နောက်ဆုံး တင်သမျှ
Sunday, 25 September 2016
ပထမခြေလှမ်း
''မိုင်ထောင်ပေါင်းများစွာ ကွာဝေးလွန်းလှသော ခရီးရှည်ကြီးသည် အစပထမခြေလှမ်း တစ်လှမ်းဖြင့် စတင်ရသည်''
(Tao Te Ching တောက်တယ်ကျင်း တရုတ်ရှေးဟောင်းဆိုရိုးကျမ်းမှ)
ခြေလှမ်းလေးများ
တစ်လှမ်းပြီးတစ်လှမ်း အသေးအဖွဲခြေလှမ်း လေးများ၊ ကြိုးစားမှုများ၊ စုပေါင်းအားလုပ်ငန်း စဉ်များ တစ်စတစ်စ စုပေါင်းလုပ်ဆောင်လိုက် သောအခါ ကြီးမားသည့်ရည်မှန်းချက်၊ ကွာဝေး ခက်ခဲလွန်းသဖြင့် ရောက်မှရောက်နိုင်ပါ့မလား ဟု သံသယဝင်ခဲ့မိသော မျှော်လင့်ချက်၊ ပန်းတိုင် ဆီသို့ အမှန်တကယ်ရောက်ရှိစေပါ၏။ ဤဆိုရိုး စကားသည် ရာစုနှစ်ပေါင်းများစွာ ဟောင်းအိုခဲ့ ပြီမှန်သော်လည်း ဤဒဿနအမြင်မှန်ကန်ကြောင်း ကို လက်တွေ့အောင်မြင်မှုများစွာဖြင့် သက်သေ ထူနိုင်ပေသည်။ မျက်မှောက်ခေတ်တွင်လည်း ဆက်လက်ကျင့်သုံးရန် သဘာဝကျသောအချက် ဖြစ်ပါ၏။
အလွန်သေးဖွဲသော ခြေလှမ်းတွေကို အသုံးပြု ခြင်းသည် အလေ့အထတစ်ခု၊ ဖြစ်စဉ်တစ်ခုကို တိုးတက်ကောင်းမွန်အောင် ပြုလုပ်စေပါ၏။ အကျိုးရှိစေ၏။ အလွန်တိုတောင်းသော မျက်စိ တစ်မှိတ်ကာလလေးများကို အသုံးချခြင်းသည် ထုတ်ကုန်အသစ်တွေ၊ အသစ်အသစ်သော တီထွင် နိုင်စွမ်းတွေကို စေ့ဆော်နိုင်ပေသည်။
အပြောင်းအလဲလုပ်ဆောင်ခြင်းသည် ဂုဏ်ယူ စရာဖြစ်သည်ဟူသော အမြင်သဘောထား ဝင် လာသောအခါ သင်သည် အပြောင်းအလဲကို လွယ်လွယ်လေးနှင့်ပင် အောင်အောင်မြင်မြင်လုပ် နိုင်ကြောင်း တွေ့ရပါလိမ့်မည်။ စိတ်အားထက် သန်မှုသာ လိုလိုလားလားရှိဖို့လို၏။ သြော်... လွယ်လွယ်လေးပါလားဆိုတာ ကိုယ်တိုင်အံ့အား သင့်စွာ မြင်ရပါမည်။
အသေးအဖွဲခြေလှမ်းတွေက သင့်အတွက်ကြီး ကျယ်လှသည့်အိပ်မက်များကို ဘယ်လိုအမှန် တကယ်ဖြစ်ပေါ်လာအောင်လုပ်ဆောင်နိုင်ကြောင်း လှမ်းရင်းလှမ်းရင်း သိမြင်လာပေလိမ့်မည်။
အမူအကျင့်
