နောက်ဆုံး တင်သမျှ
Saturday, 29 October 2016
အစိုးရနဲ့တပ်မတော်....ဘာလဲ.....ဘယ်လဲ
ဝ နဲ့  ကိစ္စမှာ တပ်က ဒေါ်စု မီးစိမ်းပြမှာ ...
စောင့်နေတယ်လို့ ရေးတော့ ...
ကျွန်တော် စဉ်းစားမိသလောက်တော့ ...
မကျေမနပ် ဖြစ်ကြသူတွေမှာ ...
အမျိုးအစား သုံးခု ရှိနိုင်ပါတယ် ...
ပထမတစ်ခုကတော့ ...
တကယ့်ကို မသိနားမလည်တဲ့  သူတွေပါ ...
အွန်လိုင်း ငှက်လော်ဘီတစ်ချို့ ရေးနေကြ ...
ပြည်ထဲရေးဟာ အစိုးရအောက် မရှိဘူး ...
တပ်မတော်က သီးခြား နေနေတာ ...
အစိုးရ အမိန့် ကို မနာခံ ...
ထင်ရာစိုင်းနေတဲ့  သဘော ...
နေ့ စဉ် အပင်းသွင်းတဲ့  စာတွေ ဖတ်မိသူတွေပါ ...
ဒီလူတွေအဖို့  ...
တပ်ဟာ အစိုးရနဲ့  အဆင်မပြေ ...
အစိုးရ လက်အောက်မှာ မရှိဘူး ...
သူ လုပ်ချင်ရာ လုပ်နေတာလို့ ပဲ ...
ရိုးရိုးသားသား ထင်နေပုံရပါတယ် ...
ဒါက တစ်အုပ်စုပါ ...
နောက်အုပ်စု တစ်ခုကတော့ ...
ဒေါ်စုကို အကျပ်အတည်း ဖြစ်မှာ စိုးရိမ်သူ ...
ဘေးကျပ်နံကျပ် ကိစ္စတွေမှာ ...
တာဝန် မခံစေလို  မမြင်လိုသူတွေပါ ...
ဒီလူတွေအဖို့ ကတော့ ...
ဝ ကိစ္စဟာ တပ်က သူ့ ဖာသာသူ ...
ဝင်တိုက်တယ်ပဲ ဖြစ်စေချင်ပါတယ် ...
ဒေါ်စု မီးစိမ်းပြလို့  ...
တိုက်ရတယ်ဆိုတာ မဖြစ်စေချင်ပါဘူး ...
စစ်ပွဲ ကျယ်ပြန့် လာလို့  ...
ဘေးထွက်ဆိုးကျိုးတွေ ရှိလာခဲ့လျှင် ...
အခြားတိုင်းရင်းသား လက်နက်ကိုင်တွေက ...
ဝိုင်းပြီး ဖိအားပေးလာခဲ့လျှင် ...
တာဝန်ရှိသူဟာ ဒေါ်စုမဖြစ်စေချင်ပါဘူး ...
စစ်တပ်က သူ့ ဖာသူ ငပွကြီးလုပ်ပြီး ၀င်တိုက်တာ ...
ဒေါ်စုနဲ့  မဆိုင်ဘူး ...
ဒေါ်စုက ငြိမ်းချမ်းရေး လိုလားသူ ....
ဘာညာသာရကာ နေကြာကွာစိပေါ့ ...
ဒီလို ဖြစ်စေချင်တာပါ ...
တတိယအုပ်စုကတော့ ...
တပ်မတော် မုန်းတီးရေးဝါဒီတွေပါ ...
ဒီ အုပ်စုရဲ့ ပြသနာက ...
တပ် နဲ့  ဒေါ်စုနဲ့  အဆင်မပြေစေချင်တာပါ ...
တပ်ဟာ ဒေါ်စုနဲ့  အဆင်ပြေရင် ...
သူတို့ အနေနဲ့  တပ်ကို Blame လုပ်ရ ...
အတော် ခက်ပါတယ် ...
မဟုတ်ရင် ဘာလုပ်လုပ် ထိုင်ပြီး ...
သောက်ပြစ်ပြောနေလို့ ရတာကိုး ....
အဲဒီတော့ ဒီလူတွေစိတ်မှာ ....
တပ်နဲ့ ဒေါ်စု တစ်သားတည်းလို့ မမြင်အောင် ...
အမျိုးစုံလိုက်ပြီး ကွယ်ကြ ကာကြ လုပ်ကြပါတယ် ...
ဒါ ကျွန်တော် ပြောချင်တဲ့ အမျိုးအစား သုံးမျိုးပါ ...
ခက်တာက ....
လူအတော်များများဟာ ...
နိုင်ငံရေးအခြေအနေတွေ ပြောင်းလဲနေပြီဆိုတာ ...
သတိမမူမိတာပါပဲ ...
မြန်မာ့ နိုင်ငံရေးကို စိတ်ပါဝင်စားရင်တော့ ....
နေပြည်တော်ရာသီဥတုကို ...
တစ်ချက် မျက်စိဝေ့ကြည့်သင့်ပါတယ် ...
ဒေါ်အောင်ဆန်းစုကြည်နားမှာ ....
ဒေါ်အောင်ဆန်းစုကြည် နဲ့  တပ်ရဲ့ ဆက်ဆံရေးက ...
အတော်လေး ကောင်းမွန်နေတာ ကြာခဲ့ပါပြီ ...
