နောက်ဆုံး တင်သမျှ

Tuesday, 27 September 2016

အချုပ်အခြာကို ကျော်လွန်နေသည့်ကိစ္စရပ်များတွင် ပါဝင်နေသောဇာတ်ဆောင်များ


သံတမန်(ငြိမ်း)တစ်ဦး
ကမ္ဘာကြီး၏ရာသီဥတုပြောင်းလဲမှု၊ ကူးစက် ရောဂါပြန့်ပွားမှု၊ အဖျက်စွမ်းအားကြီးမားသော လက်နက်များပြန့်ပွားမှုကာကွယ်ရေး၊ အကြမ်း ဖက်ဝါဒ၊ နိုင်ငံတော်ဖြတ်ကျော် ရာဇဝတ်မှုများ၊ ဘာသာရေးအခြေခံဖြစ်ပေါ်လာသော ပြဿနာ များ၊ စစ်ပြေးဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေ သူများ (Migrants) စသည့် ကိစ္စရပ်များကို ဖြေရှင်းကြရာ၌ နိုင်ငံတကာဇာတ်ဆောင်များ များပြားစွာ ပါဝင်ပတ်သက်လာကြကြောင်း တွေ့ ရပါသည်။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန် မြို့ ကက်သိုလစ်တက္ကသိုလ် နိုင်ငံတကာဆက်ဆံ ရေးဌာနပါမောက္ခ Maryan Cusumano Love နှင့်အဖွဲ့မှ လေ့လာဖော်ထုတ်ခဲ့သော နိုင်ငံအချုပ် အခြာအာဏာကို ကျော်လွန်နေသည့်ဆွေးနွေးရ မည့်ကိစ္စရပ်များ၌ ပါဝင်ပတ်သက်နေသော ဇာတ်ဆောင်များအကြောင်း ရှင်းလင်းဖော်ပြသွား မည်ဖြစ်ပါသည်။
အချုပ်အခြာအာဏာကို စိန်ခေါ်နေသောကိစ္စရပ် များ၌ ပါဝင်နေသောဇာတ်ဆောင်များ
ကမ္ဘာတစ်ဝန်းလုံးနှင့်ဆိုင်သော ဆွေးနွေး ဖြေရှင်းကြရန်လိုအပ်သည့် ဖြစ်စဉ်များ၊ ဖြစ်ရပ် များကိုအခြေခံ၍ ပြဿနာ ဖန်တီးသူများ၊ ပြဿနာဖြေရှင်းသူများ ရှိရမြဲဖြစ်ပေရာ ¤င်း ဇာတ်ဆောင်များသည် အချို့သောကိစ္စရပ်များ၌ ¤င်းတို့၏အကျိုးစီးပွားကိုအခြေခံ၍ ဆောင်ရွက် လေ့ရှိပါသည်။ ယနေ့ကာလ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းစဉ်အတွင်း ပါဝင်နေသော ဇာတ်ဆောင် များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) အစိုးရများပါဝင်ပတ်သက်နေသော အဖွဲ့ အစည်းများ (Intergovernmental Organization) ၏ Maria Green Cowles  လေ့လာတွေ့ရှိချက်
 အစိုးရများ ပါဝင်ပတ်သက်သော အဖွဲ့ အစည်းများသည် ကမ္ဘာတစ်ဝန်းလုံး ဆိုင်ရာ အာရုံပြုရမည့်ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ကြရာ၌ အချုပ်အခြာ အာဏာကိုကျော်လွန်ဆောင်ရွက်တတ်သည့် အဖွဲ့အစည်းများအဖြစ် ပေါ်ထွန်းလာနေ ကြောင်း တွေ့ရှိရပါသည်။ အချို့ပညာရှင် များက ကုလသမဂ္ဂသည်ပင် အမျိုးသား နိုင်ငံစနစ် (Nation-State System) ကဲ့သို့ ဖြစ်နေကြောင်း ထောက်ပြကြသည်။ ကမ္ဘာ့ဘဏ်အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့(IMF)၊ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ချုပ် (WTO) အဖွဲ့အစည်းများသည် ချမ်းသာသော ကမ္ဘာ့မြောက်ဘက်နိုင်ငံ များမှ ဆင်းရဲသောကမ္ဘာ့တောင်ဘက် နိုင်ငံများအပေါ် သြဇာလွှမ်းမိုးရေး ကိုယ် စားပြုသည်ဟု ဝေဖန်နေကြမှုအများအပြား ရှိနေကြပါသည်။ ကုလသမဂ္ဂ၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၊  IMF စသည်ဖြင့် အစိုးရ များပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်း ပေါင်း ၃ဝဝ ကျော်ခန့်သည် စနစ်တကျဖွဲ့ စည်းထားပြီး လှုပ်ရှားဆောင်ရွက်နေကြ ပါသည်။ အစိုးရများသို့ ဆက်သွယ်နိုင်ရန် လွတ်လွတ်လပ်လပ်(Informal) ဖွဲ့စည်း ထားသည့် (IGO)၊ အဖွဲ့အစည်းများမှာ ၂ဝဝ မှ ၁၅ဝဝ ထိရှိနေကြောင်း လေ့လာ တွေ့ရှိရသည်။
(ခ) အစိုးရမဟုတ်သော အဖွဲ့အစည်းများ (Non-governmental Organization)
    အစိုးရမဟုတ်သော အဖွဲ့အစည်းများ ကို နိုင်ငံရေးသိပ္ပံပညာရှင်များက အချုပ် အခြာအာဏာကျော်လွန်လာသောနိုင်ငံရေး (Politics Beyond Sovereignty) ဆောင် ရွက်သော အဖွဲ့အစည်းများဟူ၍ မီးမောင်း ထိုးပြလာကြပါသည်။ ၄င်းတို့မှာ ပြည်သူ လူထု၏သြဇာစွမ်းအား  (People Power) ရှိနေကြပါသည်။ အစိုးရများ၌ တရား ဥပဒေအခွင့်အာဏာ(Legal Authority)  ရှိနေသကဲ့သို့ (NGO) များ၌စိတ်ဓာတ်ရေး ရာအခွင့်အာဏာ (Moral Authority) ရှိ နေကြသည်။ (NGO) များ၌ သတင်းစွမ်း အား ကျော်စောတိက္ကမရှိသူများ၏ တစ်ဦး ချင်းစွမ်းအား၊ အမျိုးသမီးများ၏စွမ်းအား၊ ကွန်ရက်စွမ်းအားများ ရှိနေကြပါသည်။ အဖွဲ့အစည်းအမျိုးအစားများမှာ ဘာသာ ရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကျန်းမာရေး စသည်ဖြင့်စုံလင်လှပါသည်။ ကမ္ဘာပေါ်၌ ၂ဝဝ၈ခုနှစ်အထိ အစိုးရမဟုတ်သောအဖွဲ့ အစည်း ၅၄၃၇၇ ဖွဲ့စည်းထားကြောင်း အကြမ်းဖျင်းလေ့လာတွေ့ရှိရပါသည်။
(ဂ) နိုင်ငံစုံကော်ပိုရေးရှင်းကြီးများ
 (Multi-national Corporations)