မကောင်းသောအမူအကျင့်အချို့ကို စွန့်ပယ် ပစ်နိုင်လာလိမ့်မည်။ ဥပမာ-ဆေးလိပ်သောက် ခြင်း၊ ကွမ်းစားခြင်းမျိုးမှ ကင်းလွတ်လာနိုင်ခြင်း မျိုးဖြစ်သည်။ ဆေးလိပ်မသောက်ရ မနေနိုင်၊ ကွမ်းငုံမထားရလျှင် မနေနိုင်ဟု ယခင်ကမိမိ၏ စွဲလမ်းမှုကို ခိုင်မာမြဲမြံလှပြီဟု ယူဆခဲ့ဖူးသော် လည်း ''မသောက်တော့ဘူးကွာ၊ မဝါးတော့ဘူး ကွာ''ဟု စိတ်ဒုံးဒုံးချ ပိုင်းဖြတ်လိုက်သော ဆုံး ဖြတ်ချက် ခြေတစ်လှမ်းသည် မိမိဘဝ၏အလေ့ အထတစ်ခုကို အလွယ်တကူပင် ပြောင်းလဲပစ်နိုင် ကြောင်း လက်တွေ့၌ တွေ့မြင်ရပေလိမ့်မည်။
အချိန်တိုတိုအတွင်းမှာ လွယ်လွယ်လေးနှင့် ကျွန်ုပ်တို့ပြောင်းလဲနိုင်စွမ်း ရှိကြပါသည်။ ''သို့ ရာတွင် ပြောင်းလဲမှုတစ်ခုလုပ်ရတာ လက်တွေ့ ကျတော့ လွယ်တာမဟုတ်ဘူး'' ''အပြောင်း အလဲလုပ်ရသည်မှာ ခက်ခဲလှပါသည်''စသည့် ယုံမှတ်ခြင်း ဒဏ္ဍာရီများ၏ ဖိစီးလွှမ်းမိုးထားမှု က များနေတတ်ပါသည်။အမှားအမြင်ကို သေသေ ချာချာစိစစ်ဝေဖန်ခြင်းမပြုဘဲ လက်ခံယုံကြည် လိုက်မိခြင်းသာ ဖြစ်ပါသည်။ တစ်လောကလုံး ကို ပြုပြင်ပြောင်းလဲရန်က ခက်ခဲချင်ခက်ခဲမည်။ မိမိဘဝကိုဆိုးရာမှ ကောင်းအောင်၊ ညံ့ရာမှ တော် လာအောင်ပြောင်းလဲရာတွင်ကား ကိုယ်တိုင်က သာ စိတ်ဆုံးဖြတ်ချက် ယတိပြတ်ခိုင်မာပါစေ။ ဘဝတစ်ခုလုံးအမှောင်မှ အလင်းသို့၊ အမည်းမှ အဖြူသို့ အချိန်တိုအတွင်း အမှန်တကယ်ပင် ပြောင်းလဲပစ်နိုင်ပါ၏။ မယုံမရှိနှင့်။
- အမူအကျင့်တွေကို ပြောင်းလဲနိုင်သည်။
- အလေ့အထဟောင်းတွေကို ပြောင်းနိုင် သည်။
- အတွေးအမြင်ဟောင်းများကို ပြောင်းနိုင် သည်။
- အယူအဆဟောင်းများကို ပြောင်းနိုင်သည်။
- ဘဝလမ်းကြောင်းကို ပြောင်းနိုင်သည်။
- ဘဝပန်းတိုင်ကို ပြောင်းနိုင်သည်။
စတင်လျှောက်လှမ်း
အသေးအဖွဲဟု ထင်ရသောပထမခြေလှမ်းကို သာ စတင်လျှောက်လှမ်းဖို့ရာလိုပေသည်။ သွား သူသည် သေချာပေါက်ရောက်လေသည်။ မသွား သူကား ဘယ်လိုမှမရောက်နိုင်ချေ။ အသေးအဖွဲ ခြေလှမ်းများက ပိုကောင်းရာသို့မဟုတ် ဆိုးရာသို့ ပို့ဆောင်နေကြ၏။
''တစ်တက်စားလျှင်လည်း ကြက်သွန်၊ နှစ်တက်စားလျှင်လည်း ကြက်သွန် (ကြက်သွန် ဖြူစားမိသဖြင့်) ပါးစပ်နံတာမထူးပါဘူး၊ ဆက် စားမည်''ဟုဆိုသူသည် ဆက်ပြီးပါးစပ်နံစော် နေမည်သာ။ မထူးပါဘူးဟု စဉ်းစားသူအတွက် မထူးခြားနိုင်ပေ။
