သူ့အတွေး သူ့အမြင်
USDP က ဘာလို့ သိသိသာသာ အတိုက်အခံမလုပ်သလည်းဆိုတာကို တွေးမိတယ်ဗျ။
၁။ အငြိမ်းစားသမ္မတ ဦးသိန်းစိန်ရဲ့ မူရင်းစိတ်ခံကြောင့် တက်ခါစအစိုးရသစ်အပေါ် ဖိအားမများစေချင်တဲ့ စေတနာနဲ့ ထိမ်းထိမ်းသိမ်းသိမ်းနေနေတယ်လို့ စဉ်းစားစရာဖြစ်နေတယ်။
၂။ ကျန်စစ်သားက စောလူးမင်းကို ငရမန်ကန်းလက်က ပြန်လုပြီးကယ်တော့ စောလူးမင်းက ငါ့ကိုမင်းကျန်စစ် ခိုးနေပါတယ် အမြန်ကယ်ပါလော့လို့ ထပြီးဖျင်ယားတာနဲ့ မင်းကျန်စစ်လည်း ခွေးသေ ဝက်သေ သေပေရော့ဆိုပြီး ပုခုန်းပေါ်ထမ်းထားရာကနေပြစ်ချပြီး ဥပက္ခော ပြုခဲ့သလို ဖြစ်ချင်ရာဖြစ် ပြစ်ထားလေရော့သလား စဉ်းစားစရာဖြစ်နေတယ်။
၃။ အတိုက်အခံလုပ်စရာမလိုအောင် NLD ကို ပြည်သူတွေက မစွံမှန်းသိချိန်အထိ ဒူးနှံ့စောင့်ကြည့်နေတယ်လို့ စဉ်းစားစရာဖြစ်နေတယ်။
အချက် ၁ နဲ့ ၂ ကတော့ ထားပါတော့ ၃ အချက်ကို အကျယ်ချဲ့စဉ်းစားမိတာက ဒီလိုဗျ……
အီလက်ရှင်မှာ ပြည်သူ ၁၂ သန်းပေးတဲ့ မဲနဲ့ NLD ပါတီ အနိုင်ရလာတယ်။ အစိုးရဖွဲ့တော့ ကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲ လက်သင့်ရာ အချိန်မှီ ဖွဲ့လိုက်တယ်။ ကိုယ်စားလှယ်တွေ ဝန်ကြီးဖြစ်ချင်တဲ့စိတ်ကို ဒေါ်စုက ဖြတ်ချိုးပြစ်လိုက်ပြီး ဒေါ်စုနဲ့ အဆင်ပြေဆုံးပုဂ္ဂိုလ်တွေကို ပွဲထုတ်လိုက်တယ်။ ပြင်ဆင်ဖို့အချိန်များစွာရပါရက်ကယ်နဲ့ မပြင်ဆင်ဘဲ လက်သင့်ရာစနစ်ကိုကျင့်သုံးလိုက်တော့ နှစ်ပေါင်းများစွာ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်သူတွေပါဆိုတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဝန်ကြီးအိမ်မက်ပျက်ပြယ်ခဲ့ရတယ်။
မဲပေးသူအများစုက အခြေခံပြည်သူလူထုဖြစ်တဲ့အပြင် ကိုယ်စားလှယ်တွေရဲ့အရည်အချင်းကို သေချာစီစစ်နိုင်ခြင်းမရှိဘဲပါတီစွဲသက်သက်နဲ့ မဲပေးခဲ့လေတော့ မသာလည်းနိုင် မူလတန်းအဆင့်လည်း နိုင် ဆိုတာတွေဖြစ်လာတယ်။ ပါတီအောင်မြင်မှုရတာမှန်ပေမယ့် တိုင်းပြည်အတွက်တော့ အတော်လေးနစ်နာခဲ့ရတယ်။ လွှတ်တော်တွင်းနိုင်ငံရေးဟာ ထင်သလောက် မမြိုင်တော့ဘူး။ အဓိကအဖြစ် တပ်မတော်သားကိုယ်စားလှယ်တွေနဲ့သာ ရင်ဆိုင်စရာဖြစ်လာပြီး လူညီလို့ဤကျွဲဇတ်တွေခင်းခဲ့တယ်။
