နောက်ဆုံး တင်သမျှ
Monday, 26 September 2016
ဒီလိုဆို . . . . ပါတီပျ က်ပြီလား . . . ?
မြန်မာလူမျိုးအများစုရဲ့အကျင့်ဗီဇ က လူတစ်ဖက်သားအပေါ်
သနားကြင်နာတတ်တယ်၊ကူညီတတ်တယ်၊ စိုးရိမ်ပူပန်ကြီးတတ်ကြပါတယ်…
ဒေါ်စု နိုင်ငံခြားခရီးစဉ်မှာ
ကျန်းမာရေးကသိကအောက်ဖြစ်သွားတဲ့ကိစ္စက
ခုလိုဆက်သွယ်ရေးစနစ်
ထွန်းကားနေတဲ့ခေတ်မှာ
ဖုံးအုပ်ထားချင်လို့မရဘူးပေါ့… ကမ္ဘာ့တောင်ဖျားနဲ့မြောက်ဖျား
တစ်မဟုတ်ချင်း သတင်းတွေကပြန့်နေပြီ။
ဒါကို အတိုင်ပင်ခံရုံးက…
"ဒေါ်စုကျန်းမာရေးအခြေအနေ ကောင်းပါတယ်ဗျ… ကောင်းပါတယ်" လို့ပြောခဲ့တယ်…
ကောင်းတဲ့လူက ည ၁၀ နာရီလောက် လေဆိပ်မီးတွေမှိတ်ခိုင်း သတင်းသမားတွေမဝင်ရဆိုပြီး…
Wheel Chair ကြီးစီး တိတ်တိတ်လေးပြန်လာပါ့မလား…
ဒီကြားထဲ ဆက်သွယ်ရေးကွန်ယက်
တိုးတက်နေတဲ့ခေတ်မှာ သတင်းတစ်ခုက ရထားသေးတယ်…
ဒေါ်စုက ပြည်ပမှာ မျက်နှာအရေးအကြောင်းတွေပျောက်အောင်
Botox လို့ခေါ်တဲ့ ရုပ်ပျိုဆေးထိုးတယ်ဆိုပဲ…
ဒီဆေးကဘေးထွက်ဆိုးကျိုးများပါတယ် တဲ့…
ဆေးရဲ့ဘေးထွက်ဆိုးကျိုးအချို့ထိပြီလားပေါ့…
မျက်နှာတွေများ ပျက်စီးသွားပြီလား၊ ဘာဖြစ်တာလဲ၊ အခြေအနေဘယ်လိုလဲ
သိချင်နေလို့ စောင့်နေကြတဲ့အချိန်…
လေဆိပ်မှာမီးတွေမှိတ် ဓါတ်ပုံအရိုက်မခံတော့ ပြည်သူအချို့ရဲ့စိုးရိမ်မှုဒီဂရီ မြင့်တက်ခဲ့ရပြီပေါ့…
ဒေါ်စုနဲ့အသက်အရွယ်တူ နှလုံးခုန်စက်တပ်ထားရတဲ့ဦးသိန်းစိန်လည်း ပြည်ပခရီးစဉ်တွေသွားခဲ့တုန်းက ဒီလိုပဲ ပင်ပန်းခဲ့မှာပဲလို့ တွေးမိတော့ ဦးသိန်းစိန် ပြည်ပခရီးစဉ်တွေတုန်းက ဖေ့စ်ဘုတ်မှာ
ဖိုတိုရှော့မျိုးစုံနဲ့ ယုတ်မာမိုက်ရိုင်းစွာ ဝေဖန်ဆဲဆိုပုတ်ခတ်ခဲ့တဲ့လူတွေကို
ပြန်တွေးမိပြီး စိတ်မကောင်းဖြစ်မိပါတယ်…
(နိုင်ငံတကာလှည့်ပြီး
သူတောင်းစားလိုတောင်းနေတဲ့ သိန်းစိန်ဆိုတဲ့စာတန်းထိုးနဲ့
ဖိုတိုရှော့ပုံကိုတောင် မှတ်မိသးတယ်)
နိုင်ငံတော်အကြီးအကဲများ ကျန်းမာကြပါစေ…


