ဒီကနေ့လည်း မိုက်ခရိုဘောဂဗေဒ ဗဟုသုတလေးတစ်ခုကို
ဝေမျှပေးပါမယ်။
ကျွန်တော်ပြောပြတဲ့ ပုံပြင်လေးကို သေချာနားထောင်ပါ။
လွယ်လွယ်လေးပါပဲ။
ဟိုးရှေးရှေးက လူတွေဟာ သူတို့မိသားစုဝမ်းစာ ဖူလုံအောင်
ကိုယ်တိုင်ထုတ်လုပ်ကြရတယ်။
အဲ့ဒီလို လုပ်ကိုင်စားသောက်နေရင်းနဲ့ လူနှစ်ယောက်ဟာ
အဆွေခင်ပွန်း ဖြစ်သွားခဲ့ကြတယ်။
နာမည်တွေက ကိုချောနဲ့ ကိုလှတဲ့။
သူတို့ဟာ တစ်နေ့ကို ၈ နာရီ ဝမ်းရေးအတွက်
အလုပ်လုပ်ကြတယ်။
ကိုချောက
အသား တစ်အောင်စရဖို့ တစ်နာရီလုပ်ရတယ်။
အာလူးတစ်အောင်စရဖို့ ၁၅ မိနစ်လုပ်ရတယ်။
ဒါကြောင့် ၈ နာရီလုပ်ရင် အသား ၈ အောင်စ ဒါမှမဟုတ်
အာလူး ၃၂ အောင်စ ရတယ်။
ဒါပေမယ့် သူဟာ အသားနဲ့အာလူး မျှတပြီးစားချင်တဲ့အတွက်
၎ နာရီ အသားရှာတာ အသား ၄ အောင်စ ရပြီး
၎ နာရီ အာလူးကောက်တော့ အာလူး ၁၆ အောင်စ ရတယ်။
ကိုလှကတော့ ပိုပြီးလုပ်နိုင်တယ်။
ကိုလှ
အသားတစ်အောင်စရဖို့ မိနစ် ၂ဝ ပဲ ကြာတယ်။
အာလူးတစ်အောင်စရဖို့ ၁ဝ မိနစ်ပဲကြာတယ်။
ဒါကြောင့် ၈ နာရီလုပ်ရင် အသား ၂၄ အောင်စ ဒါမှမဟုတ်
အာလူး ၄၈ အောင်စ ရတယ်။
သူလည်း
၎ နာရီ အသားရှာတော့ အသား ၁၂ အောင်စ
၎ နာရီ အာလူးကောက်တော့ အာလူး ၂၄ အောင်စ ရတယ်။
တစ်နေ့မှာ ကိုလှက ဥာဏ်ပိုကောင်းသူပီပီ အတွေးတစ်ခုရတော့
ကိုချောကို အားရဝမ်းသာ သွားပြောတယ်။
ကိုလှ။ ။ သူငယ်ချင်းရေ တို့နှစ်ယောက် အပေးအယူ
လုပ်ရအောင်ကွာ။ မင်း အသားမရှာနဲ့တော့။ တစ်နေ့လုံး
အာလူးကောက်။ ဒါဆို မင်း အာလူး ၃၂ အောင်စ ရမယ်။
မင်းရတဲ့အထဲက ငါ့ကို အာလူး ၁၅ အောင်စပေးရင် မင်းကိုငါ
အသား ၅ အောင်စ ပေးမယ်။
အဲ့လိုလုပ်ရင် မင်းအခုရနေတဲ့ အသား ၄ အောင်စနဲ့ အာလူး
အာလူး ၁၆ အောင်စ အစား
အသား ၅ အောင်စနဲ့ အာလူး ၁၇ အောင်စရမယ်
မကောင်းဘူးလား။
ကိုချော။ ။ငါ့အတွက်တော့ ကောင်းတာပေါ့။ ဒါပေမယ့်
မင်းဘာကြောင့် ဒီလို လုပ်ချင်တာလဲ။ ငါက အကျိုးအမြတ်ရတော့
မင်းအတွက် နစ်နာနေမှာပေါ့။
ကိုလှ။ ။ မနစ်နာပါဘူးကွာ။ ငါတွက်ပြမယ်။
ငါက အခုအသားရှာချိန် ၄ နာရီအစား ၆ နာရီရှာမယ်ကွာ။
ဒါဆို အသား ၁၈ အောင်စ ရမယ်။ ၂ နာရီ အာလူးကောက်တော့
အာလူး ၁၂ အောင်စ ရမယ်။ ငါရတဲ့အသားထဲက မင်းကို ၅
အောင်စပေးရင် ငါ့အတွက် ၁၃ အောင်စ ကျန်မယ်။ ဒါပေမယ့်
မင်းဆီက အာလူး ၁၅ အောင်စ ပြန်ရတော့ အာလူးစုစုပေါင်း
၂၇ အောင်စ ရမယ်။
ဒီတော့ ငါက အသား ၁၃ အောင်စ အာလူး ၂၇ အောင်စ ရမယ်။
ငါနဂိုရှာနိုင်တာထက် အသား ၁ အောင်စ နဲ့ အာလူး ၃ အောင်စ
ပိုရတယ်ကွ။
ကိုချော။ ။ ငါက မင်းလောက် ဥာဏ်မကောင်းတော့
မတွက်တတ်ဘူးကွာ။ မင်းပြောသလို နှစ်ယောက်လုံးအတွက်
အဆင်ပြေရင် လုပ်သာလုပ် သူငယ်ချင်း။
ပုံပြင်လေးက ဒါပါပဲ။
ရိုးရှင်းလှတဲ့ ဒီပုံပြင်လေးက နိုင်ငံချင်း ကုန်သွယ်ခြင်းအားဖြင့်
နှစ်နိုင်ငံအကျိုးရှိတဲ့အကြောင်း နိုင်ငံတစ်နိုင်ငံဟာ မိမိတို့
ကျွမ်းကျင်ပိုင်နိုင်စွာ ထုတ်လုပ်နိုင်တဲ့ ထုတ်ကုန်ကိုသာ
ထုတ်လုပ်သင့်ကြောင်း ပြည်တွင်းဖူလုံရေးဆိုတဲ့
ဆိုရှယ်လစ်စီးပွားရေး ပြိုလဲရခြင်းအကြောင်းတို့ကို
ကျယ်ကျယ်ပြန့်ပြန့်ကြီး ရှင်းပြနေပါတယ်။
ဒီလောက်သိရင် ကိုယ့်နိုင်ငံမှာ ဘယ်ပစ္စည်းကို
အဓိကထားပြီးထုတ်လုပ်ပြီး ပိုလျံတာကို တင်ပို့ရောင်းချမယ်
ဘယ်ပစ္စည်းကို ဝယ်ယူစားသုံးရမယ်ဆိုတာ
စဉ်းစားရကောင်းမှန်း သိလာလိမ့်မယ်လို့ ယူဆပါတယ်။မူရင်းပိုစ်