နောက်ဆုံး တင်သမျှ

Wednesday, 21 September 2016

ကျောင်းနေအရွယ်က လေးငယ်များအလုပ်လုပ်ကိုင်နေ မှု လျော့နည်းပပျောက်စေရေးအ တွက် ကျောင်းမထားသည့်မိဘ ကို အရေးယူနိုင်သည့် ဥပဒေ ပြဋ္ဌာန်း

 ကျောင်းနေအရွယ်က လေးငယ်များအလုပ်လုပ်ကိုင်နေ မှု လျော့နည်းပပျောက်စေရေးအ တွက် ကျောင်းမထားသည့်မိဘ ကို အရေးယူနိုင်သည့် ဥပဒေ ပြဋ္ဌာန်းရန်အပါအ၀င်လုပ်ငန်းခွင် ဖွံ့ဖြိုးရေးအကြံပြုချက်များကို ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကနှစ်ရက်ကြာပြုလုပ်သည့် အ လုပ်ရုံဆွေးနွေးပွဲမှရရှိခဲ့ကြောင်း ရခိုင်တိုင်းရင်းသားရေးရာနှင့်အ လုပ်သမားဝန်ကြီး ဦးဇော်အေး မောင်ကပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့က ဦးစီး၍ ‘အလုပ်ရှင်အ လုပ်သမားကောင်းမွန်သောဆက် ဆံရေးဆီမှ ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးမှုဆီသို့’ခေါင်းစဉ် ဖြင့်အလုပ်ရုံဆွေးနွေးပွဲကို ဗဟန်း မြို့နယ်ရှိ ဆရာစံပလာဇာတွင် စက်တင်ဘာ ၁၇ရက်နှင့် ၁၈ရက် တို့၌ ပြုလုပ်ခဲ့ပြီးနောက်အကြံပြု ချက်များ ထွက်ရှိလာခြင်းဖြစ် သည်။

‘‘ဒီဆွေးနွေးပွဲကို အနှစ်ချုပ် လိုက်ရင် အကြံပြုချက်တွေထဲမှာ ကျောင်းနေအရွယ်ကလေးတွေ ကို ကျောင်းမပို့တဲ့မိဘတွေကိုအ ရေးယူနိုင်မယ့်ဥပဒေပြဋ္ဌာန်းဖို့ပါ တယ်။ အလုပ်သမားတွေနေထိုင် ဖို့အတွက် အိမ်ရာတွေ ဖော်ဆောင်ဖို့ပါတယ်။ လူမှုဖူလုံရေးစနစ်ပိုမိုကောင်းမွန်ဖို့ အစိုးရမဟုတ်တဲ့ လူမှုဖူလုံရေးနဲ့ဆိုင်တဲ့ ဘုတ်အဖွဲ့တစ်ခုဖွဲ့စည်းပေးဖို့လိုပါတယ်။ ဥပဒေလိုအပ်ချက်တွေ ပြင်ဆင်ဖို့ကိစ္စတွေပါတယ်။ ဒါ့အပြင် တခြားကောင်းမွန်တဲ့တင်ပြချက်တွေရှိတယ်။ ဒါတွေကို မှတ်တမ်းတင်ပြီးဘယ်လိုအကောင်းဆုံးလုပ်နိုင်မလဲဆိုတာ အစိုးရအဖွဲ့က ဆုံးဖြတ်သွားပါမယ်’’ဟု ဦးဇော်အေးမောင်က ပြောသည်။


ကျောင်းနေအရွယ်ကလေး များသည် ဥပဒေအရလည်း လုပ် ငန်းခွင်တွင်ဝင်ရောက်လုပ်ကိုင် ခွင့်မရှိသကဲ့သို့ အစိုးရကလည်း ယင်းကလေးများအတွက်လိုအပ် သည့်ထောက်ပံ့မှုများပြုလုပ်နေပြီ ဖြစ်၍ ကျောင်းပြင်ပမရောက်ရှိစေရန် ကြပ်မတ်မှုများပြုလုပ်ရန် ထောက်ပြအကြံပြုမှု ပြုလုပ်ခဲ့သည်ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အငြိမ်းစားဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက ပြောသည်။

