နောက်ဆုံး တင်သမျှ

Wednesday, 16 November 2016

မှန်းချက် နှင့် နှမ်းထွက်


 ချစ်နိုင်(စိတ်ပညာ)
=====================
(၁)
လွန်ခဲ့သောတစ်နှစ်ကျော်သော ကာလဆီက-  ရန်ကုန်မြို့တော်ဧရိယာအတွင်းရှိ အလယ်အလတ်   စည်ကားသော ဈေးကြီးတစ်ဈေး၏ နံနက်ခင်း ၆ နာရီအချိန်ခန့်မှာ လင်းစဖြစ်ပါသည်။ ဈေး ဝယ်များမစည်ကားသေးပါ။ ဈေးဆိုင်များက ဆိုင်ခင်းပြီးစဖြစ်ပါ၏။ အချို့မှာလည်း ခင်း ကျင်းနေဆဲ။
''ငါတို့ပါတီနိုင်လို့ကတော့  ဈေးရောင်း ကောင်းလာမှာမို့ ကားဝယ်စီးမယ်အေ''
ဟင်းသီးဟင်းရွက်ရောင်းသော ကုန်စိမ်း သည်အမျိုးသမီးပုပုဝဝက ဈေးခင်းနေရင်း ရွှင် ရွှင်ပျပျပြောသောစကား။
''ကားတော့ မဝယ်ချင်ပါဘူးဟယ်။ လမ်း တွေကျပ်လွန်းလို့ စိတ်ပျက်ပါတယ်။ တိုက်ခန်း လေးများဝေပေးရင်တော့ ငါတို့မဲပေးရကျိုးနပ် တာပေါ့ကောင်မရယ်''
အသားညိုညို၊ ပိန်ပိန်၊ ရှည်ရှည်၊ သနပ်ခါး ပါးကွက်ကျားနှင့် အမျိုးသမီးက ပြန်ပြောသော စကား။
''ဟယ် တိုက်ခန်းလောက်များအေ။ ညည်း တို့ ငါတို့ကို ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်ကားတွေ နဲ့ ပြောင်းလဲသွားအောင်လုပ်ပေးမယ့်ပါတီပါနော်။  ပေါ့သေးသေးမတွေးပါနဲ့တော်''
သူက အားပါးတရရှိလှသည်။
''ဟီဟိ တဲပုတ်နဲ့နေရတာနဲ့စာရင် အိုးပိုင် အိမ်ပိုင်နဲ့အခြေတကျနေရချည်သေး''ပြောပြီး ရယ်မောနေသည်။
၂ဝ၁၅ နိုဝင်ဘာလ ၈ ရက်မတိုင်မီတစ်ပတ် ကျော်အလိုလောက်မှာဖြစ်လေသည်။ ကထိန်ပွဲ လှည့်လည်သောကားအတွက် လမ်းထိပ်မှာ ပဒေ သာပင်သီနေကြသူများကလည်း အသံချဲ့စက်ဖွင့် ပြီးပျော်နေကြသည်။သီချင်းကတော့နတ်ဆိုင်းသံ။
၂ဝ၁၅ နိုဝင်ဘာ ၈ ရက်မှာ မဲပေးရမည့်လူ များစုသည် ပျော်ရွှင်တက်ြ<ွကနေကြ၏။ အူမြူး နေကြ၏။
ဆိုက်ကားသမားအုပ်စုက အကဲဆုံး။
လက်ကိုင်၏ ဘယ်ရော၊ ညာရော၊ အလယ် ရော ပါတီအလံများထိုးစိုက်ပြီး သူနှစ်သက်သော ပါတီကို အပြည့်အဝထောက်ခံအားပေးကြောင်း ပြသနေကြလေ၏။ ဤမြို့နယ်၏အမတ်လောင်း ဘယ်သူဆိုတာကိုတော့ နာမည်ကိုတောင် သူ မသိပေ။ အမျိုးသားလွှတ်တော်အမတ်လောင်းက ယောက်ျားလား၊ မိန်းမလားဆိုတာလည်းသူမသိ။  ထိုပါတီ၏ကိုယ်စားလှယ်အမတ်လောင်းသည် ဖြူသလား၊ မည်းသလား မမြင်ဖူးချေ။ ကိစ္စမရှိ။ တက်ြ<ွကနေကြ၏။
