နောက်ဆုံး တင်သမျှ
Monday, 26 September 2016
ပြည်သူ့အမြင်(၁၆)
မြန်မာ့အပြောင်းအလဲ၏ အဓိပ္ပာယ်မှန်
မြန်မာ့နိုင်ငံရေးနှင့် မြန်မာ့သမိုင်းကျွမ်းကျင်ပညာရှိ တစ်ဦးက မကြာခဏပြောသော စကားတစ်ခွန်းရှိသည်။ 'မြန်မာနိုင်ငံမှာ တပ်မတော်သဘော မတူဘဲ၊ ဘာကိုမှ ဇွတ်လုပ်လို့မရနိုင်' ရှေ့နောက်မီ၍ အနာဂတ်အမြင်လည်း မှန်ကန်သော သဘောထား ရှိသူတိုင်း ရိပ်စားပြီးသား အမှန်တရားဖြစ်ပါသည်။
သို့စင်လျက်နှင့် ယနေ့ယခုတလော 'ဖွဲ့စည်းပုံ'ပြင်မှ ဒီတိုင်းပြည်ကောင်းသွား မှာ၊ ဖွဲ့စည်းပုံပြင်မှ ငြိမ်းချမ်းရေးရမှာ၊ ဖွဲ့စည်းပုံပြင်မှ ဒီမိုကရေစီစစ်မှာဟု 'လှိုင်း' များလွှင့်လာကြ၏။ အားမနာတမ်းရေးကြစို့ဆိုလျှင် 'လှိုင်း'သည် ပင်လယ်ရေလှိုင်း အဖြစ် လှပသောသဘောရှိသလို၊ ကြောက်မက်ဖွယ်သဘောလည်းရှိပါသည်။ ရေဒီယို လှိုင်းသည် အကျိုးပြုရှိသလို အသည်းနှလုံးဦးနှောက်သွေးသားများကိုလည်း ကင်ဆာ ဖြစ်စေနိုင်ပါသည်။ 'လှိုင်း'ရှေ့မှာ 'ညာ'ထည့်ပေါင်းလိုက်ပါက ညာလှိုင်း=အလိမ် အညာဟု အဓိပ္ပာယ်ထွက်သွားပါမည်။ လှိုင်းထုတ်လွှင့်မှုကို 'ကြည့်လုပ်ကြပါဆရာ ဆရာမတို့'ဟု သတိပေးရေးသားလိုပါသည်။
နယူးယောက်မြို့ Asia Society အဖွဲ့၌ပြုလုပ်သော ဆွေးနွေးပွဲတစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည်က 'ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံရဲ့ အရပ်သားအစိုးရအဖွဲ့မှာ စစ်တပ်က တပ်မှူးတွေရဲ့အခန်းကဏ္ဍမရှိသင့်ပါဘူး။ ကျွန်မတို့လိုချင်တာက စစ်မှန် တဲ့ဒီမိုကရေစီနိုင်ငံပဲ ဖြစ်ပါတယ်'ဟု ပြောကြားလိုက်ကြောင်း မီဒီယာမှာကြားသိတွေ့ မြင်ရသည်။ ဒါသည် ဓာတ်ပြားဟောင်းပြန်ဖွင့်ခြင်းမျှသာ။ မအောင်မြင်လို့ သိမ်းထား ရသော အပ်ကြောင်းထပ်ဓာတ်ပြားဟောင်းကြီးကို ဟုတ်လှပြီအထင်နှင့် အချည်းနှီး ထပ်မံကြိုးစားမှုဟု ရှုမြင်ရသည်။
မြန်မာ့ဒီမိုကရေစီ၊ ယနေ့ဒီမိုကရေစီသည် တပ်မတော် Road Map လမ်းညွှန် မြေပုံညွှန်း ခုနစ်ချက်မှာ လာခြင်းသာဖြစ်သည်။ လမ်းပေါ်ကလာခြင်းမဟုတ်သလို၊ အတိုက်အခံမည်သည့်ခေါင်းဆောင်၊ မည်သည့်ပါတီကမှလာခြင်းမဟုတ်ပါ။ ခင်ပွန်း ကြီး ၁ဝ ပါးနှင့် နတ်နေကိုင်းအား ခုတ်ထစ်ချိုင်ချမလုပ်သင့်ပါ။
အကြင်တိုင်းပြည်နိုင်ငံတစ်ခု၌ ငြိမ်းချမ်းရေးမရှိသည်ဖြစ်ငြားအံ့။ စစ်မက် အန္တရာယ်ရှိသည်ဆိုငြားအံ့။ လက်နက်ကိုင်တပ်မတော်(တစ်နည်း)နိုင်ငံတော်၏ တစ်ခု တည်းသောတပ်မတော်သည် စံမီ ပေမီ ဒေါက်မီအဆင့်မြင့်အမြဲတမ်း တပ်မတော်ကြီး အဖြစ် ရှိနေသင့်သည်။ အကြင်တိုင်းပြည်၌ မည်သည့်စနစ်သွားသွား၊ တပ်မတော် က ဦးဆောင်မှုအခန်းမှာ မဖြစ်မနေပါဝင်ရမည်သာဖြစ်သည်။ သို့ပါ၍...