ပြောင်းလဲမည်ဟု စဉ်းစားသူအတွက် ခြေလှမ်းတစ်လှမ်းသည် ကုဋေတစ်သန်းထိုက် တန်သည်။ ဤအပြုအမူတစ်ခုက နေ့စဉ် နေ့စဉ် ပြုဖန်များသောအခါ အလေ့အထ၊ အကျင့်စရိုက် ဖြစ်လာသည်။ ဘုရားရှိခိုးခြင်း၊ သီလဆောက် တည်ခြင်း၊ ဆွမ်း၊ ပန်း၊ ရေချမ်းကပ်လှူခြင်း၊ ပရိတ်ရွတ်ခြင်းစသည်တို့သည် ရက်၊ လ၊ နှစ် မှသည် အကြိမ်ပေါင်းများစွာ စွဲမြဲစုပေါင်းလိုက် သောအခါ ယဉ်ကျေးသိမ်မွေ့ပြီး နူးညံ့သောစိတ် သဘော၊ တည်ကြည်သော စိတ်ထား၊ အန္တရာယ် အခက်အခဲများကို မကြောက်ရွံ့မတုန်လှုပ်သော သတ္တိစသည်တို့ အလိုလိုစိတ်ခွန်အားများကြီးမား ပြည့်ဝလာလေသည်။
လေ့ကျင့်ခန်း
အလေ့အထ၊ နေ့စဉ်လေ့ကျင့်ခန်းတစ်ခု၏ အကျိုးထိရောက်မှုကို တစ်ခါကလေ့လာသူ ကျောင်းသားတစ်ယောက်သည် ထိုင်ဝမ်မြို့မှာ လူ ၄၁၆ဝဝဝ (လေးသိန်းကျော်)ကို လေ့လာ စိစစ် ကြည့်လေသည်။ လေ့ကျင့်ခန်းအနည်းငယ် လက်လှုပ်ခြေလှုပ်လုပ်သူများထက် တစ်နေ့လျှင် ၁၅ မိနစ်နှင့်အထက် ကိုယ်ကာယလေ့ကျင့်ခန်း မှန်မှန်လုပ်သူများကသိသာစွာ အသက်ရှည်ကြ သည်ဆို၏။ ငွေကြေးကုန်စရာမလို၊ အလွန် အမင်း အားထုတ်စရာမလို။ တစ်နေ့ ၁၅ မိနစ်မျှ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ရုံမျှဖြင့် ကျန်းမာ ရေး၊ အသက်ရှည်ရေးအတွက် ကြီးမားစွာ အထောက်အကူဖြစ်စေကြောင်း တွေ့ရလေသည်။ လေ့လာတွေ့ရှိချက်။
- ဆေးဝါးမလို။
- ဓာတ်စာမလို။
- ပင်ပင်ပန်းပန်းလည်းလုပ်စရာမလို။
- ငွေကုန်ကြေးကျခံစရာမလို။
နေ့စဉ်နေ့စဉ် လက်၊ခါး၊ခြေ၊ကာယလေ့ကျင့် ခန်းလေးများကို (ရေဒီယိုနှင့်ရုပ်မြင်သံကြားက လွှင့်ပေးနေသလို) အချိန် ၁၅မိနစ်၊ နာရီဝက် လှုပ်ရှားပေးရုံမျှဖြင့် တစ်ရက်တာအတွက် သွေး သား ညီညွတ်မျှတကာ ညောင်းညာခြင်းမရှိ၊ ဇက် ကြောတက်ခြင်းမရှိ၊ ခေါင်းကိုက်ခြင်းမရှိ၊ ကျန်း မာရေးကိုကောင်းမွန်စေနိုင်၏။ဆေးလိပ်မသောက်၊ အရက်မသောက်၊ ကွမ်းမစား၊ မူးယစ်ဆေးဝါး စသည် ဝေးစွာရှောင်ရှားလျှင် ဤကဲ့သို့ စိတ် ဆုံးဖြတ်ချက် ခိုင်မာမှုခြေလှမ်းလေးများကြောင့် အသက်ရှည်၊ ကျန်းမာ၊ အနာရောဂါကင်းဝေး၊ စိတ်ချမ်းသာကိုယ်ကျန်းမာရှိစေနိုင်လိမ့်မည်။
ကောင်းသောအလ့အထ
