နောက်ဆုံး တင်သမျှ
Wednesday, 7 September 2016
ရခိုင်စုံစမ်းရေးကော်မရှင်နှင့်ပတ်သက်၍
ရခိုင်အာနန် ကော်မရှင် ကိစ္စ နည်းနည်း ပြောချင်ပါတယ် ...
ဘာပြောချင်တာလဲဆိုတော့ ...
ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံချင်တာနဲ့ ပဲ ...
အာနန်ကော်မရှင်ကို စိုးရိမ်ပူပန်သူတွေ ...
သဘောမတူသူတွေကို ....
ပျက်ရယ်ပြု လှောင်ပြောင်နေတဲ့  ကိစ္စကို ပြောချင်တာပါ ....
ပထမဆုံးပြောလိုတာက ....
ဒီကော်မရှင်ကို သဘောမတူဘူး ပြောနေသူတွေထဲမှာ ....
ANP လို ရခိုင်မှာ မဲအများစု နိုင်ထားတဲ့  ပါတီရော ...
ရခိုင်တိုင်းရင်းသားတွေ အတော်များများရော ပါနေပါတယ် ...
တစ်ခါ ပြည်တွင်းက အခြားသဘောမတူသူတွေလဲ ရှိနေပါတယ် ...
ဒီလူတွေ အာနန်ကော်မရှင်ကို သဘောမတူတာဟာ ...
သူတို့ မှာလဲ သူတို့ အမြင်နဲ့  ....
ခိုင်လုံတဲ့  အကြောင်းအကျိုး ရှိနေပါတယ် ....
ဒါကို အာနန်ကော်မရှင်ထောက်ခံသူများ ....
အသေအချာ လေ့လာကြည့်ဖို့ လိုပါလိမ့်မယ် ...
ကောင်းပါပြီ ....
အာနန် ကော်မရှင်ကို ဘာကြောင့် ကန့် ကွက်နေကြလဲ ...
ကျွန်တော်တို့ စပြောကြည့်ရအောင်ပါ ...
ပထမဆုံး စ ပြောလိုတာက ....
ဒီကိစ္စကို ရခိုင်တိုင်းရင်းသားတွေ နဲ့  ...
မတိုင်ပင်ဘဲ မဆွေးနွေးဘဲ ...
လွှတ်တော်ကို မတင်ပြဘဲ ....
ကိုယ့်သဘောနဲ့  ကိုယ် ...
ဒီကိစ္စကို မနေ့ က လွှတ်တော်မှာ ...
မြောက်ဦးအမတ်လဲ စိတ်ထိခိုက်စွာ ထပြောသွားပါပြီ ...
ရခိုင်ပြည်နယ်အရေးအတွက် ...
အရေးကြီးတဲ့  ဆုံးဖြတ်ချက်တစ်ခု ချတာကို ....
ရခိုင်အဖွဲ့ အစည်းတွေရဲ့ ...
သဘောဆန္ဒတောင်းယူခြင်း မပြုဘဲ ....
ကိုယ့်သဘောနဲ့ ကိုယ် ထလုပ်တာကို ...
ရခိုင်တွေက မနှစ်မျို့ ဘူး ...
သဘောမတူဘူး ဖြစ်နေပါတယ် ....
သူတို့ ပြောတာ မှားလား ...
သူတို့ ပြောတာ နည်းလမ်းကျသလား စဉ်းစားကြည့်ပါ ...
ဒါက ပထမအချက်ပါ ....
ဒုတိယအချက်က ....
အာနန်ကော်မရှင်ဟာ အကြံပေးရုံသက်သက် မှန်ပါတယ် ....
သို့ သော် ဒီကော်မရှင်က ပေးတဲ့ အကြံဟာ ...
ရခိုင်ပြသနာအတွက် ကမ္ဘာမှာ မှတ်တမ်းဝင်မှာပါ ...
လိုက်လုပ်သည် ဖြစ်စေ မလုပ်သည်ဖြစ်စေ ...