''ငါတို့ပါတီ နိုင်ရမည်''ဟု အသံကုန်ဟစ် အော်နေသော်လည်း ဘယ်သူဘယ်ဝါကို မဲပေးရ မည်မှန်း သူမသိ။ ကိစ္စမရှိ။ ပါတီတံဆိပ်ကို ကြည့်ပြီး တုံးထုမည်ဟု ကြံရွယ်ထား၏။
ဟာသပြောနေခြင်းမဟုတ်။
တကယ်မျှော်လင့်၊  တကယ်ထင်မှတ်၊ တကယ်ယုံကြည်ပြီး ရွေးကောက်ပွဲမှာပါတီတစ်ခု ကို ထောက်ခံလိုစိတ်အားသန်နေကြခြင်းဖြစ်၏။ ဆိုက်ကားသမားများက၂ဝ၁၅ မှ ၂ဝ၁၆လောက် တစ်နှစ်တာကာလရောက်လျှင်တော့ ငါတို့ ထောက်ခံသည့်ပါတီက ငါတို့ကို အဆင့်တစ်ခု ရောက်ရှိအောင် ချီးမြှောက်မည်ဟု အပြည့်ဝ ယုံကြည်ခဲ့ကြ၏။
ကိတ်မုန့်လေးတစ်ဖဲ့စားရပါ၏။ ဒုံရင်းက ဒုံ ရင်းပါပဲ။
သူတို့အိပ်မက်က တကယ်ဖြစ်လာနိုင်ပါ သလော။ လေထဲက တိုက်အိမ်လော။
၂ဝ၁၅နိုဝင်ဘာလ ၈ရက်မှာ တစ်ခဲနက်မဲပေး ခဲ့ကြသော မဲဆန္ဒရှင်များသည် အမတ်များ၊ ဝန် ကြီးများ၊ မြို့တော်ဝန်၊ ဝန်ကြီးချုပ် စသည့်     အာဏာပိုင်ကုလားထိုင်ပေါ်ရှိလူများ ပြောင်းသွား အောင် လုပ်ဆောင်နိုင်ခဲ့ကြပါ၏။ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးသည် ၂ဝ၁၅ မှာ အေးချမ်းအောင်မြင်စွာပြီးမြောက်ခဲ့ပါ၏။ ပြဿနာ ကြီးကြီးမားမားမရှိ။
မဲဆန္ဒရှင်ပြည်သူများ မိမိတို့ဘဝကိုတိုးတက် ကောင်းမွန်အောင် ပြောင်းလဲပေးလိမ့်မည်ဟု အထင်ကြီးထင်မှတ်၊ အယုံကြီးယုံကြည်ခဲ့သော နိုင်ငံရေးသမားအချို့သည် အမျိုးမျိုးအဖုံဖုံ ဖုံးဖုံး ဖိဖိလုပ်နေကြသည့်ကြားကပင် ဘယ်သူဘယ်ဝါ မောက်မာသည်၊ ခက်ထန်သည်၊ ပြည်သူနှင့်ကင်း ကွာသည်၊  ပြည်သူကိုမျက်နှာမူရမည့်အစား ကိုယ်ကျိုးအတ္တ အခွင့်အရေးကိုသာ ဦးစားပေး သည်စသည်ဖြင့် ပါတီခေါင်းဆောင်များက အပြစ် တင်ဆုံးမနေကြသံကို ကြားနေရလေသည်။ ဟုတ် မဟုတ်တော့ မပြောတတ်ပါ။
ပြည်သူများရွေးချယ်ခဲ့သော ရွေးကောက်ပွဲ မဲပေးဆုံးဖြတ်ချက်သည် မှန်သလား၊ မှားသလား။
လူကိုရွေးချယ်ရသောကိစ္စ၊ လူကိုမကြည့်ပါနဲ့ ပြောသဖြင့် မကြည့်ဘဲ မဲပေးခဲ့ခြင်းက ဘာအကျိုး ရသလဲ။
မှန်းချက်နှင့် နှမ်းထွက်ကိုက်ပါ၏လား။
