နောက်ဆုံး တင်သမျှ

Monday, 19 September 2016

ပလောင်းပလဲလွှတ်တော်

ရန်ကုန်၊ စက်တင်ဘာ ၂၀

ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို  တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်းတွင် ဧည့်စာရင်းတိုင်ကြားရန်ပြဋ္ဌာန်းချက်အား ပယ်ဖျက်ရန် ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်သည်။ စက်တင် ဘာ ၁၉ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော်က ယင်းသို့ ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်။ ရပ်ကွက်သို့မဟုတ်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင် စတင်တင်သွင်းဆွေးနွေးပြီး ဧည့်စာရင်းတိုင်ကြားရန်၊ စစ်ဆေးရန်နှင့် ပျက်ကွက်ပါက အရေးယူရန်ပြဋ္ဌာန်းချက် ဖြစ်သည့်ပုဒ်မ၁၃(ဆ)ကို ပယ်ဖျက် ကြောင်း အတည်ပြုချက်နှင့်အတူ အခြားအတည်ပြုချက်များဖြင့်ပြည် သူ့လွှတ်တော်သို့ ပေးပို့ခဲ့သည်