နောက်ဆုံး တင်သမျှ

Tuesday, 4 October 2016

ပေါ်ဦးလျှောက်ထုံး

ဘိုးတော်ဦးဝိုင်းကို ဆင်တစ်ကောင်လာဆက်သတယ်
ဆင်ကြီးက အမဲကြီးဆိုတော့ ဘုရင်က သိပ်သဘာ ဝမကျဘူး လက်ဆောင်ဆိုတော့ မယူရင်လဲ ရိုင်းရာကြမယ်လေ ဒီတော့ မူးကြီးမတ်ရာတွေကို မေးတာပေါ့ ဒါဆင်ဖြူဖြစ်နိုင်လားလို့
ဘယ်နှယ့်ဗျာ ဆင်မဲပါဆို ဆင်ဖြူဖြစ်မလား မဖြစ်ဘူးပြောရင်လဲ ဧည့်သည်မျက်နှာပျက်နိုင်သလို ဘုရင့်အမျက်တော် ရှမှာလဲ ဆိုးရသေး
အဲဒီမှာ ဦးပေါ်ဦးနဲ့ တွေ့တော့တာပဲ ဘုရင်က ပေါ်ဦးဆင်ဖြူ ဖြစ်နိုင်လား ပြောစမ်းဆိုတာနဲ့
မှန်လှပါ သည်ဆင်ကြီးဟာ အမြီးက အနက် နားရွက်ကအမဲ ဂွေးဇိက မီးသွေးရောင် မျက်လုံးအလယ်က မဟူရာအကွက်နဲ့ ခေါင်းကလဲ ဖြူနေပြီဆိုတော့ သေချာပါတယ် နောက်အနှစ် နှစ်ဆယ် သုံးဆယ် ရှိရင်ဖြစ် ဧကန်စစ်စစ် ဆင်ဖြူဖြစ်မှာပါလို့ လျှောက်လိုက်တယ် ဘယ်ရမလဲ ပေါ်ဦးလေ
ဘုရင်လဲ အားရကျေနပ်ပြီး ပညာရှိကြီး တော်ပါပေတယ်ဆိုကာ ဆုတွေလာဒ်တွေတောင် ပေးလိုက်သေးဆိုပဲ
ဒါကို တခြားအမတ်တွေက အမတ်ကြီးရာ ဆင်မဲကြီးက နောင် နှစ်နှစ်ဆယ် သုံးဆယ်မှာ တစ်ကယ်ဖြူလာမှာလားပြောတော့
ဦးပေါ်ဦးက ဘယ်ကသာဖြူရမှာလဲဗျာ နောင်နှစ်နှစ်ဆယ် သုံးဆယ်ဆိုရင် ဆင်ကြီးရော ဘုရင်ပါ ဘယ်ရှိတော့မလဲဗျာတဲ့
ခုလဲ အင်း ????? သူလဲဦးပေါ်ဦး ကြိုက်တယ် ထင်ပါတယ်လေ
credit