နောက်ပိုင်းမှာ ဒါကို ....
ကိုးကားကြတော့မယ့် သဘော ဖြစ်ပါတယ် ...
ဆိုလိုတာက ဒီကော်မရှင်ရဲ့ အစီရင်ခံစာဟာ ...
အတော်အရေးကြီးပါတယ် ....
ဒါကြောင့် ဒီကော်မရှင်ကို စိတ်ပူကြတာ ....
ပူတဲ့  သူတွေမှာ အပြစ်ရှိလား ...
သူတို့ စိတ်ပူသင့်တဲ့  အနေအထားရှိနေလား ....
သူတို့ စိတ်ပူတာ မှားလား ... စဉ်းစားကြည့်ပါ ...
ဒါက ဒုတိယအချက်ပါ ....
တတိယအချက်က ...
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်းကို ...
ရခိုင်ပြည်နယ်မှာ UN တို့  INGO တို့  ...
ဘာလို့ မယုံလဲဆိုတော့ ...
ဘင်္ဂါလီတွေကို ပစားပေးလို့ ပါ ...
ဒုက္ခသည်ချင်း ထောက်ပံ့ တဲ့  ပုံစံလဲ မတူပါဘူး ...
ဝန်ထမ်းခန့် ထားတာက အစ မတူတာတွေ အများကြီးရှိပါတယ် ...
INGO တွေမှာလဲ သူ့ သက်ဆိုင်ရာ မန်းဒိတ်ရှိနေတော့ ...
အဲဒီမန်းဒိတ်အတိုင်း လုပ်ရပါတယ် ...
သူတို့ ကိုယ်တိုင်လဲ ၀န်ခံထားတာတွေ ရှိပါတယ် ....
ဦးသိန်းစိန်လက်ထက်က NGO ရုံးတစ်ခုကို ...
ရခိုင်တွေ ဖျက်ပြစ်တာ မှတ်မိအုန်းမှာပါ ...
ကျွန်တော်တို့ ဂျာနယ်က အလုပ်ကိစ္စတစ်ခုအတွက် ....
စစ်တွေကို သတင်းထောက်တစ်ယောက် ...
တစ်လ နှစ်လသွားထိုင်ဖို့  ပေါ်လာပါတယ် ...
တည်းခိုခန်း ဈေးကြီးလို့  အိမ်ခန်းငှားခိုင်းချိန် ...
NGO လား NGO ဆို မငှားဘူးလို့ ပြောတာ ကြုံရပါတယ် ...
သဘောထားပျော့ပြောင်းသူ တစ်ချို့ တစ်လေ ရှိနိုင်ပါတယ် ...
သို့ သော် ရခိုင်အများစု အမြင်က အဲဒီလို ရှိပါတယ် ....
ပိုထင်ရှားပေါ်လွင်အောင် ...
ဦးသိန်းစိန် အစိုးရလက်ထက် ရခိုင်ကော်မရှင်အစီရင်ခံစာ ....
အပိုဒ် ၁၁ - ၁၁-၁ ကနေ ၁၁-၁၀ အထိ အကြံပြုချက်တွေကို
ကိုးကားလိုပါတယ် ...
အဲဒီစာပိုဒ် ၁၀ ပိုဒ်မှာ ရခိုင်ပြည်သူတွေက ...
ပြည်နယ်တွင်းက ကုလသမဂ္ဂနဲ့  NGO အဖွဲ့  အစည်းတွေကို ...
ဘာကြောင့် အမြင်မကြည်ရတဲ့ အကြောင်း ...
ဘယ်လို မျက်နှာသာပေး ဘက်လိုက်နေကြောင်း ...
စုံစမ်း စစ်ဆေးချက်တွေ ပါဝင်ပါတယ် ...
အစီရင်ခံစာ အပိုဒ် ၁၁-၅ မှာ ...
ရခိုင်မှာ လုပ်ငန်းဆောင်ရွက်နေတဲ့ …
INGO ၂၀ ကျော် နဲ့ ပတ်သက်လို့  …..
