နောက်ဆုံး တင်သမျှ

Thursday, 13 October 2016

မိမိတို့နိုင်ငံနယ်နိမိတ်နှင့်အမျိုးသားရေးကို ဦးစားပေးဖြေရှင်းမယ်လို့ ဘာကြောင့်မပြောနိုင်ရတာလဲ

 မိမိတို့နိုင်ငံအနောက်တံခါးကို ထိပါး စော်ကားခံရတာနဲ့ပတ်သက်လို့ ဒီနေ့ တာဝန်ရှိသူ ဘာပြောမလဲဆိုတာ ကျွန်မ သိပ်သိချင်ခဲ့ပါတယ်။ မနေ့တစ်နေ့ကတော့ တရားဥပဒေ အရဖြေရှင်းမယ်ဆိုတဲ့ စကားလုံးတစ်လုံး ကြားခဲ့ရပါတယ်။ ဘဝင်ကျလှတယ် မဟုတ်ပေမယ့် လူကြီးမို့ လူကြီးစကား ပြောရမှာပေါ့လို့ နှလုံးသွင်းခဲ့ပါတယ်။ ခုမနက် ရုံးရောက်ရောက်ချင်းမှာပဲ သူ့ရဲ့ သဘောထားပြောကြားချက်တို့ကို သိရ ပါတယ်။ ယနေ့မနက်ပိုင်း နေပြည်တော်နိုင်ငံ ခြားရေးဝန်ကြီးဌာနမှာကျင်းပတဲ့ နယ် သာလန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Bert Koenders နှင့်တွေ့ဆုံခဲ့ပြီး ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် သူ၏ပြောကြားချက်စကားများသည် 'ရခိုင်အရေးကိစ္စကို တရားဥပဒေစိုးမိုးရေး အောက်ကနေ မျှမျှတတနဲ့အကောင်းဆုံး ဖြေရှင်းသွားမယ်။ ဒီကိစ္စကတော့ EU နိုင်ငံမှ မဟုတ်ပါဘူး၊ အားလုံးမှာပဲ ဒီကိစ္စကို ကျွန်မတို့အကောင်းဆုံးဖြစ် အောင် ဖြေရှင်းမယ်။ ဒါဟာတရားဥပဒေ စိုးမိုးရေးအောက်မှာပဲ ကျွန်မတို့ မျှမျှ တတလုပ်သွားမယ်။ ဘာတွေဘာတွေက ဘာဖြစ်နေတယ်ဆိုတာ မရှင်းသေးသရွေ့ တော့ ဘယ်သူ့ကိုမှ ကျွန်မတို့ကနေပြီး တော့ စွပ်စွဲမှာမဟုတ်ပါဘူး။ သေသေ ချာချာ အထောက်အထားခိုင်လုံတဲ့အခါ ကျမှ စွဲချက်တင်သင့်ရင် တင်မှာဖြစ်ပါ တယ်။ မီဒီယာပေါ်တက်လာတဲ့' သူ့ရဲ့ ပြောကြားချက်များပါ။ မရှင်းပါဘူး။ တကယ်မရှင်းဘူး။ သေသေချာချာ အထောက်အထားခိုင်လုံတဲ့အခါမှဆိုတာ ရယ်၊ စွဲချက်တင်သင့်ရင်ဆိုတာရယ်ကို မရှင်းဘူး။ ခုဖြစ်နေတာတရားရုံးမှာ အမှု ဖြစ်နေတာမဟုတ်ပါဘူး။ စစ်ဖြစ်နေတယ် ဆိုတာတောင် စစ်ဥပဒေ၊ စစ်စည်းကမ်း နဲ့ညီတဲ့ စစ်မဟုတ်ပါဘူး။ အောက်လုံး ကိုင်ပြီး ဝင်စော်ကားသွားတာပါ။ ကျွန်မတို့ရဲ့ လုံခြုံရေးဝန်ထမ်းများ၊ တပ်မတော်သားများမိသားစုများအတွက် လက်စားချေရမယ်မဆိုလိုပါဘူး။ တရား သဖြင့် တုံ့ပြန်ဖို့ပါ။ ကာကွယ်ဖို့ပါ။ နယ် နိမိတ်နဲ့ အချုပ်အခြာအာဏာကိုကာကွယ် ရပါမယ်။ နိုင်ငံသားများ အသက်အိုးအိမ် စည်းစိမ်ကိုကာကွယ်ပေးရပါမယ်။ နိုင်ငံ တစ်နိုင်ငံဖြစ်ဖို့ အစိုးရရှိရမယ်။ နယ်နိမိတ် ရှိရမယ်။ အချုပ်အခြာအာဏာရှိရမယ်။ ပြီးတော့ နိုင်ငံသား(population ကိုဆို တယ်)ရှိရမယ်ဆိုတာ ပညာတွေအများ ကြီးတတ်တဲ့သူဆိုတော့ နားမလည်ဘဲ နေမှာ မဟုတ်ပါဘူး။ လူ့အခွင့်အရေးတို့ ဂလိုဘယ်လိုက် ဆေးရှင်းတို့စတဲ့ ခေတ်ပေါ်ဘုံစကားလုံး တွေဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့အမျိုးသားရေး National Interest နဲ့ Geo-politics ပထဝီနိုင်ငံရေးကိုကျော်လို့မရပါဘူးဆို တာကိုလည်း ကျွန်မတို့ထက်ပညာတွေ အများကြီးတတ်တဲ့ သူတစ်ယောက်သိ လောက်ပါတယ်။ အချို့ကိစ္စတွေမှာ၊ ကိစ္စတော်တော် များများမှာလို့လည်း ပြောနိုင်ပါတယ်။ မိမိနိုင်ငံဘက်ကို မိမိ သာသာထိုးထိုး စဉ်းစားရတာတွေ ရှိကိုရှိပါတယ်။ အဲဒီ ထဲမှာ ရှေ့ဆုံးမှာပါနေတာ နိုင်ငံနယ်နိမိတ်၊ အမျိုးသားရေးစတာတွေဖြစ်ပါတယ်။ ခုအနောက်စည်းရိုးကိစ္စမှာ ဘင်္ဂလား ဒေ့ရှ်ကတော့ အပြုသဘောပြောသွား ပါပြီ။ EU ကလည်း ပြောကြားပြီးပြီ။ သို့သော် နိုင်ငံတကာမျက်စိအောက်မှာ ဘယ်လိုပဲရှိရှိ ကျွန်မတို့ရဲ့ကိုယ်ပိုင်၊ ကိုယ် တိုင်ထိပါးခံရတာမှာ ကျွန်မတို့ရဲ့သွေး ကပဲ အဓိကစကားပြောရမှာဖြစ်ပါ တယ်။ ရခိုင်လူမျိုးဆိုတာ ကျွန်မတို့ရဲ့ သွေးပါ။ အနောက်နယ်နိမိတ်ဆိုတာ ကျွန်မတို့ရဲ့စည်းရိုးပါ။ ခေတ်အဆက် ဆက် မြန်မာမင်းများ သွေးနဲ့ရေးခဲ့တဲ့ စည်းရိုးဖြစ်ပါတယ်။ ကျွန်မတို့တိုင်းပြည်သမိုင်းကလည်း boat people လှေစီးလူသားဆိုတာ ပုဂံ ခေတ်ကတည်းက ဗျတ်ဝိ၊ ဗျတ္တကစ ဒုက္ခပေးခဲ့တာ၊ ပင်လယ်ထဲသင်္ဘောပျက် လို့ မျောလာတဲ့ သူတို့မျိုးဆက် ရွှေဖျဉ်း ညီနောင်ကြောင့်တောင်မှ အနော်ရထာတို့ ကျန်စစ်သားတို့ တောင်ပြုံးမှာ ဗီလိန်ဖြစ် နေရသေးတာပဲ။ ကျွန်မပြောချင်တာ သွေးချင်းတူသူ၊ ဘာသာစကားတူသူ၊ နယ်နိမိတ်တစ်ခု တည်း အေးအတူပူအမျှတစ်လျှောက်လုံး နေထိုင်လာသူ၊ ယဉ်ကျေးမှုတူ၊ ဖြတ်သန်း မှုတူ၊ သူဒါကိုပဲ အမျိုးသားစိတ်ဓာတ်လို့ ခေါ်တာပါ။ ကျွန်မတို့အမျိုးသားရေး၊ တစ်မျိုးသားလုံးအရေး၊ ကျွန်မတို့ နယ်နိ မိတ်အရေးဖြစ်နေလို့ ဒီနေ့မနက်တွေ့ဆုံ ပွဲမှာ တာဝန်ရှိသူက တာဝန်သိစွာဖြင့် နှုတ်က မိမိတို့နိုင်ငံနယ်နိမိတ်နှင့်အမျိုး သားရေးကို ဦးစားပေးဖြေရှင်းမယ်လို့ ဘာကြောင့် မပြောနိုင်ရတာလဲပြောပါဦး။

post by,ဒေါက်တာခင်မြင့်ဦး
source,uniondaily.net