နောက်ဆုံး တင်သမျှ
Thursday, 22 September 2016
ရှေ့နေကြီး ဦးရောဘတ်ဆန်းအောင် မှ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင်အရေး ကော်မရှင်အား တရားစွဲမည်......
Credit. Robert San Aung
အထူးတင်ပြချက်ပါခင်ဗျား ။မြန်မာနိုင်ငံအမျိုးသား
လူ့အခွင့်အရေးကော်မရှင်မှတာဝန်ရှိသူတို့အား
ရာဇဝတ်ကြောင်းဖြင့်မှုခင်းထိန်ချန်မှုအပါအဝင်
တရားစွဲရန် HYGIENIC LEGAL CLINIC မှ
တရားစွဲရန်ဆုံးဖြတ်ကြောင်းအသိပေးချက်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
မှ အိမ်ဖော်အမျိုးသမီးငယ်များအားလူမဆန်စွာ
ညှင်းပမ်းနှိပ်စက်ဘ၀ဖျက်ခဲ့သော ရာဇဝတ်ကောင်
များကိစ္စ တွင် ငွေကြေးဖြင့်ပြေလည်အောင်ညှိ
နှိုင်းပးပြီး အမှုဖွင့်အရေးယူရေး ဆောင်ရွက်ရန်
ပျက်ကွက်ခဲ့မှုသည် ကြီးမားသောအမှုကိစ္စဖြစ်
သည်ဟု ကျနော်ရိုးသားစွာခံယူမိသဖြင့် ရာဇဝတ်
ကြောင်းအရ အထူးကိစ္စဖြစ်သောကြောင့် ရန်
ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တွင် တ
ရားစတင်စွဲဆိုနိင်ရေးကို လုပ်ဆောင်ရန်ဆုံးဖြတ်
လိုက်ပါပြီ ၊
ရှေးဦးစွာ နိုင်ငံတော်သမ္မတထံမှ တရားစွဲဆို
ခွင့်ပြုမိန့်တောင်းခံခြင်း၊
လက်ရှိကော်မရှင်များထဲမှတာဝန်ရှိသူတို့အား
တာဝန်မှဖယ်ရှားရေး ၊ တို့ကိုအမြန်ဆုံးပြုလုပ်
ပါမည်။
လဆန်း မှ စ၍ ကျနော်ကိုယ်တိုင်တရားလို
ပြုလုပ်တရားစွဲဆိုခွင့်တင်ပြတောင်းခံပါမည်ခင်ဗျား။ လောလောဆယ် သတင်းအချက်အလက်စု
ဆောင်းနေပါသည်။
Via.Min Ko Ko