စစ်တမ်းကောက်တဲ့ အချိန်မှာ ….
ဘင်္ဂါလီ ၈၆ ရာခိုင်နူန်းက ….
အဲဒီအဖွဲ့ တွေအပေါ် ကျေနပ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ….
ရခိုင် ၈၀ ရာနူန်းက မကျေနပ်ကြောင်း ပြောခဲ့တဲ့ အတွက် ….
ဘက်လိုက်မှု ဟာ သိသာထင်ရှားစွာ ရှိနေတာကို တွေ့ ရပါတယ်….
အစီရင်ခံစာ အပိုဒ် ၁၁-၄ မှာ ...
မောင်တောက ရခိုင်မြို့ မိ မြို့ ဖတွေက …
စစ်တမ်းကောက်တဲ့ အဖွဲ့ ဝင်တွေကို …
နာဂစ်လို …သဘာဝဘေး အကြီးအကျယ် ဖြစ်ခဲ့တဲ့  …
ဧရာဝတီတိုင်းမှာတောင်…
INGO တွေက ၃ နှစ်အကြာမှာ …
အကူအညီတွေ ရပ်ဆိုင်းခဲ့တယ်…
ရခိုင်မြောက်ပိုင်းမှာ ...
၁၉၉၂ ကတည်းက …ယခု အချိန်အထိ ...
INGO တွေ ရှိနေတာ ဘာကြောင့်လဲ ဆိုပြီး ….
မေးခွန်း ပြန် ထုတ်ခဲ့ တယ် လို့  ဆိုပါတယ်…
ထောက်ပြချင်တာက UN နဲ့  NGO တွေ ...
ရခိုင်ပြည်နယ်မှာ ဘယ်လိုလုပ်နေတယ် ...
ရခိုင်ပြည်သူတွေက ဘယ်လိုသဘောထားတယ်ဆိုတာ ...
ထောက်ပြလိုတာပါ ...
ဒီလို အခြေအနေမျိုးမှာ ...
ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်းကို ...
ရခိုင်ကော်မရှင် ဥက္ကဌ ခန့် လိုက်တာကို ...
သဘောမတူကြတာ ....
သဘာဝကျပါသလား ....
သူတို့ စိတ်ပူတာ မှားလား စဉ်းစားကြည့်ပေးပါ ...
ဒါက တတိယ အချက်ပါ ....
စတုတ္ထအချက်က ...
ကိုဖီအာနန်ဟာ ...
၁၉၉၇ ဇန်န၀ါရီ ကနေ ၂၀၀၆ ဒီဇင်ဘာ အထိ ...
UN Secretary-General  လုပ်ခဲ့ပါတယ် ...
သူ့ လက်ထက် ၁၀ နှစ်အတွင်း ...
ဒီဘင်္ဂါလီ အရေးကိစ္စနဲ့ ပတ်သက်လို့  ...
ကုလသမဂ္ဂရဲ့ ဆောင်ရွက်ချက်တွေဟာ ...
မြန်မာနိုင်ငံအတွက် အကောင်းရှိခဲ့သလား ...
ဖိအားပေးတာတွေပဲ ရှိခဲ့သလား ...
ဒါကို ပြန်စဉ်းစားဖို့ လိုပါတယ် ...
ဒီနေ့ ဒီအချိန်အထိ ...
ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်တွေမှာ ...
ဒေသခံ ရခိုင်တွေဘက်က စဉ်းစားလား ...
ခိုးဝင် ဘင်္ဂါလီတွေဘက်က စဉ်းစားလား ...
ဒါ လူတိုင်း သိတဲ့ ကိစ္စပါ ...
ဒါကြောင့် ဒီလိုလူကြီး ဥက္ကဌ လုပ်တဲ့  ကော်မရှင်က ...
ထွက်ပေါ်လာမယ့် အကြံပြုချက်ကို ...
ကျွန်တော်တို့ စိုးရိမ်ပါတယ် ...
ကျွန်တော်တို့ စိုးရိမ်တာ နည်းလမ်းမကျရင် ပြောပါ ...