ခုတ်ရာတလွဲ ရှရာတခြားဖြစ်နေပြီလား။
ပြောင်းလဲအောင်ဘာများလုပ်ပေးနိုင်သနည်း။
အပြောနှင့်အလုပ်ညီပါ၏လော။
ရှည်ရှည်ဝေးဝေးဆက်မမှားမိအောင် စဉ်းစား ကြရမည့်အချိန်ကား ရောက်ရှိလာပြီမဟုတ်လား။
(၂)
အနာသိ ဆေးရှိ၏၊ အနာမသိ ဆေးမရှိချေ။
ဆေးဝါးကုသမှုဆိုင်ရာ ဝေါဟာရနှစ်ခုကို တင်ပြပါရစေ။diagnosis(n)  ရောဂါအမျိုးအမည် ကို ဖော်ထုတ်ခြင်း။ အတိတ်နှင့်သက်ဆိုင်ပါ၏။Progronosis (n)  ရှေ့ဆက်ဘာဖြစ်လာမည်၊ ဆေးပညာအရရောဂါအခြေအနေကို အပြင်းဖမ်း လား၊ နာတာရှည်လား၊ စိုးရိမ်ဖွယ်ရာရှိသလား၊ သေစေနိုင်သည့်အလားအလာလား တွက်ဆသုံး သပ်ခန့်မှန်းချိန်ဆခြင်း။ အနာဂတ်နှင့်သက်ဆိုင်ပါ သည်။ နောင်အလားအလာ။
ရောဂါအမျိုးအမည် မှန်ကန်စွာဖော်ထုတ် တတ်ရမည်။
ရောဂါ၏ရှေ့ဆက်ဖြစ်ပေါ်လာမည့်အလား အလာကိုလည်း မှန်ကန်စွာခန့်မှန်းချိန်ဆဆုံးဖြတ် တတ်ရပါမည်။
အတွေ့အကြုံလည်းလိုသည်။ သင်ယူတတ် မြောက်မှုလည်းလိုသည်။ အလေ့အကျင့်နှင့် ကျွမ်း ကျင်မှုလည်းလိုသည်။ ပင်ကိုÓဏ်ထက်မြက် သိမြင်နိုင်စွမ်းလည်းလိုသည်။ ဓမ္မဓိဋ္ဌာန်ကျသော သတင်းအချက်အလက်အမှန်များ တိတိကျကျ ပြည့်ပြည့်စုံစုံ ရရှိရန်လည်း လိုသည်။ သတင်း အချက်အလက်ကို ကောက်ချက်စွဲရာ၌ စိတ်ကူး ရရာ စိတ်ထင်ရာမလုပ်ဘဲ ချင့်ချင့်ချိန်ချိန်ဆုံးဖြတ် တတ်ရပါလိမ့်မည်။
လျှော့မတွက်ရ၊ သာလွန်အထင်မကြီးရ၊ မလွဲ မချော်စေရ။ နိုင်ငံရေးဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူများသည် ဆရာဝန်၊ သမား၊ ပါရဂူများ သဖွယ် သေမည့်လူနာကို ရှင်သန်ကျန်းမာအောင် ကယ်နိုင်ရမည်။
(၃)
အတိတ်ကလုပ်ဆောင်ချက် ကံအရာကိုပြန် လည်ပြုပြင်၍မရ။ အတိတ်သည်လွန်ခဲ့ပြီ။ ပြီးခဲ့ ပြီ။
သို့သော်အနာဂတ်အတွက်မူ မှန်ကန်အောင်၊ ကောင်းမွန်အောင် သင်ခန်းစာယူ၍ ဆောင်ရွက် ချက်ကံကိုပြုပြင်နိုင်ခွင့် လူတိုင်းမှာရှိပေသည်။
ထိုနည်းတူစွာ အတိတ်ကÓဏ်ကို အသစ် တစ်ဖန်ပြုပြင်အစားထိုးနိုင်စွမ်းမရှိသော်လည်း အနာဂတ်အတွက် Óဏ်အရာသုံးသပ်ရှုမြင် ဆင်ခြင်နိုင်စွမ်းကိုကား ဤဆောင်းပါးမျိုးဖတ် မိခြင်းဖြင့် Óဏ်အလင်းရစေနိုင်မည်။ Óဏ် အမြင်သစ်ကို ဖန်တီးရယူနိုင်လိမ့်မည်။
