ေနာက္ဆံုး တင္သမ်ွ

Thursday, 8 September 2016

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ ရခုိင္ျပည္နယ္ဆုိင္ရာ အႀကံေပး ေကာ္မရွင္၏ဥကၠ႒အျဖစ္ေဆာင္ရြက္မည့္ Mr. Kofi Annan အား လက္ခံေတြ႕ဆုံ




ေနျပည္ေတာ္ ၊  စက္တင္ဘာ - ၈

ရခိုင္တုိင္းရင္းသားမ်ားအတြက္ ထိရွလြယ္သည့္ျဖစ္စဥ္ျဖစ္၍ ရခိုင္တုိင္းရင္းသားမ်ား လက္ခံ ႏုိင္ရန္မွာ အဓိကျဖစ္ေၾကာင္း၊ တုိင္းရင္းသားမ်ား၏ ဆႏၵသည္ အဓိကက်ေၾကာင္း၊ မိမိတို႔အေနျဖင့္ ႏိုင္ငံသားျဖစ္မႈကိုသာမက တုိင္းရင္းသားစည္းလုံး ညီၫြတ္ေရး၊ ဒီမိုကေရစီအေရးတို႔ကိုပါ ထည့္သြင္းစဥ္းစားရေၾကာင္း၊ ေကာ္မရွင္အေနျဖင့္ ျဖစ္စဥ္ျဖစ္ေပၚခဲ့ရသည့္ အေျခအေန သမုိင္း ေၾကာင္းႏွင့္ယွဥ္၍
ေလ့လာေဆာင္ရြက္ရန္ အႀကံျပဳလိုေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရး
ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္သည္  ယေန႕နံနက္ ၉ နာရီတြင္
ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမေဆာင္၌ ရခုိင္ျပည္နယ္ဆုိင္ရာ
အႀကံေပးေကာ္မရွင္၏ ဥကၠ႒အျဖစ္ ေဆာင္ရြက္မည့္ ကုလသမဂၢအေထြေထြ
အတြင္းေရးမွဴးခ်ဳပ္ေဟာင္း Mr. Kofi Annanအား လက္ခံ ေတြ႕ဆုံစဥ္
ထည့္သြင္းေျပာၾကားသည္။

ေတြ႔ဆံုပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ညႇိႏိႈင္းကြပ္ကဲေရးမွဴး
(ၾကည္း၊ ေရ၊ ေလ) ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦးႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး Mr. Kofi Annan ႏွင့္အတူ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

ယင္းသို႔ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေနာက္ခံ
သမုိင္းေၾကာင္းႏွင့္ ပတ္သက္၍ ၁၈၂၄ခုႏွစ္၊ အဂၤလိပ္-ျမန္မာပထမစစ္ပြဲတြင္ စစ္႐ႈံးၿပီး ရခိုင္ေဒသသည္ ၿဗိတိသွ် ကိုလိုနီျဖစ္သြားခဲ့ေၾကာင္း၊ ၁၈၈၆ ခုႏွစ္တြင္
ျမန္မာတစ္ႏုိင္ငံလုံး ၿဗိတိသွ်ကိုလိုနီျဖစ္ခဲ့ရေၾကာင္း၊ ယင္းကာလအတြင္း နယ္ခ်ဲ႕တို႔က စီးပြားေရးအရ စပါးစိုက္ပ်ဳိးရန္ ဘဂၤလားေဒသမွ ဘဂၤါလီမ်ား ေခၚယူခဲ့ရာ ရခိုင္ေဒသတြင္ တျဖည္းျဖည္း လူဦးေရမ်ားလာျခင္းျဖစ္ေၾကာင္း၊ ဘဂၤလားေဒသမွ လာသည့္သူမ်ားျဖစ္၍ မိမိတို႔က ဘဂၤါလီဟုေခၚဆိုေၾကာင္း၊ ယခင္က
ဘဂၤလားနယ္ေျမမွာလည္း အေရွ႕ဘဂၤလားႏွင့္ အေနာက္ဘဂၤလားဟု
နယ္ေျမႏွစ္ခုကြဲသြားၿပီး ၁၉၇၁ ခုႏွစ္တြင္ အေရွ႕ ဘဂၤလား (အေရွ႕ပါကစၥတန္)
နယ္ေျမမွာ ယခုဘဂၤလားေဒ့ရွ္ႏိုင္ငံျဖစ္ေပၚလာေၾကာင္း၊ ယင္းဘဂၤါလီ မ်ားက
သူတို႔ ကိုယ္ကို “႐ိုဟင္ဂ်ာ”ဟုသုံးစြဲလာျခင္းျဖစ္ေၾကာင္း၊ ယခုဘဂၤလားေဒ့ရွ္တြင္ ေနထုိင္သူ မ်ားႏွင့္ ဘာသာစကား၊ ၀တ္စားဆင္ယင္မႈ၊ ယဥ္ေက်းမႈအတူတူ
ပင္ျဖစ္ၿပီး မိမိတို႔ႏွင့္ကြဲျပားျခားနား ေၾကာင္းရွင္းလင္းေျပာၾကားသည္။