 နိုင်ငံစုံကော်ပိုးရေးရှင်းကြီးများမှာ အလွန်ချမ်းသြာ<ွကယ်ဝကြပြီး စီးပွားရေး လုပ်ငန်းများကို နယ်ပယ်စုံတွင် ကမ္ဘာတစ် ဝန်းလုံးဖြန့်ကြက်လုပ်ငန်းဆောင်ရွက်လျက် ရှိပါသည်။ ကမ္ဘာပေါ်မှ အကြီးမားဆုံး စီးပွားရေးအဖွဲ့ကြီး ၁၅ဝ အနက် ၉၅ခုမှာ နိုင်ငံတော်မဟုတ်သော စီးပွားရေးသက် သက်ဆောင်ရွက်သည့်မဟာစီးပွားရေးအဖွဲ့ အစည်းများဖြစ်ကြပါသည်။ ၂ဝဝ၈ ခုနှစ် အထိ နိုင်ငံစုံကော်ပိုရေးရှင်းပေါင်း ၇၉ဝဝဝ ကျော်ရှိကြောင်း တွေ့ရပါသည်။ ထိပ်တန်း MNCS   ၁ဝဝ၏ ပိုင်ဆိုင်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉၂၃၉ ဘီလီယံရှိပြီး အလုပ်သမား ၁၅ သန်းကျော် ခန့်အပ်ထား ပါသည်။ ၄င်းအဖွဲ့ကြီးများသည် စီးပွား ရေးသြဇာဖြင့် အစိုးရများကိုပင် လွှမ်းမိုး နိုင်စွမ်းရှိပြီး  အချုပ်အခြာအာဏာ၏ အစိတ်အပိုင်းအချို့ကို သွယ်ဝိုက်လွှမ်းမိုး နိုင်စွမ်းရှိကြောင်း တွေ့ရပါသည်။
(ဃ) အကြမ်းဖက်ကွန်ရက်များ
 (Networked Terror)
  အကြမ်းဖက်အဖွဲ့အစည်းများ၏ အချုပ်အခြာအာဏာအပေါ် စိန်ခေါ်မှုများ မှာ ဆက်သွယ်ရေးစနစ်ဖွံ့ဖြိုးတိုးတက်မှု နှင့်အတူ မြန်ဆန်ထိရောက်မှုရှိရှိလှုပ်ရှားနေ ကြသည်ကိုတွေ့ရမည်ဖြစ်သည်။ လျှို့ဝှက် စွာ ကွန်ရက်ဖွဲ့လှုပ်ရှားလုပ်ဆောင်မှုများ စွာလုပ်ဆောင်ကြပြီး အချုပ်အခြာအာဏာ ကို ကျော်လွန်လုပ်ဆောင်လာသည်ကို တွေ့ရပေသည်။
(င) ကမ္ဘာတစ်ဝန်းလုံးဆိုင်ရာ ရာဇဝတ်အဖွဲ့ အစည်းများ (Global Crime Inc)
  မူးယစ်ဆေးဝါးရောင်းဝယ်နေသော အဖွဲ့ကြီးများ၊ လူကုန်ကူးမှုများ၊ ငွေမည်း ခဝါချမှုများ၊လက်နက်မှောင်ခိုရောင်းမှုများ စသည်ဖြင့် ရာဇဝတ်မှုမျိုးစုံကျူးလွန်နေကြ သော အဖွဲ့အစည်းများမှာလည်း နိုင်ငံ နယ်နိမိတ်များကို ဖြတ်ကျော်လျက် အစိုးရ အဖွဲ့များကို စိန်ခေါ်ဆောင်ရွက်နေကြဆဲ ဖြစ်ကြောင်း တွေ့ရပါသည်။
(စ) ဆိုက်ဘာနည်းပညာကာကွယ်ရေး
 (Defending Cyberspace)
 အင်တာနက်ဖွံ့ဖြိုးတိုးတက်မှုကြောင့် နိုင်ငံများ၏ ဆက်သွယ်ရေးစနစ်လည်း မြန်ဆန်တိုးတက်လာပါသည်။ ကွန်ပျူတာ သုံးဆက်သွယ်ရေးစနစ်အတွင်းကွန်ပျူတာ ဗိုင်းရပ်စ်၊ ကွန်ပျူတာဟက်ကာများ၏ ခြိမ်းခြောက်ထိုးဖောက်ဖျက်ဆီးမှုအန္တရာယ် မှာလည်း တစ်နေ့တခြားကြီးမားလာနေပါ သည်။ ဥပမာ-အမေရိကန်ကာကွယ်ရေး ဌာနတစ်ခုတည်းက ကွန်ပျူတာ ၂ ဒသမ ၁သန်း အသုံးပြုနေပြီး ဒေသန္တရနယ်မြေ ကွန်ရက် (LAN)) ၁ဝဝဝဝကျော်၊ တာဝေး ကွန်ရက် ၁ဝဝဝ အသုံးပြုနေရာ ကွန်ပျူ တာတိုက်ခိုက်မှုများစွာကို ကာကွယ်နေရ ကြောင်းတွေ့ရပေသည်။ နည်းပညာသုံး ဆောင်ရွက်မှုများကလည်း အချုပ်အခြာ အာဏာကိုစိန်ခေါ်နေကြောင်းတွေ့ရပေမည်။
အချုပ်အခြာအာဏာ၏ အနာဂတ်