ဤသို့ဖန်တီးရာတွင် အဓိကသော့ချက်ကား ပစ္စုပ္ပန်ကာလနှင့် ကျွန်ုပ်တို့၏ ဝီရိယပင်ဖြစ်လေ သည်။ ဝီရိယဟူသောကြိုးစားအားထုတ်မှုစွမ်း အားသည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟူသော ကာလသုံးပါးအနက်လက်ရှိ ပစ္စုပ္ပန်ကာလနှင့်သာ တိုက်ရိုက်သက်ဆိုင်သောအရာပေတည်း။
ဝီရိယကို အသုံးချလျက်နှမ်းထွက်အောင် ထွန်ယက်ရမည်၊ ပျိုးကြဲရမည်။ ပေါင်းသင်ရ မည်။ မြေဆီသြဇာကျွေးရမည်။ အမြင်မှန်ရှိရ ပါမည်။
မိုးမရွာလို့ မိုးကိုအပြစ်တင်၍မရ။ အချို့က ပြင်ပကိုသာ သဲသဲမဲမဲအပြစ်ရှာလက်ညှိုးထိုးကာ ရေးသားပြောဆိုနေတတ်၏။ အကျိုးမရှိ။
မိုးများလွန်း၍ စိတ်မလျှော့နှင့်။ မိမိမတတ် နိုင်။ တတ်နိုင်သည်ကိုသာအကောင်းဆုံးကိုယ် ကိုယ်တိုင်က ဝီရိယစိုက်ကာ ကြိုးစားအလုပ်လုပ် ရမည်။
ကဲ... မိုးကိုဆဲလို့ဘာများအကျိုးထူးမှာလဲ။
အမှန်တော့ အမုန်းနှင့်ဒေါသက မိမိကိုယ်ကို သာပူလောင်ဆင်းရဲအောင် လောင်မြိုက်ရုံပါပဲ။ ပြီးခဲ့ပြီးသားအတိတ်ကို အထအနကောက်ကာ အပြစ်ရှာပြောဆိုနေရင်း တစ်နှစ်တာကုန်သွားပြီ။ ဘာမျှထိထိရောက်ရောက် မပြောင်းလဲနိုင်ခြင်း မဟုတ်လား။
မုန်းတီးခြင်း၊ရန်ညှိုးဖွဲ့ခြင်းများက နှလုံးသား ကိုမာကျောအေးစက်စေပါ၏။ မျက်နှာကိုတင်းမာ ပူလောင်စေ၏။ တိုးတက်မှုကိုပိတ်ပင်၏။ အောင်မြင်မှုကိုတားဆီး၏။ ပြောင်းလဲအောင် မလုပ်ဆောင်နိုင်။
မေတ္တာတရားနှင့် ခွင့်လွှတ်ခြင်း၊ သည်းခံနိုင် ခြင်း၊ စာနာထောက်ထားခြင်း၊ သဘောထားကြီး ခြင်း၊ ရင့်ကျက်ခြင်းတို့ကိုသာ အဖော်ပြုတတ်ရ မည်။ နွေးထွေးသောနှလုံးသားဖြင့်သာလျှင် လူအများကို မိမိနှင့်ပူးပေါင်းပါဝင်အောင် ဆွဲ ဆောင်နိုင်ပေသည်။ ပျော်ရွှင်မှုအရသာများသည် စုပေါင်းညီညာခြင်း၊ ညီညွတ်ခြင်း၊ သူတစ်ပါးကို ကူညီအားပေးခြင်း၊ လူအများထု၏ အရေးကို ဦးစားပေးတတ်ခြင်းတို့မှ ရနိုင်ပါ၏။
နှလုံးသားဖြူစင်ပြီး မခွဲမခြားသောအကြီး အကဲမျိုးကိုသာ ကြည်ညိုနှစ်လိုကြပေသည်။ ခေါင်းဆောင်ကောင်းဖြစ်မည့်သူသည် သဘော ထားကြီးရသည်။ အဝေးမြင်ကွင်းကို မြော်မြင် နိုင်စွမ်းရှိပြီး ရွေးချယ်ဆုံးဖြတ်ချက်မှန်ကန်ရပါ မည်။