ဘဝကိုကောင်းမွန်အောင် တည်ဆောက်လို လျှင် ကောင်းသောအတွေးအကြံများ၊ ကောင်း သောစိတ်ကူးစိတ်သန်းများ၊ ကောင်းမွန်ချိုသာ သောစကားများ၊ ကောင်းသော၊ စာနာသော၊ ကူညီသော၊ မျှဝေသောအပြုအမူများဖြင့်သာလျှင် စုစည်းတည်ဆောက်ရ၏။ ကောင်းသောအလေ့ အကျင့်၊ ကောင်းသောအလေ့အထဖြစ်အောင် ခြေလှမ်းတစ်လှမ်းပြီး တစ်လှမ်းလှမ်းသကဲ့သို့ ထပ်ကြိမ်များအောင် လုပ်ဆောင်ရ၏။ အကြိမ် ကြိမ်ပွတ်သော ဝါးလုံးသို့မဟုတ် ဝါးခြမ်းမှ မီးပွင့် ထွက်၏။ အကြိမ်ကြိမ်ပွတ်ခတ်သော ကျောက် တုံးနှစ်တုံးမှ မီးပွင့်ဖြာထွက်၏။ အပူရှိန် ပြင်းပြင်းပေးသော ရေနွေးအိုးသည် ရေဆူမှတ် (အရေအတွက်မှအရည်အချင်းသို့) ရောက်လာ သောအခါ ရေသည် ပွက်ပွက်ဆူ၍အငွေ့အဖြစ်သို့ ပြောင်းလဲလေသည်။ ဇွဲရှိရပေမည်။
ထပ်ကြိမ်
ခြေလှမ်းပေါင်းများစွာလှမ်းရမည်။
အထပ်ထပ်အကြိမ်ကြိမ် ထပ်ကြိမ်များအောင် လုပ်ဆောင်မှသာ ရည်မှန်းချက်သို့ ရောက်ရ သည်။ သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်းမှ တက္ကသိုလ်ဝင်တန်း စသည်ဖြင့် အချိန်ပေး၍ ပညာဆည်းပူးကြရသည်။ မူလတန်းကလေးက တက္ကသိုလ်ဝင်တန်း မေးခွန်းကို ဖြေနိုင်မည် မဟုတ်ပေ။ အဆင့်ဆင့်ရင့်ကျက်လာအောင် အချိန် ယူကာ ပျိုးထောင်ရပါလိမ့်မည်။ စိတ်ရှည်ရမည်။
ရည်မှန်းချက်တစ်ခုကို ဝုန်းဒိုင်းဆိုပြီး ခုန်ပျံ ကျော်လွှားရောက်ချင်ဇောများတတ်သည်။ လောကသဘာဝမှာ ခြေလှမ်းပေါင်းများစွာ စိတ် ရှည်လက်ရှည်ချီတက်ပြီး ပြောင်းလဲကြရသည်။ အခုရေတွင်းတူး၊ အခုရေကြည်သောက်ချင်၍ မရပေ။
ပထမခြေလှမ်းကို စဖြစ်ဖို့အဓိကကျလေ သည်။ အရပ်မျက်နှာမှန်ကန်ရမည်။ လွယ်သည် ဖြစ်စေ၊ ခက်သည်ဖြစ်စေ လမ်းကြောင်းမှန်ကန် ရမည်။ မျက်စိလည်၍ အရပ်မျက်နှာလွှဲလျှင် ပန်းတိုင်ဝေးသွားနိုင်၏။ လမ်းမှားလျှင် ပို၍ ကြန့်ကြာတတ်၏။
မချော်မလဲစေနှင့်
ချီတက်နေသမျှ ရည်မှန်းချက်ဆီသို့ ပို၍ ပို၍ နီးစေသော ခြေလှမ်းများဖြစ်စေရမည်။
ခြေတစ်လှမ်းချင်းသည် မချော်စေရန်၊ မလဲ စေရန် အထူးဂရုစိုက်ကြရသည်။ မြန်မြန်ရောက် ချင်ဇောဖြင့် ကသောကမျော အပြေးလှမ်းသော ခြေလှမ်းများသည် ခလုတ်တိုက်တတ်၏။ သာဓက နှစ်ခုပြနိုင်ပါ၏။
