉ်းစားဖွယ်ရာ အပြည့် ဖြစ်နေသည်။ ဘယ်လိုပင်ရှိစေ အသက် ခုနစ်ဆယ်ကျော် အမျိုးသမီးကြီး တစ်ဦး၏ အသက်အရွယ်နှင့် မမျှသော ကြိုးပမ်း အားထုတ်မှုကိုကား အသိအမှတ် ပြုကြရပါလိမ့်မည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် သူမ မျှော်လင့်ထားသလို လက်နက်ကိုင် အင်အားစု အားလုံးကို ၂၁ ရာစု ပင်လုံညီလာခံသို့ အရောက် ခေါ်နိုင်ပါမည်လော။ ပွင့်ပွင့်လင်းလင်း အဖြေ ထုတ်ရလျှင် "မသေချာ"ပါ။ အကယ်၍ အင်အားစု အားလုံး ပါဝင်သည် ဆိုငြားအံ့။ အထင်အရှား ရှိနေသော သဘောထား ကွဲလွဲမှုများကို ညှိနှိုင်း အဖြေ ရှာနိုင်ပါမည်လော ...။ ပြောရလျှင် ဒါလည်း "မသေချာ"ပါ။ မသေချာ မရေရာမှုများကို သေချာ ရေရာအောင် ဖန်တီးကြိုးပမ်း ရခြင်းသည်ပင် နိုင်ငံရေး မဟုတ်ပါသလော ...။ အကယ်၍ "ဤခရီး နီးပါသလား"ဟု အမေးပုစ္ဆာ ထုတ်လျှင် ... "နီးလည်း နီးနိုင်သည်၊ ဝေးလည်း ဝေးနိုင်သည်"ဟု ဖြေရမည် ထင်သည်။ ပါဝင် ပတ်သက်သူများ၏ "ဆန္ဒ"က အနီးအဝေးကို အဆုံးအဖြတ် ပေးပါလိမ့်မည်။ ဘေးမှ ငေးကြည့်နေရသူ တစ်ယောက်မျှသာဖြစ်သော စာရေးသူအနေနှင့်မူ ၂၁ ရာစုပင်လုံကို ၂၂ ရာစု မရောက်ပါစေနှင့်ဟူ၍သာ ဆုတောင်းနေရတော့သည်။

မူရင်း ပိုစ်​ link

ဒေါ်လာငါးသိန်းတန် ချက်လက်မှတ်

ဒေါ်လာငါးသိန်းတန် ချက်လက်မှတ်

-------------------------------

တစ်ခါက စီးပွားရေးလုပ်ငန်းမှာ အကြွေးများစွာတင်နေတဲ့ လုပ်ငန်းရှင်တစ်ယောက်ဟာ မဖြေရှင်းနိုင်တော့တဲ့ လုပ်ငန်းအကြောင်းကို တွေးရင်း ပန်းခြံထဲက ခုံတန်းလျား တစ်ခုမှာ ထိုင်နေခဲ့တယ်။ ဒီအတိုင်းသာ ဆက်လက်အဆင်မပြေရင်တော့ သူ့ကုမ္ပဏီ ဒေဝါလီခံရတော့မယ်ဆိုတဲ့အတွေးနဲ့လဲ စိတ်ပျက်အားငယ်နေမိပြန်တယ်။

ဒဲာဒီအချိန်မှာပဲ ခန့်ညားတဲ့အသွင်နဲ့အဖိုးကြီးတစ်ယောက်က သူ့ဘေးမှာဝင်ထိုင်ပြီး စကားစလိုက်တယ်။

"မောင်ရင့်မျက်နှာမှာ ပြသနာတွေရှိတယ်ဆိုတာ အတိုင်းသား မြင်နေရတယ်"

"ရှိတဲ့ပြသနာတွေကလဲ သိပ်သေးပုံတော့မရဘူး"

အဖိုးအိုရဲ့ တည်ကြည်တဲ့ သဏ္ဌာန်ကို လေးစားတဲ့အတွက် သူ့ဖြစ်ကြောင်းကုန်စင်ကို ရင်ဖွင့်မိတယ်။ သူ့ငြီးတွားမှု ဆုံးတာနဲ့ အဖိုးအိုက ဖြည်းဖြည်းချင်း ပြောလိုက်ပါတယ်။

"အင်း မောင်ရင့်ရဲ့ အခက်အခဲတွေကို ကျုပ် ကူညီမယ်လေ"

အဖိုးအိုဟာ သူ့ရဲ့နာမည်ကိုမေးကာ ချက်လက်မှတ်တစ်ခုမှာ ချရေးလိုက်တယ်။ ပြီးတော့ သူ့လက်ထဲကို ချက်စာရွက်ကို ထည့်ကာပြောလိုက်တယ်။

"ချက်ထဲမှာ ဒေါ်လာ ငါးသိန်းထည့်ရေးထားတယ် မောင်ရင်"

"နောက်တစ်နှစ် ဒီအချိန် ဒီနေရာမှာ ပြန်တွေ့ကြတာပေါ့"လို့ ပြောပြီးတာနဲ့ ပန်းခြံလမ်းအတိုင်း လှည့်ထွက်သွားခဲ့တယ်။

