နောက်ဆုံး တင်သမျှ

Monday, 10 October 2016

မိုဘိုင်းဆင်းကဒ်များမှတ်ပုံတင်ရမည်

ဆက်သွယ်ရေးအော်ပ ရေတာသုံးခု၏ မိုဘိုင်းဆင်းမ် ကတ်များကို မှတ်ပုံတင်၍ အသုံး ပြုရန်နှင့် မှတ်ပုံတင်ထားခြင်းမရှိ သည့် ဆင်းမ်ကတ်များကို ၂၀၁၇ မတ်လကုန်တွင် ယာယီရပ်စဲမည် ဟု ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။ ဆင်းမ်ကတ် အသုံးပြုသူ တိုင်းမှတ်ပုံတင်ရန် (SIM Card Registration) အော်ပရေတာများ နှင့် ကြိုတင်ညှိနှိုင်းခဲ့ပြီး ရောင်းချ ပြီးသော ကတ်များအားလုံး မှတ် ပုံတင်ခြင်းပြုလုပ်နိုင်သည့် အချိန် ကာလတစ်ခု သတ်မှတ်လိုက် ကြောင်း ဆက်သွယ်ရေးညွှန်ကြား မှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးမျိုးဆွေက ပြောသည်။ ‘‘ဆင်းမ်ကတ် မှတ်ပုံတင် တာနဲ့ပတ်သက်ပြီး တိတိကျကျ လိုက်နာဖို့ အော်ပရေတာတွေကို ညွှန်ကြားထားတယ်။ မှတ်ပုံမ တင်ဘဲ ရောင်းချနေတဲ့ ဆင်းမ် ကတ်တွေကိုလည်း ဈေးကွက်အ တွင်း ကုန်နိုင်လောက်တဲ့အချိန်ကို သတ်မှတ်ပေးထားတယ်။ ရှစ်လ လောက်အချိန်ပေးထားတယ်’’ဟု ဦးမျိုးဆွေက ပြောသည်။ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၏ အသိပေးကြေညာ ချက်တွင် မိုဘိုင်းဆင်းမ်ကတ်အ သုံးပြုသူများသည် မိမိတို့အသုံးပြု သော သက်ဆိုင်ရာအော်ပရေတာ များနှင့်ဆက်သွယ်၍ မှတ်ပုံတင် ခြင်းပြုလုပ်ရန်နှင့် ပြုလုပ်ထား ခြင်းမရှိသော ဆင်းမ်ကတ်များကို ၂၀၁၇ မတ်လ ၃၁ ရက်မှစတင်၍ ၀န်ဆောင်မှုရပ်စဲမည်ဖြစ်ပြီး မှတ် ပုံတင်ပြီးမှသာ ပြန်လည်သုံးစွဲခွင့် ပြုမည်ဟု ဆိုသည်။ ယင်းကဲ့သို့ ပြုလုပ်ခြင်းမှာ ပြည်သူများ၏ လုံခြုံရေးအတွက် ထိရောက်စွာ ကာကွယ်ပေးနိုင် ရန်၊ မိုဘိုင်းဘဏ်စနစ်၊ မိုဘိုင်း ဖုန်းမှ ငွေပေးချေခြင်းနှင့် အွန် လိုင်းဈေးဝယ်ခြင်းတို့အတွက် အ သိအမှတ်ပြုပစ္စည်းအဖြစ် အသုံး ပြုနိုင်ရန်၊ ဆင်းမ်ကတ်ပျောက်ဆုံး ခြင်း၊ ပျက်စီးခြင်းတို့ဖြစ်ပေါ်ပါက လွယ်ကူစွာ ပြန်လည်သုံးစွဲနိုင်ရန် စသည့်အချက်များအတွက် ရည် ရွယ်ကြောင်း သြဂုတ် ၂ ရက် ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။ ဆင်းမ်ကတ်မှတ်ပုံတင်ရန် အမည်၊ နိုင်ငံသားစိစစ်ရေးကတ် ပြားအမှတ် (သို့မဟုတ်) အခြား အကျုံးဝင်သည့် ကတ်ပြားအ မှတ်၊ ကျောင်းသားကတ်၊ ယာဉ် မောင်းလိုင်စင်ကတ်၊ နိုင်ငံခြား သားများဆိုလျှင် ပတ်စ်ပို့အမှတ်၊ ယင်းကတ်ပြားများ၏ မိတ္တူ၊ အဘအမည်၊ မွေးသက္ကရာဇ်၊ လူ မျိုး/နိုင်ငံသား၊ ကျား/မ၊ နေရပ် လိပ်စာတို့ လိုအပ်သည်။ အထက်ပါ ညွှန်ကြားချက် နှင့်ပတ်သက်၍ ဆက်သွယ်ရေး အော်ပရေတာများအနေဖြင့် မှတ် ပုံတင်ပြုလုပ်ထားခြင်းမရှိသော ဆင်းမ်ကတ်များကို ပြန်လည်စစ် ဆေးရမည်ဖြစ်ပြီး ညွှန်ကြားချက် အတိုင်း လုပ်ဆောင်ရန် သုံးစွဲသူ များကို ဖိတ်ခေါ်ရမည်ဖြစ် ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ‘‘သုံးစွဲသူတွေအနေနဲ့ နီးစပ် ရာဆိုင်တွေမှာ မှတ်ပုံတင်ပြုလုပ် ဖို့လိုတာပေါ့။ သတ်မှတ်တဲ့အချိန် အတွင်း မလုပ်ဘူးဆိုရင်တော့ ဖုန်းလိုင်းပိတ်ခံရမှာပေါ့’’ဟု အ ထက်ပါတာဝန်ရှိသူက ဆက်ပြော သည်။ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ကို နည်းလမ်းစနစ်ကျနစွာ ပြု လုပ်ပါက ဖုန်းဖြင့် စနောက်ခြင်း၊ ခြိမ်းခြောက်ခြင်း စသည်တို့ကို ဖော်ထုတ်အရေးယူနိုင်ပြီး ပြည် သူများ၏ လုံခြုံရေးအတွက် အ ထောက်အကူဖြစ်မည်ဟု ယုံ ကြည်ကြောင်း အွန်လိုင်းဈေး ကွက် ကျွမ်းကျင်သူ ကိုခွန်နေက သုံးသပ်သည်။ ‘‘ဆက်သွယ်ရေးတာဝန်ရှိသူ တွေအတွက်တော့ နည်းနည်းအ ခက်တွေ့နိုင်တယ်။ ဒါပေမဲ့ ဖုန်း တိုင်းကို မက်ဆေ့ခ်ျပို့ပြီး လုပ်ရင် တော့ အဆင်ပြေနိုင်ပါတယ်။ ဒီ လိုလုပ်တာက ကောင်းကျိုးတွေ အများကြီးဖြစ်စေမှာပါ’’ဟု ၎င်း က ဆက်ပြောသည်။ လက်ရှိတွင် မှတ်ပုံတင်ထား သော ဆင်းမ်ကတ်အရေအတွက် ကိုမူ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက အော်ပရေတာများ ထံမှ ကောက်ယူထားခြင်းမရှိသေး ကြောင်းနှင့် အမှန်တကယ်အသုံး ပြုသူ (Active user) မှာ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ သန်း ၂၀ ကျော်၊ တယ်လီနော မြန်မာမှ ၁၆ သန်းကျော်၊ အူရီးဒူး မြန်မာမှ ခုနစ်သန်းခန့်ရှိသည်ဟု ဆိုသည်။