ဆိုက်ကားတွေ ကွမ်းယာတွေနဲ့တိုင်ပတ်နေပြီး လက်တွဲလုပ်ဆောင်ဖို့ အကောင်းဆုံးအင်အားစုတစ်ခုအဖြစ် တည်ရှိနေတဲ့ မဘသ ကိုအခြောက်တိုက် စစ်မျက်နှာဖွင့်လိုက်တော့ တကယ်မတိုက်နိုင်ဘဲ နောက်လန်ကျခဲ့ရပြန်တယ်။ မအောင်မြင်တဲ့ လုပ်ရပ်တိုင်းမှာ ရလာဒ်က အယုံအကြည်ကင်းမဲ့မှု ရေချိန်မြင့်တက်လာတာဘဲဖြစ်ပါတယ်။
NLD ကိုအားပေးခဲ့သူတွေထဲမှာ ပညာတတ်တွေအများကြီးရှိခဲ့ပါတယ်။ ဝန်ကြီးတွေရဲ့ ကူလီကူမာ PhD အတုတွေက ပညာတတ်အသိုင်းအဝိုင်းကို အလွန်စိတ်ပျက်စေတာတော့အမှန်ပါဘဲ။ မပြောဘဲနေရင်သာရှိမယ်။ အောင့်သည်းအောင့်သက်တော့ ဖြစ်စေခဲ့တယ်။
NLD ကိုအားပေးခဲ့သူတွေထဲမှာ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေအများကြီးရှိခဲ့ပါတယ်။ အထပ်မြင့်ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးတွေပါ ပါဝင်ခဲ့တယ်။ ရက်ပေါင်း ၁၀၀ အတွင်း ငွေ ၉ ဘီလီယံကျော် ပလုံသွားအောင် စီမံခန့်ခွဲမှုညံ့ဖျင်းခဲ့လေတော့ လုပ်ငန်းရှင်တိုင်းရဲ့ရင်ထဲမှာ ကိုယ်ကျိုးစီးပွားအတွက် မလုံခြုံတော့ဘူးလို့ စိတ်ခံစားနေရပြီ။
သက်ဆိုင်ရာပြည်နယ် တိုင်းအလိုက် ထင်ထင်ရှားရှားပြရမယ့် တိုးတက်မှုအရှိန်အဟုန်တွေ ဖြစ်မလာဘဲ ငါးပွက်ရာငါးစာချ ဓာတ်ပုံရိုက် ဖေ့စ်ဘုတ်ပေါ်တင်တဲ့အဆင့်လောက်သာ လုပ်ပြနိုင်ခဲ့တယ်။
ဒါတွေကို USDP က စောင့်ကြည့်နေမှာပါ။ သိလည်းသိမှာပါ။
ခက်တာက ပြည်သူတွေဟာ စောလူးမင်း မဟုတ်ဘူးဆိုတာပါဘဲ။ ပြည်သူတွေ ခွေးသေဝက်သေ သေလေရော့ လို့ သဘောမထားသင့်ဘူး။ ဟန်ချက်ညီ နိုင်ငံရေးအားပြိုင်မှုတွေနဲ့ တိုင်းပြည်မျက်နှာကိုကြည့်သင့်ပါပြီ။ အတိုက်အခံဖြစ်လာရင် အတိုက်အခံနဲ့ပီသအောင်နေရပါတော့မယ်။ နိုင်ငံရေးဇတ်ခုံပေါ်တက်လာပြီး ပါဝင်ကရမယ့်အချိန်တန်ပါပြီ။ ဇတ်စင်အောက်ကနေ ကွမ်းလေးစားလိုက် မုန့်လေးစားလိုက်နဲ့ ဒူးနှံ့ပြီး ကျိတ်ဝမ်းသာနေရမယ့်အချိန်မဟုတ်တော့ပါ။
NLD ပုံမလာတာကိုပြည်သူတွေက သိနေပြီဖြစ်သလို USDPမထုံတက်သေး လုပ်နေတာကိုလည်း ပြည်သူတွေက သိနေပါပြီ။
ကျရာနေရာက မြိုင်မြိုင်ကရင်း ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားပြမယ့် ၂၁ ရာစုပင်လုံညီလာခံနဲ့ အရူးတွေဟောင်နေတဲ့ မိုင်ဂျားယန်ကို ကောင်တာပြန်ပစ်ပေးကြပါဦးဗျာ………
တိုင်းပြည်နာလွန်းလို့ပါ
ကိုရင်လူထွက် ငပိချက်