နောက်ဆုံး တင်သမျှ

Monday, 26 September 2016

မလေးရှားနိုင်ငံတွင် ခိုးယူထားသောကားများ ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်နေဟုဆို


ပြည့်ဖြိုးနိုင်
ရန်ကုန် စက်တင်ဘာ ၂၆
မလေးရှားနိုင်ငံတွင် ခိုးယူထား သောကားများကို ထိုင်းနိုင်ငံမှတစ် ဆင့် မြန်မာနိုင်ငံအတွင်းသို့ တင်ပို့ မှုများရှိနေကြောင်း စတားသတင်း စာက ဖော်ပြသည်။
မလေးရှားနိုင်ငံတွင် လူဆိုး ဂိုဏ်းများသည် တန်ဖိုးမြင့်ကား များကို အုပ်စုဖွဲ့၍ခိုးယူမှုများ ပြု လုပ်ကာ ကုန်သေတ္တာတင်သင်္ဘော များဖြင့် စင်ကာပူနိုင်ငံသို့ လွှဲ ပြောင်းပြီးနောက် ထိုင်းနိုင်ငံသို့ ဆက်လက်တင်ပို့ကာ မြန်မာနိုင်ငံ အပါအဝင် ထိုင်းနိုင်ငံနှင့်နယ်နိမိတ် ချင်းထိစပ်နေသော လာအို၊ ကမ္ဘော ဒီးယားနိုင်ငံများသို့ ထပ်ဆင့်တင်ပို့ မှုများ ပြုလုပ်နေခြင်းဖြစ်သည်ဟု ခိုင်မာသည့်သတင်းအရင်းအမြစ် များက အတည်ပြုထားသည်ဟု သိရသည်။ အမည်ဖော်ထုတ်ခဲ့ခြင်း မရှိသော မလေးရှားကားဈေးကွက် ကျွမ်းကျင်သူတစ်ဦးက လူဆိုး ဂိုဏ်းများသည် ကွန်ရက်သဖွယ် ဖွဲ့စည်းကာ ကားများကိုခိုးယူပြီး နောက် ကားအစင်းလိုက်ဖြစ်စေ၊ အစိတ်အပိုင်းများကိုဖြုတ်၍ဖြစ်စေ၊ စင်ကာပူနိုင်ငံသို့ ကုန်သေတ္တာတင် သင်္ဘောများဖြင့် ရွှေ့ပြောင်းနေခြင်း ဖြစ်ကြောင်း၊ စင်ကာပူမှတစ်ဆင့် ထိုင်းနိုင်ငံရှိ Laem Chabang  ဆိပ် ကမ်းသို့ ဆက်လက်တင်ပို့ခြင်းဖြစ် ကာ အဆိုပါဆိပ်ကမ်းသည် မလေး ရှားနိုင်ငံမှ ခိုးယူလာသောကားများ ကို ထိုင်းနိုင်ငံနှင့်ထိစပ်နေသော နိုင်ငံများသို့ ဖြန့်ချိရန်အတွက် သို လှောင်ထားသည့် အကြီးဆုံးမှောင် ခိုဈေးကွက်တစ်ခုဖြစ်နေကြောင်း ပြောသည်။
ထိုင်းနိုင်ငံတွင် မလေးရှားနိုင်ငံ မှခိုးယူလာသောကားများကိုရောင်း ချရန်မလွယ်ကူသောကြောင့် မှောင် ခိုဈေးကွက်များမှတစ်ဆင့် မြန်မာ၊ လာအိုနှင့်ကမ္ဘောဒီးယားနိုင်ငံများ သို့ ဆက်လက်တင်ပို့ခြင်းဖြစ်သည် ဟု သိရသည်။ ထိုင်းရဲတပ်ဖွဲ့သည် ယခုလအစောပိုင်း၌မလေးရှားနိုင်ငံ မှခိုးယူလာသော ကား၂၂စီးကိုဖမ်း ဆီးနိုင်ခဲ့ပြီး ဖမ်းဆီးနိုင်ခဲ့သည့်ကား များ၏တန်ဖိုးမှာ ရင်းဂစ် ၂ဒသမ ၂သန်းခန့် ရှိသည်ဟု အတည်ပြု ခဲ့သည်။ ထို့အပြင် ပြီးခဲ့သည့်နှစ် ကလည်း ထိုင်းရဲတပ်ဖွဲ့သည် Laem Chabang ဆိပ်ကမ်းတွင် မလေးရှားလူဆိုးဂိုဏ်းများက ခိုး ယူ၍ တင်ပို့ထားသည်ဟု ယူဆနိုင် သည့် တန်ဖိုးကြီးဇိမ်ခံကား ၁၈စီး ကို ဖမ်းဆီးနိုင်ခဲ့သည်။
ပြီးခဲ့သည့်နှစ်ပိုင်းများအတွင်း မလေးရှားနိုင်ငံ၌ ခိုးယူခံခဲ့ရသည့် ဇိမ်ခံကားများနှင့်ဘက်စုံသုံးအဆင့် မြင့်ကားများသည် မြန်မာ-ထိုင်း နယ်စပ်နှင့် လာအို၊ ကမ္ဘောဒီးယား နိုင်ငံများသို့ အများဆုံးရောက်ရှိ သွားခဲ့သည်ဟု ယူဆနိုင်သော အထောက်အထားများကို မလေး ရှားရဲတပ်ဖွဲ့က ရရှိထားသည်။ မြန်မာနိုင်ငံအတွင်းရှိ မှောင်ခိုဈေး ကွက်တွင် လေးဘီးယက်ကားများ ကို နှစ်ခြိုက်သူပေါများသော ကြောင့် မလေးရှားနိုင်ငံအတွင်း၌ ခိုးယူလာသောအဆိုပါအမျိုးအစား ကားများကို ထိုင်း-မြန်မာနယ်စပ် မှတစ်ဆင့် မြန်မာနိုင်ငံသို့ တင်ပို့ နေသည်ဟု ဆိုသည်။ ထို့အပြင် တန်ဖိုးမြင့်ဇိမ်ခံကားများကိုလည်း မြန်မာဈေးကွက်နှင့် ကမ္ဘောဒီးယား ဈေးကွက်များသို့ ပို့ဆောင်ရန် အတွက် မလေးရှားလူဆိုးဂိုဏ်းများ က မလေးရှားနိုင်ငံအတွင်း၌ဦးစား ပေးခိုးယူမှုများ ပြုလုပ်နေသည်ဟု မလေးရှားရဲတပ်ဖွဲ့က ယူဆထား သည်။