နောက်ဆုံး တင်သမျှ
Saturday, 1 October 2016
အမုန်းစကားတားဆီးကာကွယ်ရေးဥပဒေကြမ်းရေးဆွဲတင်ပြထား၂ဝ၁၇ ခုနှစ်အတွင်း ပြဋ္ဌာန်းနိုင်မည်ဟုဆို
နေပြည်တော် အောက်တိုဘာ ၁
ဘာသာရေးကိစ္စများအားအခြေခံကာလူမျိုးစုများ အလိုက် ပဋိပက္ခမဖြစ်ပေါ်စေရန်အတွက်အမုန်း စကားတားဆီးကာကွယ်ရေးဥပဒေကြမ်းအား ရေးဆွဲ တင်ပြထားပြီး ယင်းဥပဒေအား၂ဝ၁၇ခုနှစ်အတွင်း တွင်ပြဋ္ဌာန်းနိုင်မည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ် ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြော ကြားခဲ့သည်။
၂ဝ၁၆ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို နေ့အခမ်းအနားပြီးဆုံးချိန်ကံအေနှစနနအ့ ရေးဆွဲနေ မှု မည်သည့်အဆင့်သို့ ရောက်ရှိနေကြောင်းသိရှိလို ခြင်းနှင့်ပတ်သက်၍ သတင်းမီဒီယာတို့၏ မေးမြန်းခဲ့ ခြင်းအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားမှုအရ သိရသည်။ 'ဒီဥပဒေကိုပြဋ္ဌာန်းနိုင်တဲ့ အဆင့်ရောက်ရှိဖို့အတွက် တစ်နှစ် လောက်တော့ ကြာဦးမယ်လို့ခန့် မှန်းထားပါတယ်။ အခုမှပြည် ထောင်စုအစိုးရအဖွဲ့ ကက်ဘိနက် အစည်းအဝေးကို တင်ပြထားတဲ့ အဆင့်ပဲရှိပါသေးတယ်။ ကက် ဘိနက်ကအတည်ပြုပြီးတော့မှ ပြည်ထောင်စုလွှတ်တော်ကိုပို့ပြီး လွှတ်တော်ကိုယ်စားလှယ်တွေကျယ် ကျယ်ပြန့်ပြန့်ဆွေးနွေးပြီးတော့မှ ဒီဥပဒေကိုပြဋ္ဌာန်းနိုင်မှာ ဖြစ်ပါ တယ်''ဟု သတင်းမီဒီယာများသို့ ပြောကြားခဲ့သည်။
အဆိုပါ ဥပဒေကြမ်းအား ဘာသာရေးအခြေခံ၍လူမျိုးအလိုက် ပဋိပက္ခများမဖြစ်ပေါ်စေရန်အတွက် အမုန်းစကားကာကွယ်ရေးဥပဒေ ကြမ်းအဖြစ် ဘာသာပေါင်းစုံချစ် ကြည်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ မှပထမဆုံးမူကြမ်းအား ရေးဆွဲခဲ့ ခြင်းဖြစ်ကာ လွန်ခဲ့သည့်နှစ်လခန့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသို့တင်ပေးခဲ့ကြောင်းနှင့် ယင်းသို့ တင်ပေးခဲ့ခြင်းအား ဝန်ကြီးဌာနမှဥပဒေသမားများအပြင် ပြင်ပမှ ဥပဒေပညာရှင်များနှင့် အသေးစိတ်လေ့လာမှုများပြုလုပ်ပြီး မျှတသည့် ဘာသာပေါင်းစုံလက်ခံ နိုင်သည့်ဥပဒေကြမ်းတစ်ရပ်ဖြစ်ရန် ပြန်လည်ရေးဆွဲကာ ၂ဝ၁၆ ခုနှစ် ဇူလိုင်လက ပြည်ထောင်စုရှေ့နေ ချုပ်ရုံးသို့ ရှေ့နေချုပ်ရုံး၏သဘော ထားမှတ်ချက်ရရှိရန် ပေးပို့ခဲ့ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ မိမိတို့ ဝန်ကြီးဌာနသို့ သဘောထားမှတ် ချက်များဖြင့်ပြန်လည်ပေးပို့ခဲ့သည့် ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့အကြံ ပြုချက်များအား ဥပဒေပညာရှင် များနှင့် ထပ်မံညှိနှိုင်းကာ ဒုတိယ မူကြမ်းအဖြစ် ပြန်လည်ပြင်ဆင် ရေးဆွဲ၍ ပြည်ထောင်စုရှေ့နေချုပ် ရုံးသို့ထပ်မံပေးပို့ထားကြောင်းနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ပြန် လည်ပေးပို့လာပါကအဆိုပါဥပဒေ ကြမ်းအားနိုင်ငံတော်အစိုးရအဖွဲ့ ကက်ဘိနက်အစည်းအဝေးသို့တင် ပြရမည်ဖြစ်ပြီး အစိုးရအဖွဲ့အစည်း အဝေးကက်ဘိနက်မှ အဆင့်ဆင့် ဆုံးဖြတ်မှုများအရ ပြည်ထောင်စု လွှတ်တော်သို့ဆက်လက်တင်ပြကာ လွှတ်တော်ကိုယ်စားလှယ်များ၏ ဝေဖန်ဆွေးနွေးမှုများဖြင့် အတည် ပြုပြဋ္ဌာန်းရမှာဖြစ်သည့်အတွက် ယင်းအနေအထားရောက်ရှိရန် တစ် နှစ်ခန့်ကြာမြင့်မှာဖြစ်ကြောင်းနှင့် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကုလသမဂ္ဂအထွေထွေအတွင်းရေး မှူးချုပ်မစ္စတာဘန်ကီမွန်းရောက်ရှိ စဉ်ဘာသာပေါင်းစုံမှ တာဝန်ရှိသူ များနှင့်တွေ့ဆုံပြီး Hate Speeth ဥပဒေပထမမူကြမ်းနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ရာတွင်လည်း လက်ခံနိုင်သည့်အဆင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုသိရပြီး ဖော်ပြ ပါလုပ်ငန်းအဆင့်ဆင့်ပြီးဆုံးပါက ၂ဝ၁၇ခုနှစ်အတွင်းအဆိုပါဥပဒေပြ ဋ္ဌာန်းနိုင်မည်ဖြစ်ကြောင်းသိရသည်။