ကားကုမ္ပဏီအချို့သည် ကားထုတ်လုပ်သော စက်ရုံကြီးများမှ ကားမျာကို အရေအတွက်များ စွာပြိုင်ဆိုင်ပြီး ထုတ်လုပ်နေကြလေသည်။ ဂျာမနီ နိုင်ငံမှ ကမ္ဘာကျော်ကားကုမ္ပဏီတစ်ခုသည် သူ၏ ကားများ အရည်အသွေးစံချိန်မိအောင် စစ်ဆေး ချိန်မရလိုက်သဖြင့် သိန်းနှင့်ချီသောကားများကို ပြန်လည်သိမ်းယူခဲ့ရလေသည်။
အလားတူပင် ဂျပန်နိုင်ငံမှ တိုယိုတာကား ကုမ္ပဏီသည် အရေအတွက်ကို ဦးစားပေးလိုက် မိသဖြင့် ကားများတွင် ချွတ်ယွင်းချက်များပါ သွားသောကြောင့် ကမ္ဘာတစ်ဝန်းမှ တိုယိုတာ ကားအစီးရေ ကိုးသန်းကျော်ကို ပြန်သိမ်းယူရလေ သည်။ သင်ခန်းစာယူပြီး အရေအတွက်ကို လျှော့ ချကာ အရည်အသွေးစစ်ဆေးကြပ်မတ်ခြင်း၊ျှကေူငအပ ဃသညအမသူ အပိုင်းကို ပိုမိုအလေးထား ဆောင်ရွက်ခြင်းဖြင့် ကုမ္ပဏီ၏နာမည်ကောင်းကို ပြန်လည်ရယူနိုင်ခဲ့ပေသည်။ ယှဉ်ပြိုင်မှုတွင် နိုင် ချင်ဇောကြီး၍မရ။ အရေအတွက်များရေးကို ဦးစားမပေးရ။ လောဘကြီး၍ မဖြစ်ချေ။ နည်းမှန် လမ်းမှန်ဖြစ်ရပေမည်။
ပထမခြေလှမ်းအရေးကြီးသည်၊ ပန်းတိုင်ရှိ ရမည်။ ခြေလှမ်းတိုင်းမှာ မမှားမချော်အောင် သတိရှိရမည်။ အခက်အခဲကို ဇွဲနှင့်ဖြတ်ကျော်ရ မည်။ မှန်ပါသည်။ မပြီးသေးပေ။
စိတ်ကောင်း
အမေရိကန်လူမည်းခေါင်းဆောင် မာတင်လူ သာကင်းဂျူနီယာကပြောခဲ့ဖူးသည်။ ''ဘဝမှာ အမြဲတမ်းလိုလို မဆုတ်မနစ်ဇွဲကောင်းကောင်းနဲ့ လုပ်ရမယ်။ အရေးကြီးဆုံးမေးခွန်းကတော့ တခြားလူတွေအတွက် သင်ဘာလုပ်ပေးသလဲ ဆိုတဲ့အချက်ဖြစ်ပါတယ်''တဲ့။
ဝန်ဆောင်မှုမှာ အကျိုးပြုမှု၊ ကူညီမှုပါရပေ မည်။ စိတ်ကောင်းစေတနာဟု ဆိုရချေမည်။
ကမ္ဘာကျော်ကိုရီးယားရာဇဝင်အခန်းဆက် ဇာတ်လမ်းတွဲရုပ်ရှင်တစ်ခုရှိပါသည်။ 'နန်းတွင်း သမားတော်'ဟု ခေါ်ပါသည်။ ကိုရီးယားမင်း သမီးလီယောင်အေးက ပါဝင်သရုပ်ဆောင်ခဲ့၏။ ကိုရီးယားသမိုင်းတွင် သာမန်မောင်းမမိဿံ အပျိုတော်လေးဘဝမှ ဘုရင့်မိဖုရားတစ်ပါးအဖြစ် မြှောက်စားချီးမြှင့်ခံခဲ့ရသော ချန်ဂင်အမည်ရှိ အမျိုးသမီးအကြောင်းကို အခြေခံပြီး ဇာတ်အိမ် တည်ဆောက်ထားပါသည်။
ချန်ဂင်သည် အပျိုတော်ဘဝတွင်လည်း စိတ် ရင်းဖြူစင်ပြီး စိတ်ကောင်းစေတနာကောင်းပြည့်ဝ သည်။ စားတော်ကဲစားဖိုမှူးရာထူးတာဝန်ပေး ခြင်းခံရစဉ်တွင်လည်း ဘုရင်အထူးနှစ်သက် အောင် ချက်ပြုတ်ဆက်သနိုင်ခဲ့သည်။ သူ့လက်ရာ က ထူးခြား၏။