ဒေါ်စုအနေနဲ့ လဲ ...
တိုင်းပြည်ကို တကယ်စီမံအုပ်ချုပ်ရချိန်မှာ ...
အတိုက်အခံဘ၀တုန်းက စကားပြောသလောက် ...
မလွယ်ကူတာကို လက်တွေ့ သိလာရသလို ...
ကိုယ့်နိုင်ငံနဲ့  ပတ်သက်လို့  ...
တပ်မတော် ရဲ့ စိုးရိမ်ပူပန်မှုတစ်ချို့ ဟာ ..
အလကားလျောက်ပြောနေတာ မဟုတ်မှန်း ...
တပ်က လုပ်ထားတဲ့ အစီအမံတစ်ချို့ ဟာ ...
အင်မတန် လက်တွေ့ ကျမှန်း ....
သိသင့်သလောက် သိနေခဲ့ပါပြီ ...
တစ်ခါ တပ်ဘက်ကလဲ ...
နိုင်ငံရေးအရ လူထုထောက်ခံမှု ရတဲ့  ခေါင်းဆောင်တစ်ဦး ...
မိမိတို့ ကို ကျောထောက်နောက်ခံ ပြုထားတယ်ဆိုလျှင် ...
လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရတာ ပိုမို လွယ်ကူမှန်း ...
အတိုက်အခိုက် အခုအခံ အတော်လျော့နည်းမှန်း ...
နိုင်ငံတကာ ဖိအားတွေ သက်သာသွားမှန်း ...
လက်တွေ့  သဘောပေါက်လာတဲ့  အနေအထားမှာ ရှိပါတယ် ...
နေပြည်တော် ရပ်ဝန်းကို ...
တစ်ချက် စုံစမ်းကြည့်ပါအုန်း ...
ကာကွယ်ရေး ၊ ပြည်ထဲရေးနဲ့ 
နယ်စပ်ရေးရာ ၀န်ကြီးတွေ အကုန်လုံး ....
အလုပ်လုပ်နေကြတာပါ ...
ရခိုင် ကိစ္စကို မျက်စိဝေ့ကြည့်ပါအုန်း ...
နိုင်ငံတော် သမ္မတရုံးက ဘာပြောနေလဲ ...
တပ်တွေက ဘာလုပ်နေလဲ ...
ဒေါ်အောင်ဆန်းစုကြည်က ဘာကြေငြာထားလဲ ...
အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဘာတွေပြောနေလဲ ....
အစိုးရ နဲ့ တပ်ဟာ ....
လမ်းကြောင်းတစ်ခုတည်း ရှိ မရှိ အကဲခတ်ကြည့်ပါအုန်း ....
ဝ က မိုင်းလား စခန်းတွေ ၀င်သိမ်းတာ ...
ပြီးခဲ့တဲ့  လ ကတည်းကပါ ...
တပ်က ပြန်ဆုတ်ဖို့ ပြောတာ ...
ဒေါက်တာ တင်မျိုးဝင်း တို့ ဘာလုပ်နေလဲ ...
အခင်းဖြစ် ဒေသမှာ ....
တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေရော ...
တင့်ကားတွေရော ... ဒုံးတွေရော ပြည့်နေပါပြီ ...
တပ်က ဘာလို့ စောင့်နေတယ် ထင်လဲ ....
တစ်ချက် စဉ်းစားကြည့်ပါအုန်း ...
ရှမ်းပြည်တစ်ခုလုံး စစ်တလင်း ဖြစ်သွားနိုင်တဲ့ ကိစ္စမှာ ...
တပ်က သူ့ သဘောနဲ့ သူ လုပ်မယ်ထင်နေသလား ?
အစိုးရ သဘောထား တစ်စက်မှမပါဘူးဆိုတာ ....
ဖြစ်နိုင်ပါ့မလား စဉ်းစားကြည့်ကြပါအုန်း ....
ကေအိုင်အေကို တပ်က အပြတ်ကင်နေတဲ့ ကိစ္စ ...
အစိုးရက အသံတစ်ချက်မှမှ မထွက်တာ ...
ဘာသဘောလဲ သေချာလေး တွေးကြည့်ပါအုန်း ....
ပြီးခဲ့တဲ့  လေးနှစ်အတွင်း ...
ကျွန်တော် ပြောနေကြ ရေးနေကြ စကားရှိပါတယ် ...
အစိုးရတစ်ရပ်ဟာ အစိုးရလိုပဲ စဉ်းစားပါတယ် ...
အတိုက်အခံတုန်းက ....
တပ်မတော် နဲ့ အဆင်မပြေဖြစ်ခဲ့လို့  ...
အစိုးရဖြစ်လာချိန် ...
တစ်သက်လုံး ဆက် အဆင်မပြေဖြစ်မယ် ...
ထင်နေရင်တော့ ...
ခင်ဗျားတို့ အလွဲကြီး လွဲပေါ့ ....
အစိုးရ တစ်ရပ်နဲ့  ...
တစ်ချို့ ကိစ္စတွေမှာ ....
In line ဖြစ်လာတာ ဘာများထူးဆန်းလဲ ?
စဉ်းစားတဲ့  ကြည့်တဲ့  မြင်တဲ့  ရူထောင့်က ...
တစ်ထပ်တည်း မဟုတ်ပေမယ့် ...
နီးနီးစပ်စပ် တူလာတာကိုး ...
:)  :)  :)  :)  :)
Credit, YeMoe