ဆက္လက္ၿပီး ျမန္မာႏိုင္ငံတြင္ ရခိုင္တုိင္းရင္းသားမ်ားအပါအ၀င္ အဓိက
တုိင္းရင္းသား ၈ မ်ဳိးႏွင့္ တုိင္းရင္းသားမ်ဳိးႏြယ္စု ၁၃၅ စုေက်ာ္ရွိၿပီး ယင္းမူလ
တုိင္းရင္းသားမ်ဳိးႏြယ္စုမ်ားတြင္ ဘဂၤါလီမပါ၀င္ ေၾကာင္း၊ ယင္းဘဂၤါလီမ်ားက
မူလေနထိုင္သည့္ေဒသခံရခိုင္တုိင္းရင္းသားမ်ားကို တိုက္ခုိက္ခဲ့၍ နယ္စပ္ေဒသ ဘူးသီးေတာင္၊ ေမာင္ေတာနယ္ေျမမွ  Native ရခိုင္မ်ားသည္ ေအာက္ဘက္
စစ္ေတြ၊ ပုဏၰားကြၽန္းဘက္သို႔ ထြက္ေျပးခဲ့ရေၾကာင္း၊ ၁၉၄၂ ခုႏွစ္တြင္ ရခိုင္၊
ဘဂၤါလီပဋိပကၡမ်ား ျပင္းထန္စြာျဖစ္ပြားခဲ့ၿပီး ရခိုင္လူမ်ဳိး ၂ ေသာင္း ေက်ာ္ေသဆုံးခဲ့ရေၾကာင္း၊ နယ္ခ်ဲ႕အဂၤလိပ္မ်ား ျမန္မာျပည္မွ ဆုတ္ခြာထြက္ေျပးခ်ိန္တြင္
ဖက္ဆစ္ဂ်ပန္တို႔ကို တိုက္ခိုက္ရန္ေပးအပ္ခဲ့သည့္ လက္နက္မ်ားအသုံးျပဳ၍
ရခိုင္တုိင္းရင္းသားမ်ားကို တုိက္ခိုက္သတ္ျဖတ္ခဲ့ျခင္းမွာ ရခိုင္ တုိင္းရင္းသားမ်ား၏ မ်ားစြာခံျပင္းမႈကိုျဖစ္ေစသည့္ အေၾကာင္းအရာတစ္ခု ျဖစ္ေၾကာင္း
ရွင္းလင္း ေျပာၾကားသည္။

ယင္းေနာက္ သမုိင္းျဖစ္စဥ္တြင္ မူဂ်ာဟစ္ေသာင္းက်န္းမႈႏွင့္ပတ္သက္၍
ေျပာၾကားရာတြင္ လြတ္လပ္ေရးမရမီ ၁၉၄၇ ခုႏွစ္တြင္ ရခုိင္ေဒသရွိ ဘဂၤါလီမ်ားသည္ မူဂ်ာဟစ္ေသာင္းက်န္းသူ အျဖစ္ အစိုးရကိုလက္နက္ကိုင္၍ စတင္
တုိက္ခိုက္ခဲ့ေၾကာင္း၊ လြတ္လပ္ေရးရၿပီးေနာက္ပိုင္းတြင္ လည္း ဆက္လက္
တုိက္ခိုက္မႈမ်ားရွိ၍ တပ္မေတာ္အေနျဖင့္ ျပန္လည္တိုက္ခိုက္ေခ်မႈန္းခဲ့ရ
ေၾကာင္း၊ လြတ္လပ္ေရးရၿပီးေနာက္ပိုင္း ျမန္မာတစ္ႏုိင္ငံလုံးတြင္ တုိင္းရင္းသားလက္နက္ကိုင္ ပဋိပကၡမ်ားျဖစ္ပြားခဲ့ရျခင္း၊ ၁၉၇၀ ခုႏွစ္၀န္းက်င္တြင္ ဗကပ
ေသာင္းက်န္းသူမ်ားကို ႏွိမ္နင္းခဲ့ရျခင္း တုိ႔ေၾကာင့္ ယင္းအခ်ိန္ကာလ အစိုးရမ်ားအေနျဖင့္ ရခိုင္ေဒသ ဘဂၤါလီအ၀င္အထြက္မ်ားစြာကို ထိေရာက္စြာၾကပ္မတ္ႏုိင္မႈမရွိေၾကာင္း၊ ယင္းအေျခခံအေၾကာင္းအရာမ်ားမွ အဆင့္ဆင့္ျဖင့္ ယခု
အေျခအေနအထိ ေရာက္ရွိလာျခင္းျဖစ္ေၾကာင္း ရွင္းလင္းေျပာၾကားသည္။