(၄)
ရွေးကောက်ပွဲနိုင်ပြီး အစိုးရသစ်တက်လာခဲ့ သည်မှာ ဧပြီလ ၁ရက်မှအောက်တိုဘာလကုန် အထိ ခုနစ်လတိတိရှိခဲ့ပါပြီ။ ရက် ၁ဝဝစီမံချက် ဖြင့်ဆောင်ရွက်ခဲ့ပြီး ရက်ပေါင်း ၂ဝဝရှိလာပေ ပြီ။
အစိုးရလုပ်ငန်းစဉ်များအပေါ် ပြည်သူများ နားလည်သိရှိမှုကို ကလေးမြို့နယ်အတွင်းရပ် ကွက်နှင့်ကျေးရွာများသို့ ကွင်းဆင်းကာနေရာ ၆၆ နေရာရှိ လူဦးရေ ၃၆ဝကိုမေးမြန်း၍စစ်တမ်း ကောက်ယူကြည့်ခဲ့သည်ဆို၏။
သည်ဗွိုက်စ်သတင်းစာမှာ ဖော်ပြချက်အရ အောက်ပါအတိုင်းတွေ့ရှိရသည်ဆို၏။
 ၁။ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး၏ တာဝန်နှင့်ဝတ္တရားများကိုမသိရှိကြောင်း ဖြေဆိုကြသူ ၃၄ ရာခိုင်နှုန်း၊
 ၂။ ဌာနဆိုင်ရာများနှင့် ဆက်သွယ်ဆောင် ရွက်ရာတွင် နှောင့်နှေးကြန့်ကြာသည် ဟု ဖြေဆိုသူ ၃၁ ရာခိုင်နှုန်း၊
 ၃။ အခွန်ဆောင်ခြင်း၏ အကျိုးကျေးဇူးကို မသိရှိသူ ၄၆ရာခိုင်နှုန်း၊
 ၄။ လွှတ်တော်ကိုယ်စားလှယ်များကို တစ် ကြိမ်မျှ မတွေ့ဖူးကြောင်းဖြေဆိုကြသူ ၄၉ရာခိုင်နှုန်း၊
 ၅။ တရားစီရင်မှုများတွင် မျှတစွာဆုံးဖြတ်  လုပ်ကိုင်လေ့မရှိဟုဖြေဆိုသူ ရာခိုင် နှုန်း ၄ဝ
 အစရှိသည်တို့ဖြစ်ကြပါသည်။ ကြည့်ပါ။
လက်ရှိအစိုးရအပေါ် ကောင်းသည်ဟုလည်း မပြောလို၊ ဆိုးသည်ဟုလည်းမဆိုလို။ အစိုးရ သစ်၊ အာဏာရပါတီအသစ်တွင်ကြီးမားသော ပြောင်းလဲမှုများဖြင့် ပြောင်းလဲမည်လားဟု မိုး အထိမြင့်မားသည့်မျှော်လင့်ချက်များသည်ပြော တော့မိုး၊ ထိုးတော့မြေကြီးဆိုသည့်အခြေအနေ အထိဆိုက်ရောက်နေပြီလောမသိ။
ပကတိအခြေအနေမှန်ကိုကား ပြည်သူထဲက ပြည်သူများသာအသိဆုံးဖြစ်ကြပါ၏။ ပြည်သူ အများ၏ဆန္ဒသဘောထားနှင့်ကင်းလွတ်ဝေးကွာ သွားပါက ဒီမိုကရက်တစ်ပါတီသမ္မတလောင်း မစ္စစ်ဟီလာရီကလင်တန်ကဲ့သို့နိုင်မည်နိုင်လိမ့် မည်သေချာပေါက်ခန့်မှန်းသုံးသပ်ချက်ပေါင်းများ စွာကြားမှ ထင်မှတ်မထားဘဲ ရီပတ်ဗလီကင်   ပါတီသမ္မတလောင်း ဒေါ်နယ်ထရန့်ကအနိုင်ရရန် လိုအပ်သော ကိုယ်စားလှယ်မဲ ၂၇ဝကိုကျော်လွန် ကာ စုစုပေါင်း ၂၉ဝမဲဖြင့်အပြတ်အသတ်အောင် နိုင်သွားခဲ့သော သာဓကကိုပူပူနွေးနွေးကြည့်မြင် နိုင်ပါ၏။