စေတနာ
ချန်ဂင်အား အခြားလူတစ်ယောက်ကမေးလေ သည်။
''ဘုရင်ကပွဲတော်တည်တိုင်း ချန်ဂင်ကိုအမြဲ ပဲ ချီးကျူးတော်မူတယ်။ ဟင်းအမည်တွေဒီလို ကောင်းမွန်ထူးခြားအောင် သင်ကဘာအမည်(တစ် ခုခု)များထည့်ပြီး ချက်ထားလို့လဲ ''
''ဟင်းချက်တိုင်း တစ်ခုထည့်ချက်ပါတယ်''
''အဲဒါဘာလဲ ''
''စေတနာပါ''
မှန်ပါသည်။ လုပ်ဆောင်မှုတိုင်းမှာ စေတနာ ပါလျှင်ချိုမြိန်စေပါသည်။ ခံတွင်းတွေ့စေပါသည်။
ဝန်ဆောင်မှုမှန်သမျှ စေတနာပါက ထူးခြား ပါသည်။ သိသာမြင်သာပါသည်။ မယုံလျှင် စမ်း ကြည့်ပါ။
ကျွန်ုပ်တို့၏ အတွေး၊ အပြော၊ အပြုဟူသော ကံသုံးပါးတွင် ဘာပဲလုပ်လုပ်၊ ဘာပဲပြုပြု၊ သူ တစ်ပါးအတွက် စေတနာပါသောခြေလှမ်းများ သာ ဖြစ်သင့်ပါသည်။ စေတနာကောင်းလျှင် ကံ ကောင်းပါလိမ့်မည်။ စေတနာမြင့်လျှင် ကံမြင့် စေပါသည်။ အရာရာတွင် စေတနာထည့်ပြီးလုပ် ဆောင်ပါက အရည်အသွေးကောင်းမွန်သော ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှုတို့ကို ဖြစ် ပေါ်စေပါသည်။ သင်၏ပထမခြေလှမ်းမှစ၍ စေတနာပါလျှင် ပိုကောင်းပါမည်။ လူအချို့သည် စေတနာဆင်းရဲသဖြင့် ဘဝကံဆင်းရဲနေကြရလေ သည်။
အကောင်းဆုံး
''ဘယ်နေရာပဲရောက်နေနေ ကိုယ့်မှာရှိတဲ့ စွမ်းအားနဲ့ကိုယ်စွမ်း Óဏ်စွမ်းရှိသလောက်၊ စွမ်း ဆောင်နိုင်သလောက် အကောင်းဆုံးလုပ်ပါ''ဟု ၂၆ ဦးမြောက် အမေရိကန်သမ္မတ သီအိုဒိုရူးစ်ဗဲ့လ် (၁၈၅၈-၁၉၁၉)က ပြောခဲ့ဖူးလေသည်။ သူက ပင် မှတ်သားဖွယ်ရာကောင်းသော အခြားစကား တစ်ခွန်းကိုလည်း ပြောခဲ့ပါသေးသည်။
''သင့်မျက်လုံးများက ကြယ်ပွင့်တွေကို ဆက်ကြည့်နေပါ။ ထို့နောက် သင့်ခြေထောက် များကိုကား မြေကြီးပေါ်မှာ ထားရှိပါ''တဲ့။
ပန်းတိုင်ဆီသို့ မျက်ခြည်မပြတ်ကြည့်နေဖို့လို သည်မှန်သော်လည်း အောက်ခြေမလွတ်စေဖို့ လည်း သတိပေးသည်ဟု ထင်မိပါသည်။
သင်၏ ပထမခြေလှမ်းနှင့် လမ်းကြောင်းသည် ကောင်း မွန်သော အနာဂတ်ဆီသို့ ရှေးရှုလိမ့်မည်ဆို သောအချက်ကို စာရေးသူက အပြည့်အဝယုံကြည် ပါသည်။ အောင်မြင်လိမ့်မည်ဟုလည်း အကြွင်း မဲ့မျှော်လင့်ပါသည်။
ချစ်နိုင် (စိတ်ပညာ)