ဆက္လက္၍ ရခိုင္ေဒသဘဂၤါလီဦးေရတုိးပြားမႈႏွင့္ပတ္သက္၍ ၁၉၄၂ ခုႏွစ္
မွတ္တမ္းမ်ားအရ နယ္စပ္ေဒသေမာင္းေတာဧရိယာတစ္ခုတည္းတြင္ပင္
ဘဂၤါလီဦးေရ ၁၂၄၄၅၂ ဦးရွိခဲ့ၿပီး ၁၉၈၆ ခုႏွစ္စာရင္းအရ ၂၆၀၀၀၀ ေက်ာ္ျဖစ္၍ ႏွစ္ ၄၀ ခန္႔ အတြင္း လူဦးေရႏွစ္ဆတုိးပြားခဲ့ေၾကာင္း၊ မိမိႏိုင္ငံဥပေဒအရ
တစ္လင္တစ္မယားစနစ္ က်င့္သုံးေသာ္လည္း ယင္းတို႔အေနျဖင့္ လုိက္နာ
က်င့္သုံးမႈမရွိဘဲ အိမ္ေထာင္ျပဳမႈမ်ားသည့္ စနစ္ေၾကာင့္လည္း လူဦးေရတုိးပြားလာျခင္းျဖစ္ေၾကာင္း ေျပာၾကားသည္။

ႏိုင္ငံသားစိစစ္မႈလုပ္ငန္းမ်ားႏွင့္ပတ္သက္၍ေျပာၾကားရာတြင္ မိမိႏုိင္ငံအေနျဖင့္ လူဦးေရလြန္စြာ မ်ားျပားသည့္အိမ္နီးခ်င္းႏုိင္ငံမ်ားအၾကားတြင္ တည္ရွိေန
ေၾကာင္း၊ ႏိုင္ငံသားစိစစ္ေရးလုပ္ငန္းမွာ အမွားမခံႏုိင္ျခင္းေၾကာင့္ အေထာက္
အထားျပည့္စုံစြာျဖင့္ အခ်ိန္ယူစိစစ္ရေၾကာင္း၊ ရခိုင္ေဒသတြင္ လည္း ႏိုင္ငံသားစိစစ္ျခင္းလုပ္ငန္းစဥ္မ်ားကို ၁၉၈၂ ခုႏွစ္ျမန္မာႏုိင္ငံသားဥပေဒႏွင့္အညီ
ေဆာင္ရြက္ေပးေနေၾကာင္း၊ ယင္းဥပေဒႏွင့္ကိုက္ညီပါက ႏုိင္ငံသား၊ ႏိုင္ငံသား
ျပဳခြင့္ႏွင့္ ဧည့္ႏုိင္ငံသား စသည္ျဖင့္ ဥပေဒႏွင့္အညီသတ္မွတ္ခံစားခြင့္ရမည္
ျဖစ္ေၾကာင္း၊ ဒုကၡသည္စခန္း ျပင္ပတြင္ ရွိေနသည့္ဘဂၤါလီမ်ားအေနျဖင့္ မိမိ
ကိုယ္မိမိ ယုံၾကည္မႈရွိလွ်င္ စိစစ္မႈခံႏိုင္မည္ဟု ယူဆေၾကာင္း၊ ႏုိင္ငံသားစိစစ္မႈလုပ္ငန္းစဥ္မ်ားကို မွန္ကန္စြာသိရွိၿပီး ႏွစ္ဖက္လုံးက စိတ္ရွည္မႈ ရွိရန္လိုေၾကာင္း ထည့္သြင္းေျပာၾကားသည္။

