စက်တင်ဘာ ၂၃ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း
တစ်ဒေါ်လာ ၁၂၅၂ ကျပ်အထိ ပြန်လည် မြင့်တက်ခဲ့ပြီး နိုင်ငံခြားငွေလဲနှုန်းနှင့် ကမ္ဘာ့ရွှေဈေးနှုန်း ဆက်လက် မြင့်တက်နေခြင်းကြောင့် ပြည်တွင်းရွှေဈေး ကျပ် ၈၈၂၇၀၀ အထိ မြင့်တက်ခဲ့ကြောင်း နိုင်ငံခြားငွေကြေးနှင့် ရွှေဈေးကွက်အတွင်း အရာင်းအ၀ယ် ပြုလုပ် နေသူများထံမှ သိရသည်။
စက်တင်ဘာ ၂၀ ရက်နောက်ပိုင်း နှစ်ရက်တာ ကျဆင်းခဲ့သော နိုင်ငံခြားငွေလဲနှုန်းသည် စက်တင်ဘာ ၂၃ ရက်တွင် တက်ရိပ် ပြန်ပြလာခြင်း ဖြစ်သည်။ စက်တင်ဘာ ၂၂ ရက်က ၁၂၄၈ ကျပ်ဖြင့် ဈေးပိတ်ခဲ့သော ငွေလဲနှုန်းသည် စက်တင်ဘာ ၂၃ ရက် နံနက် ၉ နာရီ ဈေးဖွင့်ချိန်တွင် ၁၂၄၆ ကျပ်ဖြင့် စတင်ခဲ့ပြီး မွန်းလွဲ ၁ နာရီခန့်တွင် ၁၂၅၂ ကျပ်အထိ မြင့်တက်ခဲ့သည်။ စက်တင်ဘာ ၂၂ ရက်၏ အမြင့်ဆုံးဈေးနှင့် နှိုင်းယှဉ်ပါက လေးကျပ်ခန့် ဆက်လက် မြင့်တက်လာခြင်းဖြစ်သည်။
တစ်ပတ်တာ ကာလအတွင်း ရက်အလိုက် အမြင့်ဆုံးဖြစ်ပေါ်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းထားများမှာ စက်တင်ဘာ ၁၇ ရက်တွင် ၁၂၄၆ ကျပ်၊ စက်တင်ဘာ ၁၈ ရက်တွင် ၁၂၄၄ ကျပ်နှင့် စက်တင်ဘာ ၁၉ ရက်တွင် ၁၂၄၆ ကျပ်၊ စက်တင်ဘာ ၂၀ ရက်တွင် ၁၂၆၁ ကျပ်၊ စက်တင်ဘာ ၂၁ ရက်တွင် ၁၂၅၉ကျပ်၊ စက်တင်ဘာ ၂၂ ရက်တွင် ၁၂၄၈ ကျပ်၊ စက်တင်ဘာ ၂၃ ရက်အတွင်း ဖြစ်ပေါ်သော အမြင့်ဆုံးနှုန်းထားမှာ ၁၂၅၂ ကျပ်ဖြစ်ပြီး အနိမ့်ဆုံးနှုန်းထားမှာ ၁၂၄၆ ကျပ်ဖြစ်သောကြောင့် တစ်ရက်အတွင်း ဈေးနှုန်းကွာဟမှု ခြောက်ကျပ်ရှိသည်။
၁၀ ရက်အတွင်း ဗဟိုဘဏ် ဈေးနှုန်းများမှာ စက်တင်ဘာ ၁၄ ရက်တွင် တစ်ဒေါ်လာ ၁၂၁၇ ကျပ်၊ စက်တင်ဘာ ၁၅ ရက်တွင် တစ်ဒေါ်လာ ကျပ် ၁၂၂၀၊ စက်တင်ဘာ ၁၆ ရက်တွင် တစ်ဒေါ်လာ ၁၂၂၃ ကျပ်အထိ တိုးမြှင့်ခဲ့ပြီး စက်တင်ဘာ ၁၉ ရက်တွင် ကျပ် ၁၂၃၀၊ စက်တင်ဘာ ၂၀ နှင့် ၂၁ ရက်တွင် တစ်ဒေါ်လာ ၁၂၃၅ ကျပ်အဖြစ် သတ်မှတ် ခဲ့သည်။ စက်တင်ဘာ ၂၂ ရက်တွင် သုံးကျပ်လျှော့ချခဲ့ပြီး ၁၂၃၂ ကျပ်အဖြစ် သတ်မှတ်ခဲ့ကာ စက်တင်ဘာ ၂၃ ရက်တွင် ဈေးနှုန်း ထပ်မံ မပြောင်းဘဲ ၁၂၃၂ ကျပ်အဖြစ်သာ ဆက်လက် ထားရှိခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်တွင် နိုင်ငံခြား ငွေလဲနှုန်းထား ပြန်လည် ကျဆင်းခဲ့သော်လည်း ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးသည် စက်တင်ဘာ ၂၂ ရက် အတွင်း ကျပ် ၈၇၉၀၀၀ အထိ စံချိန်တင် ဈေးနှုန်း ဖြစ်ပေါ်ခဲ့သည်။ စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စ ဒေါ်လာ ၁၃၁၀ ၀န်းကျင်ရှိရာမှ စက်တင်ဘာ ၂၂ ရက် အတွင်း ၁၃၃၂-၁၃၃၃ ဒေါ်လာဝန်းကျင် ရှိခဲ့သည်။
စက်တင်ဘာ ၂၃ ရက်တွင် ကမ္ဘာ့ရွှေဈေးနှုန်း ၁၃၃၅-၁၃၃၆ ဒေါ်လာဝန်းကျင်အထိ ထပ်မံမြင့်တက်လာပြီး ပြည်တွင်း ရွှေဈေးနှုန်းမှာလည်း ကျပ် ၈၈၂၇၀၀ အထိ စံချိန်တင်ဈေးနှုန်း ဆက်လက်ဖြစ်ပေါ်ခဲ့သည်။ စက်တင်ဘာ ၂၃ ရက်အတွင်း ပြည်တွင်းရွှေဈေးနှုန်း အနိမ့်ဆုံးနှုန်းထားမှာ ကျပ် ၈၇၈၆၀၀ ဖြစ်ပြီး အမြင့်ဆုံး နှုန်းထားမှာ ကျပ် ၈၈၂၇၀၀ ဖြစ်သည်။
စက်တင်ဘာ ၂၂ ရက်၏ အမြင့်ဆုံးဈေးနှင့် နှိုင်းယှဉ်ပါက ကျပ် လေးထောင်ခန့် ဆက်လက် မြင့်တက်လာကာ ဈေးနှုန်း မြင့်မားသောကြောင့် အ၀ယ်ပါးကြောင်း သိရသည်။
ပြည်တွင်းဈေးကွက်တွင် အမြင့်ဆုံး ဖြစ်ပေါ်ခဲ့ဖူးသော စံချိန်တင် ရွှေဈေးနှုန်းများမှာ သြဂုတ် ၂၄ ရက်တွင် ကျပ် ၈၇၆၂၀၀ နှင့် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၈၇၆၅၀၀၊ စက်တင်ဘာ ၂၂ ရက်တွင် ကျပ် ၈၇၉၀၀၀ တို့ ဖြစ်ပြီး ယခု စက်တင်ဘာ ၂၃ ရက်တွင် ဈေးနှုန်း ကျပ် ၈၈၂၇၀၀ အထိ ဆက်လက် စံချိန်တင်မြင့်တက်ခဲ့ချင်းဖြစ်သည်။