ဟီလာရီကလင်တန်သည် လက်ရှိအမေရိ ကန်ပြည်ထောင်စုအတွင်းဖြစ်ပွားနေသည့် လုပ်ခ လစာနည်းပါးနေမှုများ၊ အလုပ်အကိုင်လုံခြုံမှု မရှိခြင်းများ၊ အနာဂတ်အတွက်စိုးရိမ်ပူပန်နေမှု များ၊ နိုင်ငံရေးရေစီးကြောင်း၊ ခေတ်မီ မီဒီယာရေ စီးကြောင်းနှင့် စီးပွားရေးရေစီးကြောင်းတို့အပေါ် ယုံကြည်မှုကင်းမဲ့နေခြင်းများကို လျစ်လျူရှု ခဲ့သည့်အတွက် သာမန်ပြည်သူအများထုနှင့်ကင်း ကွာသောကြောင့် ဤရွေးကောက်ပွဲ၌အရှုံးကြီး ရှုံးနိမ့်ခဲ့ရခြင်းဖြစ်၏။
ပြည်သူ၏လက်တွေ့ဘဝနှင့်ကင်းကွာလာလျှင်  ဖြစ်လာမည့်အလားအလာကို သင်ခန်းစာအဖြစ် မြင်နိုင်ကြပါသည်။
(၅)
မှန်းချက်နှင့် နှမ်းထွက်အခြေအနေမည်သို့   ရှိနေသည်ကို စာရေးသူတစ်စုံတစ်ရာမရေးသားလို ပေ။ နိုင်ငံရေးကို မဝေဖန်တတ်ပါ။ စာရေး ကောင်းသောသူ ယုံကြည်ရာကို ရဲရဲဝံ့ဝံ့ ရေးလေ့ရှိ သော စာရေးဆရာလေသူရဲတစ်ဦး အမည်ရင်း ဦးလှဝင်း၏ နိုဝင်ဘာ ၁၄ သည်ဗွိုက်စ်ဂျာနယ် ပါ ဆောင်းပါးမှအချက်အချို့ကိုသာ ကောက်နုတ် ဖော်ပြပါရစေ။(ဗိုလ်မှူးလှဝင်း(လေ)အား အနူး အညွတ်ဤနေရာမှ ခွင့်ပန်အပ်ပါသည်။ ကူးယူ တင်ပြခွင့်ပြုပါ။)
 ၁။ ကျွန်တော်မြှောက်ပြောတာမဟုတ်ပါဘူး။သမ္မတဦးသိန်းစိန်ခေတ်က ဝန်ကြီးတွေ က ဒီနေ့ြီူ အစိုးရဝန်ကြီးတွေထက် ပိုပြီး ပြောရဲဆိုရဲကြပါတယ်။
 ဝန်ကြီးတိုင်းလို့ ကျွန်တော်မပြောပါဘူး။
 ဝန်ကြီး သုံးပုံတစ်ပုံလောက်ကတော့ ဟုတ်တာမဟုတ်တာ အပထား။ စာနယ် ဇင်းသမားတွေ မေးတဲ့အခါမှာရော၊ အဲ.. ပြည်သူတွေနဲ့တွေ့တဲ့အခါမှာ ဆွေးနွေးတဲ့ အခါမှာရော သူတို့ရင်ထဲမှာ ရှိတာတွေကို ဒီနေ့ထက်ပိုပြီးပြောရဲဆိုရဲရှိခဲ့ကြပါတယ်။

 ၂။ြီူ ပါတီကလည်း လျှို့ဝှက်ရတဲ့ အလုပ်ကို အလွန်ကြိုက်တဲ့ပါတီခင်ဗျာ။
 သတင်းဆိုတာကလည်း စာနယ်ဇင်းတွေ ရဲ့ ဝိညာဉ်။
 စာနယ်ဇင်းတွေရဲ့ အောင်မြင်မှုဆိုတာက  သတင်းဦးရနိုင်မှုအပေါ် အဓိကမူတည် နေပါတယ်။