ယင္းေနာက္ ဘာသာေရးဆုိင္ရာလြတ္လပ္စြာကိုးကြယ္မႈႏွင့္ပတ္သက္၍
ျမန္မာႏုိင္ငံသည္ လူဦးေရ ၅၂ သန္းေက်ာ္ရွိၿပီး ဗုဒၶဘာသာကိုးကြယ္သူ ၈၇
ရာခိုင္ႏႈန္း ေက်ာ္၊ ခရစ္ယာန္ဘာသာကိုးကြယ္သူ ၆ ရာခိုင္ႏႈန္းေက်ာ္၊ အစၥလာမ္ဘာသာကိုးကြယ္ သူ ၄ ရာခိုင္ႏႈန္းေက်ာ္ႏွင့္ က်န္ရာခိုင္ႏႈန္း အနည္းငယ္မွာ
အျခားဘာသာမ်ားကို ကုိးကြယ္ၾကေၾကာင္း၊ ျမန္မာႏုိင္ငံ၏ဖြဲ႕စည္းပုံအေျခခံ
ဥပေဒတြင္ ဗုဒၶဘာသာသည္ အမ်ားစုကိုးကြယ္ၿပီးထူးျခားေသာ၀ိေသသရွိသည့္ဘာသာအျဖစ္ အသိအမွတ္ျပဳထားသကဲ့သို႔ အျခားဘာသာကိုးကြယ္မႈမ်ားကို
လည္း အသိအမွတ္ျပဳၿပီး လိုအပ္ သည္မ်ားကူညီေစာင့္ေရွာက္ရန္ အတိ
အလင္းျပ႒ာန္းထားေၾကာင္း၊ ခရစ္ယာန္ဘာသာကိုးကြယ္ သည့္ အခ်ဳိ႕ႏိုင္ငံ၊
အစၥလာမ္ဘာသာကိုးကြယ္သည့္အခ်ဳိ႔ႏိုင္ငံမ်ားႏွင့္ ယွဥ္ၾကည့္ပါက မိမိႏိုင္ငံတြင္ ဘာသာေရးႏွင့္ပတ္သက္၍ တင္းၾကပ္မႈမရွိဘဲ လြတ္လပ္စြာ ကိုးကြယ္ခြင့္ျပဳထားေၾကာင္း၊ အစၥလာမ္ဘာသာကိုးကြယ္သူ ၄ ရာခိုင္ႏႈန္းေက်ာ္တြင္လည္း
ေရွးႏွစ္ေပါင္းမ်ားစြာက ေရာက္ရွိမႈ၊ ဘာသာကူးေျပာင္းကိုးကြယ္မႈမ်ားအျဖစ္
ေရွးယခင္ကတည္းက လက္ခံထားျခင္းျဖစ္ေၾကာင္း၊ အစၥလာမ္ဘာသာ၀င္ႏုိင္ငံသားမ်ားတြင္ အဆင့္ျမင့္တာ၀န္ထမ္းေဆာင္ေနသည့္ ႏုိင္ငံ့၀န္ထမ္းမ်ားလည္းရွိေၾကာင္း၊ ယခုျပႆနာမွာလည္း ဘာသာေရးေၾကာင့္မဟုတ္ဘဲ ဘာသာေရးကိုအေျခခံၿပီး လႈံ႕ေဆာ္ေနမႈမ်ားသာျဖစ္ေၾကာင္း၊ မိမိတို႔အေနျဖင့္ မွ်တစြာသုံးသပ္
ေျပာဆိုလုပ္ေဆာင္လ်က္ရွိ ေၾကာင္း၊ ေကာ္မရွင္ႏွင့္ပတ္သက္၍လုိအပ္သည္မ်ားအား တပ္မေတာ္က ကူညီေဆာင္ရြက္ေပး သြားမည္ျဖစ္ေၾကာင္းေျပာၾကား
သည္။