ချက်စာရွက်ရဲ့ လက်မှတ်ရေးထိုးတဲ့နေရာကို ကြည့်လိုက်တော့ "ဂျွန်၊ဒီ၊ ရော့ခ်ဖဲလား" လို့ရေးထားတယ်။

"အိုး ကမ္ဘာအချမ်းသာဆုံးသူဌေးစာရင်းဝင် သူဌေးကြီးရော့ခ်ဖဲလားပါလား" သူအံ့အားသင့်စွာ ရေရွတ်မိတယ်။

ပြီးတော့ သူ့စိုးရိမ်ပူပန်တွေကို အခိုက်အတန့်ပဲ ဖြစ်ဖြစ် မေ့ထားလို့ရပြီဆိုတာ သူသဘောပေါက်မိတယ်။ ဒီချက်လက်မှတ်လေးကို ကိုင်ထားရင်း သူ့လုပ်ငန်းတွေပြန်လည်ပတ်နိုင်ပြီလို့ တွေးမိလိုက်တာနဲ့  ကြီးမားတဲ့ ခွန်အားတစ်ခုရလိုက်သလို ခံစားမိသွားတယ်။

ဒီချက်လက်မှတ်တစ်စောင်ရဲ့ ခွန်အားနဲ့ပဲ သူဟာ ကြွေးရှင်တွေနဲ့ ယုံကြည်ချက်ရှိရှိတွေ့တယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အကောင်းဆုံး ပြန်ဆွေးနွေးတယ်။ ရုတ်တရက်ပြောင်းလဲလာတဲ့ သူ့ရဲ့တက်ကြွမှန်ကန်တဲ့အပြောအဆို၊ လုပ်ရပ်တွေကြောင့် သူ့လုပ်ငန်းမှာ ပိုပြီးရင်နှီးမြှုပ်နှံလာကြတယ်။

တစ်လအတွင်းမှာပဲ သူ့လုပ်ငန်းဟာ အံ့မခန်းတိုးတက်လာပြီး နောက်လအနည်းငယ်ကြာတဲ့အခါမှာ တင်နေတဲ့အကြွေးတွေကို ဆပ်နိုင်တဲ့အပြင် သူ့ဘဏ်စာရင်းမှာပါ ငွေတွေရောက်လို့လာခဲ့ပါတယ်။

တစ်နှစ်ကြာတဲ့အခါမှာ ကျေးဇူးရှင် သူဌေးကြီးနဲ့တွေ့ခဲ့တဲ့ ပန်းခြံက ခုံတန်းလေးမှာ သူကြိုစောင့်နေခဲ့တယ် ။ သူရောက်ပြီး ခဏအကြာမှာ သူဌေးကြီးရောက်လာပါတယ်။

 သူဌေးကြီးကို ချက်လက်မှတ်ပြန်မပေးခင်မှာ သူဘယ်လောက်အောင်မြင်နေပြီဖြစ်ကြောင်း ဝမ်းသာအားရပြောပြဖို့ ပြင်လိုက်တဲ့အခိုက်မှာပဲ သူနာပြုဆရာမတစ်ယောက်က ပြေးလာပြီး သူဌေးကြီးကို ဆွဲခေါ်ကာ ပြောလိုက်တယ်။

"တော်သေးတာပေါ့ အဖိုးရယ် " သူနာပြုဆရာမက ဆက်ပြောတယ်။

"ရှင့်ကို အဖိုး ဘာအနှောက်အယှက်မှ မပေးရသေးဘူးလို့ ကျွန်မထင်ပါတယ်။ သူဟာအမြဲတမ်း ဂေဟာကနေထွက်သွားပြီးတော့ လူတွေကို သူဟာ သူဌေးကြီး ရောခ့်ဖဲလား လို့ ပြောနေလေ့ရှိတယ်" လို့ပြောပြီး အဖိုးအိုကို ခေါ်ဆောင်သွားခဲ့ပါတော့တယ်။

လုပ်ငန်းရှင် လူရွယ်ဟာ ကြောင်ပြီးကျန်ခဲ့တယ်။

သူဟာ သူ့ဆီမှာဒေါ်လာငါးသိန်းရှိတယ်ဆိုတဲ့စိတ်နဲ့ တစ်နှစ်ပတ်လုံး အားတက်သရော ကြိုးစားကာ ရောင်းဝယ်ဖောက်ကားပြီး နေခဲ့တယ်။

 သူ့မှာရှိတဲ့ ချက်လက်မှတ်ထဲက ပိုက်ဆံဟာ သုံးလို့ရသည်ဖြစ်စေ မရသည်ဖြစ်စေ ရှိတယ်ဆိုတဲ့ ယုံကြည်ချက်တစ်ခုကပဲ သူ့ဘဝကိုတော့ ပြောင်းလဲစေခဲ့ပါပြီ။

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်းဟာ အရာရာကို ကျော်လွှားနိုင်တဲ့စွမ်းအားဖြစ်တယ်ဆိုတာ သူတွေ့ရှိလိုက်ရပါတော့တယ်။

(ဘာသာပြန်ဖော်ပြပါသည်)

 - မှတ်စုကြမ်း #nayaung