နောက်ဆုံး တင်သမျှ

Friday, 30 September 2016

ပြည်သူ့အမြင်(၁၇)

သိန်းစိန်လက်ထက် ချစ်သမီးတို့ မောင်ဆောင်းခ
တို့ကို ဒီ ၆၆(ဃ)နဲ့  တောင်ချတုန်းက ဒီမိုကရေစီ
မကျဘူး။ လု့အခွင့်အရေးဆန့်ကျင်နေတယ်ဆိုတဲ့
မေမေ့သား မေမေ့သမီးတွေက ခုဦးထင်ကျော်
လက်ထက် ဟိုလူ့ကို ၆၆(ဃ)နဲ့ပဲ ထောင်ကိုးလချတော့
လူ့အခွင့်အရေးတွေ ၊ ဒီမိုကရေစီဆိုတာတွေ ဘေးချိတ်
ဖြစ်ကုန်တော့တယ်။ အတော်လေး မျက်နှာပြောင်တိုက်
သောက်ရှက်မရှိတဲ့ အခွက်တွေနဲ့မှ ဒါမျိုး double standard
ကိုကျင့်သုံးနိုင်တာဟ။သိန်းစိန်တုန်းက အဲ့လိုလုပ်လို့ ဒီမိုကရေစီ
လူ့အခွင့်ရေး ဘာညာသာရကာရောင်းနေခဲ့တဲ့သူတွေက
ခုကျတော့ အဲ့ဟာတွေကို သောက်ဖက်တောင်မလုပ်တော့
တာ။ အဲ့လိုလူတွေကို ထင်ထငိရှားရှား မှတ်မိနေသေးတယ်။
 ဖြစ်ရပ်နှစ်ခုစလုံးက သမ္မတကို
ဆိုရှယ်မီဒီယာပေါ်မှာ အကြည်ညိုပျက်အောင် လုပ်တာပဲ။
ဒါကို အရေးယူလောက်အောင် မြန်မာ့ တရားစီရင်ရေးက
သောက်သုံးမကျတာထင်ရှားတယ်။ဒီမတရားတဲ့ ပြဌာန်း
ဥပဒေတွေကို သုံးသပ်ပြီး ပြင်ဆင်ဖို့ လက်ရှိ အစိုးရက
Judicial Review ကိုဖွဲံ့စည်းပြီး ပြင်သင့်တာကို
ပြင်ရတော့မယ်လို့ ဒီလောက်သေချာရှင်းပြနေတာတောင်
လုံးဝကို နားမဝင်ပဲ ဒေါင်းချေးကျုံးဖို့ပဲလုပ်နေတဲ့
ဟာတွေကိုတွေ့ရတာ။ ခုပြောနေတာ အန်အယ်ဒီကို
တိုက်ခိုက်နေတာမဟုတ်သလို ဒေါ်စုကို ဝေဖန်နေတာ
လည်းမဟုတ်ဘူး။ လက်ရှိအစိုးရအဖွဲ့ တရားစီရင်ရေး
သောက်တလွဲ့ဖြစ်နေတာကိုပြောနေတာ။

ဆိုတော့ မေမေ့သား မေမေ့သမီး ငှက်နီတွေက အဓိက
ဖြစ်ရမယ့် ဒီဥပဒေကြီးကို ဖျက်သိမ်းဖို့ စိတ်ဝင်စားတာထက်
ဒိအစိုးရ ဘာလုပ်လုပ် မှန်ကြောင်းကို ဘောမတွေအလားတူ
အသားလွတ်ကာဗာပေးထောက်ခံဖို့ပဲ ဇောသန်နေတာတွေ့ရတာ။
ဒီမိုကရေစီစံကို ဘောင်ကျော်ပြီး မှားယွင်းတဲ့ ဒီလုပ်ရပ်ကြီးကို
ပေါ်တင် ဗြောင်ကာကွယ်နေတဲ့ ငှက်တွေရဲ့ ဆင်ခြေတွေက