ယင္းေနာက္  Mr. Kofi Annan က ယခုကဲ့သို႔ရွင္းလင္းေျပာၾကားေပး၍ မိမိ
အတြက္ သမုိင္းအသိရသြားၿပီး အနာဂတ္ကိုေျမာ္ျမင္ႏိုင္မႈအတြက္ ေက်းဇူးတင္ရွိပါေၾကာင္း၊ မိမိတို႔ေကာ္မရွင္ အေနျဖင့္ ယခုကိစၥအတြက္ ဆုံးျဖတ္ခ်က္ေပးျခင္း
မဟုတ္ဘဲ Stakeholder မ်ား၊ ႏွစ္ဖက္ အသိုက္အ၀န္းမ်ားႏွင့္ေတြ႕ဆုံ၍
ေလ့လာသုံးသပ္ၿပီး အႀကံေပးျခင္း၊ အႀကံျပဳျခင္းမ်ားသာ ေဆာင္ရြက္သြားမည္
ျဖစ္ေၾကာင္း၊ ႏိုင္ငံသားျဖစ္မႈ၊ မျဖစ္မႈကိစၥတစ္ခုတည္းသာမက ေဒသဖြံ႕ၿဖဳိး
တိုးတက္မႈအပါအ၀င္ ဘက္စုံေထာင့္စုံမွ ေလ့လာေဆာင္ရြက္သြားမည္ျဖစ္
ေၾကာင္း၊ မိမိရခိုင္ ေဒသသို႔ သြားေရာက္ခဲ့သည့္ခရီးစဥ္တြင္ ႏွစ္ဖက္အသိုက္အ၀န္း၏ စိုးရိမ္ပူပန္မႈအသီးသီးကိုလည္း  ၾကားသိခဲ့ရပါေၾကာင္း၊ ႏုိင္ငံသား
စိစစ္ေရးလုပ္ငန္းစဥ္သည္ ဆက္လက္ေဆာင္ရြက္သင့္ၿပီး ဥပေဒႏွင့္ အညီ
ေဆာင္ရြက္ျခင္းျဖင့္ ျပႆနာကို ေျပလည္ေအာင္ေျဖရွင္းႏုိင္မည့္ နည္းလမ္းမ်ားကို  ေလ့လာလုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္းျပန္လည္ေျပာၾကား၍ ႏွစ္ဦးႏွစ္ဖက္
ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြးၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က Mr. Kofi Annan အား အထိမ္း အမွတ္ပစၥည္းေပးအပ္၍ အဖြဲ႕၀င္မ်ားႏွင့္အတူ အမွတ္တရစုေပါင္း
ဓာတ္ပုံ႐ိုက္ခဲ့ၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မည့် Mr. Kofi Annan အား လက်ခံတွေ့ဆုံ

