နောက်ဆုံး တင်သမျှ
Monday, 26 September 2016
NLD လွှတ်တော်အမတ်များအနေဖြင့် ပုဂ္ဂလိကခံစားချက်များကိုရှေ့တန်းတင်ပြီး ဥပဒေများ ဆက်လက်ဖျက်သိမ်းနေပါက ISတို့လက်ခမောင်းခတ်တောာ့မည်
24 , Sept , 2016 By Min Chit Oo
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရသစ်သည် လွှတ်တော်တွင် ဥပဒေအသစ်များ ပြဋ္ဌာန်းခြင်း၊ ရုပ်သိမ်းခြင်းများဆောင်ရွက်ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုရာစွဲ၍ အသုံးပြုလျက်ရှိကြောင်း “နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကိုကာကွယ်ပေး ရေးဆိုင်ရာဥပဒေကြမ်း”ကို ၀င်ရောက်ဆွေးနွေးစဉ် ပြည်သူ့လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးမြင့်မောင်က ပြောကြားခဲ့ပါသည်။
NLD အစိုးရတာဝန်ရှိသူများအနေဖြင့် ပုဂ္ဂလိကခံစားချက်များကိုရှေ့တန်းတင်ပြီး မိမိ ဒီအမှုနဲ့ထောင်ကျခဲ့တယ်…ဒီဥပဒေကိုဖျက်သိမ်းမယ်ဆိုလို့ကတော့ နိုင်ငံပျက်ဆီးဖို့သာ ရှိတော့သည်။ ကိုယ်မဟုတ်တာမလုပ်ခဲ့လျှင် ဘာမှကြောက်နေစရာမလိုပေ။ NLD အစိုးရတာဝန်ရှိသူများအနေဖြင့် မြန်မာနိုင်ငံကို အရှေ့အလယ်ပိုင်းဒေသလို ဖြစ်အောင် လုပ်ဆောင်နေကြသည်ဟုသာရှု့မြင်မိပေးသည်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံ၏ လုံခြုံရေးဥပဒေများကို ဖျက်သိမ်းခြင်း၊ မရှိသည့်လူမျိုးကိုရှိအောင် လုပ်နေခြင်းတို့ကြောင့် ပင်ဖြစ်ပေသည်။ အရေးပေါ်စီမံမှုဥပဒေသည် လုံဝဖျက်သိမ်း၍မရ။ ဒီမိုကရေစီကို ဦးစားပေးပြဌာန်းသည်ဥပဒေဖြစ်ပြီး မြန်မာနိုင်ငံလုံခြုံမှုရှိစေရေး လုပ်ဆောင်ပေးထားခြင်းပင် ဖြစ်သည်။ စောင့်ကြည့်ကြရန်နှင့် IS များကတော့ လက်ခမောင်းခတ်နေကြပြီဖြစ်သည်။
ဒုတိယအကြိမ်လွှတ်တော်သက်တမ်းကာလတွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြု ခဲ့သည့် နိုင်ငံတော်မှနှောင့်ယှက်ဖျက်စီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ၊ အတိုင်ပင်ခံဥပဒေ၊ လွှတ်တော် ၂ ရပ်တွင် ဆွေးနွေးဆဲဖြစ်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းများကို ပြဌာန်းခြင်း၊ ရုတ်သိမ်းခြင်းများပြုလုပ်ရာတွင် ဥပဒေပြုရေးတာဝန်ရှိသူများသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလွဲရာဆွဲ အသုံးပြုခဲ့ကြခြင်းသာဖြစ်သည်။
ပြဋ္ဌာန်းပြီးသည့် ဥပဒေတခုကို ထိရောက်စွာအသုံးမချနိုင်မီ မကြာခဏ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများလည်း မပြုသင့်ပေ။ သေသေချာချာ လေ့လာသုံးသပ်ကာ ဘက်ပေါင်းစုံမှ ရေးဆွဲအတည်ပြုပြီး အကျိုးစီးပွားခိုင်မာသည့် ဥပဒေတစ်ရပ်ဖြစ်နေပါလျက် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားနဲ့လုံခြုံရေးကို ထိခိုက်အားနည်းစေမည့် အချက်များဖြင့် အစောတလျင် ရုပ်သိမ်းခြင်းနှင့် ပြဋ္ဌာန်းခြင်းများကို မပြုသင့်ကြောင်းတင်ပြလိုက်ရပါသည်။