- ဒီမိုကရေစီစစ်စ်အစိုးရမှ မဟုတ်သေးတာ။ပြည်ထဲရေးဆိုတာ
ကာကွယ်ရေး လက်အောက်မှာလေ။
- ဒီမိုကရေစီမှာ ဆဲချင်တိုင်းဆဲပြီးရင် တစ်ဖက်ကလည်း နိုင်ငံသား
တစ်ဦးအနေနဲ့ ပြန်အရေးယူမှာပဲ။
-ဒီမိုကရေစီတွေ ၊ လူ့အခွင့်အရေးတွေဘေးချိတိသင့်ချိတ်ရမယ်
- ဒီမိုကရေစီမှာ အေးဆေးစွာနေတဲ့သူတွေကို သောက်ဖောင်းထု
လာတဲ့သူတွေကို ဒီလိုတုန့်ပြန်တာ မှန်တယ်။
- ခု တရားစွဲတာ သမ္မတကြီးကိုယ်တိုင်မှ မဟုတ်တာ။
- ဒီမိုကရေစီဆိုတိုင်း လုပ်ချင်တိုင်းလုပ်၊ဆဲချင်တိုင်းဆဲလို့ မရဘူး။
မင်းတို့ အိမ်ထဲတက် ယီးလာလှန်ပြ ငြိမ်နေမှာလား။

ဆိုပြီး အစရှိသဖြင့်ပေါ့။ တစ်ချက်ချင်းစီ ပြန်ပြောရရင်

-လက်ရှိတရားစီရင်ရေးက ကာကွယ်ရေးနဲ့ပြည်ထဲရေး
လက်အောက်မှာလား။
- အဆဲမခံနိုင်ရင် ယီးမို့ဒီမိုကရက်တစ်သမ္မတ ခေါင်းစဉ်တပ်
ထားတာလား။ သမ္မတကို ဆဲလို့ ထောင်ချတာ ကွန်မြူနစ်နဲ့
စစ်အာဏာရှင်နိုင်ငံတွေမှာပဲရှိတယ်။
- ခုကျ ဘေးချိတ်ဆိုတော့ ဘာလို့
သိန်းစိန်တို့ လက်ထက်တုန်းကျ ယီးမို့ ဒီမိုကရေစီပါ
လူ့အခွင့်အရေးပါ အော်ခဲ့တာတုန်း။
- ဆိုရှယ်မီဒီယာမှာ ဆဲရုံနဲ့ အေးဆေးစွာနေသူတွေကို ဖောင်းထု
ပါတယ် သတ်မှတ်ရင် သင်းတို့ အန်အယ်ဒီ ဘက်တော်သမီး
ဖရုဿဝါစဘုရင်မပန်ဆယ်လိုကို အရင် ထောင်ချပစ်ရမယ်။
- သမ္မကိုယ်တိုင် တရားစွဲတာမဟုတ်လည်း သမ္မတက
လိုအပ်တာကို ပြင်ဆင်ဖို့မလုပ်ပဲ ယီးမို့ ထိုင်ကြည့်နေတာလား
- ဆိုရှယ်မီဒီယာပေါ် မှာပြောတာကို ယီးမို့ မဆီမဆိုင်
အိမ်ပေါ်ထိတက် လှန်ပြတာတွေ ဘာတွေလာပြောနေတာလဲ။
ဆိုရှယ်မီဒီယာပေါ်မှာ သောက်၇ူးဆဲတာနဲ့ အိမ်ပေါ်ထိတက်လာပြီး
ယီးလှန်ပြတာ တူသလား။

နောက်ဆုံးပြောချင်တာက ဆိုရှယ်မီဒီယာမှာ ဆဲလို့
ထောင်ကိုးလချတာ မှန်တယ်ဆိုရင် ပန်ဆယ်လိုနဲ့
ဦးဝင်ထိန်ကို ကျုပ်အရင်ဆုံးတရားလိုလုပ် တရားစစွဲချင်တယ်လို့သာ
ပြောပါရစေ။

(ဟုတ်ကဲ့။ ကျုပ်က မေမေ့သားမဟုတ်။ ဖွားဖွားမြေးပါ)