 မိမိက သတင်းဦးတွေကို ဖော်ပြနိုင်လေ  ပြည်သူကမိမိသတင်းစာ၊ မိမိဂျာနယ် တွေကို ကြိုက်ကြလေ။ ဝယ်ဖတ်ကြလေ ပေါ့ခင်ဗျာ။
 ဒီသတင်းဦးတွေကို တူးဆွဖော်ထုတ်ယူ ပေးနိုင်စွမ်းမရှိခဲ့ရင် မိမိတို့ရဲ့သတင်းစာ နဲ့ ဂျာနယ်တွေကို ဘယ်သူက ဝယ်ဖတ် တော့မှာလဲ။
  စာနယ်ဇင်းတွေ ဘယ်လိုဆက်ရပ်တည် တော့မှာလဲ။
 စာနယ်ဇင်းတွေ ဆက်မရပ်တည်နိုင်လို့ မိမိတို့မရှိခဲ့ရင် ဒီတိုင်းပြည်က ဘယ်လို တိုင်းပြည်ဖြစ်သွားခဲ့ပြီလဲ။
 အစိုးရအတွက်လည်း မကောင်းပါဘူး။ လူထုအတွက်လည်း မကောင်းပါဘူး။
 သိပ်လျှို့ဝှက်အားကြီးတဲ့ လျှို့ဝှက်ချက် မဟုတ်တော့ပါဘူး။ ကြောင်ကွက်ဖြစ် သွားနိုင်ပါတယ်။

 ၃။ ခုတော့ နိုင်ငံမှာ ဒီနေ့အကျိုးဆက်အဖြစ်  ဘာတွေဖြစ်လာပါသလဲ။
 ဒီနေ့ ပြည်ထောင်စုအစိုးရအဖွဲ့က ဝန်ကြီး တွေဘာလုပ်နေကြသလဲ။
 တိုင်းနဲ့ပြည်နယ်က ဝန်ကြီးချုပ်တွေ ဘာ လုပ်နေကြသလဲ။
  အဲ... နောက်ဆုံးနိုင်ငံတော်သမ္မတကြီး ဘာလုပ်နေသလဲ။
 သာမန်ပြည်သူတွေကိုတော့  ထားလိုက် ပါတော့။ ကျွန်တော်တို့စာနယ်ဇင်းသမား တွေတောင် ဘာမှမသိကြပါဘူး။
 ဒေါ်အောင်ဆန်းစုကြည်သတင်းပဲ ကျွန် တော်တို့ ကြားကြသိကြရပါတယ်။
 ဒီနေ့ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေ တကယ် ကြိုးစားပမ်းစား အလုပ်လုပ်နေကြပါသ လား။ လာမယ့် ခြောက်လ သို့မဟုတ် တစ်နှစ်အတွင်း ဘယ်အလုပ်တွေကို ပြီး မြောက်အောင်လုပ်မယ်လို့ ဆုံးဖြတ်ထား ပါသလဲ။ ကြေညာထားပါသလဲ။
 ပါတီဟာ အတိုက်အခံဘဝက ပြည်သူနဲ့အလွန်နီးကပ်အောင်နေခဲ့တဲ့ပါတီ ပါ။ ဒီနေ့အစိုးရဘဝရောက်မှ ဘာကြောင့် ဝေး၍ဝေး၍ သွားနေပါသလဲ။
 ဒီနေ့ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေဟာ တကယ်အရည် အချင်းပြည့်မီသူတွေ ဟုတ်မဟုတ်။
 နေ့စဉ်သူတို့ရဲ့လုပ်ဆောင်မှုသတင်းတွေ ကို  မရရှိဘဲ အဘယ်သို့ မှတ်ကျောက် တင်ကြမှာလဲ။
ဤဆောင်းပါးမှာ စာရေးသူက အဖြေမထုတ် တတ်ပါ။ခေါင်းသွားရာ အမြီးမပါသလိုပါဘဲဟု ဆရာဦးလှဝင်း(လေသူရဲတစ်ဦး) ရေးပုံထောက် တော့ မှန်းချက်နှင့်နှမ်းထွက်သည် ခါးပြတ်နေ သည်ဟု ဆိုလေသလားမသိပါ။ စာဖတ်သူများ စဉ်းစားသုံးသပ်ကြည့်ကြပါကုန်။

Copy; uniondaily.net