နောက်ဆုံး တင်သမျှ
Friday, 11 November 2016
Trump Force One သို့မဟုတ် ဒေါ်နယ်ထရမ့်ရဲ့ ကိုယ်ပိုင်လေယာဉ်
ဧရာဝတီ
ရွေးကောက်ပွဲ အနိုင်ရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ လက်ရှိသမ္မတ အိုဘားမားနဲ့ အာဏာလွှဲပြောင်းရေး ဆွေးနွေးဖို့ ဝါရှင်တန်ကို ကိုယ်ပိုင်လေယာဉ်နဲ့ ခရီးထွက်ခဲ့ပါတယ်။ သူဌေးဒေါ်နယ်ထရမ့်ဟာ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာလည်း ဒီလေယာဉ်နဲ့ အမေရိကန်တလွှား ကူးလူးပျံသန်းခဲ့ပါတယ်။ လေယာဉ်ထဲမှာ ကိုယ်ပိုင် အိပ်ခန်း၊ ရွှေရောင် မျက်နှာသစ်ခွက်၊ ရုပ်ရှင်ရုံအငယ်စားနဲ့ ဧည့်ခန်း၊ ခေတ်မီတက်ခနိုလိုဂျီ တက်ထားတဲ့ လူ ၄၃ စီး ထိုင်ခုံတွေ ပါဝင်ပါတယ်။ Trump Force One လို့ ခေါ်ကြတဲ့ လေယာဉ်ရဲ့ အင်ဂျင်တွေကို ရိုးလ်ရွိုက်ကုမ္ပဏီက လုပ်ထားပေးပြီး ထိုင်ခုံခါးပတ်တွေကလည်း ရွှေ ၂၄ ကာရတ်နဲ့ လုပ်ထားတယ်လို့ ဆိုတယ်။









