မောင်တောခရိုင်အတွင်းမှာ ဘင်္ဂလီအကြမ်းဖက်အုပ်စုတွေက ရဲစခန်းတွေကို
ဝင်တိုက်တယ်။
တိုက်ရတဲ့အကြောင်းအရင်းက ရှင်းပါတယ်။
၁။ အမေရိကန်နိုင်ငံက နောက်ဆုံးကျန်နေတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖယ်ရှား ပေးလိုက်ပြီ။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဥရောသမဂ္ဂနဲ့ ဂျပန်၊ ကနေဒါ ၊
သြစတေးလျ၊ နော်ဝေစတဲ့နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖယ်ရှားပေး ခဲ့
ပြီးပြီဆိုတော့ ရိုဟင်ဂျာဆိုပြီး လှုပ်ရှားနေသူတွေအတွက် အနောက်အုပ်စုဘက်က ဖိအားကို အားကိုးဖို့ လမ်းမရှိသလောက်ဖြစ်သွားပြီ။
၂။ အာနန်ကော်မရှင်ဖွဲ့ပြီးတဲ့အချိန်မှာ နိုင်ငံတကာက ရခိုင်ပြည်နယ်ထဲက ဘင်္ဂ လီတွေကိစ္စအပေါ် အာရုံစိုက်မှုလျော့သွားတယ်။
၃။ အဲဒီအခြေအနေတွေကို ပြောင်းပြန်လှန်ပစ်ဖို့ ရခိုင်ပြည်နယ်မှာ ပြဿနာ ဖန်တီးဖို့လိုတယ်။ ပဋိပက္ခတွေဖြစ်လာရင် နိုင်ငံတကာအာရုံစိုက်မှုပြန်ရမယ်။ လူမျိုး တုံး သတ်ဖြတ်နေပါပြီလို့ ပြန်အော်လို့ရမယ်။
ဒါတွေကြောင့် အခုလို တိုက်ခိုက်မှုဖြစ်တာလို့ သုံးသပ်ပါတယ်။ ဒူချီးရာတန်းရွာ
တိုက်ခိုက်မှုတုန်းကလည်း ဒီလိုပါပဲ။ ရဲ တပ်ဖွဲ့ ကို တိုက်ခိုက်တယ်။ ရဲက
လိုက်ရှင်း တော့ ဘင်္ဂလီ လေးဆယ်လောက်သေပါတယ်ဆိုပြီး သတင်းဖြန့်တယ်။ နိုင်ငံ တကာအဖွဲ့အစည်း နယ်စည်းမခြားလို အဖွဲ့တွေက ချက်ခြင်းထောက်ခံသတင်းဖြန့် တယ်။ အခု လည်း ဒီလို အချိုးပဲလုပ်ချင်တာပါ။
ဒီလို တိုက်ခိုက်မှု မလုပ်နိုင်ရင်လည်း အခြားအကြောင်းတစ်ခုနဲ့ ပဋိပက္ခ ဖြစ်အောင်လုပ်မှာပါပဲ။ အာနန် ကော်မရှင်ကို သုံးသပ်တဲ့ကျွန်တော့်ဆောင်းပါးတွေထဲမှာ အဲဒီလို ခန့်မှန်းခဲ့ ဖူး ပါတယ်။
လက်ရှိအခြေအနေမှာ
၁။ ရခိုင်ပြည်နယ်အတွင်းမှာ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် အစိုးရ နဲ့တပ်မတော်ရဲ့ဆောင်ရွက်ချက်တွေအပေါ် ကျွန်တော်တို့အားလုံးက ခိုင်ခိုင် မာမာ ထောက်ခံအားပေးသင့်ပါတယ်။
၂။ မောင်တောခရိုင်က အခြေအနေကြောင့် ရခိုင်ပြည်နယ်တစ်ခုလုံး နဲ့ နိုင်ငံ ရဲ့
အခြားဒေသတွေမှာ မလိုအပ်ပဲနဲ့ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခပုံစံ ပုံဖော်မခံရ အောင် ထိန်းသိမ်းရပါမယ်။
မူရင်းပိုစ်....ဦးရဲထွဋ်