နောက်ဆုံး တင်သမျှ

Wednesday, 3 August 2016

ပြည်​သူ့အမြင်​(၅)

မြန်မာပြည် ဘာကြောင့် ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံက မတက်သလဲဆိုရင် ဒါတွေကြောင့် ... ဘယ်သူသေသေ ငတေမာ စိတ်တွေကြောင့်လို့ဆိုရင် ဘာပြောကြမလဲ???

တိုင်းပြည်ဆင်းရဲတယ်ဆိုတာ....

တိုင်းတာတဲ့ စံသတ်မှတ်ချက်အပေါ်မှာမူတည်တယ်..

၁.ရုပ်ပိုင်းဆိုင်ရာသတ်မှတ်ချက်တွေ

၂.စိတ်ပိုင်းဆိုင်ရာသတ်မှတ်ချက်တွေ

အဲဒါတွေအပေါ်မှာ အကျိုး/ အပြစ် သုံးသပ်ရမှာ

ပြည်သူကို ပေးတဲ့ သတင်း ဘယ်လောက်မှန်ကန်မှုရှိလဲ???

အရင်ကပြောတဲ့  ပွင့်လင်းမြင်သာမှုဆိုတာ ဘယ်အတိုင်းအတာထိ သတ်မှတ်ပေးမလဲ???

အင်္ဂလိပ်ရဲ့ ကျွန်ဖြစ်နေတုံးကရေးဆွဲ ထားခဲ့ ပြီး အခုအချိန်ထိ တည်မြဲနေတဲ့ ဥပဒေတွေအကြောင်း အသေးစိတ်လေ့လာကြပါဦး...

ပြည်ထဲရေးဌာနတစ်ခုထဲတင် ပြန်လည်သုံးသပ်ပေးရမယ့် ဥပဒေ (၃၀၀)ကျော်ရှိနေသေးတယ်

လက်နက်ဥပဒေဆို "ပြည်မ"လို့ သတ်မှတ်ထားတဲ့ နေရာတွေမှာ အရိုးအသွား ၆လက်မထက် ပိုရှည်တဲ့ ဓား ကိုင်ဆောင်ခွင့်မှရှိဘူး ကိုင်ရင်လက်နက်မှု...

တောင်တန်းဒေသတွေ /ပြည်နယ်တွေမှာ ဓားမပြောနဲ့  တူမီးသေနတ်ပါကိုင်ဆောင်သွားနိုင်တယ် ရာဇ၀တ်မှု မမြောက်ဘူး

၁၉၂၃ ခု မြန်မာနိုင်ငံအစိုးရလျှို ၀ှက်ချက်ဥပဒေ အခုအချိန်ထိ တည်ဆဲပါ ဒါကို လွတ်လပ်ရေးရပြီးတာ (၇၀) နှစ်ပြည့်တော့မယ် ဘာလို့ မပြင်ဆင်နိုင်သေးလဲ???

လေ့လာကြပါ...လွတ်လပ်ရေးရယူတုန်းကချုပ်ဆိုခဲ့ တဲ့ 

အောင်ဆန်း - အက်တလီစာချု ပ် /နုအက်တလီစာချုပ် / ဂန္ဒီစာချု ပ်တွေကို လေ့လာပါ

စာချုပ်စာတမ်းများလွှဲပြောင်းလက်ခံခြင်း စာချုပ်ကိုလေ့လာပါ

မလိုက်နာတော့ ဘာဖြစ်လဲ??? အနောက်အုပ်စုက ပိတ်ဆို့ မှု တင်းကျပ်လိုက်တာပေါ့

ပိတ်ဆို့ တာ စာရွက်ပေါ်မှတင်မဟုတ်ဘူးကမ္ဘာ ကိုပတ်ထားတဲ့ သူတို့ ရဲ့ စစ်သင်္ဘောတွေနဲ့ ပါ မြန်မာပြည် ကထွက် / ၀င်တဲ့ ကုန် ပစ္စည်း အားလုံးကို ဖြတ်တောက်ပိတ်ဆို့ လိုက်တာဘဲ ..အုပ်စုဖွဲ့ အနိုင်ကျင့်တာပါဘဲ

သူတို့ လွှမ်းမိုးတဲ့ နေရာတွေမှာသွားအလုပ်လုပ်တဲ့ သူတွေကိုလဲ ရသင့်တဲ့ အခွင့်အရေးမပေးဘူး လစာဆိုလဲ အဆင့်နှိပ်ပြီးပေးတယ်

အခုအမေရိကန်သံရုံးမှာအလုပ်လုပ်နေတဲ့ သူတွေကိုမေးကြည့်

တိုင်းရင်းသား/ဗုဒ္ဓဘာသာ "မဟုတ်သူ"တွေကို လစာနဲ့ ခံစားခွင့်ပိုပေးထားတယ်

သူတို့ လစာကလဲ ပြည်တွင်း အဆင့်တူတွေရဲ့ လစာထက် အဆ ၂၅ ဆ ပိုပေးထားတာ..ဒီလိုတွေရှိတယ်

သူရရွှေမန်း ပြီးခဲ့ တဲ့  ၅ နှစ် လွှတ်တော် ဥက္ကဌ တာဝန်ယူသွားတယ် တိုင်းပြည်အတွက် ဘယ်လောက်လုပ်သွား လဲ??? ဖျက်ဆီးသွားတာဘဲ

Right to Recall ကို လုံးဝ ပျယ်သွားတယ်

PR စနစ်ကို လုံးဝမအောင်မြင်အောင်သူ့ သဘောနဲ့ လုပ်ချသွားတယ်

ဒီကောင် ငယ်စဉ် အပွင့်ကြီးတင်ဘို့ ကာလမှာ လားရှိုး ဦးစိန်အောင်ဆီမှာ နေ့တိုင်းဂေါက်ရိုက်ပြီး အပွင့်တင်သွား ခဲ့ တာ အခုစက်သုံးဆီဈေးမကျတာ သူ့ သားတွေကိုင်ထားလို့ ပါ ပြန်မပြောရင်ပြောချင်တာအများပါ

Win Win Theory နဲ့ လုပ်မှတိုင်းပြည်တိုးတက်မှာပါ ....အဖွားကြီးလုပ်ပုံနဲ့ မရနိုင်ပါ

Appreciation လုပ်ကြည့်ကြပါ....

By Min Aung Myint
နေနတ်သား