နောက်ဆုံး တင်သမျှ
Wednesday, 11 November 2015
တွေးမိသမျှ
ဒေါ်စုကြည်​ ​ခေါင်း​ကောင်းခဲ့ပါတယ်​...
သမ္မတအထက်​မှာ.. သူမ ​နေလိုရတယ်​ ဆိုတာမျိုး ကို ချပြရဲခဲ့ပါတယ်​..။
သူမ အ​နေဖြင့်​ ၂၀၁၀ကာလ မှာကတည်းက သူမ ပါတီ အနိုင်​ရမယ်​ လို့ လည်းထင်​ခဲ့မှာပဲ...
တကယ်​ပြိုင်ခဲ့ပါ...တကယ်​နိုင်​ပါလိမ့်​မည်​.
ဒါ​ပေမဲ့သူမ ငြင်းပယ်​ ပြီးမပြိုင်​ခဲ့ပါဘူး...
ဦးသိန်းစိန်​ အစိုးရကို ထိုး​ကျွေးပြီး ..အတိုက်​အခံ အ​နေဖြင့်​ အ​နောက်​မှ ဖိအား​ပေး ​နေခဲ့ပါတယ်​။
သူမ ဖိအား​ပေး​နေမှု့ များရှိ​နေချင်း​ကြောင့်​ ဦးသိန်းစိန်​ အစိုးရအ​နေဖြင့်​ ပြုပြင်​​ပြောင်းလဲမှု့ များ အရှိန်​အဟုန်​မြှင့်​ ​စောင်​ရွက်မှု့ ပြုခဲ့ကြပါတယ်
စိးပွား​ရေး ၊ ပညာ​ရေး ၊ လူမှု့ ​ရေး ၊ နိုင်​ငံတကာဆက်​စံ​ရေး၊ပြည်​တွင်းငြိမ်းချမ်း​ရေးကိစ္စ များက အစ အများကြီးတိုးတက်​​ပြောင်းလဲခဲ့ပါတယ်​။
အကယ်​၍ သူမသာ ၂၀၁၀ ​ရွေး​ကောက်​ပွဲ ဝင်​ပြိုင်​ပြီး သူမပါတီ ကသာ အနိုင်​ရခဲ့မယ်​ ဆိုရင်​​တောင်​ သူမ တို့ အစိုးရအဖွဲ့ အ​နေဖြင့်
ဦးသိန်းစိန်​ အစိုးရ​လောက်​ ​အောင်​မြင်​မှု့ မရနိုင်​ပါဘူး ။
ထို့​ကြောင့်​ သူမ အ​နေဖြင့်​ ၅နှစ်​တာ ​စောင့်​စားရင်း အကြံကြီးစွာဖြင့်​ ၂၀၁၅ ခုနှစ်​မှ ဝင်​​ရောက် ယှဉ်​ပြိုင်​ကာ အဆင်​သင့်​ခူးခပ်​စားသွားပါ​ကြောင်း။
ဥပမာ ​ပေါ့​ဗျာ ​ကျ​နော့်​ကို အ​ဝေး​ပြေးလမ်းမ ​ပေါ်က ၁၀၅ မိုင်​ ယာဉ်​ရပ်​နား စခန်း စဖွင့်​ချိန်​ ကျ​နော်​ကို ထိုရပ်​နားစခန်းရှိ ဆိုင်​တစ်​ဆိုင်​ကို တာဝန်​ယူခိုင်းပါ ကျ​နော်​မယူရဲပါဘူး သို့ရာတွင်​ ယခုအချိန်​မှာ တာဝန်​ယူခိုင်းမည်​ဆိုပါက က မ​ကြောက်​မရွံ့ တာဝန်​ယူရဲပါ​ကြောင်း ။