နောက်ဆုံး တင်သမျှ

Wednesday, 3 August 2016

ISIS အဖွဲ့ ၏ ခြိမ်း​ခြောက်​မှု့ စာရင်းတွင်​ မြန်​မာနိုင်​ငံအတိုင်​ပင်​ခံ ပုဂ္ဂိုလ်​ ​ဒေါ်စုကြည်​ နာမည်​ပါဝင်

Myanmar pro-democracy leader Aung San Suu Kyi was the foreign leader named as a target in the two-page letter entitled "IS threat", referring to the group by its other acronym.

စထရိတ်တိုင်းမ် သတင်းစာပါ Malaysian police probe ISIS threat on PM Najib and ministers သတင်းခေါင်းစဉ်နဲ့ သတင်းဖော်ပြချက်  ဖြစ်ပါတယ်။ အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ အိုင်းဆစ်စစ်သွေးကြွတွေဟာ ထိပ်တန်းခေါင်းဆောင်တွေကို ပစ်မှတ်ထားတဲ့ အကြောင်း ဖော်ပြထားတဲ့ စာကို Negri Sembilan ရဲဌာနကို ပေးပို့လာခဲ့တာ ဖြစ်ပါတယ်။

ပစ်မှတ် စာရင်းမှာ မလေးရှားဝန်ကြီးချုပ်နာဂျစ်၊ ဒုဝန်ကြီးချုပ် Ahmad Zaid Hamidi ၊ စာရင်းစစ်ချုပ် Tan Sri Mohamed Apandi Ali နဲ့ Inspector-General of Police ဖြစ်သူ Tan Sri Khalid Abu Bakar တို့ ပါဝင်နေတယ် လို့ ဆိုပါတယ်။ ဒါ့အပြင် မလေးရှား ဝန်ကြီး ၃ ဦးလည်း ပါဝင်နေပါတယ်။ (Datuk Seri Dr Salleh Said Keruak, Datuk Seri Azalina Othman Said and Datuk Seri Tengku Adnan Tengku Mansor as well as deputy minister Nur Juzlan Mohamed.)

"IS threat" လို့ ခေါင်းစဉ်တပ်ထားတဲ့ ဒီခြိမ်းခြောက်စာဟာ စာမျက်နှာ ၂ မျက်နှာ ပါရှိပြီးတော့ အက္ခရာစဉ်ဖော်ပြထားချက် မှာ မြန်မာနိုင်ငံက ဒီမိုကရေစီ ခေါင်းဆောင်လည်း ပါဝင်နေတာ ဖြစ်ပါတယ်။ သူတို့ ပစ်မှတ်ထားတဲ့ ခေါင်းဆောင်တွေရဲ့ ဓါတ်ပုံတွေကိုလည်း တွဲလျက် ပါရှိတယ် လို့ ဆိုပါတယ်။

Negri Sembilan ဒေသမှာ IS ၇၀၀ လောက် ရှိနေပြီလို့ ဖော်ပြထားပေမယ့် ရဲတပ်ဖွဲ့ကတော့ ဒါကို ပယ်ချခဲ့ပါတယ်။ ဒီလို ရေးသားဖော်ပြထားတာဟာ စာပေးပို့သူဟာ မလေးရှားမှာ ISIS သြဇာကြီးလာအောင် ကြိုးစားတာလို့ပဲ ရဲတပ်ဖွဲ့က ယူဆထားပါတယ်။

လက်ရှိအချိန်မှာ မလေးရှားရဲတပ်ဖွဲ့ဟာ စာပို့သူကို ဖမ်းဆီးနိုင်အောင် ရှာဖွေ ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။

 Negri Sembilan ရဲဌာနဟာ လတ်တလောကာလမှာ အလားတူ စာ အနည်းဆုံး ၄ စောင်လောက် လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။

မလေးရှားရဲတပ်ဖွဲ့အနေနဲ့ ဒီစာပေးပို့မှုကို ပေါ့ပေါ့မထားဘဲ ခြိမ်းခြောက်မှု နောက်ကွယ်က လူတွေကို စုံစမ်းဖော်ထုတ်သွားမယ်လို့ Khalid က ဆိုပါတယ်။

ဒီခြိမ်းခြောက်စာထဲမှာ နိုင်ငံခြားရေးဝန်ကြီးအများအပြားကို ရည်ညွှန်း ဖော်ပြထားတာ ဖြစ်တဲ့အတွက် သူတို့ရဲ့ ရည်ရွယ်ချက်ဟာ မသေချာသေးဘူး၊ ဒီလိုခြိမ်းခြောက်မှုတွေကြောင့် ရဲတပ်ဖွဲ့ရဲ့ မိမိတာဝန် မိမိကျေပွန်ဖို့ ဆောင်ရွက်တဲ့ စိတ်ဓါတ်တွေ ကျဆင်းပြီး စိတ်ပျက်သွားမှာ မဟုတ်ဘူး လို့ Khalid က ဆိုပါတယ်။

[Khalid said the police would not take the matter lightly and would investigate the individuals behind the threats.

"The motive is unclear as several foreign leaders were also mentioned in the letters. These threats will not weaken our spirits in carrying out our duties as police personnel," he said.]

Source - http://www.straitstimes.com/asia/se-asia/malaysian-police-probe-isis-threat-on-pm-najib-and-ministers?&utm_source=facebook&utm_medium=social-media&utm_campaign=addtoany

မူရင်းပိုစ်