နောက်ဆုံး တင်သမျှ

Tuesday, 8 November 2016

လူအများပြောလေ့ရှိသည့် အပြုအမူအချို့ကြောင့် မျက်စိအန္တရာယ်ပိုမိုဖြစ်နိုင်


လူအများအပြားပြောလေ့ရှိသည့် အလေ့အထ ဟောင်းအချို့မှာ မျက်စိအတွက် အန္တရာယ်ပိုမိုဖြစ်နိုင် ကြောင်း သိရသည်။ အချို့မှာ ပုံမှန်ဆိုသလိုရေဖြင့် ဆေးတတ်ကြပြီး အချို့လူများမှာရေတစ်ခွက်ထဲ မျက်စိကိုဖွင့်လိုက်၊ ပိတ်လိုက်လုပ်၍ ဆေးကြော လေ့ရှိကြခြင်းမှာ မျက်စိအတွက် အကျိုးရှိသော အပြုအမူများ မဟုတ်ကြောင်း မျက်စိအထူးကု ဆရာဝန်ဒေါက်တာသီတာအောင်က ပြောသည်။
''မျက်စိကစိုစွတ်ပြီးသန့်စင်တဲ့လက်နဲ့ သန့်စင် လိုက်ရုံနဲ့ လုံလောက်တယ်''ဟု ၄င်းကပြောသည်။
မျက်စိနီနေခြင်းနှင့် မျက်စိများမှ အရည်နှင့် အညစ်အကြေးများသိသိသာသာထွက်နေပါက ရေ နွေးဖြင့်ဆေးကြောပေးရန် လိုအပ်သည်။ အလွယ် တကူဝယ်ယူရရှိနိုင်သော မျက်စဉ်းခတ်ဆေးများ အသုံးပြုခြင်းမှာလူအများ ပြုလုပ်လေ့ရှိသောအမှား တစ်ခုဖြစ်ပြီး မျက်စိဆရာဝန်၏ ညွှန်ကြားချက်ဖြင့် သာယင်းမျက်စဉ်းခတ်ဆေးများကို အသုံးပြုသင့် ကြောင်း ၄င်းကဆိုသည်။
မျက်စိထဲသို့ တစ်စုံတစ်ခုဝင်သွားပါက လက် ဖြင့်ပွတ်ခြင်းအား ရှောင်ကြဉ်၍ ရေဖြင့်ညင်သာစွာ နှစ်ကြိမ် သုံးကြိမ်ခန့်ဆေးပြီး မသက်သာပါက မျက်စိဆရာဝန်နှင့်ပြသင့်ကြောင်း ယင်းကအကြံ ပြုထားသည်။
ကွန်ပျူတာမျက်နှာပြင်ကဲ့သို့ ဖန်သားပြင်များနှင့် ထိတွေ့မှုရှည်ကြာခြင်း၊ အာဟာရမပြည့်ဝသော အစားအသောက်များနှင့်အတွင်း အပြင် လေထုညစ် ညမ်းခြင်းများသည် အမြင်အာရုံပြဿနာများဖြစ် ပေါ်လာစေသောအကြောင်း အချို့ဖြစ်ကြောင်း သိရသည်။
''အခုခေတ်က မျက်စိနဲ့ ဖုန်းကိုမခွာကြဘူး။ အဲ့ဒီလိုအကြောင်းတွေက မျက်စိအမြင်အာရုံနဲ့ ပတ် သက်တဲ့ပြဿနာတွေဖြစ်လာနိုင်တယ်'' ဟု မျက်စိ အထူးကုဆရာဝန်တစ်ဦးက ပြောသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ျွှံWHO) ၏ စာရင်းများ အရကမ္ဘာတစ်ဝန်း လူပေါင်း ၂၈၅ သန်းခန့်သည် အမြင်အာရုံချို့တဲ့ခြင်းနှင့် မျက်စိကွယ်ခြင်းတို့ ခံစား နေရကြောင်းသိရသည်။ ၄င်းတို့အနက် ၃၉ သန်း သည်မျက်စိကွယ်နေပြီး၂၄၆သန်းမှာအလယ်အလတ် သို့မဟုတ် ပြင်းထန်သောအမြင်အာရုံ ချို့တဲ့မှုနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။