နောက်ဆုံး တင်သမျှ
Tuesday, 26 July 2016
ပြည်သူ့အမြင်(၁)
ဒေါ်စုနဲ့ပြည်သူကြားနားလည်မှု့ မလွဲစေဖို့ ***
============================
မည်သည့်အကြောင်းအရာမဆို ..စာတွေ့နဲ့ လက်တွေ့ သည် တစ်ခြားစီလည်းဖြစ်နေတက်ပါတယ်.။
ဒေါ်စုအနေဖြင့် စာတွေ အတော်ဖတ်ပါတယ် လေ့လာပါတယ် ဒါပေမဲ့ လက်တွေ့လုပ်ဆောင်မှု့ မျိုးကို သူမ မလုပ်ဆောင်နိုင်သေးဘူလို့ ထင်မိပါတယ်၊
ဒေါ်စုကြည် အနေဖြင့်မြန်မာပြည် ဒီမိုကရေစီ စနစ် နဲ့ လူ့အခွင့်အရေးကိုဖော်ဆောင်ရာမှာနိုင်ငံပေါင်းစုံရဲ့ဒီမိုကရေစီ စနစ်နဲ့ လူ့အခွင့်အရေး အကြောင်းအရာ တွေရေးထားတဲ့ (အင်္ဂလိပ်လိုပေါ့)စာအုပ်တွေ ဖတ်ရှု့ ပြီး မြန်မာပြည် ဒီမိုကရေစီအနာဂတ်ကိုဖော်ဆောင်နေမိပါမယ်။
အဲ့ဒီလိုဖော်ဆောင်ရာမှာ ဒေါ်စု မသိရှိ မေ့လျော့ နေတဲ့ မြန်မာပြည်သူလူထုရဲ့ ဒီမိုကရေစီ လက်တွေ့ ကျင်သုံး နေထိုင်မှု့ ပုံစံသည်စာအုပ်အထဲက အတိုင်း လက်တွေ့ ပြု ပြင်လို့မရတဲ့ အချက်တွေပါပဲ ။
ဒေါ်စု အနေနဲ့ မြန်မာနိုင်ငံကို စရောက်ကာစ မဆလ ခေတ် အနေထား ပြည်သူလူထုဘဝပုံစံနဲ့ ၊တပ်မတော်အစိုးရ လက်ထက် ပြည်သူ့လူထုဘဝ ပုံစံတွေ တောင်မတူတော့ပါ့ဘူး ထိုနောက် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လမ်းကြောင်းအစ သမ္မတ ဦးသိန်းစိန် လက်ထက်မှာ အများကြီး ပိုကွဲပြားသွားခဲ့ပါသည်။
ဒေါ်စု စရောက်ကာစ ၁၉၈၈ အခြေ အနေဟာ တစ်ပါတီ စနစ် တံခါးပိတ်မူဝါဒ ကို ကျင့်သုံး လာတဲ့ အစိုးရ လက်ထက် မှာ မြန်မာ ပြည်ရဲ့ ပြည်သူ ၈၀% လောက်ဟာ နိုင်ငံရေးအသိ မကြွယ် ကြပါဘူး
၊
ပြည်သူလူထုရဲ့ အဓိက အစိုးအရ ပြောင်းလဲဖို့ ကြိုးစားမှု့ ခံယူချက်ကို နိုင်ငံရေးအသိအမြင် လေ့လာပြည့်စုံတဲ့ ၂၀% က ဦးဆောင်ကြိုးပမ်း ခဲ့ပါတယ်
၈၈ အစိုးရ ပြောင်းလဲ ဖို့ ကြွေးကြော်သံဟာ
"တစ်ပါတီ စနစ်ဖြုတ်ချရေး"နဲ့
"စားဝတ်နေရေး ပြေလည်ရေး" ဆိုတာ ဆက်နွယ်ပြီး အော်ခဲ့ပါတယ် ။
"ဆန်တစ်ပြီ ၁၅ ကျပ် စိန်လွင်ခေါင်းကိုဖြတ် "
"ဘဲဥ တစ်လုံး တစ်ကျပ်ခွဲ စိန်လွင့် ခေါင်းကို ခွဲ "လို
အော်ပြီး လမ်းပေါ်တက်ဆန္ဒပြ ခဲ့တာ ကို လေ့လာကြည့်ရင် တစ်ပါတီ(မဆလ) စနစ် ကို ပြည်သူ လူထု ၈၀ % ပါဝင် ဖြုတ်ချတဲ့ အကြောင်းအရင်းက လူ့အခွင့်အရေး တွေ ဒီမိုကရေစီ အရေးစသည် တို့ကို သိရှိနားလည် လို့ ဖြုတ်ချတာမဟုတ်ပဲ စားဝတ်နေရေး ပြေလည်ဖို ကုန်ဈေးနှုန်း ကျဆင်းဖို့ အဓိက ထားပြီး အစိုးရ အပြောင်းအလဲ (ဒီမိုကရေစီ) စနစ် ဆိုတာ လိုလား လာခြင်းဖြစ်ပါတယ် (ယခုခေတ်လို ဘာအခွင်အရေး ညာအခွင့်အရေး မပါ) ။
