ဝန်ကြီးချုပ်က ကွန်တိန်နာကားတွေကို ညကိုး မနက်ခြောက်ပဲ မောင်းရမယ်ဆိုပြီး ဗီတိုအာဏာနဲ့ အမိန့်ထုတ်လိုက်ပါတယ်
ဒါကို ဖြိုးမင်းသိန်းထုတ်တဲ့အမိန့်ပဲဆိုပြီး စီးပွားရေးလုပ်ငန်း (Export/Import) နဲ့ Logisticsပိုင်းကို နားမလည်တဲ့သူတွေဟာ ရန်ကုန်မြို့ လမ်းရှင်းမယ်ဆိုတဲ့ အကျိုးရလဒ်ကိုပဲ မျှော်ကိုးထောက်ခံခဲ့ အမြင်မတူသူတွေကို ရန်သူလိုသဘောထား (ထောင်ချဖို့ ကားသိမ်းဖို့ သတ်ပစ်ဖို့) အထိ ရမ်းကားတဲ့စကားတွေ ထုတ်ပြောပြီး အသိဥာဏ် ဆင်ခြင်တရားမဲ့စွာနဲ့ ရန်လိုပြီး တချို့ကဆို စစ်အုပ်ချုပ်ရေးနဲ့သာတန်တရ်ဆိုတဲ့အထိ ရန်လိုစော်ကား ခြိမ်းခြောက်လာခဲ့ပါတယ်
ကွန်တိန်နာကိစ္စဟာ လမ်းဘေးဈေးသယ်ရှင်းသလို ပေါ့ပေါ့ပါးပါးကိစ္စမျိုးမဟုတ်ပါဘူး
Container Box တစ်လုံး ကားပေါ်တင်ခွင့်ရပြီး သက်ဆိုင်ရာ ဆိပ်ကမ်း /ဂိုဒေါင် ကို မောင်သွားခွင့်ရဖို့ဆိုတဲ့ အနေထားရောက်အောင် စာရွက်စာတမ်း ငွေကြေးကိစ္စ ဆိပ်ကမ်းလုပ်ငန်းစဉ် အမြောက်အမြားကို ဖြတ်ကျော်ရတာ အချိန်အမြောက်အမြားယူ လိုအပ်တဲ့ငွေရော မလိုအပ်ပဲ ပေးရတဲ့ငွေ (undertable) ရော အကုန်ကျခံ ပြီးမှ မြောက်မြားလှတဲ့ လမ်းကြေးတံတားကြေးတွေ ထပ်ဆောင်းပေးရပြီးမှ သွားခွင့်ရတာပါ (နိုင်ငံတကာမှာ အဲ့ဒီလို logistics procedure တွေ မများပါဘူး
ဒါကို ဒီ Fieldမှာ လုပ်ငန်းလုပ်နေသူတွေ အကုန်သိပါတယ်
ပြောချင်တာက ဒူးရင်းသီးအလုံးတစ်ရာကို ကားပေါ်တင် မောင်းလို့ရပြီ ဆိုတာမျိုးမဟုတ်ပါဘူး
မလိုအပ်ပဲ များပြားလှတဲ့ ဆောင်ရွက်ရပုံအဆင့်ဆင့်ကြောင့် မြန်မာနိုင်ငံရဲ့ ဆိပ်ကမ်းတွေဟာ သင်္ဘောဝင်လာတာ တစ်စီးများလာတာနဲ့ ဆိပ်ကမ်းမှာ Container Boxတွေ ဟာ ရှင်းလင်းထုတ်ယူနိုင်တာကြန့်ကြာပြီး ဆိပ်ကမ်းကြပ်တည်းလာပါတယ်
ဆိပ်ကမ်းမှာ Boxတွေ ပုံနေရင် အပြင်ကို အဲဒီBoxတွေ သယ်တဲ့အခါ လမ်းကြပ်ပါတယ်
ကားသမားတွေ နေ့ ည ဒုက္ခမျိုးစုံနဲ့ ကားပေါ်မှာ နေရတာပါ
သင်္ကြန်ကာလမှာ ဆိပ်ကမ်းကြပ်တဲ့အချိန် Empty Containerတွေ သင်္ဘောပေါ်အကုန်တင်ပြီး ပြန်ပါ ဆိုတဲ့အမိန့်တစ်ခု ထွက်လာပါတယ်
ဆိပ်ကမ်းအခက်ခဲဖြစ်နေချိန်ဖြစ်လို့ Feeder Operatorအကုန် လိုက်နာပြီး စီးပွားအဆုံးရှုံးခံ ပြန်ပို့ကြပါတယ်
