နောက်ဆုံး တင်သမျှ
Monday, 26 September 2016
အန္တရာယ်ရှိဆီများ ဈေးကွက်အတွင်းဝင်ရောက်မှု ပပျောက်စေရေး ရေတိုအစီအမံများပြုလုပ်မည်
ရန်ကုန် စက်တင်ဘာ ၂၆
ပြည်တွင်း ဆီဈေးကွက်သို့ အန္တရာယ်ရှိဆီများ ဝင်ရောက်မှု ပပျောက်စေရေးအတွက် ရေတို အစီအမံများချမှတ်ပြီး လုပ်ဆောင် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီစက်လုပ်ငန်းရှင်များအသင်းမှ သိရသည်။
ယင်းကဲ့သို့ဈေးကွက်အတွင်း အန္တရာယ်ရှိဆီများ ဝင်ရောက်မှု ပပျောက်စေရေးအတွက် လုပ် ဆောင်ရာတွင် ဆီစက်လုပ်ငန်းရှင် များသာမက အစိုးရသက်ဆိုင်ရာ ဌာနများနှင့်ပါ ပူးပေါင်းဆောင် ရွက်သွားရမည်ဖြစ်ကြောင်း ကုန် သည်စက်မှုအသင်းချုပ် (့ငြ်္- ဃဃှု) တွင်ပြုလုပ်သော ပြည်တွင်း စားသုံးဆီကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးနှင့် မြန်မာနိုင်ငံဆီစက်ပိုင်ရှင် များအသင်း၏ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးတွင် မြန်မာ နိုင်ငံဆီစက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးခင်စိုးကပြောသည်။
''အခုဈေးကွက်မှာ အကယ် ဒမီအနံ့ပေး အန္တရာယ်ရှိတဲ့ဆီတွေ ဝင်ရောက်မှုကို ပပျောက်အောင် လုပ်မယ်ဆိုရင် ဆီစက်လုပ်ငန်းရှင် အသင်းသာမက အစိုးရရဲ့ပူးပေါင်း ပါဝင်ဆောင်ရွက်ကူညီမှုလည်းလို အပ်ပါတယ်။ ဒါကြောင့်ဌာနဆိုင်ရာ တွေနဲ့လည်း ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ဒီလိုတရား မဝင်ရောင်းချတဲ့ အကယ်ဒမီအနံ့ ပေးဆီတွေဈေးကွက်မှာ ရောင်းချ တာနဲ့ပတ်သက်ပြီး အသင်းကနေ ဝန်ကြီးဌာနကိုတင်ပြသွားမှာ ဖြစ် ပါတယ်''ဟု ၄င်းကပြောသည်။
တိုင်းဒေသကြီးမှတစ်ဆင့် ပြည်ထောင်စုအဆင့်သို့ မကြာမီ အကယ်ဒမီအနံပေးဆီရောင်းချမှုနှင့် ပတ်သက်ပြီး အဆုံးအဖြတ်ပေးနိုင် ရန်တင်ပြသွားမည်ဖြစ်ကာ အကယ် ဒမီအနံ့ပေးဆီများနှင့်ပတ်သက်၍ ရောင်းချမှုများအား ပြည်သူများ အနေဖြင့် ဆီစက်လုပ်ငန်းရှင်များ အသင်းသို့ အသိပေးနိုင်ကြောင်း လည်းသိရသည်။
လက်ရှိဈေးကွက်အတွင်း၌ အကယ်ဒမီအနံ့ပေး၍ ရောင်းချ နေသော စားအုန်းဆီ၊ ပဲပုပ်ဆီ သာမက အခြားသောပြန်ကြော်ဆီ၊ ပြောင်းဆီ၊ ဝါစေ့ဆီ၊လဲမှို့ဆီစသည့် လုပ်စားဆီအများအပြားရှိနေပြီး ဈေးကွက်အတွင်း၌ရာခိုင်နှုန်း ၈ဝ ခန့်နေရာယူလျက်ရှိနေပြီး ယင်းဆီ များကြောင့် စားသုံးသူများအား ကျန်းမာရေးထိခိုက်စေရုံသာမက ဆီစက်လုပ်ငန်းများ ထိခိုက်နစ်နာ မှုများရှိနေကြောင်း သိရသည်။
အကယ်ဒမီအနံ့ပေးဆီများ၏ ဈေးနှုန်းနှင့်လက်ရှိဈေးကွက်အတွင်း ရောင်းနေသော ပဲဆီ၊ နှမ်းဆီများ မှာဈေးနှုန်းအနေနှင့် ယှဉ်ပြိုင်နိုင်မှု မရှိသဖြင့် ပဲဆီ၊ နှမ်းဆီဈေးကွက် အား ထိခိုက်မှုဖြစ်ပေါ်လျက်ရှိ ကြောင်း ဆီစက်လုပ်ငန်းရှင်များ ထံမှ သိရသည်။
