နောက်ဆုံး တင်သမျှ

Saturday, 8 October 2016

"ငြိမ်းချမ်းစကား အကျိုးပွားအောင် စတင်ဆောင်ရွက်ကြပါလော့”


   ငြိမ်းချမ်းစကား ဆွေးနွေးငြားလည်း
 သူများကြားဝင် သွေးနားထင်နှင့်
 ဆင်ခြင်သုံးသပ် မဆုံးဖြတ်ဘဲ
 ကိုယ်စွဲကိုယ်သန် ကိုယ်သာမှန်ဖို့
 ပြန်လှန်မကြည့် သွေးကတိတွေ
 ဖျက်ခြေခဲ့ပြီ အတိတ်ဆီမှာ
 သင်ခန်းစာများ တို့နားကြားခဲ့ရပြီလေ။
 အော်...
 တွေ့မြင်ရာတိုင်း စိတ်တိုင်းမကျ
 ဤဒေါသဖြင့် ငါကဘာလဲ
 အယူစွဲ၍ သဲကွဲရေရာ
 မလေ့လာဘဲ ဒါလည်းရန်သူ
 စွဲမှတ်ယူပြီး ယှဉ်သူမှန်ကန်
 ငါ၏ရန်ဟု ဆင်ကြံပူရုပ်
 ဟန်လုပ်ကာပြုံး သူရှုံးစေသား
 ရေးသုံးပါးလည်း နားကြားမဝင်
 အပြစ်မြင်ထား စွဲမှတ်သွားလျှင်
 သည်မှားနောင်တ နောင်မှရမည်
 ငါတို့ပြည်ဝယ် ပြုဖွယ်ထိုထို
 လူမိုက်ကိုပင် အမှန်ထင်လျှင်
 ကြာရင်ခက်လိမ့် မဖြေသိမ့်နိုင်
 သူဆိုင်ငါပိုင် အပြိုင်ကြဲရင်
 ကြာရင်ကွဲကြေတော့မပေါ့။
 ဒါကြောင့်မို့လေ
 တရားလည်းရှိ စာလည်းသိမို့
 အရှိတရား လက်ကိုင်ထား၍
 တို့များပြည်သူ အတုယူပြီး
 တူရူကောင်းကျိုွး ကိုယ့်လူမျိုးတွက်
 ကောင်းကျိုးဖြာဖြာ ရုပ်သွင်လွှာကို
 စာနာထောက်ထား အကျိုးပွားရန်
 ကြိုးစားပြုပြင် အမှန်မြင်အောင်
 စတင်ဆောင်ရွက်ကြပါလော့။
မောင်မောင်လှ(သူရဲသမိန်)

Source: uniondaily.net