နောက်ဆုံး တင်သမျှ
Friday, 26 August 2016
NLD အမတ်များ ဘယ်လဲ၊ ဘာလဲ ...........,........
ရွာပေါင်း ၁၀ ရွာရှိ ပြည်သူများကို မလျော်သြဇာသုံး၍ ဖိအားပေးနေသော အာဏာရှင်လက်သစ် NLDအမတ် ၂ ယောက်
၁။ NLD ဦးကျော်သူဟန်ထွန်း
၂။ NLDဒေါ်ခင်မျိုးချစ်
..............................
အာဏာရပါတီ NLDအမတ်{2}ဦးနဲ့ ချပ်သင်း သားငှက်ထိမ်းသိမ်းရေးတို့က ရွှေဘုန်းတော်တိုး ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးလင်းရေး ခွဲရုံကြီးမှ အခမဲ့ မီးရရှိရန် မတရားသော နည်လမ်းဖြင့် ကြိုးစားနေသည်။
မိမိတို့ ရွှေဘုန်းတော်တိုး ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးလင်းရေး ခွဲရုံကြီးကို နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ပထမဂန္ဓာရုံဆရာတော် ဘဒ္ဒန္တ ဇဋိလ {ဒွိပိဋကဓရ} ၏ မတည်လှူဒါန်းမှု၊ ကျေးရွာပေါင်း ၁၀ ရွာမှ တောင်သူလယ်သမားများ၏ မတည်ထည့်ဝင်မှု ရံပုံငွေ စုစုပေါင်း သိန်း ၁၀၀၀၀ကျော်ကုန်ကျခံ၍ ၂၀၁၁ခုနှစ်တွင် အပြီးတည်ဆောက်ဖွင့်လှစ်ခဲ့ပါသည်။
မိမိတို့သည် အစိုးရ၏ ထောက်ပံ့ငွေ လုံးဝ ရရှိခဲ့ခြင်း မရှိပါ။
အစိုးရက ချမှတ်ထားသော စည်းမျဉ်းဥပဒေနဲ့ အညီသာ လျှပ်စစ်ဓာတ်အား သုံးစွဲခြင်း၊ တဆင့် ဖြန့်ဖြူးခြင်းများ ပြုလုပ်ပါသည်။
သို့သော် ယခုအခါ၌ စည်းကမ်းဥပဒေကို နားမလည်သော NLD အမတ် 2ယောက်နှင့် ရွှေဘို ခရိုင် ရဲမှူးတို့က {စစ်ကိုင်း ၀န်ကြီးချုပ်အမိန့် ဟု ပြောဆိုပြီး} ချပ်သင်းသားငှက်ထိမ်းသိမ်းရေးအတွက် ကျသင့်သော ရံပုံငွေ ပေးသွင်းခြင်း မပြူဘဲ လျှပ်စစ်ဓာတ်အားကို အခမဲ့ ရရှိရန် ဖိအားပေးဆောင်ရွက်နေပါသည်။
ပြည့်သူ့ဘက်မှ ရပ်တည်သော
ပြည့်သူ့အကျိုးစီးပွားကို ကာကွယ်ပေးသော အမတ်များအနေဖြင့် ကျပ်သိန်း ၁၀၀၀၀ကျော် ကုန်ကျခံ ၍ တည်ဆောက်ထားသော ရွာပေါင်း ၁၀ရွာမှ ပြည်သူများ၏ အသံကို နားထောင်ပေးစေလိုသည်။
မတရားသော အမိန့်အာဏာဟူသမျှ ဆန့်ကျင်ကြ။
အမှန်တရားကို မြတ်နိုးသူတိုင်း Like& shareပေး၍ အမှန်တရားဘက်မှ ရပ်တည်ကူညီပေးကြပါရန်
မေတ္တာဖြင့်
အရှင်သုဝဏ္ဏ
ဒီကိစ္စကို သတင်းရယူလိုသူများ ဆက်သွယ်နိုင်ပါသည်။
072 22051
ဓာတ်ပုံရည်ညွှန်း။ ။စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်ထံသို့ ပေးပို့ထားသော စာ။
ရွှေဘုန်းတော်တိုး ခွဲရုံကြီးသို့ လာရောက် ဖိအားသော NLD နှင့် ရဲအရာရှိများ။
https://www.facebook.com/ven.suvanna.10/posts/123715961412094
Crd...Ye Lwin Myint
(ကိုတမာ)


