နောက်ဆုံး တင်သမျှ
Saturday, 30 July 2016
မိုင်ဂျာယန်..NCA..ပင်လုံ..သို့တည်းမဟုတ် ငြိမ်းချမ်းရေးညီလာခံ
တစ်ယောက်က ဝေဖန်ထားတယ်..အခုပြုလုပ်မယ့်ငြိမ်းချမ်းရေးညီလာခံကို ပင်လုံဆိုတဲ့အသုံး
နှုန်းသုံးတာကို မနှစ်မြို့လို့ဝေဖန်ထားတာ..သူဆိုလိုတာ ပင်လုံဆိုတာမသုံးပဲ ငြိမ်းချမ်းရေးပဲ
သုံးသင့်တယ်..ပင်လုံကိုသုံးလိုက်ခြင်းကြောင့် ညီလာခံနယ်ပယ်ဟာ ကျယ်ပြန့်သွားပြီး
ဖက်ဒရယ်ကအစ မူလပင်လုံအပေါ်ကိုင်စွဲပြီး နောက်ပိုင်းတောင်းဆိုမှုတွေနဲ့ ကျယ်ပြန့်သွားမယ်..
ဒီယူဆချက်..
နောက်တစ်ယောက်က အရင်အစိုးရလက်ထက် ဦးအောင်မင်းကအစပြုပြီး အခု
ဒေါ်အောင်ဆန်းစုကြည်တို့ NCA လက်မှတ်မထိုးရသေးတဲ့ UNFC နဲ့တွေ့တဲ့ကိစ္စ...
ဒီတွေ့ဆုံမှုဟာ ဘာမှအားမရှိတော့တဲ့ UNFC ကို ကျားသေကိုအသက်သွင်းပေးလိုက်သလိုပဲ
ဆိုတဲ့အမြင်..ဒီနေရာမှာ KNU အဖွဲ့ UNFC ကထွက်သွားတာကိုလည်းဖော်ပြထားတယ်..
.
ဒီအယူဆတွေကိုမြင်ရတော့ ပြောချင်တာလေးတွေပေါ်လာတယ်..ကျနော် ဥာဏ်မီသ၍ပေါ့လေ..
တော်လှန်ရေးကောင်စီကအစပြုလို့ စစ်အစိုးရခေါင်းဆောင်တွေဟာ ပင်လုံစာချုပ်အပေါ်
ပျက်ကွက်မှုတွေမှာ အခြေတည်ပြီးပေါ်ပေါက်လာတဲ့ ပြည်ထောင်စုရဲ့ပြသနာတွေကို အပေါ်ယံ
ပျောက်ကွယ်သွားဖို့သာ ဦးတည်ခဲ့တာကြောင့် ဒီပြသနာ ဒီနေ့ထိမပြီးနိုင်သေးတာပဲဆိုတာပါ..
ပြည်တွင်းငြိမ်းချမ်းရေးကိုဖော်ဆောင်တဲ့နေရာမှာ အားနည်းရင်နည်းသလို..အားကြီးရင်ကြီး
သလို ဖြေရှင်းတဲ့ပုံစံဟာ စစ်မှန်တဲ့ထာဝရငြိမ်းချမ်းရေးကို ဘယ်တော့မှမရနိုင်ဘူးဆိုတာပဲ..
ဒီပြသနာကြီးကို ကိုယ်အားသာချိန်မှာ အင်အားးနဲ့ဖုန်းအုပ်ထားတဲ့နည်းလမ်းက ငြိမ်းချမ်းရေး
မဟုတ်..
.
ပြသနာအကြောင်းရင်းကို ရဲရဲဝံ့ဝံ့ဖော်ထုတ်ရမယ်..ပြည်ထောင်စုအပေါ်စေတနာမှန်ရင် ပြသနာ
ကို ရင်မဆိုင်ရဲစရာအကြောင်းမရှိ..ပြသနာကိုဖြေရှင်းမှာလား ဖုန်းအုပ်မှာလား..ဒါသတိပြုစရာပဲ..
စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုဖြစ်ဖို့ဆိုရင် စစ်မှန်တဲ့ဖက်ဒရယ်ပါမှ အဓိပ္ပယ်ရှိမယ်..
အခု ၂၁ရာစုပင်လုံညီလာခံအောင်မြင်ဖို့ဆိုရင် သတိပြုသင့်တယ်လို့မြင်မိတဲ့အချက်ကလေးတွေ
ကို တင်ပြချင်တာပါ..စာမရှည်စေဖို့ အချက်လက်အနေနဲ့ပဲ အတိုရေးပါမယ်..
.
ပင်လုံမှာလုပ်သွားတဲ့ လူငယ်တိုင်းရင်းသားညီလာခံမှာ ကြားလိုက်ရတယ်..ဗမာတိုင်းရင်းသား
တွေကို အပြစ်တင်တဲ့ဆွေနွေးမှုတွေပါလာလို့ ဗမာကိုယ်စားလှယ်အဖွဲ့ကကန့်ကွက်တယ်ဆိုတာ
..ဒါတွေဟာ မလိုလားအပ်..ငြိမ်ချမ်းရေးယူမှာလား..ဒီအချိန်မှာ အတိတ်ဆိုတာ သင်ခန်းစာ
ယူဖို့လား..လက်စားခြေဖို့လား..ငြိမ်းချမ်းရေးကိုအစပျိုးမှာလား..ရန်ပွဲကို လောင်စာထည့်မှာလား..