နေပြည်တော် ၊  စက်တင်ဘာ - ၈

ရခိုင်တိုင်းရင်းသားများအတွက် ထိရှလွယ်သည့်ဖြစ်စဉ်ဖြစ်၍ ရခိုင်တိုင်းရင်းသားများ လက်ခံ နိုင်ရန်မှာ အဓိကဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ ဆန္ဒသည် အဓိကကျကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံသားဖြစ်မှုကိုသာမက တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ ဒီမိုကရေစီအရေးတို့ကိုပါ ထည့်သွင်းစဉ်းစားရကြောင်း၊ ကော်မရှင်အနေဖြင့် ဖြစ်စဉ်ဖြစ်ပေါ်ခဲ့ရသည့် အခြေအနေ သမိုင်း ကြောင်းနှင့်ယှဉ်၍လေ့လာဆောင်ရွက်ရန် အကြံပြုလိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်  ယနေ့နံနက် ၉ နာရီတွင်
နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ ရခိုင်ပြည်နယ်ဆိုင်ရာ
အကြံပေးကော်မရှင်၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း Mr. Kofi Annanအား လက်ခံ တွေ့ဆုံစဉ်
ထည့်သွင်းပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး
(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး Mr. Kofi Annan နှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ယင်းသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နောက်ခံ
သမိုင်းကြောင်းနှင့် ပတ်သက်၍ ၁၈၂၄ခုနှစ်၊ အင်္ဂလိပ်-မြန်မာပထမစစ်ပွဲတွင် စစ်ရှုံးပြီး ရခိုင်ဒေသသည် ဗြိတိသျှ ကိုလိုနီဖြစ်သွားခဲ့ကြောင်း၊ ၁၈၈၆ ခုနှစ်တွင်
မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှကိုလိုနီဖြစ်ခဲ့ရကြောင်း၊ ယင်းကာလအတွင်း နယ်ချဲ့တို့က စီးပွားရေးအရ စပါးစိုက်ပျိုးရန် ဘင်္ဂလားဒေသမှ ဘင်္ဂါလီများ ခေါ်ယူခဲ့ရာ ရခိုင်ဒေသတွင် တဖြည်းဖြည်း လူဦးရေများလာခြင်းဖြစ်ကြောင်း၊ ဘင်္ဂလားဒေသမှ လာသည့်သူများဖြစ်၍ မိမိတို့က ဘင်္ဂါလီဟုခေါ်ဆိုကြောင်း၊ ယခင်က
ဘင်္ဂလားနယ်မြေမှာလည်း အရှေ့ဘင်္ဂလားနှင့် အနောက်ဘင်္ဂလားဟု
နယ်မြေနှစ်ခုကွဲသွားပြီး ၁၉၇၁ ခုနှစ်တွင် အရှေ့ ဘင်္ဂလား (အရှေ့ပါကစ္စတန်)
နယ်မြေမှာ ယခုဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်ပေါ်လာကြောင်း၊ ယင်းဘင်္ဂါလီ များက
သူတို့ ကိုယ်ကို “ရိုဟင်ဂျာ”ဟုသုံးစွဲလာခြင်းဖြစ်ကြောင်း၊ ယခုဘင်္ဂလားဒေ့ရှ်တွင် နေထိုင်သူ များနှင့် ဘာသာစကား၊ ဝတ်စားဆင်ယင်မှု၊ ယဉ်ကျေးမှုအတူတူ
ပင်ဖြစ်ပြီး မိမိတို့နှင့်ကွဲပြားခြားနား ကြောင်းရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံတွင် ရခိုင်တိုင်းရင်းသားများအပါအဝင် အဓိက
တိုင်းရင်းသား ၈ မျိုးနှင့် တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ စုကျော်ရှိပြီး ယင်းမူလ
တိုင်းရင်းသားမျိုးနွယ်စုများတွင် ဘင်္ဂါလီမပါဝင် ကြောင်း၊ ယင်းဘင်္ဂါလီများက
မူလနေထိုင်သည့်ဒေသခံရခိုင်တိုင်းရင်းသားများကို တိုက်ခိုက်ခဲ့၍ နယ်စပ်ဒေသ ဘူးသီးတောင်၊ မောင်တောနယ်မြေမှ  Native ရခိုင်များသည် အောက်ဘက်
စစ်တွေ၊ ပုဏ္ဏားကျွန်းဘက်သို့ ထွက်ပြေးခဲ့ရကြောင်း၊ ၁၉၄၂ ခုနှစ်တွင် ရခိုင်၊
ဘင်္ဂါလီပဋိပက္ခများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရခိုင်လူမျိုး ၂ သောင်း ကျော်သေဆုံးခဲ့ရကြောင်း၊ နယ်ချဲ့အင်္ဂလိပ်များ မြန်မာပြည်မှ ဆုတ်ခွာထွက်ပြေးချိန်တွင်ဖက်ဆစ်ဂျပန်တို့ကို တိုက်ခိုက်ရန်ပေးအပ်ခဲ့သည့် လက်နက်များအသုံးပြု၍
ရခိုင်တိုင်းရင်းသားများကို တိုက်ခိုက်သတ်ဖြတ်ခဲ့ခြင်းမှာ ရခိုင် တိုင်းရင်းသားများ၏ များစွာခံပြင်းမှုကိုဖြစ်စေသည့် အကြောင်းအရာတစ်ခု ဖြစ်ကြောင်း
ရှင်းလင်း ပြောကြားသည်။

