မာနကို အပ်နှင်းခြင်း
သူငြင်ငြိုလျှင် . . .
ခွန်းချိုစကား၊ ကြားခင်ခဲ့လျက်
မပြောရက်ရဲ၊ ပြောခက်ခဲ၏။
.
သူမေ့ချင်လျှင် . . .
မြင်လိုလျှက်လည်း၊ မကြည့်ရဲပါ
ခွဲခွာခက်နိုး၊ ပူပန်စိုး၏။
.
သူပျော်ခင်သော် . . .
ပူပင်သောက၊ ရှားမီးစခဲ
ရင်ထဲသိုလှောင်၊ လောင်မြိုက်ခြင်းဒဏ်
ကျွန်ုပ်ခံ၍၊ မြှုပ်နှံကြေကွဲ
နေခဲ့ရဲမည်။ ။
မောင်စိန်ဝင်း(ပုတီးကုန်း)