ကျန်တိုင်းရင်းသားတွေစုဖွဲ့ပြီး ဗမာတိုင်းရင်းသားတွေကို ရင်ဆိုင်ကြမယ်ဆိုတဲ့ အယူဆမျိုးဟာ
ငြိမ်းချမ်းရေးအတွက် အကျိုးမရှိနိုင်..
.
နောက်တစ်ချက် ၈ ပြည်နယ်အယူအဆ..ကျနော့်အမြင်သက်သက်ပါ..ဒီနိုင်ငံမှာ ဗမာတွေက
၈၀% ကျော်ရှိနေတယ်..ဒီအချက်ကို အလေးနက်ထားစဉ်းစားဖို့လိုပါတယ်..
ဒီနေရာမှာ တန်းတူညီမျှရေးဆိုတဲ့စကားကို အဓိပ္ပယ်ဘယ်လိုဖွင့်မလဲ..တန်းတူညီမျှရေးဆိုတာ
သင်္ချာသဘောနဲ့ ညီမျှခြင်းမဟုတ်ဘူးလို့ ကျနော်ကမြင်တယ်..စိတ်ဓာတ်စေတနာ တန်းတူညီမျှ
ခြင်း..တရားမျှခြင်းလို့ပဲ ဖွင့်ဆိုချင်တယ်..တန်းတူညီမျှမှုကို ဖော်ဆောင်တဲ့နေရာမှာ တရားမျှတ
မှုဆိုတဲ့အပေါ်မှာသာ အခြေခံရမယ်..
.
နောက်အရေးကြီးတာက သမိုင်းအပေါ်မှာပဲ တရားသေကိုင်စွဲလို့မရ..သမိုင်းဆိုတာ ဘယ်
အတိုင်းတာထိနောက်ပြန်မလဲ..ဘယ်အထိသွားမလဲ..သမိုင်းဦးဘုံမြေခေတ်အထိပြန်မလား..
စဉ်းစားစရာ အငြင်းပွားစရာတွေအများကြီးဖြစ်လာမယ်..
ဒီတော့ အတိတ် ပစ္စုပ္ပန် အနာဂတ် ဒီသုံးချက် ချိန်ခွင်ညာမျှဖို့လိုပါတယ်..
.
နောက်တစ်ချက်..ဒေါ်စုနဲ့ UNFC အဖွဲ့ဝင်တွေတွေ့ဆုံပွဲမှာ ဒေါ်စုကပြောတယ်..ကိုယ်က
ဘာပေးနိုင်မလဲ စဉ်းစားပါဆိုတဲ့စကား..ဒါကို ခူဦးရယ်က သတင်းစာရှင်းလင်းပွဲမှာပြောတာက
ကျနော်တို့မှာ ဘာမှလဲပေးစရာမရှိတော့..သယံဇာတတွေလဲကုန်ပြီဆိုတော့ ဒေါ်စုစကားကို
အဓိပ္ပယ်ဖွင့်ဆိုမှုက အတော်လွဲသွားပြီလိုပြောရတော့မယ်..ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းကြရာ
မှာ အခြေခံရမယ့် စိတ်ဓာတ်ကိုဆိုလိုတာဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာကိုဆိုလိုတာမဟုတ်လို့ပဲပြောပါ
ရစေ..
နောက်သတိပြုစရာတစ်ချက်က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်နေတဲ့ ဒီကနေ့အစိုးရအဖွဲ့..
နောက် ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ပုဂ္ဂိုလ်.. ပြည်သူအများစုကြီးက ဒီမိုကရေစီနည်းကျ ရွေး
ချယ်ထားတဲ့အချက်..ဒီတော့ ပြည်ထောင်စုအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူကို
ကိုယ်စားပြုမှု အကြီးဆုံးပုဂ္ဂိုလ်ဆိုတဲ့အချက်ပါ..ဒါကို အလေးဂရုပြုရမယ့်အချက်လို့ပြောရပါလိမ့်
မယ်..ပြည်ထောင်စုအရေးဆွေးနွေးရာမှာ ပြည်သူကိုကိုယ်စားပြုမှုအတိုင်းအတာက အဓိကကျ
နေတယ်ဆိုတာ အငြင်းပွားဖွယ်ရာ ရှိမယ်မထင်..
.
အချုပ်အနေနဲ့ပြောရရင် အနှစ် ၆၀ကျော် ပြည်ထောင်စုပြသနာကြီးကိုဖြေရှင်းကြမယ့် ၂၁ရာစု
ပင်လုံ အောင်မြင်စေဖို့ ဒေါ်စုပြောသလို ကျနော်တို့တိုင်းရင်းသား ညီအကိုတွေအားလုံး
ပေးရပါလိမ့်မယ်..ဘာတွေကိုပေးရမလဲဆိုတော့..
တရားမျှတတဲ့စိတ်ဓာတ်တွေ..ပြည်ထောင်စုကြီးငြိမ်းချမ်းသာယာဖို့ဆိုတဲ့ စိတ်စေတနာမှန်တွေ..
အနာဂတ်မျိုးဆက်သစ်တွေအတွက် ဒီကနေ့ငါတို့ အတုယူဖွယ်ရာစံပြဖြစ်စေမယ့် စိတ်ဓာတ်
စေတနာကောင်းအမွေတွေကိုချန်ထားခဲ့မယ်ဆိုတဲ့ မြင့်မြတ်မှု ရိုသားမှုတွေကို ဒီ ၂၁ရာစု
ပင်လုံမှာ ပေးကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်..
ီ Thetdwe Aungမူရင်းပိုစ်