ယင်းနောက် သမိုင်းဖြစ်စဉ်တွင် မူဂျာဟစ်သောင်းကျန်းမှုနှင့်ပတ်သက်၍
ပြောကြားရာတွင် လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ်တွင် ရခိုင်ဒေသရှိ ဘင်္ဂါလီများသည် မူဂျာဟစ်သောင်းကျန်းသူ အဖြစ် အစိုးရကိုလက်နက်ကိုင်၍ စတင်
တိုက်ခိုက်ခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် လည်း ဆက်လက်
တိုက်ခိုက်မှုများရှိ၍ တပ်မတော်အနေဖြင့် ပြန်လည်တိုက်ခိုက်ချေမှုန်းခဲ့ရ
ကြောင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာတစ်နိုင်ငံလုံးတွင် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားခဲ့ရခြင်း၊ ၁၉၇၀ ခုနှစ်ဝန်းကျင်တွင် ဗကပ
သောင်းကျန်းသူများကို နှိမ်နင်းခဲ့ရခြင်း တို့ကြောင့် ယင်းအချိန်ကာလ အစိုးရများအနေဖြင့် ရခိုင်ဒေသ ဘင်္ဂါလီအဝင်အထွက်များစွာကို ထိရောက်စွာကြပ်မတ်နိုင်မှုမရှိကြောင်း၊ ယင်းအခြေခံအကြောင်းအရာများမှ အဆင့်ဆင့်ဖြင့် ယခု
အခြေအနေအထိ ရောက်ရှိလာခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ရခိုင်ဒေသဘင်္ဂါလီဦးရေတိုးပွားမှုနှင့်ပတ်သက်၍ ၁၉၄၂ ခုနှစ်
မှတ်တမ်းများအရ နယ်စပ်ဒေသမောင်းတောဧရိယာတစ်ခုတည်းတွင်ပင်
ဘင်္ဂါလီဦးရေ ၁၂၄၄၅၂ ဦးရှိခဲ့ပြီး ၁၉၈၆ ခုနှစ်စာရင်းအရ ၂၆၀ဝ၀ဝ ကျော်ဖြစ်၍ နှစ် ၄၀ ခန့် အတွင်း လူဦးရေနှစ်ဆတိုးပွားခဲ့ကြောင်း၊ မိမိနိုင်ငံဥပဒေအရ
တစ်လင်တစ်မယားစနစ် ကျင့်သုံးသော်လည်း ယင်းတို့အနေဖြင့် လိုက်နာ
ကျင့်သုံးမှုမရှိဘဲ အိမ်ထောင်ပြုမှုများသည့် စနစ်ကြောင့်လည်း လူဦးရေတိုးပွားလာခြင်းဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံသားစိစစ်မှုလုပ်ငန်းများနှင့်ပတ်သက်၍ပြောကြားရာတွင် မိမိနိုင်ငံအနေဖြင့် လူဦးရေလွန်စွာ များပြားသည့်အိမ်နီးချင်းနိုင်ငံများအကြားတွင် တည်ရှိနေ
ကြောင်း၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းမှာ အမှားမခံနိုင်ခြင်းကြောင့် အထောက်
အထားပြည့်စုံစွာဖြင့် အချိန်ယူစိစစ်ရကြောင်း၊ ရခိုင်ဒေသတွင် လည်း နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းစဉ်များကို ၁၉၈၂ ခုနှစ်မြန်မာနိုင်ငံသားဥပဒေနှင့်အညီ
ဆောင်ရွက်ပေးနေကြောင်း၊ ယင်းဥပဒေနှင့်ကိုက်ညီပါက နိုင်ငံသား၊ နိုင်ငံသား
ပြုခွင့်နှင့် ဧည့်နိုင်ငံသား စသည်ဖြင့် ဥပဒေနှင့်အညီသတ်မှတ်ခံစားခွင့်ရမည်
ဖြစ်ကြောင်း၊ ဒုက္ခသည်စခန်း ပြင်ပတွင် ရှိနေသည့်ဘင်္ဂါလီများအနေဖြင့် မိမိ
ကိုယ်မိမိ ယုံကြည်မှုရှိလျှင် စိစစ်မှုခံနိုင်မည်ဟု ယူဆကြောင်း၊ နိုင်ငံသားစိစစ်မှုလုပ်ငန်းစဉ်များကို မှန်ကန်စွာသိရှိပြီး နှစ်ဖက်လုံးက စိတ်ရှည်မှု ရှိရန်လိုကြောင်း ထည့်သွင်းပြောကြားသည်။

