မသန်စွမ်းအိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲကျင်းပ၊ ရွှေတံဆိပ် ၁၀၀ ကျော်ဖြင့် တရုတ်ဗိုလ်စွဲ
ရီယို ၂၀၁၆ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲ ကျင်းပပြီးစီးသွားပြီဖြစ်ပြီး စက်တင်ဘာ ၁၈ ရက် ညက ပိတ်ပွဲအခမ်းအနားကို မီးရှူးမီးပန်းတွေ ပစ်ဖောက် ကျင်းပသွားပါတယ်။ စက်တင်ဘာ ၇ ရက်ကနေ ၁၈ ရက်ထိ ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲမှာ တရုတ်က ရွှေတံဆိပ် ၁၀၇ ခု၊ ငွေတံဆိပ် ၈၁ ခု၊ ကြေးတံဆိပ် ၅၁ ခု၊ စုစုပေါင်း ဆုတံဆိပ် ၂၃၉ ခု၊ ဆုတံဆိပ်အများဆုံးနဲ့ ပထမရပြီး ဗိုလ်စွဲသွားပါတယ်။ ဗြိတိန်က ရွှေ ၆၄ ခုနဲ့ ဒုတိယ၊ ယူကရိန်းက ရွှေ ၄၁ ခုနဲ့ တတိယ၊ အမေရိကန်က ရွှေ ၄၀ နဲ့ စတုတ္ထ၊ သြစတြေးလျက ရွှေ ၂၂ ခုနဲ့ ပဉ္စမနေရာ အသီးသီး ရရှိသွားပါတယ်။ အာဆီယံ အရှေ့တောင်အာရှက အသင်းတွေထဲမှာတော့ ထိုင်းက ရွှေ ၆ ခု၊ မလေးရှားက ရွှေ ၃ ခု၊ စင်ကာပူက ရွှေ ၂ ခု၊ ဗီယက်နမ်က ရွှေတံဆိပ် ၁ ခု ရရှိသွားပါတယ်။ြ မန်မာနိုင်ငံက မသန်စွမ်း အားကစားသမားတွေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ဆုတံဆိပ်တော့ ရရှိခဲ့ခြင်း မရှိပါဘူး။