ငြိမ်းချမ်းရေးရအောင် အလုပ်လုပ်ပါဦးဟု မေတ္တာရပ်ပါရစေ။ ငြိမ်းချမ်းရေးကို မသေခင်မြင်သွားချင်သကွာဆိုခဲ့သူ ကမ္ဘာ့ငြိမ်းချမ်းရေး မြန်မာ့ငြိမ်းချမ်းရေး ဗိသုကာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဆန္ဒပြည့်မသွားခဲ့ပါ။ နှစ် ၁၃ဝ ရှိသွားပါပြီ။ ပါတော်မူမှ စတင်ရေတွက်လျှင် (၁၈၈၆ မှ ၂ဝ၁၆)။ ကမ္ဘာ့သက်တမ်းရှည် ပြည်တွင်း စစ်မီးလျှံကြီး ငြိမ်းအေးသွားပါမှ ပြည်သူလူထုသက်သာရာရ ဖွံ့ဖြိုးမှုနှင့်အတူ ဒီမို ကရေစီသစ်ပင်စိုက်ပျိုးရှင်သန်နိုင်ပါမည်။
ယခုလိုအခြေအနေမျိုးတွင် နိုင်ငံရေးပါတီ ၂ဝဝ၊ တိုင်းရင်းသားလက်နက်ကိုင် အများအပြားရှိနိုင်ငံမှာ တပ်မတော်ကို လက်ညှိုးနှင့်တောက်တောက်၊ ကုတ်နှင့် ကော်ကော်၊ ဘာလက်နက်ကြီးနှင့်ပစ်ပစ် ထိရောက်မှာ၊ တုန်လှုပ်မှာ၊ ပြိုကွဲမှာမဟုတ် ကြောင်း သတိပေးရေးသားပါသည်။ ဖယ်ထုတ်ပစ်ချင်သောစိတ်သည်၊ အတိတ်က လက်ဝဲစိတ်မျှသာဖြစ်ပါသည်။ ဒီမိုကရေစီမှာတော့ ဗဟုဝါဒ၊ အားလုံးပါဝင်ကြဖို့သာ လုပ်ရပါမည်။ သူ့ကိုဖယ်ထုတ်ဖို့ကြိုးစားရင်း ကိုယ့်အရှိန်နှင့်ကိုယ် လဲပြိုမသွားဖို့ လွင့်စင်မသွားဖို့လည်း Óဏ်သတိတရားဆင်ခြင်မှုလေးရှိကြပါဟု ရေးသားလိုသည်။
မြန်မာ့အပြောင်းအလဲ၏ အဓိပ္ပာယ်မှန်တွင် တပ်မတော်ပါဝင်ပေသည်။ တပ်မတော် မပါရ၊ တပ်မတော်ထွက်သွားဟစ်ြေ<ွကးမှု၊ ရေးသားမှု၊ လှုံ့ဆော်မှု၊ ဟောပြောမှုများကို မည်သည့်နေရာဒေသတွင်လုပ်လုပ် တုံးအောက်ကဖားအော်သကဲ့သို့ တဖြည်းဖြည်း တဖြည်းဖြည်းနှင့် အသံတိမ်တိမ် တိမ်သွားပြီး တွင်းထဲပြန်ရောက်၊ ပျောက်ကွယ်သွား မည်သာဖြစ်ကြောင်း မီးမောင်းထိုးသတိပေးလိုက်ရပါသည်။