နိုင်ငံတစ်ခုအတွက် အလေးထားရမည့်အင်္ဂါရပ် မှာအချုပ်အခြာအာဏာ(Sovereignty) ဖြစ်ပါ သည်။ အစိုးရတစ်ခုအတွက် အလေးထားရမည့် အင်္ဂါရပ်မှာ တရားဝင်ဖြစ်မှု(Legitimacy)  ဖြစ် သည်။ ခေါင်းဆောင်တစ်ယောက် အလေးထား ရမည့်အင်္ဂါရပ်မှာ လုပ်ပိုင်ခွင့်အာဏာ (Authority)  ဖြစ်သည်။
ရန်ကုန်တက္ကသိုလ် ဥပဒေပညာ ပါမောက္ခ ဆရာကြီးဦးတင်အုန်းပြုစုသည့် 'အပြည်ပြည် ဆိုင်ရာ ဥပဒေအခြေခံ'စာအုပ် (၂ဝဝ၄)ခုနှစ် စာမျက်နှာ(၅၂)၌ဖော်ပြထားသော အချုပ်အခြာ အာဏာကို ထိပါးသောလုပ်ရပ်များမှာ 'ရန်စ ကျူးကျော်မှုအင်အားစုများ ဖွဲ့စည်းခြင်း၊ နိုင်ငံ ခြား တိုင်းပြည်များတွင် အခြေခံစစ်စခန်းများ တည်ဆောက်ခြင်း၊ အခြားတိုင်းပြည်များ၏ ပြည်တွင်းရေးရာများတွင် ဝင်ရောက်စွက်ဖက် ခြင်းနှင့် အမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုများ ကိုနှိမ်နှင်းခြင်းတို့မှာ ရန်စကျူးကျော်မှုလုပ်ရပ် များဖြစ်ကြပေသည်''ဟု ဖွင့်ဆိုခဲ့ပါသည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဟောင်းကိုဖီအာနန်က ¤င်းအား နိုဘယ်လ်ငြိမ်းချမ်း ရေးဆုပေးသော အခမ်းအနား(၁ဝ-၁၂-၂ဝဝ၁) တွင် နိုဘယ်လ်ဆုရပုဂ္ဂိုလ်၏ နှုတ်ခွန်းဆက်စကား တွင်ပြောကြားရာ၌ ''လူ့အခွင့်အရေးများ၏ စုပေါင်းရိုက်ခတ်မှုများအတွက် နိုင်ငံများသည် အချုပ်အခြာကို ဒိုင်းသဖွယ် ရေရှည်အသုံးပြုနိုင် မည်မဟုတ်ပေ။ The Sovereignty of States must no longer used as a shield for gross violations of Human Rights   ဟု ပြောခဲ့ဖူး သည်။ (Beyond Sovereignty issues for global agenda  – စာမျက်နှာ-၃၅၆)
အချုပ်အခြာအာဏာကို စိန်ခေါ်လာမှုများ အား ရင်ဆိုင်နိုင်ရေးအတွက် အမျိုးသားရေး အကျိုးစီးပွား(National Interest)ကို ထိန်းသိမ်း စောင့်ရှောက်ရန် အထူးလိုအပ်လှပါသည်။ အမြင့် ဆုံးအမျိုးသားရေးအကျိုးစီးပွား (Supreme National Interest)မှာ နိုင်ငံဆက်လက်ရှင်သန်နိုင် ရေး(Survival) ဖြစ်ပေရာ နိုင်ငံ၏လွတ်လပ်ရေး ကိုထိန်းသိမ်းကာကွယ်မှု၊ တိုင်းရင်းသားပြည်သူ တို့၏အမျိုးသားရေးလက္ခဏာထိန်းသိမ်းကာကွယ် မှု၊ မိမိအရင်းအမြစ်များနှင့်အကျိုးစီးပွားများကို ဖယ်ရှားမှုမခံရစေရေးကာကွယ်မှုတို့ ဆောင်ရွက် သွားကြရန် လိုအပ်ပေသည်။ အဓိကအားဖြင့် မဟာဗျူဟာမိတ်ဖက်များ (Strategic Partnerships)  ကွန်ရက်ဖွဲ့ချိတ်ဆက်ထားနိုင်မှုသည် အရေးကြီးလှပါသည်။