ဒါ စတုတ္ထ အချက်ဖြစ်ပါတယ် ....
ပဉ္စမ အချက်က ....
ပြင်မရတဲ့  နိုင်ငံရေး အမှားအယွင်း ဖြစ်မှာစိုးပါတယ် ...
ဦးနုလက်ထက် မဲလိုချင်တာနဲ့   ...
ရိုဟင်ဂျာ အသံဆိုပြီး ထလုပ်ဖူးပါတယ် ..
အဲဒီ ပြသနာ အခုအထိ ရှင်းလို့ မဆုံးပါဘူး ....
ဘင်္ဂါလီတွေက ဒါကို တစ်ချိန်လုံး ကိုးကားတော့တာပါ ...
ဘင်္ဂါလီတွေအနေနဲ့   ဒီပြသနာကို ...
ကမ္ဘာကို သိပ်တင်ပြချင်နေပါတယ် ....
မဟုတ်ဘူးလား ဟုတ်လား စဉ်းစားကြည့်ပါ ...
အရင်အစိုးရ အဆက်ဆက် ...
ဒီပြသနာကို ပြည်တွင်းရေး ပြသနာလို့  ပဲ ...
သတ်မှတ်ဖြေရှင်းပါတယ် ...
နိုင်ငံတကာ ဖိအားပေးတာတွေကိုလဲ ...
တင်းတင်းမာမာ ပဲ တုန့် ပြန်ပါတယ် ...
အခု ဒေါ်အောင်ဆန်းစုကြည်က ...
နိုင်ငံတကာ ပြသနာဆိုတဲ့  အနေအထား ဆွဲတင်လိုက်ပါတယ် ...
အဖြေ ဘယ်လိုထွက်မယ် မထွက်ဘူး မသိရသေးပါဘူး ...
သို့ သော် သေချာပေါက် ပြောနိုင်တာတစ်ခုက ...
ဘင်္ဂါလီတွေ နှစ်ရှည်လများ ကြိုးစားခဲ့တဲ့  ...
အနေအထားတစ်ခု ရောက်သွားပါပြီ ...
သူတို့ လိုချင်တဲ့  ရည်မှန်းချက် တစ်ခု အောင်မြင်သွားပါပြီ ...
ဒီကိစ္စကို နိုင်ငံတကာကို တင်ပြချင်လွန်းလို့  ...
တစ်ပိုင်းသေနေတဲ့  သူတွေကို ...
နိုင်ငံတကာ စင်မြင့်ကို တင်ခွင့်ပြုလိုက်ပါပြီ ...
နောက်နေ့  ၀ါကာအူဒင်တို့ လက်ခမောင်းခတ်နေတာ ...
ထိန်းမနိုင်သိမ်းမရ ၀မ်းသာလုံးဆို့ ပြီး ...
ထောက်ခံကြောင်း ကြိုဆိုကြောင်း ...
ကြေငြာချက်တွေ ထုတ်နေတာ လူတိုင်းအမြင်ပါ ...
ဖြစ်နေတဲ့ အခြေအနေတွေကို ...
ကျွန်တော်တို့ အင်မတန် စိုးရိမ်ပါတယ် ...
ဒေါ်အောင်ဆန်းစုကြည် တစ်ခုခု မှားသွားရင် ...
ဒါမှမဟုတ် ချွတ်ချော်သွားရင် ...
ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ ....
ဒေါ်စုက နတ်ဘုရားလား ?
ဘယ်တော့မှ မမှားတဲ့ သူလား ?
လုပ်သမျှကိစ္စ ထာဝရ အောင်မြင်နေသူလား ?
ဒီအပေါ်မှာ တင်ပြခဲ့တဲ့  အချက်တွေကြောင့် ...
ကျွန်တော်တို့ က ....
ဒီ ကိုဖီအာနန် ကော်မရှင်ကို မလုပ်စေချင်တာပါ ...
ကန့် ကွက် နေကြတာပါ ...
