ပြည်သူကြားကပြောစကားသူတို့သူတို့...အလွဲများ
=================================
ကွီးတစ်ယောက် အရာရောက်တဲ့နေရာ ရောက်ပြီးချိန်မှာ မီဒီယာတွေကိုပြောခဲ့တာ လေး အမှတ်ရစေဖို့ ထပ်ပြောပါရစေ။ ''ကျွန်တော်တို့ရန်ကုန်တိုင်းဟာ အခက်အခဲ တွေ၊ စိန်ခေါ်မှုတွေ အများကြီးရှိတဲ့နေရာ တစ်ခုဖြစ်ပါတယ်။ ကားကျပ်တဲ့ပြဿနာ တွေ၊ မိုးများများရွာရင် ရေကြီးတဲ့ပြဿနာ တွေ၊ အလုပ်လက်မဲ့ပြဿနာတွေ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေမှာ ကြုံတွေ့နေရတဲ့အခက် အခဲတွေ အများကြီးရှိပါတယ်။ဒီအခြေအနေ တွေအားလုံးကို တတ်စွမ်းသရွေ့ဖြေရှင်းသွား ပါမယ်။ ကျွန်တော်တို့ရဲ့ပြုပြင်ပြောင်းလဲ ရေးဟာ အဂတိလိုက်စားမှုကင်းတဲ့၊ ပြည်သူ တွေရဲ့ လိုအပ်ချက်ကို အမှန်တကယ် အကောင်အထည်ဖော်ပေးနိုင်မယ့်၊ ပြည်သူ လိုလားတဲ့ အစိုးရတစ်ရပ်ဖြစ်အောင် ကြိုး ပမ်းသွားမှာဖြစ်ပါတယ်''လို့ ပြောသွားခဲ့ပါ တယ်။
ပြဿနာတွေကိုဖြေရှင်းသွားမယ်ဆိုတာ ရယ်၊အဂတိလိုက်စားမှုကင်းကင်းနဲ့ပြည်သူ့ လိုအပ်ချက်တွေကို အမှန်တကယ်အကောင် အထည်ဖော်မယ်ဆိုတာရယ်၊အဓိကနှစ်ချက် ပြောသွားတာပါ။ လက်ရှိအချိန် ကွီးတို့တစ် တွေ သက်တမ်းအားဖြင့် လေးလကျော် လာခဲ့တဲ့အထိ ကွီးပြောသွားတဲ့ ရန်ကုန်မြို့ ရဲ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်ခြင်း မရှိ သေးပါဘူး။ ပြဿနာတွေကို မဖြေရှင်းနိုင် တဲ့အပြင် ကိုင်လိုက်မှပိုကြီးဆိုသလို နဂိုရှိ တဲ့အနေအထားထက် ပြဿနာတွေပိုကြီး လာတာ၊ မဆိုင်တဲ့နေရာတွေမှာပါ ပြဿနာ သွားဖြစ်တာတွေ၊ တွေ့ရ၊ မြင်ရ၊ ကြားရ တော့ တိုက်ရိုက်ခံစားရတဲ့ပြည်သူတွေက ပြောပြီပေါ့။ လူမှုကွန်ရက်တွေပေါ်မှာ စုံနေ တာပဲ။ အားတော့နာပါရဲ့။ သို့ပေမဲ့ အမှန် တရားဆိုတော့ လက်ခံရမှာပေါ့နော်။မဟုတ် ဘူးလား။
ဒီကနေ့ မြို့တော်ရန်ကုန်လမ်းတွေပေါ် မှာ ကားတွေကကျပ်မြဲ၊ မိုးရွာရင် ရေတွေက ကြီးမြဲ၊ အလုပ်လက်မဲ့ဦးရေကလည်း ကြီး ထွားမြဲ ကြီးထွားလျက်ပါ။ကွီးပြောတဲ့ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု ဆိုတာကလည်း လောက် လောက်လားလားဝင်လာတာ မတွေ့ရသေး ပါဘူး။ လေထဲအရုပ်ရေးပြသလို ဖြစ်နေ တော့တယ်။ လျှပ်စစ်မီးတွေကလည်း ပျက် ကောင်းဆဲ၊ ကုန်ဈေးနှုန်းကလည်း တက် ကောင်းဆဲ၊ လိုအပ်ချက်တွေများလာနေတဲ့ မြို့ရန်ကုန်လူထု ပင်ပန်းခြင်းကြီးစွာရုန်းကန် နေရသူတွေရဲ့ဘဝတွေ ပိုပြီးတော့ကျပ်တည်း လို့လာတာတွေ တွေ့မြင်နေရတယ်။
ဒီလောက်အချိန်လေးနဲ့ ဒီပြဿနာတွေ ကိုဖြေရှင်းဖို့ဆိုတာ တကယ်တော့မလွယ် ကူတဲ့အလုပ်ပါ။ ဒီကြားထဲ ကွီးရဲ့လုပ် ဆောင်မှုအလွဲတွေက ပိုလို့မလွယ်ကူအောင် ဖြစ်ခဲ့ရတယ်ဆိုတာ အထူးပြောဖို့တောင် မလိုတော့ပါဘူး။ ပြည်သူများအသိပါပဲ။
ဒီနှစ်မတ်လ ကွီးတို့တွေ ဇာတ်လမ်းစ တဲ့အချိန်မှာ လူတကာကြိုက်တဲ့ဝက်သား ဈေးက ကျပ် ၈ဝဝဝ အောက်သာရှိခဲ့ပေမယ့် ခုချိန်မှာ ကျပ် ၁ဝဝဝဝ ကျော်ကနေ ဆင်း ကိုမဆင်းတော့။ အမဲသား၊ ငါးဈေးတွေ ဆိုရင်လဲ တစ်ပိဿာကို ၂ဝဝဝ ကျော်၊ တစ်ခါတစ်ရံ ၄ဝဝဝ ကျော်လောက် ဈေး မြောက်နေတာ တွေ့ရပါတယ်။ ကြက်ဥတစ် လုံးကို နဂိုက ၁ဝဝ လောက်ရှိရာက ခုဆို ကျပ် ၁၅ဝ တောင် ကျော်ချင်သေး။ အခြေခံ လက်လုပ်လက်စားလူတန်းစားတွေ စား နေရတဲ့ကန်စွန်းရွက်ဆိုရင် တစ်စည်းကျပ် ၃၅ဝ အထိ ဈေးတက်နေတာတွေဟာ ကွီး ပြောခဲ့သလို တတ်စွမ်းသရွေ့ဖြေရှင်းနေတာ ပါဆိုရင်ဖြင့်...။
Writer,စံဦးမောင်
Source ;uniondailyမူရင်း Link