‘‘ဥပဒေအရ ထိန်းကျောင်းဖို့ လိုပါတယ်။ မိဘတွေက (၁၄)နှစ် အောက်ကလေးတွေကို ကျောင်း ပို့ရတယ်။ ဒီအရွယ်က ဘယ်လိုအ လုပ်မှ ၀င်ရောက်လုပ်ကိုင်ခွင့်မရှိ ပါဘူး။ ရပ်ရွာအုပ်ချုပ်ရေးပိုင်းကသူတွေကလည်း အဲဒီအရွယ်ကလေးတွေကျောင်းမှာရှိနေလား၊ အပြင် ရောက်နေလားဆိုတာစောင့်ကြည့်ဖို့တာဝန်ရှိပါတယ်’’ဟု၎င်းက ပြောသည်။

အလုပ်သမားများအတွက် နေစရာ ပိုင်ဆိုင်ခွင့်ရရှိရေးနှင့် ပတ်သက်၍ ဘဏ်ချေးငွေ ရယူလုပ်ဆောင်နိုင်ရေးနှင့်အစိုးရက စိုက်ထုတ်ကူညီပေးနိုင်ရေးကိစ္စများကို အလုပ်ရှင်၊ အလုပ်သမားများက အကြံပြုခဲ့သည်။

ထို့အပြင် အလုပ်သမားဥပ ဒေများသည် ဆက်စပ်ဥပဒေတစ် ခုနှင့်တစ်ခုကြား အဓိပ္ပာယ်လွဲမှား မှုများရှိနေသည့်အတွက်အငြင်း ပွားမှုများ ဖြစ်ပေါ်စေခြင်း ကြောင့် အမြန်ဆုံးပြင်ဆင်ရေးဆွဲ မှုများပြုလုပ်သင့်သည်ဟု အလုပ် သမားရေးရာဥပဒေကျွမ်းကျင်သူ များကထောက်ပြခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲ သို့ တက်ရောက်လာသည့်အ လုပ်ရှင်၊ အလုပ်သမားနှင့်သက် ဆိုင်ရာနယ်ပယ်အလိုက်ကျွမ်း ကျင်သူများက အကြံပြုမှုများစွာ ပြုလုပ်ခဲ့ပြီး ယင်းအကြံပြုချက် များကို မှတ်တမ်းတင်ကာ တိုင်း ဒေသကြီးအဆင့်မှ လုပ်ဆောင် ပေးနိုင်မည့်အချက်များကို အ လျင်မြန်ဆုံးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဦးဇော်အေးမောင်ကဆိုသည်။

‘‘ကျွန်တော်မှတ်မိသမျှ အ ကြံပြုချက်တွေ အခုတစ်ခါတည်း ရယူထားသလို ဗီဒီယိုရိုက်ထား တာရှိတယ်။ အဲဒီဗီဒီယိုကို ကျွန် တော်ရော၊ ၀န်ကြီးချုပ်ပါ ပြန် ကြည့်ပါမယ်။ ကြည့်ပြီးရင်အစိုးရ အဖွဲ့အစည်းအဝေးတင်ပြီးလုပ် ဆောင်မယ့် အစီအမံဆုံးဖြတ် မယ်။ ပြည်ထောင်စုအဆင့်က လုပ်ဖို့လိုတဲ့ကိစ္စတွေဆိုရင်ပေါင်း စပ်တင်ပြပြီး လုပ်သွားမယ်’’ဟု ၎င်းကပြောသည်။

 ရန်ကုန်တိုင်းဒေသကြီးဝန် ကြီးချုပ်ဦးဖြိုးမင်းသိန်းကလည်း အလုပ်ရုံဆွေးနွေးပွဲမှရရှိသည့် အ ကြံပြုချက်များကို အတတ်နိုင်ဆုံး အဖြေရှာ ဆောင်ရွက်သွားမည် ဖြစ်ပြီး သက်ဆိုင်ရာကဏ္ဍများမှ ပုဂ္ဂိုလ်များကလည်းဆက်လက်ပါ ၀င်ကူညီကြရန် အလုပ်ရုံဆွေးနွေး ပွဲအပြီးတွင် တက်ရောက်လာသူ များအား တောင်းဆိုခဲ့သည်။

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း သည် အလုပ်အကိုင်ရှိသူများနေ စရာအာမခံချက်ရရှိရေး လုပ် ဆောင်မည်ဟု ယင်းအလုပ်ရုံ ဆွေးနွေးပွဲအဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြာသွားသည်။