မလိုအပ်ပဲ မစွန့် စားစေချင်လို့  ...
ရလဒ် နဲ့  စွန့် စားရတာနဲ့  မကာမိဘူး ယူဆလို့  ...
မလုပ်တာက ပိုကောင်းမယ် စဉ်းစားမိလို့ ပါ ...
ကျွန်တော် အခုပြောနေတာတွေ မှားရင် ပြောပါ ...
ဒါ ပဉ္စမ အချက်ပါ ...
နောက်ဆုံးအချက် ပြောပါမယ် ...
ဒေါ်စုထောက်ခံသူတွေက မေးခွန်းထုတ်ပါတယ် ...
ဒီပြသနာကို ဒီလိုမရှင်းရင် ဘယ်လိုရှင်းမလဲတဲ့  ....
ရှင်းစရာနည်းတွေ အများကြီးပါ ...
မနေ့ ကလဲ မြောက်ဦးအမတ် ပြောသွားပါတယ် ...
ဒါ ကျွန်တော်တို့ တိုင်းရင်သားတွေ ကျောချင်းကပ်ပြီး ...
လက်တွဲညီညီ ဖြေရှင်းရမယ့် ကိစ္စ ပါ ...
ဘယ်သူ့ ကိုမှ ခေါ်ရှင်းခိုင်းဖို့ မလိုပါဘူးတဲ့  ...
ကျွန်တော်ကိုယ်တိုင်လဲ ...
အရင်က ရေးဖူး ပြောဖူးပါတယ် ...
ဦးသိန်းစိန် လက်ထက် ရခိုင်ကော်မရှင် အစီရင်ခံစာ ရှိပါတယ် ...
ပြသနာကို ဖြေရှင်းဖို့ အကြံပြုထားတာတွေ အများကြီးပါ ...
၈၂ ဥပဒေနဲ့ တိုက်စစ်ဖို့  ...
ညီရင် နိုင်ငံသားခွင့်ပြု မညီရင် ခိုးဝင်ဒုက္ခသည် ....
နယ်စပ်ကို ထိထိရောက်ရောက် ကာကွယ်ပါ ...
သူတို့ ပြောတာ ရှင်းပါတယ် ...
ဒါက ၂၀၁၄ ကတည်းက ...
ဘင်္ဂါလီကိစ္စ ကျွန်တော် ရေးခဲ့ အကြံပြုခဲ့တဲ့  စာပါ ...
ခပ်တိုတို အကြံပြုထားတာပါ ...
https://web.facebook.com/photo.php?fbid=506673709445529&set=a.127107237402180.24229.100003087144846&type=3&theater
အစိုးရတစ်ရပ်ဟာ ...
ဖေ့စ်ဘုတ်က ကျွန်တော့်လို ...
သာမန်ဂျာနယ်လစ် တစ်ဦးတွေးတာထက် ...
အများကြီး ပိုတွေးနိုင်ပါလိမ့်မယ် ....
ဒါ နောက်ဆုံးအချက်ပါ ...
ဒေါ်စုကို ခင်ဗျားတို့ ကြိုက်သလို ထောက်ခံလို့ ရပါတယ် ...
သို့ သော် ဒါ တိုင်းပြည်တစ်ခုရဲ့ ...
အနာဂတ် ကံကြမ္မာနဲ့  ပတ်သက်နေပါတယ် ...
ဒီကိစ္စမှာတော့ မျက်စိ စုံမှိတ်ပြီး ...
အမေစုလုပ်သမျှ မှန်တယ် မလုပ်ဖို့  ...
ကျွန်တော် အခုပြောနေတဲ့  အချက်တွေ ...
သဘာဝ ကျမကျ ဆန်းစစ်ကြည့်ဖို့  ...
မေတ္တာရပ်ခံ ပါရစေ ...
တစ်ခုခု မှားသွားရင် ...
အလျော်အစားက သိပ်ကြီးသွားမှာမို့ ပါ ...
ဒီလောက်ပါပဲ  ။
( ရဲမိုး )