ယင်းနောက် ဘာသာရေးဆိုင်ရာလွတ်လပ်စွာကိုးကွယ်မှုနှင့်ပတ်သက်၍
မြန်မာနိုင်ငံသည် လူဦးရေ ၅၂ သန်းကျော်ရှိပြီး ဗုဒ္ဓဘာသာကိုးကွယ်သူ ၈၇
ရာခိုင်နှုန်း ကျော်၊ ခရစ်ယာန်ဘာသာကိုးကွယ်သူ ၆ ရာခိုင်နှုန်းကျော်၊ အစ္စလာမ်ဘာသာကိုးကွယ် သူ ၄ ရာခိုင်နှုန်းကျော်နှင့် ကျန်ရာခိုင်နှုန်း အနည်းငယ်မှာ
အခြားဘာသာများကို ကိုးကွယ်ကြကြောင်း၊ မြန်မာနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံ
ဥပဒေတွင် ဗုဒ္ဓဘာသာသည် အများစုကိုးကွယ်ပြီးထူးခြားသောဝိသေသရှိသည့်ဘာသာအဖြစ် အသိအမှတ်ပြုထားသကဲ့သို့ အခြားဘာသာကိုးကွယ်မှုများကို
လည်း အသိအမှတ်ပြုပြီး လိုအပ် သည်များကူညီစောင့်ရှောက်ရန် အတိ
အလင်းပြဋ္ဌာန်းထားကြောင်း၊ ခရစ်ယာန်ဘာသာကိုးကွယ် သည့် အချို့နိုင်ငံ၊
အစ္စလာမ်ဘာသာကိုးကွယ်သည့်အချို့နိုင်ငံများနှင့် ယှဉ်ကြည့်ပါက မိမိနိုင်ငံတွင် ဘာသာရေးနှင့်ပတ်သက်၍ တင်းကြပ်မှုမရှိဘဲ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားကြောင်း၊ အစ္စလာမ်ဘာသာကိုးကွယ်သူ ၄ ရာခိုင်နှုန်းကျော်တွင်လည်း
ရှေးနှစ်ပေါင်းများစွာက ရောက်ရှိမှု၊ ဘာသာကူးပြောင်းကိုးကွယ်မှုများအဖြစ်
ရှေးယခင်ကတည်းက လက်ခံထားခြင်းဖြစ်ကြောင်း၊ အစ္စလာမ်ဘာသာဝင်နိုင်ငံသားများတွင် အဆင့်မြင့်တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများလည်းရှိကြောင်း၊ ယခုပြဿနာမှာလည်း ဘာသာရေးကြောင့်မဟုတ်ဘဲ ဘာသာရေးကိုအခြေခံပြီး လှုံ့ဆော်နေမှုများသာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မျှတစွာသုံးသပ်ပြောဆိုလုပ်ဆောင်လျက်ရှိ ကြောင်း၊ ကော်မရှင်နှင့်ပတ်သက်၍လိုအပ်သည်များအား တပ်မတော်က ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းပြောကြားသည်။

ယင်းနောက်  Mr. Kofi Annan က ယခုကဲ့သို့ရှင်းလင်းပြောကြားပေး၍ မိမိ
အတွက် သမိုင်းအသိရသွားပြီး အနာဂတ်ကိုမြော်မြင်နိုင်မှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ကော်မရှင် အနေဖြင့် ယခုကိစ္စအတွက် ဆုံးဖြတ်ချက်ပေးခြင်း
မဟုတ်ဘဲ Stakeholder များ၊ နှစ်ဖက် အသိုက်အဝန်းများနှင့်တွေ့ဆုံ၍
လေ့လာသုံးသပ်ပြီး အကြံပေးခြင်း၊ အကြံပြုခြင်းများသာ ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း၊ နိုင်ငံသားဖြစ်မှု၊ မဖြစ်မှုကိစ္စတစ်ခုတည်းသာမက ဒေသဖွံ့ဖြိုး
တိုးတက်မှုအပါအဝင် ဘက်စုံထောင့်စုံမှ လေ့လာဆောင်ရွက်သွားမည်ဖြစ်
ကြောင်း၊ မိမိရခိုင် ဒေသသို့ သွားရောက်ခဲ့သည့်ခရီးစဉ်တွင် နှစ်ဖက်အသိုက်အဝန်း၏ စိုးရိမ်ပူပန်မှုအသီးသီးကိုလည်း  ကြားသိခဲ့ရပါကြောင်း၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်သည် ဆက်လက်ဆောင်ရွက်သင့်ပြီး ဥပဒေနှင့် အညီဆောင်ရွက်ခြင်းဖြင့် ပြဿနာကို ပြေလည်အောင်ဖြေရှင်းနိုင်မည့် နည်းလမ်းများကို  လေ့လာလုပ်ဆောင်သွားမည် ဖြစ်ကြောင်းပြန်လည်ပြောကြား၍ နှစ်ဦးနှစ်ဖက် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က Mr. Kofi Annan အား အထိမ်း အမှတ်ပစ္စည်းပေးအပ်၍ အဖွဲ့ဝင်များနှင့်အတူ အမှတ်တရစုပေါင်း
ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မူရင္းလင့္