ဆိုလိုရင်း အကြောင်းက ဒေါ်စု ဖတ်နေတဲ့ စာအုပ်တွေထဲက ဒီမိုကရေစီ တွေ လူ့အခွင့်အရေးတွေစသည်တို့ကို မြန်မာပြည်သူလူထု့ ၅၀% မသိပါဘူး နာမလည်ပါဘူး ၊
နားလည်တဲ့ ၅၀% ဟာ အုပ်စု ၂စု ကွဲ သွားပါတယ် ။
တပ်မတော်အစိုးရ စတင်တာဝန်ယူဖို့ အကြောင်းအရင်းက နိုင်ငံတော် ရဲ့ အခြေအနေဟာ အုပ်ချုပ်မှု့ ယန္တရားကြီး တစ်ခုလုံး ပျက်စီးသွားတဲ့အချိန် နေရာဒေသ အသီးသီး မှာ မင်းမဲ့ စရိုက်ဆန်ဆန် ပြု ကျင်မှု့ တွေနဲ့ အဖျက်အမှောင့်လုပ်လို ပြည်ထောင်စုကြီး ကိုပါ ပြိုကွဲအောင်လုပ်လိုသူတွေ က ပါ ဝင်ရောက်နှောက်ယှက် ကြတဲ့အခြေအနေဆိုးကြီး ကြုံတွေ့ လာတဲ့ အချိန်မှာ မြန်မာ့သမိုင်းအတွက် ဒုတိယ အကြိမ် တပ်မတော်မှ နိုင်ငံတော် အခြေအနေကို ထိန်းသိမ်းဖို့ တာဝန်ယူလိုက်ပါတယ်၊
တပ်မတော် က ရုတ်တရက် တာဝန်စယူလိုက်တဲ့ အခြေအနေကို ဒေါ်စုကြည် အပါဝင် အခုသက်ရှိထင်ရှား ရှိနေကြတဲ့ NLD ပါတီက အကြီးအကဲ များနဲ့ တစ်ခြား နိုင်ငံရေး ပါတီဝင်များ ၈၈ ကျောင်းသား ဟောင်းကြီးများ သိကြပါလိမ့်မယ်၊ ထိုသို့ အဖက်ဖက်ကနေပျက်စီး ယိုယွင်းနေတဲ့ အခြေအနေဆိုးကြီးမျိုးမှ တပ်မတော်အနေဖြင့် တာဝန်စယူ တဲ့အချိန် တပ်မတော်မှ ခေါင်းဆောင် တွေ အနေဖြင့် နိုင်ငံတော် အုပ်ချုပ်မှု့  တာဝန်ထမ်းဆောင်ဖို့ စာတွေဖတ်ချိန်မရှိခဲ့ပါဘူး လက်တွေ့ကျကျ ဖြင့်သာ စနစ်တကျ စတင်တာဝန်ယူခဲ့ပါတယ်။
တာဝန်စယူ စဉ် အခြေအနေမှာ တပ်မတော်အစိုးရ ရဲ့ တည်ဆောက်ပြုပြင်ရေး အတွက် တိုင်းပြည် ရဲ့ ဘဏ္ဍာ ရေး အခြေအနေဟာ ပြည်တွင်းငွေ ရော နိုင်ငံခြားသုံးငွေပါ မရှိသလောက် ဖြစ်နေပါသည်၊ ထိုကဲ့သို့ အခြေအနေမျိုးကို သိရှိတဲ့ သူတစ်ချို့က တပ်မတော်အစိုးရ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု့ တည်ဆောက်ရေးအဖွဲ့ )၊ အစိုးရ အနေဖြင့် ရပ်တည် နိုင်မှာ မဟုတ်ဘူး လို့ ပြောခဲ့ကြပါသေးတယ်။
ဒါပေမဲ့ နဝတ အစိုးရ ဟာ လက်တွေကျကျ ဖြင့် စီမံကိန်း များအောင်မြင်အောင်လုပ်ဆောင်ခဲ့ပါတယ်။
စာအုပ်ကြီးထဲက အတိုင်း မဟုတ်ပါ ဒေါ်စုကြည်ခင်ဗျာ.။
#ကိုယ်တော်ကြီး(ခေတ္တလူ့ပြည်)