ပခန်းကျော်
နောက်ဆုံး တင်သမျှ
Saturday, 28 July 2012
ချစ်တက်တဲ့သူ..သူသိပါစေ
ဟိုး....အဝေး,
ကြည့်....မြင်...မျှော်...ငေး
တွေးနေရုံမှ အပ ငါတို့ မနီးစပ်နိုင်......။
အဖန်တလဲလဲ
ပြန့်ကွဲပဲ့ကျေ၊ အလွမ်းတွေထဲ
ဆွေးနေရုံမှ အပ ငါတို့ မနီးစပ်နိုင်......။
ရင်အကွဲအက်
ရှင်ကွဲလျက်မို့၊ အမြင်ထဲမရပ်နိုင်လည်း
ငေးနေရုံမှ အပ ငါတို့ မနီးစပ်နိုင်.....။
သစ္စာနဲ့ကတိ
မေတ္တာရဲ့တန်ခိုး...ချစ်ခရီးလမ်း ဆိုးထဲမှာ
ဆူးကြမ်းအမျိုးမျိုးရှိပါစေ..
သည်းသည်းမည်းမည်း...လွမ်း
မိုက်မိုက်ကန်းကန်း...တမ်းတ
ကဲ...ငါ့ဘ၀ကတော့
ချစ်ရတာတစ်ခုတည်းနဲ့...လုံလောက်တယ်....။
Newer Post
Older Post
Home