နောက်ဆုံး တင်သမျှ
Monday, 1 August 2016
အထူးဒေသ ၄ အနေနဲ့ ခွဲမထွက်ရေးမူကို ဆက်လက်ကိုင်ဆွဲထားတယ်။ ၂၁ ရာစုပင်လုံညီလာခံမှာ အားလုံးပါဝင်ရေးမူကိုလက်ခံတယ်"
ရန်ကုန်၊သြဂုတ် ၁
ဒီကနေ့ NRPC မှာ ပြုလုပ်တဲ့ အထူးဒေသ ၄ မိုင်းလား NDAA အဖွဲ့ နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ကြားတွေ့ဆုံမှုဟာ ညနေ ၃ နာရီ လောက်မှာပြီးဆုံးခဲ့ပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲနဲ့ ပတ်သတ်ပြီး ဘာတွေ ဆွေးနွေးဖြစ်ခဲ့တယ်၊
ဘယ်လိုသဘောတူညီချက်တွေရရှိခဲ့တယ်ဆိုတာကို ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးခင်ဇော်ဦးက ပြန်လည်ပြောပြထားပါတယ်။
"'ဒီကနေ့ ဆွေးနွေးပွဲမှာ အထူးဒေသ ၄ က အချက်ငါးချက်ကိုအဓိ
ကဆွေးနွေးခဲ့ပါတယ်။
ပထမတစ်ချက်က အထူးဒေသ ၄ အနေနဲ့
ခွဲမထွက်ရေးမူကို ဆက်လက်ကိုင်ဆွဲထားတယ် ဆိုတဲ့အချက်။
ဒုတိယအချက်က ၂၁ ရာစုပင်လုံညီလာခံမှာ အားလုံးပါဝင်ရေးမူကို
လက်ခံတယ်။
တတိယအချက်က သယံဇာတ ပိုင်းမှာ သယံဇာတတွေကို
နိုင်ငံတော်ကပိုင်တယ်ဆိုတာကို လက်ခံတယ် ဒါပေမဲ့ ဒါတွေကိုခွဲဝေ
သုံးစွဲတဲ့အခါမှာ အားလုံးတန်းတူ အကျိုးခံစားခွင့် ရှိဖို့ ဆိုတဲ့အချက်။
နိုင်ငံတော်ကာကွယ်ရေးတာဝန်ပိုင်းမှာတော့ အားလုံးဟာ တာဝန်
ရှိတယ်ဆိုတဲ့အချက် ကိုသဘောတူတယ်။
လေးအချက်အနေနဲ့
မြေယာမူဝါဒနဲ့ပတ်သတ်ပြီး နိုင်ငံတော်ကချမှတ်ထားတဲ့မြေယာမူဝါဒကို
လက်ခံတယ် လိုက်နာသင့်တယ်ဆိုတာလက်ခံတယ်။
နောက်ဆုံးအချက်
အနေနဲ့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုပိုင်းမှာ လွှတ်လပ်စွာ
ကိုးကွယ်ယုံကြည်ခွင့်ကိုလက်ခံတယ် ဆိုတဲ့အချက်တွေကို သူတို့ဘက်က
အဓိကထားဆွေးနွေးခဲ့တယ်။
ကျွန်တော်တို့ ဘက်က အဓိကဆွေးနွေးခဲ့တာကတော့ မူဘောင်ပြန်လည်
သုံးသပ်တဲ့နေရာမှာ သူတို့ဘက်က ကိုယ်စားလှယ်စေလွှတ်တက်ရောက်စေ
ဖို့ ၊ ပြီးတော့ ညီလာခံတက်ရောက်ဖို့ ကိစ္စ၊ သူတို့ ဘက်ကလည်း
တက်ရောက်နိုင်ဖို့ ကြိုးစားမယ်ဆိုပြီး ပြောခဲ့တယ်။ သူတို့ အဖွဲ့အနေနဲ့ကတော့ NCA မှာ လက်မှတ်ထိုးရေးကိစ္စကို ပြန်တိုင်ပင်ရဦးမယ် ဆိုပြီး ပြောသွားတယ်။
AA MNDAA TNLA နဲ့လည်းကျွန်တော်တို့ ညှိနှိုင်းနေပါတယ်။
သွားရောက်တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။ အချိန်ကိုတော့ အတိ
အကျပြောလို့မရသေးပါဘူး" လို့ ဦးခင်ဇော်ဦးက မီဒီယာတွေကိုပြန်
လည်ရှင်းပြခဲ့ပါတယ်။
ရဲလွင်
Popular News Journal