နောက်ဆုံး တင်သမျှ

Tuesday, 27 September 2016

နယ်စပ်ကုန်သွယ်ရေး ကဏ္ဍတွင်အဖမ်းအဆီးများကြောင့် ဆန် ဈေးနှုန်းနှင့်ကုန်သွယ်မှုကျဆင်းလာ


ရန်ကုန် စက်တင်ဘာ ၂၇
တရုတ်နိုင်ငံဘက်မှ အဖမ်း အဆီးပြဿနာကြောင့်  မူဆယ် နယ်စပ်ကုန်သွယ်ရေးတွင် ဆန် အရောင်းအဝယ်ဈေးကွက် ကျဆင်း လာကြောင်းနယ်စပ်ဆန်ကုန်သည် များထံမှသိရသည်။
မူဆယ်နယ်စပ်ကုန်သွယ်ရေး တွင် ဆန်အရောင်းအဝယ်မှာ ဆန် ကြမ်းတစ်တင်းခွဲတစ်အိတ်လျှင် ယွမ် ၂ဝ ခန့်ကျဆင်းလာခြင်းဖြစ် ပြီး ဝယ်သူမှာလည်း ရှားပါးလျက် ရှိကာ အဝယ်ရပ်လုနီးပါးရှိနေ ကြောင်း  ဆန်ကုန်သည်တစ်ဦးက ပြောသည်။
''အဖမ်းအဆီးစီမံချက်တွေ ကြောင့် ဈေးကွက်က အဆမတန် ကျဆင်းလာနေတယ်။ ဒီဘက် လိုင်းက မကောင်းလို့ ဗန်းမော်၊ လွယ်ဂျယ်ဘက်က ကောင်းလား ဆိုတော့လည်း သူလည်းမကောင်း ဘူး''ဟု ၄င်းကဆက်ပြောသည်။
ရွှေလီမှတစ်ဆင့် ယူနန်ပြည် နယ်ကိုဖြတ်၍ တရုတ်ပြည်မထဲ ဝင်ရောက်ရာ လမ်းကြောင်းများမှာ တရားမဝင်မှောင်ခိုကုန်စည်များ အပေါ် ကြပ်မတ်စစ်ဆေးဖမ်းဆီး မှုများကို စီမံချက်ချလုပ်ဆောင်   နေခြင်းကြောင့်  ဆန်ဈေးကွက် အရောင်းအဝယ်မှာရပ်တန့်လုနီးပါး ဖြစ်နေပြီး ဈေးနှုန်းများအဆမတန် ကျဆင်းလာခြင်းဖြစ်သည်။
နယ်စပ်ဈေးကွက်တွင် ယွမ်ငွေ တန်ဖိုးမြင့်တက်နေပြီး တရုတ်တစ် ယွမ်လျှင် မြန်မာငွေ ၁၈၅ ကျပ် (ယမန်နေ့ပေါက်ဈေး)ရှိကာမြန်မာ ငွေနှင့်လဲလှယ်ရာ၌ယွမ်ငွေတန်ဖိုး မြင့်တက်မှု၊ဆန်သစ်ပေါ်ချိန်ရာသီ နီးကပ်မှုစသည်များကြောင့်အရောင်း အဝယ်ကောင်းမွန်လာပါကလည်း ဆန်ဈေးမှာအကျဘက်တွင်သာရှိ နိုင်သေးကြောင်းသုံးသပ်ကြသည်။
ထိုသို့ တရုတ်ဘက်ခြမ်းက အဖမ်းအဆီးပြဿနာကြောင့် မူ ဆယ်ဈေးကွက်အပြင် ဗန်းမော် လွယ်ဂျယ်လမ်းအတိုင်း မြန်မာ့ ဆန်တရုတ်သို့တင်ပို့ရာတွင်လည်း အရောင်းအဝယ် ရပ်တန့်လျက်ရှိ ကြောင်း သိရသည်။ဆန်ကြမ်းများ တွင်အရည်အသွေးကောင်းမွန်သည့် ထိပ်စနှင့် အရည်အသွေးအသင့် အတင့်ရှိသည့်ဆန်များဈေးကျဆင်း လာခြင်းဖြစ်သည်။