ဝါတာလူးစစ်ပွဲမှာ နပိုလီယန်ကို အနိုင်တိုက်နိုင်ခဲ့တဲ့
အင်္ဂလိပ်စစ်ဗိုလ်ကြီး တစ်ယောက်
လယ်သူရင်းငှားလေးတစ်ယောက်
ကို အရှုံးပေးအညံ့ခံသွားရတဲ့
သင်္ခန်းစာလေးပါ။
နယ်စားကြီး ဝယ်လင်တန်
(1769-1852) ဟာ ဝါတာလူး
စစ်ပွဲမှာ နပိုလီယန်ကို အနိုင်ယူ
ချေမှုန်းနိုင်ခဲ့ပါတယ်။စစ်ပွဲပြီးတော့
သူဟာ အပိုင်စားရာနယ်ကိုပြန်နေ
ပြီး တစ်ခါတော့ ဝယ်လင်တန်နဲ့
အဖော်တစ်စု တောလည်ထွက်
ရင်း လယ်တောကြီးတစ်ခုနားချဉ်း
ကပ်လာပါတယ်။သူတို့လာတာ
မြင်တော့ လယ်ပိုင်ရှင်က သူရင်း
ငှားကလေးငယ် တစ်ယောက်ကို
တံခါးပိတ်ထားခိုင်းလိုက်ပါတယ်။
ဘယ်သူဖွင့်ခိုင်းဖွင့်ခိုင်း မဖွင့်နဲ့လို့
လည်း မှာလိုက်ပါတယ်။
တောလည်သူတွေဟာ
သားကောင်နောက်ကို မြင်းတွေ
ခွေးတွေနဲ့ တရကြမ်းလိုက်ကြရင်
လယ်ယာစိုက်ခင်းတွေ ပျက်စီးစေ
ပါတယ်။ဒါကြောင့် လယ်ပိုင်ရှင်က
ဝင်းတံခါး ပိတ်ခိုင်းတာ ဖြစ်ပါ
တယ်။
တောလည်အဖွဲ့သားတွေ
ထဲက သနားကြင်နာတတ်ပုံရှိသူ
တစ်ဦး ရှေ့တိုးထွက်လာပါတယ်။
အဲဒီနောက် ရွှေဒင်္ဂါးတစ်ပြားကို
အိတ်ထဲကထုတ်ပေးပြီး တံခါးဖွင့်
ပေးဖို့ပြောပါတယ်။ရွှေဒင်္ဂါးတစ်
ပြားဆိုတာ စားရင်းငှားလေးရဲ့
တစ်လစာလုပ်းအားခထက်အများ
ကြီးသာနေတာကို သိပေမဲ့ တံခါး
ဖွင့်ပေးဖို့ငြင်းဆန်လိုက်ပါတယ်။
ဒီတစ်ခါ နယ်စားဗိုလ်ချုပ်
ကြီး ကိုယ်တိုင် မြင်းကြီးနဲ့ ရှေ့တိုး
ထွက်လာပြီး- - -
" ဆရာ-ဆရာ.... နပိုလီယန် မလုပ်
နိုင်ခဲ့တာကို ကျွန်တော်လုပ်နိုင်ခဲ့ပြီ
နယ်စားဗိုလ်ချုပ်ကြီး ဝယ်လင်တန်
ကို ကျွန်တော် နောက်ပြန်ဆုတ်
သွားအောင် လုပ်နိုင်ခဲ့ပြီ" လို့
သူရင်းငှားလေးက သူ့ဆရာလယ်
ပိုင်ရှင်ကို လှမ်းအော် ပြောလိုက်
တာကို နယ်စားကြီး ကြားလိုက်ရပါတယ်။
ဒီစာလေးကို ဖတ်လိုက်ရ
တော့ လူကြီးလူကောင်းစိတ်ဆို
တာ ဒါမျိုးပါလားလို့ ကြည်နူးစိတ်နဲ့
ရေရွတ်လိုက်မိပါတယ်။
သူရင်းငှားလေးကလည်း
လူသာငယ်တယ် သစ္စာနဲ့သတ္တိ က
တော့ မငယ်ဘူး ဦးညွတ်ထိုက်ပါ
ပေတယ်။
ရုပ်ဝတ္ထု ပစ္စည်းတွေ ကြွယ်ဝ
လာလေလေ.. စိတ်ဓာတ် ချွတ်ခြုံ
ကျမှု့ကြီးမားလေလေ ဆိုတဲ့
ခေတ်ကြီးမှာ ဒါတွေကို တားဆီးဖို့
အားကစားစိတ်ဓာတ်တို့ လူကြီး
လူကောင်းစိတ်ဓာတ်တို့ အရှက်
တရားအကြောက်တရားတို့ သစ္စာ
နဲ့သိက္ခာတို့ဆိုတဲ့ စိတ်မျိုးတွေဟာ
ဘယ်လိုပါလို့ ညွှန်ပြတဲ့ စာတွေ
များများ ထွန်းကားအောင်လုပ်ပေး
ကြရပါမယ်။
လူငယ်တွေအတွက်
လည်း စစ်မှန်တဲ့ အာဇာနည်စိတ်
ဆိုတာ ဘယ်လိုမျိုးလဲလို့သိအောင်
လုပ်ပေးရပါမယ်။
#နပိုလီယန်အ
ပေါ် အနိုင်ယူ ချေမှုန်းနိုင်ခဲ့တဲ့
စွမ်းရည်သတ္တိထက် သူရင်းငှား
လေးရဲ့ ရှေ့က နောက်ကြောင်းကိုပြန်လှည့်ခဲ့
တဲ့ " စွမ်းရည်သတ္တိ "ကြောင့် နယ်စား #ဗိုလ်ချုပ်ကြီးဝယ်လင်တန်ကို ပိုလို့
လေးစားမိပါတယ်။
လူထုစိန်ဝင်း