ရလဒ်က နိုင်ငံခြားရင်းနှီးမြှပ်နှံသူတွေဟာ တခြားနိုင်ငံကို ရွေးချယ်သွားပါတယ်
NLDအစိုးရတက်ပြီး စီးပွားရေးကျဆင်းသွားတဲ့စစ်တမ်းဟာ အဲဒီကာလပါပဲ
အခု လမ်းရှင်းဖို့ Container Carကို ညမောင်းသတ်မှတ်ပါတယ်
လုပ်ငန်းအနေအထားအရ ရီစရာအမိန့်ပါပဲ
သစ်လုံးတင်ကားတွေသာ ညမောင်းသတ်မှတ်ခြင်းမျိုး ယိုးဒယားမှာ ရှိပါတယ်
သစ်လုံးဟာ စစ်စရာ ဘာမှမရှိတဲ့ပစ္စည်း အန္တရာယ်ရှိတဲ့ပစ္စည်းဖြစ်လို့ ညမောင်းသတ်မှတ်တာပါ
ဝန်ကြီးချုပ်ဟာ နိုင်ငံတကာမှာ Container Carတွေဟာ ညပဲ မောင်းရတယ်ဆိုတဲ့ ဘယ်သူက စာသင်ပေးလိုက်လဲမသိတဲ့ ဆီလျော်မှုမရှိတဲ့စကားနဲ့အမိန့်ထုတ်ပါတယ်
ကားတွေ နေ့ခင်းမမောင်းရလို့ Transport Chargesတွေ Double ဖြစ်လာရင် လုပ်ငန်းရှင်တွေသာ ကုန်ကျခံရမှာပါ ကုန်ဈေးနှုန်းတက်လာမယ်
ရက်ကြာလှောင်လို့မရတဲ့ပစ္စည်းဆို ပျက်စီးလေလွင့်မယ်
ယှဉ်ပြိုင်မှုမှာ Delay ဖြစ်မယ် ကြန့်ကြာမယ်
Containerကားပိုင်ရှင်တွေ Container Gate ပိုင်ရှင်တွေဟာ နေ့ခင်းပိုင်းအားလပ်ပြီး ထိခိုက်မှုမရှိပါဘူး
လူတွေက ကျနော်က ဒီအမိန့်ကို ယုတ္တိမရှိကြောင်းပြောတဲ့အခါမှာ မိသားစုဟာ Container Ownerဖြစ်လို့ Container Gateပိုင်ထားလို့ အကျိုးစီးပွားထိလို့ နာတယ် မခံနိုင်ဖြစ်တယ် လို့ စွပ်စွဲပါတယ်
အကျိုးစီးပွားကြောင့် လုံးဝမဟုတ်ပါဘူး
ဒီလုပ်ငန်းကို တစ်လရပ်ထားလည်း ကျနော်တို့ ထမင်းမငတ်ပါဘူး
Logisticsလုပ်ငန်း Export Importလုပ်ငန်းသာ တစ်လရပ်ဆိုင်းလိုက်ရရင် တိုင်းပြည်ပျက် အောင်တပ်မတော်ကြီး ပြန်ချီလာနိုင်တဲ့အထိ ဖြစ်သွားနိုင်တာပါ
စစ်အုပ်ချုပ်ရေးကို မလိုချင်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြိုးမင်းသိန်း ဦးနှောက်သုံးပြီး ယုတ္တိရှိရှိသဘာဝကျကျ လုပ်စေချင်တာပါ
သူ့ဘက် ကိုယ့်ဘက် ကိုယ်ချင်းစာပါ
ဒါဟာ တိုင်းပြည်စီးပွားရေးပါ လမ်းဘေးမှာ စည်ပင်ပိုင်မြေပေါ်မှာ ကျုးကျော်ဈေးရောင်းနေတာမဟုတ်ဘူး
ဘီးခွန် လုပ်ငန်းခွန်ဆောင်ပြီး လမ်းကြေးတံတားကြေးပေးပြီး နိုင်ငံတော်ကို အခွန်ဆောင်ပြီး လုပ်နေတဲ့တရားဝင်လုပ်ငန်းပါ
ရန်ကုန်တိုင်းဝန်ကြီးချုပ် စီးပွားရေးအမြင်ရှိလာဖို့ လိုအပ်ပါတယ်
Thuzar Kyaw Soe
#TZKS
မှန်တာပြောရလို့ 66(D)တို့ ဘာတို့လည်း ဂရုကိုမစိုက်ပါဘူး
